ကုိရုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္လုိ႔ သိထားသင့္သည့္အခ်က္မ်ား

ပံုႀကီးခ်ဲ႕ထားေသာ 2019 Novel Coronavirus (2019-nCoV) ပိုးပံု။
(Zawgyi/Unicode)

Coronavirus ပိုး စတင္ကူးစက္ခ်ိန္ ဒီဇင္ဘာေႏွာင္းပိုင္းနဲ႔ ေဖေဖာ္ဝါရီအေစာပိုင္းကာလေတြမွာကတည္းက ဒီေရာဂါနဲ႔ပတ္သက္တဲ့ ေကာလဟာလေတြ၊ သတင္းအမွားေတြက အင္တာနက္မွာပ်ံ႕ႏွ႔ံေနခဲ့ပါတယ္။ အခုအခါမွာေတာ့ ျမန္မာႏိုင္ငံမွာလည္း ေရာဂါကူးစက္လာသူဦးေရ တိုးလာတာနဲ႔အတူ အေျခအျမစ္မရွိတဲ့ သတင္းမွားေတြရဲ႕ အႏၱရာယ္ဟာလည္း ဒီဗိုင္းရပ္စ္ထက္ေတာင္ ပိုၿပီးစိုးရိမ္စရာေကာင္းေနပါတယ္။ ဒီဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ယံုမွားသံသယျဖစ္စရာအခ်က္ေတြကို ေရွာင္ရွားဖို႔ ကိုဝင္းခန္႔ေမာင္နဲ႔ အတူ မအိသန္႔စင္တို႔က တင္ျပထားပါတယ္။

(၁)ဒီဗိုင္းရပ္စ္ကို ႏိုင္ငံတႏိုင္ငံက ဖန္တီးျဖန႔္ျဖဴးတာလား။

ဗိုင္းရပ္စ္စတင္ျဖစ္ပြားခဲ့တယ္လို႔ ယူဆရတဲ့ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ ေစ်းအနီးမွာ တ႐ုတ္အစိုးရရဲ႕ ဓါတ္ခြဲခန္းတစ္ခုရွိေနတာေၾကာင့္ ဒီဗိုင္းရပ္စ္ဟာ ဓါတ္ခြဲခန္းက ထုတ္လုပ္တာမ်ားလားလို႔ သံသယအျမင္ေတြ လူထုၾကားရွိခဲ့ၾကပါတယ္။ အထူးသျဖင့္ အေမရိကန္နဲ႔ တ႐ုတ္ျပည္က ႏိုင္ငံေရးသမားေတြ၊ အစိုးရအရာရွိေနၾကားမွာေတာင္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အျပန္အလွန္ စြပ္စြဲခ်က္ေတြလုပ္လာၾကပါတယ္။ ဒါေပမယ့္လည္း သိပၸံပညာရွင္ေတြ ခြဲျခမ္းစိတ္ျဖာၾကည့္တဲ့အခါမွာေတာ့ ဒီဗိုင္းရပ္စ္ဟာ လင္းႏို႔ခႏၶာကိုယ္ထဲမွာေတြ႔ရတဲ့ ဗိုင္းရပ္စ္ျဖစ္ၿပီး၊ အရင္ျဖစ္ခဲ့ဖူးတဲ့ SARS ေရာဂါပိုးနဲ႔ အလားသ႑န္တူကာ လူေတြဖန္တီးတဲ့ ဗိုင္းရပ္စ္မဟုတ္ဘူးဆိုတာကို အတည္ျပဳႏိုင္ခဲ့ပါတယ္။

(၂) ေရာဂါကုဖို႔ေဆးေတြ႔ေနၿပီဆိုတာ ဟုတ္ပါသလား။

ဒီေရာဂါပိုးအတြက္ သီးသန္႔ကုသဖို႔ ေဆးမေတြ႔ေသးပါဘူး။ ကာကြယ္ေဆးနဲ႔ ကုသဖို႔ေဆးေတြကို အခုအခ်ိန္ထိ ေရာဂါပိုးရွိသူလူနာတခ်ိဳ႕နဲ႔ စမ္းသပ္ၾကည့္ေနတုန္းပဲရွိပါေသးတယ္။ ငွက္ဖ်ားေရာဂါကို တိုက္ဖ်က္တဲ့ ကလို႐ိုကြင္းေဆးကိုေတာ့ စမ္းသပ္သံုးစြဲေနၿပီး ရလဒ္ေကာင္းေတြေတြ႔ရပါတယ္။ ဒါေပမယ့္လည္း ဒီေဆးဟာ တတ္ကၽြမ္းတဲ့ဆရာဝန္နဲ႔ ေဆးပညာရွင္ေတြနဲ႔ ကုသမႈနဲ႔သာ အသံုးျပဳဖို႔ျဖစ္ပါတယ္။

(၃) ကိုယ့္ကိုယ္ကို အသက္ေအာင့္ၿပီး ေရာဂါပိုးရွိမရွိစစ္ႏိုင္ပါသလား။

အြန္လိုင္းက ဗြီဒီယိုတခ်ိဳ႕မွာ ျပန္႔ေနသလို အသက္ေအာင့္ထားၿပီး ၁၀စကၠန္႔ေလာက္ေခ်ာင္းဆိုးမဆိုး စမ္းၾကည့္ရင္ ေရာဂါပိုးရွိမရွိသိႏိုင္တယ္ဆိုတာလည္း မမွန္ကန္ပါဘူးလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO က ထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ အဆုတ္နဲ႔ပတ္သက္တဲ့ တျခားေရာဂါေတြကိုလည္း အခုလိုစမ္းသပ္လို႔ မေတြ႔ရွိႏိုင္ပါဘူး။

(၄) ရာသီဥတု ပူၿပီး စိုထိုင္းတဲ့ေနရာမွာ ေရာဂါပိုးရွိႏိုင္ပါသလား။

WHO ကမာၻ႔က်န္းမာေရးအဖဲြ႔ႀကီးရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ COVID-19 ေရာဂါပိုးဟာ ပူျပင္းၿပီး စိုထိုင္းတဲ့ ရာသီဥတုအပါဝင္ ေနရာေဒသမေရြးျဖစ္ႏိုင္ေၾကာင္း ဆိုထားပါတယ္။ ဒါ့အျပင္ ေအးတဲ့အရပ္ေဒသနဲ႔ ႏွင္းက်တာမက်တာဟာလည္း ေရာဂါပိုးကို ေသေစႏိုင္မွာမဟုတ္ဘူးလို႔ ဆုိထားပါတယ္။

(၅) ခႏၶာကိုယ္ကို အရက္ (သို႔) ကလိုရင္းပါဝင္ေသာ ေဆးျဖန္းျခင္းက ေရာဂါပိုးကင္စင္ႏိုင္ပါသလား။

ျမန္မာျပည္က တခ်ိဳ႕ ေနရာေတြမွာျပဳလုပ္ေနၾကသလို ခႏၶာကိုယ္ေပၚ ေဆးျဖန္းတဲ့ နည္းလမ္းကို WHO က အႀကံျပဳမထားပါဘူး။ ခႏ̕ၶာကိုယ္ထဲကို ဝင္ၿပီးသား ေရာဂါပိုးကို အခုလိုေဆးျဖန္းျခင္းက မတားဆီးႏုိင္သလို ေဆးထဲမွာပါတဲ့ ဓါတုပစၥည္းေတြေၾကာင့္ မ်က္လံုးနဲ႔ ပါးစပ္ကို ထိခိုက္ေစႏိုင္ပါတယ္။ အရက္နဲ႔ ကလိုရင္းပါတဲ့ စံခ်ိန္စံၫႊန္းကိုက္ညီ ထုတ္လုပ္တဲ့ သန္႔စင္ေဆးရည္ေတြကိုေတာ့ အရာဝထၳဳမ်က္ႏွာျပင္ေတြေပၚ ပိုးသတ္ရာမွာ အသံုးျပဳႏိုင္ပါတယ္။

၀င္းခန္႔ေမာင္ / အိသန္႔စင္
ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------------

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ သိထားသင့်သည့်အချက်များ

(Unicode)

Coronavirus ပိုး စတင်ကူးစက်ချိန် ဒီဇင်ဘာနှောင်းပိုင်းနဲ့ ဖေဖော်ဝါရီအစောပိုင်းကာလတွေမှာကတည်းက ဒီရောဂါနဲ့ပတ်သက်တဲ့ ကောလဟာလတွေ၊ သတင်းအမှားတွေက အင်တာနက်မှာပျံ့နှံ့နေခဲ့ပါတယ်။ အခုအခါမှာတော့ မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်လာသူဦးရေ တိုးလာတာနဲ့အတူ အခြေအမြစ်မရှိတဲ့ သတင်းမှားတွေရဲ့ အန္တရာယ်ဟာလည်း ဒီဗိုင်းရပ်စ်ထက်တောင် ပိုပြီးစိုးရိမ်စရာကောင်းနေပါတယ်။ ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ယုံမှားသံသယဖြစ်စရာအချက်တွေကို ရှောင်ရှားဖို့ ကိုဝင်းခန့်မောင်နဲ့ အတူ မအိသန့်စင်တို့က တင်ပြထားပါတယ်။​

(၁)ဒီဗိုင်းရပ်စ်ကို နိုင်ငံတနိုင်ငံက ဖန်တီးဖြန့်ဖြူးတာလား။

ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ ဈေးအနီးမှာ တရုတ်အစိုးရရဲ့ ဓါတ်ခွဲခန်းတစ်ခုရှိနေတာကြောင့် ဒီဗိုင်းရပ်စ်ဟာ ဓါတ်ခွဲခန်းက ထုတ်လုပ်တာများလားလို့ သံသယအမြင်တွေ လူထုကြားရှိခဲ့ကြပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်ပြည်က နိုင်ငံရေးသမားတွေ၊ အစိုးရအရာရှိနေကြားမှာတောင် ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲချက်တွေလုပ်လာကြပါတယ်။ ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေ ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာတော့ ဒီဗိုင်းရပ်စ်ဟာ လင်းနို့ခန္ဓာကိုယ်ထဲမှာတွေ့ရတဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး၊ အရင်ဖြစ်ခဲ့ဖူးတဲ့ SARS ရောဂါပိုးနဲ့ အလားသဏ္ဍန်တူကာ လူတွေဖန်တီးတဲ့ ဗိုင်းရပ်စ်မဟုတ်ဘူးဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

(၂) ရောဂါကုဖို့ဆေးတွေ့နေပြီဆိုတာ ဟုတ်ပါသလား။

ဒီရောဂါပိုးအတွက် သီးသန့်ကုသဖို့ ဆေးမတွေ့သေးပါဘူး။ ကာကွယ်ဆေးနဲ့ ကုသဖို့ဆေးတွေကို အခုအချိန်ထိ ရောဂါပိုးရှိသူလူနာတချို့နဲ့ စမ်းသပ်ကြည့်နေတုန်းပဲရှိပါသေးတယ်။ ငှက်ဖျားရောဂါကို တိုက်ဖျက်တဲ့ ကလိုရိုကွင်းဆေးကိုတော့ စမ်းသပ်သုံးစွဲနေပြီး ရလဒ်ကောင်းတွေတွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒီဆေးဟာ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ဆေးပညာရှင်တွေနဲ့ ကုသမှုနဲ့သာ အသုံးပြုဖို့ဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကို အသက်အောင့်ပြီး ရောဂါပိုးရှိမရှိစစ်နိုင်ပါသလား

အွန်လိုင်းက ဗွီဒီယိုတချို့မှာ ပြန့်နေသလို အသက်အောင့်ထားပြီး ၁၀စက္ကန့်လောက်ချောင်းဆိုးမဆိုး စမ်းကြည့်ရင် ရောဂါပိုးရှိမရှိသိနိုင်တယ်ဆိုတာလည်း မမှန်ကန်ပါဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အဆုတ်နဲ့ပတ်သက်တဲ့ တခြားရောဂါတွေကိုလည်း အခုလိုစမ်းသပ်လို့ မတွေ့ရှိနိုင်ပါဘူး။

(၄) ရာသီဥတု ပူပြီး စိုထိုင်းတဲ့နေရာမှာ ရောဂါပိုးရှိနိုင်ပါသလား

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်မှာတော့ COVID-19 ရောဂါပိုးဟာ ပူပြင်းပြီး စိုထိုင်းတဲ့ ရာသီဥတုအပါဝင် နေရာဒေသမရွေးဖြစ်နိုင်ကြောင်း ဆိုထားပါတယ်။ ဒါ့အပြင် အေးတဲ့အရပ်ဒေသနဲ့ နှင်းကျတာမကျတာဟာလည်း ရောဂါပိုးကို သေစေနိုင်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

(၅) ခန္ဓာကိုယ်ကို အရက် (သို့) ကလိုရင်းပါဝင်သော ဆေးဖြန်းခြင်းက ရောဂါပိုးကင်စင်နိုင်ပါသလား။

မြန်မာပြည်က တချို့ နေရာတွေမှာပြုလုပ်နေကြသလို ခန္ဓာကိုယ်ပေါ် ဆေးဖြန်းတဲ့ နည်းလမ်းကို WHO က အကြံပြုမထားပါဘူး။ ခန္̕ဓာကိုယ်ထဲကို ဝင်ပြီးသား ရောဂါပိုးကို အခုလိုဆေးဖြန်းခြင်းက မတားဆီးနိုင်သလို ဆေးထဲမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် မျက်လုံးနဲ့ ပါးစပ်ကို ထိခိုက်စေနိုင်ပါတယ်။ အရက်နဲ့ ကလိုရင်းပါတဲ့ စံချိန်စံညွှန်းကိုက်ညီ ထုတ်လုပ်တဲ့ သန့်စင်ဆေးရည်တွေကိုတော့ အရာဝထ္ထုမျက်နှာပြင်တွေပေါ် ပိုးသတ်ရာမှာ အသုံးပြုနိုင်ပါတယ်။

၀င်းခန့်မောင် / အိသန့်စင်
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-facts-/5362573.html
ကုိရုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္လုိ႔ သိထားသင့္သည့္အခ်က္မ်ား ကုိရုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္လုိ႔ သိထားသင့္သည့္အခ်က္မ်ား Reviewed by THITHTOOLWIN on 06:23 Rating: 5
Powered by Blogger.