ေတာင္ကုိရီးယား ေဆာက္လုပ္ေရးလုပ္ငန္းခြင္မီးေလာင္မႈ ၃၆ ဦးထက္မနည္းေသ


Zawgyi/Unicode

ေတာင္ကိုရီးယားနိုင္ငံ Icheon ၿမိဳ႕ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တခုမွာ မီးေလာင္မႈျဖစ္ပြါးခဲ့တဲ့အတြက္ အနည္းဆုံး လူ ၃၆ ဉီးေသဆုံးၿပီး ၁၀ ဉီးဒဏ္ရာရသြားခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ တည္ေဆာက္ဆဲ အထပ္ ၄ ထပ္ပါ ကုန္ေလွာင္ ႐ုံတခုမွာ ဗုဒၶဟူးေန႔ က မီးေလာင္ခဲ့တာျဖစ္ၿပီး အဲဒီအေဆာက္အဉီးထဲ အလုပ္သမား ၇၈ ေယာက္ရွိေနတယ္လို႔ မီးသတ္ဌာန အႀကီးအကဲ SEO SEUNG-HYEON က AP သတင္းဌာနကို ေျပာပါတယ္။

မီးေလာင္မႈေၾကာင့္ေသဆုံးသူ အနည္းဆုံး ၃၆ ေယာက္ရဲ့ ႐ုပ္အေလာင္းေတြကို အေရးေပၚကယ္ဆယ္ေရးလုပ္သားေတြက ရွာေဖြေတြ႕ ရွိခဲ့သလို အေဆာက္အဉီးထဲပိတ္မိေနတယ္လို႔ ယူဆရသူ တဉီးကိုလည္း ဆက္လက္ရွာေဖြေနတယ္လို႔ မီးသတ္ဌာန အႀကီးအကဲ SEO က ေျပာပါတယ္။ ဒဏ္ရာရရွိထားသူ ၁၀ ဉီးမွာ ၈ ဉီးကစိုးရိမ္ရတဲ့ အေျခအေနမွာ ရွိတယ္လို႔လည္း သူကေျပာပါတယ္။

ကုန္ေလွာင္ ႐ုံေအာက္ဆုံးထပ္မွာ အလုပ္သမားေတြ အသုံးျပဳတဲ့ URETHANE ဓါတ္ေငြ႕ေပါက္ကြဲမႈတခုကေန မီးစေလာင္တာလို႔ စုံစမ္း စစ္ေဆးသူေတြက ခန္႔မွန္းၾကေၾကာင္းနဲ႔ မီးၿငိမ္းသတ္ဖို႔ မီးသတ္ကား ဒါဇင္နဲ႔ ခ်ီေစလႊတ္ခဲ့ရေၾကာင္း လည္း SEO က ေျပာပါတယ္။ ရွာေဖြကယ္ဆယ္ေရးေတြကို တတ္နိုင္သမၽွ အစြမ္းကုန္ လုပ္ေဆာင္ၾကဖို႔ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြကို သမၼတ MOON JAE-IN က တိုက္တြန္းထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------
[Unicode]

တောင်ကိုရီးယားနိုင်ငံ Icheon မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မီးလောင်မှုဖြစ်ပွါးခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၆ ဉီးသေဆုံးပြီး ၁၀ ဉီးဒဏ်ရာရသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။တည်ဆောက်ဆဲ အထပ် ၄ ထပ်ပါ ကုန်လှောင် ရုံတခုမှာ ဗုဒ္ဓဟူးနေ့ က မီးလောင်ခဲ့တာဖြစ်ပြီး အဲဒီအဆောက်အဉီးထဲ အလုပ်သမား ၇၈ ယောက်ရှိနေတယ်လို့ မီးသတ်ဌာန အကြီးအကဲ SEO SEUNG-HYEON က AP သတင်းဌာနကို ပြောပါတယ်။

မီးလောင်မှုကြောင့်သေဆုံးသူ အနည်းဆုံး ၃၆ ယောက်ရဲ့ ရုပ်အလောင်းတွေကို အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေက ရှာဖွေတွေ့ ရှိခဲ့သလို အဆောက်အဉီးထဲပိတ်မိနေတယ်လို့ ယူဆရသူ တဉီးကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ မီးသတ်ဌာန အကြီးအကဲ SEO က ပြောပါတယ်။ ဒဏ်ရာရရှိထားသူ ၁၀ ဉီးမှာ ၈ ဉီးကစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့လည်း သူကပြောပါတယ်။

ကုန်လှောင် ရုံအောက်ဆုံးထပ်မှာ အလုပ်သမားတွေ အသုံးပြုတဲ့ URETHANE ဓါတ်ငွေ့ပေါက်ကွဲမှုတခုကနေ မီးစလောင်တာလို့ စုံစမ်း စစ်ဆေးသူတွေက ခန့်မှန်းကြကြောင်းနဲ့ မီးငြိမ်းသတ်ဖို့ မီးသတ်ကား ဒါဇင်နဲ့ ချီစေလွှတ်ခဲ့ရကြောင်း လည်း SEO က ပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေးတွေကို တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ကြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သမ္မတ MOON JAE-IN က တိုက်တွန်းထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/south-korea-fire-killed-at-least-36-people/5398504.html
ေတာင္ကုိရီးယား ေဆာက္လုပ္ေရးလုပ္ငန္းခြင္မီးေလာင္မႈ ၃၆ ဦးထက္မနည္းေသ ေတာင္ကုိရီးယား ေဆာက္လုပ္ေရးလုပ္ငန္းခြင္မီးေလာင္မႈ ၃၆ ဦးထက္မနည္းေသ Reviewed by THITHTOOLWIN on 21:57 Rating: 5
Powered by Blogger.