
(Zawgyi)⤵⤵⤵
ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ စစ်ကိုင်းတိုင်းထဲမှာ အသွားအလာကန့်သတ်တဲ့ အစီအစဉ် (Community Based Facility Quaratine) ၁၄ ရက်ကာလအစား ၂၁ ရက်နဲ့ ကိုယ့်နေအိမ်မှာ သီခြားနေထိုင်တာ (Home Quaratine) ကာလ ၇ ရက် စုစုပေါင်း ၂၈ ရက် လိုက်နာဆောင်ရွက်ကြဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဧပြီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။




BBC Burmese
----------------------------------
(Unicode)⤵⤵⤵
စစ်ကိုင်းတိုင်းမှာ ဒေသန္တရအမိန့် ထပ်တိုးထုတ်ပြန်

ပုံစာ - ဧပြီ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ စစ်ကိုင်းတိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး - ဓာတ်ပုံ - စစ်ကိုင်းတိုင်းအစိုးရအဖွဲ့

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ စစ်ကိုင်းတိုင်းထဲမှာ အသွားအလာကန့်သတ်တဲ့ အစီအစဉ် (Community Based Facility Quaratine) ၁၄ ရက်ကာလအစား ၂၁ ရက်နဲ့ ကိုယ့်နေအိမ်မှာ သီခြားနေထိုင်တာ (Home Quaratine) ကာလ ၇ ရက် စုစုပေါင်း ၂၈ ရက် လိုက်နာဆောင်ရွက်ကြဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွ့ဲက ဧပြီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း ပြင်ပ၊ ရောဂါပိုးတွေ့တဲ့ ဒေသတွေမှာ သွားရောက်နေထိုင်ခဲ့သူတွေဟာ နေရပ်ကို ပြန်လာမယ်ဆိုရင် Community Based Facility Quaratine ၂၁ ရက်နဲ့ Home Quaratine ၇ ရက် စုစုပေါင်း ၂၈ ရက်နေရမှာ ဖြစ်ပြီး ရောဂါပိုးမတွေ့တဲ့ ဒေသတွေမှာ နေထိုင်ခဲ့မယ်ဆိုရင်တော့ တာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုခံယူပြီး လိုအပ်မှပဲ စောင့်ကြပ်ကြည့်ရှုခံရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

နေ့ချင်းပြန်လာသူတွေ ရှိရင်လည်း စစ်ဆေးရေးဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုခံယူပြီး သွားရောက်မယ့် နေရာအတိအကျနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို မပျက်မကွက်ပေးကြဖို့လည်း လိုတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ညမထွက်ရ ၁၄၄ အမိန့်ကို ဧပြီလ ၁၇ ရက်နေ့ကတည်းက အခုထိ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/BBCnewsBurmese/
စစ်ကိုင်းတိုင်းမှာ ဒေသန္တရအမိန့် ထပ်တိုးထုတ်ပြန် စစ်ကိုင်းတိုင်းမှာ ဒေသန္တရအမိန့် ထပ်တိုးထုတ်ပြန် Reviewed by THITHTOOLWIN on 21:43 Rating: 5
Powered by Blogger.