လာမယ့္သီတင္းပတ္မွာ အထူးသတိျပဳၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္ သတိေပး

ေဒၚေအာင္ဆန္းစုၾကည္ (သတင္းဓာတ္ပံု - Myanmar State Counsellor Office)
(Zawgyi/Unicode)

ျမန္မာႏိုင္ငံတြင္း ေသာင္းဂဏန္းရိွတဲ့ သီးသန္႔ခဲြေစာင့္ၾကည့္ေနသူေတြ ရက္ျပည့္သြားလို႔ ေနအိမ္ျပန္ၾကတဲ့အခါ တဦးခ်င္းေရာ လူ႔အသိုင္းအ၀ိုင္းကပါ ပိုၿပီး သတိထားဖို႔ လိုေနတယ္ဆိုတဲ့ သတင္းကို ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ တင္ဆက္ပါမယ္။

COVID-19 နဲ႔ ပတ္သက္လို႔ ျမန္မာျပည္ဟာ လာမယ့္အပတ္မွာ စိန္ေခၚမႈအႀကီးဆံုး ျဖစ္တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မေကြးတိုင္းက ျပည္သူေတြနဲ႔ ဒီကေန႔ ေတြ႕ဆံုစဥ္ ေျပာဆိုလိုက္ပါတယ္။ ဒီလိုတြက္ဆတာကေတာ့ လက္ရွိ Quarantine ေခၚ အသြားအလာ ကန္႔သတ္ထားသူေတြ ၁၄ ရက္ျပည့္တာနဲ႔ ဆက္စပ္ေနတာေၾကာင့္ ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြက COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းေတြမွာ ပါ၀င္ေဆာင္ရြက္သူေတြနဲ႔ ေန႔စဥ္ ေတြ႕ဆံုေဆြးေႏြးတဲ့အစီအစဥ္ကို သူ႔ရဲ႕ Facebook စာမ်က္ႏွာကေန တိုက္႐ိုက္ထုတ္လႊင့္ေနတာပါ။
ေဒၚေအာင္ဆန္းစုၾကည္ (သတင္းဓာတ္ပံု - Myanmar State Counsellor Office)
ဒီကေန႔ မေကြးတိုင္းေဒသႀကီးက ျပည္သူေတြနဲ႔ ေတြ႕ဆံုစဥ္မွာ အခုလို သတိေပးေျပာဆိုတာျဖစ္ပါတယ္။

“တြက္လိုက္မယ္ဆိုရင္ မေကြးတိုင္းအတြက္ေရာ၊ မေကြးတိုင္းလို တိုင္းေတြ၊ ျပည္နယ္ေတြအတြက္ေကာ တကယ့္ စိန္ေခၚမႈႀကီးတဲ့အပတ္ပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ျပန္လာၿပီးေတာ့ Quarantine ၀င္တဲ့လူေတြ ၂ ပတ္ျပည့္ၿပီ။ ၂ ပတ္ျပည့္တဲ့သူေတြ ရွိလာၿပီဆိုေတာ့ သူတို႔က ထြက္ခ်င္ေနၿပီ။ ထြက္ခ်င္ေနၿပီဆိုေပမဲ့ အဲဒါနဲ႔ပတ္သက္လို႔လည္း က်န္းမာေရး၀န္ႀကီးဌာနက အေသးစိတ္ ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ပါလိမ့္မယ္။ ဘာေတြ သတိျပဳရမယ္ဆိုတာ၊ Quarantine က ထြက္ၿပီးလို႔ရွိရင္။ ထြက္ၿပီးတဲ့အခါ ဘယ္လို ေနရမယ္ ထိုင္ရမယ္ ျပန္သတိေပးတာေပါ့။ ေနာက္ၿပီးေတာ့ Quarantine ထဲမွာ ဘာမွ မေတြ႕လို႔ ေနာက္ ေရာဂါမရဘူးဆိုတာ အာမခံခ်က္ မရွိဘူး။ အဲေတာ့ Quarantine က ထြက္တဲ့လူေတြကို ထိန္းဖို႔ အဲဒါကလည္း စိန္ေခၚမႈတစ္ခု။”

ေနာက္တစ္ခုကေတာ့ လက္ရွိ Quarantine လုပ္ထားသူေတြမွာ ေရာဂါပိုးေတြ႕မယ္ဆိုရင္ သူတို႔ကို ကုသေပးဖို႔နဲ႔ သူတို႔နဲ႔ ဆက္စပ္သူေတြကို စံုစမ္းေဖာ္ထုတ္ၿပီး Quarantine လုပ္ဖို႔ စစ္ေဆးဖို႔ ထပ္မံလိုအပ္လာမယ္လို႔ ဆက္ေျပာပါတယ္။

“အဲဒီအခ်ိန္မွာ ေရာဂါပါလာတဲ့သူေတြက ေရာဂါျပေတာ့မယ္။ တစ္ပတ္နဲ႔ ႏွစ္ပတ္ၾကားဆို ေရာဂါလကၡဏာေတြက ျပလာၿပီ။ ဟိုဘက္က ေရာဂါပါလာၿပီး ျပန္လာတဲ့သူေတြက ေရာဂါလကၡဏာျပေတာ့မယ္။ ျပတဲ့အခါက်လို႔ရွိရင္ သူတို႔ကို Quarantine လုပ္ရမယ္။ ကုသရမယ္၊ အဲဒီကိစၥေတြ ေပၚလာမယ္။ ေနာက္ၿပီးေတာ့ သူတို႔နဲ႔ ဆက္သြယ္မႈရွိတဲ့သူေတြကို လိုက္ၿပီးေတာ့ ရွာရမယ္။ သူတို႔နဲ႔ ဆက္သြယ္မႈ ရွိခဲ့လို႔ ေရာဂါပိုး၀င္ေနၿပီလို႔ ထင္ရတဲ့သူေတြကို လိုက္ၿပီးေတာ့ ကုသရမယ္။ Quarantine ထည့္ရမယ္ေပါ့။ အဲဒီစိန္ေခၚမႈကလည္း အင္မတန္ႀကီးမွာပါ။”

ဒီစိန္ေခၚမႈေတြကိုကိုင္တြယ္ရာမွာ လက္ေတြ႕က်က် ေျဖရွင္းေဆာင္ရြက္ဖို႔နဲ႔ ျပည္သူေတြ အလြန္အမင္း ထိတ္လန္႔မသြားေအာင္ ထိန္းသိမ္းဖို႔ ျဖစ္တယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

လက္ရွိ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္ ၊ကုသေရး လုပ္ငန္းေတြမွာ ျပည္သူတခ်ိဳ႕က ပူးေပါင္းေဆာင္ရြက္မႈမရွိတဲ့ အခက္အခဲကိုရင္ဆိုင္ရေၾကာင္း ေအာင္လံၿမိဳ႔နယ္က ေက်းရြာအုပ္ခ်ဳပ္ေရးမႈး ဦးတင့္လြင္က အခုလို ေဆြးေႏြးထားပါတယ္။

“လိုက္နာေဆာင္ရြက္ျခင္းမရွိတဲ့အပိုင္းကေတာ့ ေက်းလက္ေဒသမွာရွိတဲ့ ျပည္သူလူထုေတြ က်န္းမာေရး ဗဟုသုတနည္းပါးျခင္းပါ။ ဒါက နံပတ္တစ္အခ်က္ပါ။ နံပတ္ ၂ အခ်က္ကေတာ့ ရပ္ေက်းေတြမွာ ဦးေဆာင္ေနတဲ့ အုပ္ခ်ဳပ္ေရးမွဴးေတြ၊ ရပ္မိရပ္ဖေတြ စသည္အားျဖင့္ ဦးစီးဦးေဆာင္ျပဳသူေတြက အားနည္းတဲ့ အပိုင္းေတြပါပါတယ္။ က်ေနာ္တို႔ကိုယ္တိုင္ ေလ့လာၿပီးေတာ့ ဒါကို အားျဖည့္ေနရတဲ့ အပိုင္းေတြ ရွိပါတယ္။ တတိယအခ်က္ကေတာ့ ၿမိဳ႕နယ္မွာ ရွိတဲ့ ဌာနဆိုင္ရာ အသီးသီးက ၿမိဳ႕နယ္မွာတင္ အားစိုက္တဲ့အပိုင္းမဟုတ္ဘဲနဲ႔ ရပ္ေက်းေတြအထိ COVID-19 နဲ႔ ပတ္သက္လို႔ ဘယ္ေလာက္ထိ ျပည္သူေတြ စိတ္ပါ၀င္စားလာေအာင္ ဘယ္ေလာက္ထိ လိုက္နာေဆာင္ရြက္ေအာင္ လုပ္မယ္ဆိုတဲ့အပိုင္းေတြကိုလည္း ခ်မွတ္ ေဆာင္ရြက္ေပးရမွာျဖစ္ပါတယ္။ ဒါကေတာ့ က်ေနာ္တို႔ COVID-19 နဲ႔ ပတ္သက္တဲ့ ရပ္ေက်းအဆင့္ပါ။ ”

ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ လိုအပ္တာေတြကို ျဖည့္ဆည္းသြားဖို႔နဲ႔ COVID-19 ကို ရင္ဆိုင္မွာ လူတစ္ဦးခ်င္းစီ ေကာင္းမွ အားလံုးေကာင္းမွာျဖစ္ေၾကာင္းကို ေထာက္ျပေျပာဆိုခဲ့ပါတယ္

ေလာေလာဆယ္မွာေတာ့ က်န္းမာေရး၀န္ႀကီးဌာနက Quarantine ေခၚ အသြားအလာကန္႔သတ္တာ ၁၄ ရက္ျပည့္ၿပီးသူေတြ ေနအိမ္ျပန္ရင္ လိုက္နာရမယ့္ အခ်က္ေတြကို ထုတ္ျပန္ထားၿပီျဖစ္ပါတယ္။

ဒီအခ်က္ေတြထဲမွာေတာ့ ေနအိမ္ျပန္ေရာက္ခ်ိန္မွာ ၁၄ ရက္ အတြင္း မိမိေနအိမ္မွာ ေနထိုင္ဖို႔၊ မိသားစု၀င္ေတြနဲ႔ ၆ ေပ အကြာမွာ ေနထိုင္ၿပီး အနီးကပ္ ေျပာဆိုတာကို ေရွာင္ၾကဥ္ဖို႔ ၊ လူစုလူေ၀းရွိရာကို လံုး၀မသြားေရာက္ဖို႔ ဆိုတာေတြ ပါ၀င္ပါတယ္။ တိုင္းနဲ႔ျပည္နယ္အလိုက္ သီးျခားခဲြေစာင့္ၾကည့္မႈ အစီအစဥ္မွာ အမ်ားစုကေတာ့ ထိုင္းႏိုင္ငံနဲ႔ တရုတ္ႏိုင္ငံကေန နယ္စပ္ျဖတ္ ၀င္ေရာက္လာသူေတြျဖစ္ၾကပါတယ္။ ထိုုင္းႏိုင္ငံတြင္းက ၀င္လာသူ ျမန္မာႏွစ္ေသာင္းေက်ာ္ရိွတယ္လို႔ အစိုးရက ကနဦး ထုတ္ျပန္ေပမဲ့ နယ္အလိုက္သီးသန္႔ေစာင့္ၾကည့္မႈစာရင္း ခန္႔မွန္းခ်က္ေတြအရ ဒီအေရအတြက္ထက္ အဆမတန္မ်ားျပားေနပါတယ္။

မုိးေဇာ္  / ဗြီအိုေအ (ျမန္မာပုိင္း) 
--------------------------------------------------------
[Unicode Version]

လာမယ့်သီတင်းပတ်မှာ အထူးသတိပြုကြဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး

မြန်မာနိုင်ငံတွင်း သောင်းဂဏန်းရှိတဲ့ သီးသန့်ခွဲစောင့်ကြည့်နေသူတွေ ရက်ပြည့်သွားလို့ နေအိမ်ပြန်ကြတဲ့အခါ တဦးချင်းရော လူ့အသိုင်းအဝိုင်းကပါ ပိုပြီး သတိထားဖို့ လိုနေတယ်ဆိုတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် တင်ဆက်ပါမယ်။

COVID-19 နဲ့ပတ်သက်လို့ မြန်မာပြည်ဟာ လာမယ့်အပတ်မှာ စိန်ခေါ်မှုအကြီးဆုံး ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်းက ပြည်သူတွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။ ဒီလိုတွက်ဆတာကတော့ လက်ရှိ Quarantine ခေါ် အသွားအလာ ကန့်သတ်ထားသူတွေ ၁၄ ရက်ပြည့်တာနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်သူတွေနဲ့ နေ့စဉ် တွေ့ဆုံဆွေးနွေးတဲ့အစီအစဉ်ကို သူ့ရဲ့ Facebook စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်နေတာပါ။

ဒီကနေ့ မကွေးတိုင်းဒေသကြီးက ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို သတိပေးပြောဆိုတာဖြစ်ပါတယ်။

“တွက်လိုက်မယ်ဆိုရင် မကွေးတိုင်းအတွက်ရော၊ မကွေးတိုင်းလို တိုင်းတွေ၊ ပြည်နယ်တွေအတွက်ကော တကယ့် စိန်ခေါ်မှုကြီးတဲ့အပတ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြန်လာပြီးတော့ Quarantine ဝင်တဲ့လူတွေ ၂ ပတ်ပြည့်ပြီ။ ၂ ပတ်ပြည့်တဲ့သူတွေ ရှိလာပြီဆိုတော့ သူတို့က ထွက်ချင်နေပြီ။ ထွက်ချင်နေပြီဆိုပေမဲ့ အဲဒါနဲ့ပတ်သက်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက အသေးစိတ် ညွှန်ကြားချက်တွေ ထုတ်ပြန်ပါလိမ့်မယ်။ ဘာတွေ သတိပြုရမယ်ဆိုတာ၊ Quarantine က ထွက်ပြီးလို့ရှိရင်။ ထွက်ပြီးတဲ့အခါ ဘယ်လို နေရမယ် ထိုင်ရမယ် ပြန်သတိပေးတာပေါ့။ နောက်ပြီးတော့ Quarantine ထဲမှာ ဘာမှ မတွေ့လို့ နောက် ရောဂါမရဘူးဆိုတာ အာမခံချက် မရှိဘူး။ အဲတော့ Quarantine က ထွက်တဲ့လူတွေကို ထိန်းဖို့ အဲဒါကလည်း စိန်ခေါ်မှုတစ်ခု။”

နောက်တစ်ခုကတော့ လက်ရှိ Quarantine လုပ်ထားသူတွေမှာ ရောဂါပိုးတွေ့မယ်ဆိုရင် သူတို့ကို ကုသပေးဖို့နဲ့ သူတို့နဲ့ ဆက်စပ်သူတွေကို စုံစမ်းဖော်ထုတ်ပြီး Quarantine လုပ်ဖို့ စစ်ဆေးဖို့ ထပ်မံလိုအပ်လာမယ်လို့ ဆက်ပြောပါတယ်။

“အဲဒီအချိန်မှာ ရောဂါပါလာတဲ့သူတွေက ရောဂါပြတော့မယ်။ တစ်ပတ်နဲ့ နှစ်ပတ်ကြားဆို ရောဂါလက္ခဏာတွေက ပြလာပြီ။ ဟိုဘက်က ရောဂါပါလာပြီး ပြန်လာတဲ့သူတွေက ရောဂါလက္ခဏာပြတော့မယ်။ ပြတဲ့အခါကျလို့ရှိရင် သူတို့ကို Quarantine လုပ်ရမယ်။ ကုသရမယ်၊ အဲဒီကိစ္စတွေ ပေါ်လာမယ်။ နောက်ပြီးတော့ သူတို့နဲ့ ဆက်သွယ်မှုရှိတဲ့သူတွေကို လိုက်ပြီးတော့ ရှာရမယ်။ သူတို့နဲ့ ဆက်သွယ်မှု ရှိခဲ့လို့ ရောဂါပိုးဝင်နေပြီလို့ ထင်ရတဲ့သူတွေကို လိုက်ပြီးတော့ ကုသရမယ်။ Quarantine ထည့်ရမယ်ပေါ့။ အဲဒီစိန်ခေါ်မှုကလည်း အင်မတန်ကြီးမှာပါ။”

ဒီစိန်ခေါ်မှုတွေကိုကိုင်တွယ်ရာမှာ လက်တွေ့ကျကျ ဖြေရှင်းဆောင်ရွက်ဖို့နဲ့ ပြည်သူတွေ အလွန်အမင်း ထိတ်လန့်မသွားအောင် ထိန်းသိမ်းဖို့ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လက်ရှိ COVID-19 ကာကွယ်၊ ထိန်းချုပ် ၊ကုသရေး လုပ်ငန်းတွေမှာ ပြည်သူတချို့က ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အခက်အခဲကိုရင်ဆိုင်ရကြောင်း အောင်လံမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှုး ဦးတင့်လွင်က အခုလို ဆွေးနွေးထားပါတယ်။

“လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အပိုင်းကတော့ ကျေးလက်ဒေသမှာရှိတဲ့ ပြည်သူလူထုတွေ ကျန်းမာရေး ဗဟုသုတနည်းပါးခြင်းပါ။ ဒါက နံပတ်တစ်အချက်ပါ။ နံပတ် ၂ အချက်ကတော့ ရပ်ကျေးတွေမှာ ဦးဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေ စသည်အားဖြင့် ဦးစီးဦးဆောင်ပြုသူတွေက အားနည်းတဲ့ အပိုင်းတွေပါပါတယ်။ ကျနော်တို့ကိုယ်တိုင် လေ့လာပြီးတော့ ဒါကို အားဖြည့်နေရတဲ့ အပိုင်းတွေ ရှိပါတယ်။ တတိယအချက်ကတော့ မြို့နယ်မှာ ရှိတဲ့ ဌာနဆိုင်ရာ အသီးသီးက မြို့နယ်မှာတင် အားစိုက်တဲ့အပိုင်းမဟုတ်ဘဲနဲ့ ရပ်ကျေးတွေအထိ COVID-19 နဲ့ ပတ်သက်လို့ ဘယ်လောက်ထိ ပြည်သူတွေ စိတ်ပါဝင်စားလာအောင် ဘယ်လောက်ထိ လိုက်နာဆောင်ရွက်အောင် လုပ်မယ်ဆိုတဲ့အပိုင်းတွေကိုလည်း ချမှတ် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ COVID-19 နဲ့ ပတ်သက်တဲ့ ရပ်ကျေးအဆင့်ပါ။ ”

ဒေါ်အောင်ဆန်းစုကြည်ကတော့ လိုအပ်တာတွေကို ဖြည့်ဆည်းသွားဖို့နဲ့ COVID-19 ကို ရင်ဆိုင်မှာ လူတစ်ဦးချင်းစီ ကောင်းမှ အားလုံးကောင်းမှာဖြစ်ကြောင်းကို ထောက်ပြပြောဆိုခဲ့ပါတယ်

လောလောဆယ်မှာတော့ ကျန်းမာရေးဝန်ကြီးဌာနက Quarantine ခေါ် အသွားအလာကန့်သတ်တာ ၁၄ ရက်ပြည့်ပြီးသူတွေ နေအိမ်ပြန်ရင် လိုက်နာရမယ့် အချက်တွေကို ထုတ်ပြန်ထားပြီဖြစ်ပါတယ်။

ဒီအချက်တွေထဲမှာတော့ နေအိမ်ပြန်ရောက်ချိန်မှာ ၁၄ ရက် အတွင်း မိမိနေအိမ်မှာ နေထိုင်ဖို့၊ မိသားစုဝင်တွေနဲ့ ၆ ပေ အကွာမှာ နေထိုင်ပြီး အနီးကပ် ပြောဆိုတာကို ရှောင်ကြဉ်ဖို့ ၊ လူစုလူဝေးရှိရာကို လုံးဝမသွားရောက်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် သီးခြားခွဲစောင့်ကြည့်မှု အစီအစဉ်မှာ အများစုကတော့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကနေ နယ်စပ်ဖြတ် ဝင်ရောက်လာသူတွေဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံတွင်းက ဝင်လာသူ မြန်မာနှစ်သောင်းကျော်ရှိတယ်လို့ အစိုးရက ကနဦး ထုတ်ပြန်ပေမဲ့ နယ်အလိုက်သီးသန့်စောင့်ကြည့်မှုစာရင်း ခန့်မှန်းချက်တွေအရ ဒီအရေအတွက်ထက် အဆမတန်များပြားနေပါတယ်။

မိုးဇော်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/dassk-covid-19/5364338.html
လာမယ့္သီတင္းပတ္မွာ အထူးသတိျပဳၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္ သတိေပး လာမယ့္သီတင္းပတ္မွာ အထူးသတိျပဳၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္ သတိေပး Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.