ပလက္ဝ ေလေၾကာင္းတိုက္ခိုက္မႈ အရပ္သား ၇ ဦး ေသဆံုး



Share/Bookmark

(Zawgyi/Unicode)

ခ်င္းျပည္နယ္ ပလက္၀မွာ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အရပ္သား ခုနစ္ ဦးေသဆံုးခဲ့ရတဲ့ သတင္းကို တင္ဆက္ေပးပါမယ္။ တပ္မေတာ္ဘက္ကေတာ့ ပလက္ဝၿမိဳ႕နယ္အတြင္းမွာ လိုအပ္တဲ့ေနရာေတြကို ေလေၾကာင္းပစ္ခတ္မႈေတြ လုပ္ခဲ့တာရွိတယ္လို႔ ေျပာပါတယ္။ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္ သတင္းေပးပို႔ထားပါတယ္။

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ နန္းေခ်ာင္းဝေက်းရြာမွာ ဒီကေန႔ မနက္ပိုင္းက ပစ္ခတ္မႈျဖစ္ပြားခဲ့တာေၾကာင့္ ေဒသခံ အရပ္သား ခုနစ္ဦးေသဆံုးၿပီး ဒဏ္ရာ ရရွိသြားသူေတြကို ပလက္ဝေဆးရံုကို ပို႔ေဆာင္ထားတယ္လို႔ နန္းေခ်ာင္းဝ ေက်းရြာသား တစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

"ဒီေန႔မနက္က ၄ နာရီခြဲေလာက္ဆိုရင္ေလယာဥ္နဲ႔ ဗံုးၾကဲတယ္ေလ ေနအိမ္က ရွစ္ ေဆာင္မီးေလာင္သြားတယ္။ ေနာက္ၿပီးေတာ့ ေသဆံုးသူလည္း ခုနစ္ ေယာက္ရွိတယ္။ အခုဒဏ္ရာရတဲ့ သူလည္း ရွစ္ေယာက္ေလာက္ရွိတယ္။ ပလက္ဝေဆးရံုကို ေရာက္ေနတယ္။ ဒဏ္ရာရတဲ့ သူေတြထဲမွာလည္း သံုးေယာက္ေလာက္ကေတာ့ ျပင္းထန္တယ္။ အဘြားႀကီးတစ္ေယာက္ကေတာ့ေတာ္ေတာ္ ျပင္းထန္တယ္။ အခုေသြးသြင္းေနရတယ္။"

ေသဆံုးသြားသူေတြဟာ ေလေၾကာင္းပစ္ခတ္မႈေၾကာင့္ ေသဆံုးသြားတာျဖစ္ၿပီး ပလက္ဝေတာင္ပိုင္းမွာပစ္ခတ္မႈေတြ ရွိေနတယ္လို႔ ခ်င္းျပည္နယ္ အစိုးရအဖြဲ႔ ေျပာခြင့္ရ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္က ေျပာပါ တယ္။

"မေန႔က ျဖစ္တာ ေလေၾကာင္းပစ္ကူလုပ္ေတာ့ ရြာထဲကို က်ေတာ့ေလ ၇ေယာက္ေသဆံုးၿပီးေတာ့ ခုနစ္ေယာက္ဒဏ္ ရာရတယ္။ ရွစ္ေယာက္ကေတာ့ ဒီေန႔မနက္ကပဲ ပလက္ဝေဆးရံုကုိုေရာက္တယ္ ေနအိမ္ေတြလည္း မီးေလာင္ သြားတယ္။ မေန႔ကေတာ့ အဲဒီပလက္ဝနားတစ္ဝိုက္မွာေတာ့ တစ္ခ်ိန္လံုးပစ္ေနတာရွိတယ္။ အေနာက္ဘက္ေတာင္ေၾကာေတြေရာ AA လုပ္ရွားမႈေတြေတာ့ ရွိေနတယ္။ AA ေတြကိုလည္း ျမန္ျမန္ ပလက္ဝေဒသက ထြက္ခြာသြားခ်င္တယ္။ AA မရွိရင္ တိုက္ပြဲေတာ့ ရွိမွာမဟုတ္ဘူး။ AA ရွိလို႔ တိုက္ပြဲရွိေနတာ။"

ပလက္ဝၿမိဳ႕နယ္အတြင္းမွာ AA အဖြဲ႔က လံုၿခံဳေရး တပ္ဖြဲ႔ဝင္ေတြကို ပစ္ခတ္ေနတာေတြ ရွိၿပီး လိုအပ္တဲ့ ေနရာေတြကို ေလေၾကာင္း ပစ္ခတ္မႈေတြ လုပ္ခဲ့တာရွိတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာပါတယ္။

"အဲလိုေတာ့ မသိဘူးဗ်ာ ပလက္ဝမွာရွိေနတဲ့ တစ္ခ်ိဳ႕ေနရာေတြကို AA ေနၿပီးေတာ့ ပစ္တာခတ္တာေတြ ရွိေနတာေတာ့ ရွိတယ္။ လံုၿခံဳေရး ယူထားတဲ့ ေနရာေတြကို AA က ေနၿပီးေတာ့ ပစ္ေနတာေတာ့ရွိတယ္ဗ်ာ။ ဘယ္ႏွစ္ေယာက္ ဘယ္ေနရာမွန္တယ္ဆိုတာေတာ့ မသိဘူးေလာေလာဆယ္ေတာ့ ေျပာလို႔မရေသးဘူး။ ေလေၾကာင္းပစ္ခတ္မႈေတြ လိုအပ္တာေတာ့ ရွိမွာေပါ့ေနာ္။"

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ မေန႔က တိုက္ပြဲျဖစ္ပြားတာေတြ ရွိေပမဲ့ နန္းေခ်ာင္းဝေက်းရြာဘက္မွာေတာ့ တိုက္ပြဲျဖစ္ပြားတာ မရွိဘူးလို႔ AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"မေန႔က နန္းေခ်ာင္းဝဘက္မွာေတာ့ က်ေနာ္တို႔နဲ႔ တိုက္ပြဲျဖစ္တာ မရွိဘူး။ မေန႔က တိုက္ပြဲျဖစ္တာက ပလက္ဝ အခုေဆာက္ေနတဲ့ ပလက္ဝ တံတားထိပ္ အဲဒီနားမွာ တိုက္ပြဲျဖစ္တာရွိတယ္။ ၿပီးေတာ့ ပလက္ဝၿမိဳ႕ရဲ႕ ေတာင္ဘက္ မီးတာ ၁,၀၀၀ ေလာက္ အကြာမွာ တိုက္ပြဲျဖစ္တာရွိတယ္။"

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ကို အၾကမ္းဖက္အုပ္စု မတရားအသင္းအျဖစ္ အစိုးရဘက္က ေၾကျငာထားပါတယ္။ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ၿမိဳ႕နယ္ဘက္ေတြမွာ အခုလပိုင္းအတြင္း တိုက္ပြဲေတြ ပို ျပင္းထန္လာသလို အရပ္သား ထိခိုက္ေသဆံုးမႈေတြလည္း တိုးလာေနပါတယ္။

သက္ႏိုင္  / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------

[Unicode Version]

ပလက်ဝ လေကြောင်းတိုက်ခိုက်မှု အရပ်သား ၇ ဦး သေဆုံး

ချင်းပြည်နယ် ပလက်ဝမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ခုနစ် ဦးသေဆုံးခဲ့ရတဲ့ သတင်းကို တင်ဆက်ပေးပါမယ်။ တပ်မတော်ဘက်ကတော့ ပလက်ဝမြို့နယ်အတွင်းမှာ လိုအပ်တဲ့နေရာတွေကို လေကြောင်းပစ်ခတ်မှုတွေ လုပ်ခဲ့တာရှိတယ်လို့ ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင် သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် နန်းချောင်းဝကျေးရွာမှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ဒေသခံ အရပ်သား ခုနစ်ဦးသေဆုံးပြီး ဒဏ်ရာ ရရှိသွားသူတွေကို ပလက်ဝဆေးရုံကို ပို့ဆောင်ထားတယ်လို့ နန်းချောင်းဝ ကျေးရွာသား တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

"ဒီနေ့မနက်က ၄ နာရီခွဲလောက်ဆိုရင်လေယာဉ်နဲ့ ဗုံးကြဲတယ်လေ နေအိမ်က ရှစ် ဆောင်မီးလောင်သွားတယ်။ နောက်ပြီးတော့ သေဆုံးသူလည်း ခုနစ် ယောက်ရှိတယ်။ အခုဒဏ်ရာရတဲ့ သူလည်း ရှစ်ယောက်လောက်ရှိတယ်။ ပလက်ဝဆေးရုံကို ရောက်နေတယ်။ ဒဏ်ရာရတဲ့ သူတွေထဲမှာလည်း သုံးယောက်လောက်ကတော့ ပြင်းထန်တယ်။ အဘွားကြီးတစ်ယောက်ကတော့တော်တော် ပြင်းထန်တယ်။ အခုသွေးသွင်းနေရတယ်။"

သေဆုံးသွားသူတွေဟာ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားတာဖြစ်ပြီး ပလက်ဝတောင်ပိုင်းမှာပစ်ခတ်မှုတွေ ရှိနေတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါ တယ်။

"မနေ့က ဖြစ်တာ လေကြောင်းပစ်ကူလုပ်တော့ ရွာထဲကို ကျတော့လေ ၇ယောက်သေဆုံးပြီးတော့ ခုနစ်ယောက်ဒဏ် ရာရတယ်။ ရှစ်ယောက်ကတော့ ဒီနေ့မနက်ကပဲ ပလက်ဝဆေးရုံကိုရောက်တယ် နေအိမ်တွေလည်း မီးလောင် သွားတယ်။ မနေ့ကတော့ အဲဒီပလက်ဝနားတစ်ဝိုက်မှာတော့ တစ်ချိန်လုံးပစ်နေတာရှိတယ်။ အနောက်ဘက်တောင်ကြောတွေရော AA လုပ်ရှားမှုတွေတော့ ရှိနေတယ်။ AAတွေကိုလည်း မြန်မြန် ပလက်ဝဒေသက ထွက်ခွာသွားချင်တယ်။ AA မရှိရင် တိုက်ပွဲတော့ ရှိမှာမဟုတ်ဘူး။ AAရှိလို့ တိုက်ပွဲရှိနေတာ။"

ပလက်ဝမြို့နယ်အတွင်းမှာ AA အဖွဲ့က လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်နေတာတွေ ရှိပြီး လိုအပ်တဲ့ နေရာတွေကို လေကြောင်း ပစ်ခတ်မှုတွေ လုပ်ခဲ့တာရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

"အဲလိုတော့ မသိဘူးဗျာ ပလက်ဝမှာရှိနေတဲ့ တစ်ချို့နေရာတွေကို AA နေပြီးတော့ ပစ်တာခတ်တာတွေ ရှိနေတာတော့ ရှိတယ်။ လုံခြုံရေး ယူထားတဲ့ နေရာတွေကို AA က နေပြီးတော့ ပစ်နေတာတော့ရှိတယ်ဗျာ။ ဘယ်နှစ်ယောက် ဘယ်နေရာမှန်တယ်ဆိုတာတော့ မသိဘူးလောလောဆယ်တော့ ပြောလို့မရသေးဘူး။ လေကြောင်းပစ်ခတ်မှုတွေ လိုအပ်တာတော့ ရှိမှာပေါ့နော်။"

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မနေ့က တိုက်ပွဲဖြစ်ပွားတာတွေ ရှိပေမဲ့ နန်းချောင်းဝကျေးရွာဘက်မှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"မနေ့က နန်းချောင်းဝဘက်မှာတော့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ မရှိဘူး။ မနေ့က တိုက်ပွဲဖြစ်တာက ပလက်ဝ အခုဆောက်နေတဲ့ ပလက်ဝ တံတားထိပ် အဲဒီနားမှာ တိုက်ပွဲဖြစ်တာရှိတယ်။ ပြီးတော့ ပလက်ဝမြို့ရဲ့ တောင်ဘက် မီးတာ ၁,၀၀၀ လောက် အကွာမှာ တိုက်ပွဲဖြစ်တာရှိတယ်။"

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အုပ်စု မတရားအသင်းအဖြစ် အစိုးရဘက်က ကြေငြာထားပါတယ်။ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်မြို့နယ်ဘက်တွေမှာ အခုလပိုင်းအတွင်း တိုက်ပွဲတွေ ပို ပြင်းထန်လာသလို အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေပါတယ်။

သက်နိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/rakhine-conflicts-aa-military/5364314.html

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ