ေဆး႐ုံက ထြက္ေျပးတဲ့ ေရဦးက ေစာင့္ၾကည့္လူနာအား ေထာင္ဒဏ္ ေျခာက္လ အျပစ္ေပး

Photo: Ko Arelu / (ေရဦးၿမိဳ႕အဝင္ က်န္းမာေရး စစ္ေဆးေနစဥ္)
Zawgyi
 ကို႐ိုနာဗိုင္းရပ္စ္ သံသယနဲ႔ စစ္ကိုင္းတိုင္း၊ ေရဦးၿမိဳ႕က ေဆး႐ုံမွာ ေစာင့္ၾကည့္ခံခဲ့ရတဲ့ အမ်ိဳးသားတစ္ဦးဟာ ေဆး႐ုံကေန ထြက္ေျပးသြားတဲ့အတြက္ အမႈဖြင့္တရားစြဲၿပီး အလုပ္နဲ႔ ေထာင္ဒဏ္ေျခာက္လ ခ်မွတ္လိုက္တယ္လို႔ ေရဦးၿမိဳ႕မ ရဲစခန္းက ေျပာပါတယ္။

အဲဒီအမ်ိဳးသားဟာ ေရဦးေဆး႐ုံကေန ထြက္ေျပးသြားတဲ့ေန႔မွာပဲ ျပန္လည္ေတြ႕ရွိခဲ့ၿပီး သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒ ၃၀ (က) နဲ႔ အမႈဖြင့္အေရးယူခဲ့ၿပီး မေန႔က အမိန႔္ခ်မွတ္လိုက္တာပါ။

ေသြးစစ္ရာမွာ ပိုးကင္းစင္ေၾကာင္း အေျဖထြက္ေပမယ့္ ထပ္ၿပီးေစာင့္ၾကည့္ဖို႔ လိုအပ္ေသးတယ္လို႔ သိရပါတယ္။

“ေသြးအေျဖက Negative ထြက္တယ္၊ အခု ေ႐ႊဘို ေထာင္ကို ပို႔လိုက္ေပမယ့္ လူနာက ကိုယ္နည္းနည္းပူလာလို႔ အျပင္မွာ ေစာင့္ၾကည့္ျပန္ထားတယ္" လို႔ ေရဦးၿမိဳ႕မရဲစခန္းက တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။

ေရဦးၿမိဳ႕နယ္မွာ ႏိုင္ငံျခားကျပန္လာလို႔ ၁၄ ရက္ ေစာင့္ၾကည့္ေနရသူ တစ္ရာခန႔္ရွိတယ္လို႔ ေျပာပါတယ္။

စစ္ကိုင္းတိုင္းအတြင္းမွာဆိုရင္ အခုလိုေစာင့္ၾကည့္လူနာေတြ စည္းကမ္းမလိုက္နာတာနဲ႔ ပတ္သက္ၿပီး အေရးယူတာေတြ ဆက္တိုက္လုပ္ေဆာင္ေနၿပီး အနည္းဆုံးေထာင္ဒဏ္ ေျခာက္လကေန အမ်ားဆုံး ေထာင္ဒဏ္ တစ္ႏွစ္ထိ ခ်မွတ္ထားတာ ရွိပါတယ္။

RFA Burmese
~~~~~~~~~~~~~

Unicode
ဆေးရုံက ထွက်ပြေးတဲ့ ရေဦးက စောင့်ကြည့်လူနာအား ထောင်ဒဏ် ခြောက်လ အပြစ်ပေး

ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့က ဆေးရုံမှာ စောင့်ကြည့်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးဟာ ဆေးရုံကနေ ထွက်ပြေးသွားတဲ့အတွက် အမှုဖွင့်တရားစွဲပြီး အလုပ်နဲ့ ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်တယ်လို့ ရေဦးမြို့မ ရဲစခန်းက ပြောပါတယ်။

အဲဒီအမျိုးသားဟာ ရေဦးဆေးရုံကနေ ထွက်ပြေးသွားတဲ့နေ့မှာပဲ ပြန်လည်တွေ့ရှိခဲ့ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ၃၀ (က) နဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မနေ့က အမိန့်ချမှတ်လိုက်တာပါ။

သွေးစစ်ရာမှာ ပိုးကင်းစင်ကြောင်း အဖြေထွက်ပေမယ့် ထပ်ပြီးစောင့်ကြည့်ဖို့ လိုအပ်သေးတယ်လို့ သိရပါတယ်။

“သွေးအဖြေက Negative ထွက်တယ်၊ အခု ရွှေဘို ထောင်ကို ပို့လိုက်ပေမယ့် လူနာက ကိုယ်နည်းနည်းပူလာလို့ အပြင်မှာ စောင့်ကြည့်ပြန်ထားတယ်" လို့ ရေဦးမြို့မရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ရေဦးမြို့နယ်မှာ နိုင်ငံခြားကပြန်လာလို့ ၁၄ ရက် စောင့်ကြည့်နေရသူ တစ်ရာခန့်ရှိတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာဆိုရင် အခုလိုစောင့်ကြည့်လူနာတွေ စည်းကမ်းမလိုက်နာတာနဲ့ ပတ်သက်ပြီး အရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အနည်းဆုံးထောင်ဒဏ် ခြောက်လကနေ အများဆုံး ထောင်ဒဏ် တစ်နှစ်ထိ ချမှတ်ထားတာ ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ေဆး႐ုံက ထြက္ေျပးတဲ့ ေရဦးက ေစာင့္ၾကည့္လူနာအား ေထာင္ဒဏ္ ေျခာက္လ အျပစ္ေပး ေဆး႐ုံက ထြက္ေျပးတဲ့ ေရဦးက ေစာင့္ၾကည့္လူနာအား ေထာင္ဒဏ္ ေျခာက္လ အျပစ္ေပး Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.