အာရွတလႊား ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ဆက္လက္ျဖစ္ပြား

အိႏၵိယရွိ လူေနရပ္ကြက္တခုတြင္ ကို႐ိုနာဗုိင္းရပ္စ္ရွိမရွိ စမ္းသပ္စစ္ေဆးေနသည့္ ဆရာဝန္မ်ား။ (ဧၿပီ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ိုနာဗိုင္းရပ္စ္ စတင္ကူးစက္ ပ်ံ႕ႏွံ႔ခဲ့တဲ့ တ႐ုတ္ႏုိင္ငံမွာ ေရာဂါထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ အခု ေနာက္ထပ္ ကူးစက္မႈအသစ္ ၉၀ ေက်ာ္ ရွိေၾကာင္း ဒီကေန႔ပဲ သတင္းထုတ္ျပန္လုိက္ပါတယ္။ ကူးစက္သူ အမ်ားစုဟာ ျပည္ပကျပန္လာသူ တ႐ုတ္လူမ်ဳိးေတြဆီက ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

အိႏၵိယႏိုင္ငံမွာလည္း မြမ္ဘုိင္းၿမိဳ႕က ဆင္းရဲသားအမ်ားစု ေနထိုင္တဲ့ Dharavi ခ႐ိုင္မွာ ေရာဂါပိုးကူးစက္ခံရသူ ၄၃ ဦးအထိ တိုးလာၿပီး ၄ ဦးေသဆုံးခဲ့တယ္လို႔ ၿမိဳ႕ေတာ္ေကာင္စီေျပာခြင့္ရ Vijay Khabale-Patil က AFP သတင္းဌာနကို ေျပာပါတယ္။

မေလးရွားႏုိင္ငံကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄၆၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၇၆ ဦးရွိၿပီး အေရွ႕ေတာင္အာရွမွာ ေရာဂါကူးစက္မႈ အမ်ားဆုံး ျဖစ္ေနပါတယ္။ ေနျပန္ေကာင္းလာသူ ၄၅ ရာခိုင္ႏႈန္း ရွိတယ္လို႔လည္း မေလးရွား က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ဖိလစ္ပိုင္ႏုိင္ငံမွာ ဒီကေန႔ တနဂၤေႏြ တရက္တည္းမွာတင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၅၀ ေလာက္ရွိခဲ့ၿပီး ႏိုင္ငံအဝွမ္း အီစတာပဲြေတာ္ေတြကိုလည္း ဖ်က္သိမ္းထားပါတယ္။

အင္ဒိုနီးရွားႏုိင္ငံမွာေတာ့ ေရာဂါပိုး ကူးစက္ခံထားရသူ ၄၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၃၇၀ ေက်ာ္ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာဆုိထားပါတယ္။

စင္ကာပူႏိုင္ငံမွာ စေနေန႔အထိ စာရင္းေတြအရ ေရာဂါကူးစက္ခံရသူ ၂၉၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၈ ဦးရွိေနၿပီး အသြားအလာ အဝင္အထြက္ေတြကို တစိတ္တပိုင္းအားျဖင့္ ကန္႔သတ္ပိတ္ပင္ထားပါတယ္။

COVID-19 ကပ္ေရာဂါေၾကာင့္ အေရွ႕ေတာင္အာရွ ႏုိင္ငံေတြမွာ အသြားအလာ အဝင္အထြက္ ကန္႔သတ္ထားတာ၊ ဆင္းရဲသားေတြ အလုပ္လက္မဲ့ ျဖစ္ရတာေတြေၾကာင့္ စီးပြားေရးက်ဆင္းမႈဂယက္နဲ႔ ရင္ဆိုင္ေနၾကရတာပါ။

အေရွ႕ေတာင္အာရွဟာ ႏွစ္ေပါင္း ၄၀ အတြင္း စီးပြားေရးမွာ အဆိုးဆုံးအေျခအေနနဲ႔ ရင္ဆုိင္ရႏုိင္ေၾကာင္းလည္း ကမာၻ႔ဘဏ္က သတိေပးထားပါတယ္။

--------------------------------

(Unicode)

အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွား

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက် ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံမှာ ရောဂါထိန်းချုပ်နိုင်ခဲ့ပြီးနောက် အခု နောက်ထပ် ကူးစက်မှုအသစ် ၉၀ ကျော် ရှိကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။ ကူးစက်သူ အများစုဟာ ပြည်ပကပြန်လာသူ တရုတ်လူမျိုးတွေဆီက ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကုိရုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္လုိ႔ သိထားသင့္သည့္အခ်က္မ်ား

အိန္ဒိယနိုင်ငံမှာလည်း မွမ်ဘိုင်းမြို့က ဆင်းရဲသားအများစု နေထိုင်တဲ့ Dharavi ခရိုင်မှာ ရောဂါပိုးကူးစက်ခံရသူ ၄၃ ဦးအထိ တိုးလာပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ မြို့တော်ကောင်စီပြောခွင့်ရ Vijay Khabale-Patil က AFP သတင်းဌာနကို ပြောပါတယ်။

မလေးရှားနိုင်ငံကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၆၀၀ ကျော်နဲ့ သေဆုံးသူ ၇၆ ဦးရှိပြီး အရှေ့တောင်အာရှမှာ ရောဂါကူးစက်မှု အများဆုံး ဖြစ်နေပါတယ်။ နေပြန်ကောင်းလာသူ ၄၅ ရာခိုင်နှုန်း ရှိတယ်လို့လည်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဒီကနေ့ တနင်္ဂနွေ တရက်တည်းမှာတင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၀ လောက်ရှိခဲ့ပြီး နိုင်ငံအဝှမ်း အီစတာပွဲတော်တွေကိုလည်း ဖျက်သိမ်းထားပါတယ်။

အင္ဒုိနီးရွားဘာသာေရးပြဲကျပန္လာသူ ထုိင္း ထက္၀က္ေက်ာ္ COVID-19 ကူးစက္ေန

အင်ဒိုနီးရှားနိုင်ငံမှာတော့ ရောဂါပိုး ကူးစက်ခံထားရသူ ၄၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၇၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

စင်ကာပူနိုင်ငံမှာ စနေနေ့အထိ စာရင်းတွေအရ ရောဂါကူးစက်ခံရသူ ၂၉၀၀ ကျော်နဲ့ သေဆုံးသူ ၈ ဦးရှိနေပြီး အသွားအလာ အဝင်အထွက်တွေကို တစိတ်တပိုင်းအားဖြင့် ကန့်သတ်ပိတ်ပင်ထားပါတယ်။

COVID-19 ကပ်ရောဂါကြောင့် အရှေ့တောင်အာရှ နိုင်ငံတွေမှာ အသွားအလာ အဝင်အထွက် ကန့်သတ်ထားတာ၊ ဆင်းရဲသားတွေ အလုပ်လက်မဲ့ ဖြစ်ရတာတွေကြောင့် စီးပွားရေးကျဆင်းမှုဂယက်နဲ့ ရင်ဆိုင်နေကြရတာပါ။

အရှေ့တောင်အာရှဟာ နှစ်ပေါင်း ၄၀ အတွင်း စီးပွားရေးမှာ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်ရနိုင်ကြောင်းလည်း ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/covid19-asia-update/5368938.html
အာရွတလႊား ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ဆက္လက္ျဖစ္ပြား အာရွတလႊား ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ဆက္လက္ျဖစ္ပြား Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.