ရခိုင္စစ္ေရွာင္ေတြၾကား COVID -19 ကာကြယ္ေရး မလုပ္ႏုိင္

ပုဏၰားကြ်န္းၿမဳိ႕နယ္ ေစတီျပင္ ယာယီ စစ္ေဘးေရွာင္စခန္း။ (ဓာတ္ပံု - သဘာ၀နဒီ)

(Zawgyi / Unicode)

ရခုိင္ျပည္နယ္တြင္း တုိက္ပြဲေတြက တိမ္းေရွာင္သူေတြကို COVID-19 အေရး သတိေပးဖို႔ အခက္ေတြ႔ေနသလို ကူးစက္မခံရေရးအတြက္ လိုက္နာ ေဆာင္ရြက္ႏုိင္တဲ့ အေျခအေနမရွိ ျဖစ္ေနပါတယ္။ အျပည့္အစုံကုိ မသိဂႌထုိက္ တင္ျပေပးထားပါတယ္။

ရခုိင္ျပည္နယ္တြင္း COVID-19 ေရာဂါ ကာကြယ္တားဆီးေရးအတြက္ ကုလသမဂၢက အေမရိကန္ေဒၚလာ ၂ ဒသမ ၂ သန္းေက်ာ္ အသံုးျပဳမယ္လို႔ စေနေန႔မွာ ေၾကညာလိုက္ပါတယ္။ ရခုိင္ျပည္နယ္တြင္းက အကူအညီေတြ လိုအပ္ေနတဲ့ ထိခုိက္နစ္နာလြယ္သူေတြနဲ႔ ေနရပ္စြန္႔ခြာ ထြက္ေျပးသူေတြကို ေပးသြားမွာျဖစ္တယ္လုိ႔ ေျပာထားပါတယ္။

ပုဏၰားကြ်န္းၿမိဳ႕နယ္ လက္၀ဲစာတိုက္ေက်းရြာ ဘုန္းႀကီးေက်ာင္း ယာယီ စစ္ေဘးေရွာင္စခန္း။ (ဓာတ္ပံု သဘာ၀နဒီ)

ရခုိင္ျပည္နယ္ ပုဏၰားကြ်န္းၿမိဳ႕နယ္ လက္၀ဲစာတိုက္ရြာက စစ္ေရွာင္ လူေပါင္း ၁ ေထာင္ေက်ာ္ကို COVID-19 ပညာေပးေဆာင္ရြက္ဖို႔သြားတဲ့ အဖြဲ႔တခုကိုေတာ့ စေနေန႔ကပဲ စစ္တပ္က တားဆီးခဲ့ပါတယ္။ ပုဏၰားကြ်န္းၿမိဳ႕နယ္က က်န္းမာေရး ေစာင့္ေရွာက္မႈ ၀န္ေဆာင္မႈ လူငယ္ဖြံ႔ၿဖဳိးေရးအသင္း (PDY) အဖြဲ႔၀င္ေတြနဲ႔ သူ႔ကို စစ္တပ္က တားဆီးခဲ့တာလို႔ စစ္ေရွာင္ေတြကုိ အကူအညီေပးေနတဲ့ သဘာ၀နဒီ အရွင္ ပညာေဇာတက ဗီြအိုေအကို ေျပာပါတယ္။

"အဓိက COVID-19 နဲ႔ ပတ္သက္ၿပီးေတာ့ အပူခ်ိန္တိုင္းတာတာတို႔ ပညာေပးတာေတြ လုပ္ႏုိင္ေအာင္ အဲဒီအဖြဲ႔ကို ေခၚၿပီး လာတာပါ ရြာကို။ ၁၂ နာရီေလာက္မွာ ဦးဇင္းတို႔ ရြာထဲကိုေရာက္ေတာ့ တပ္က ဦးဇင္းတို႔ကို တားထားတယ္။ ဖုန္းေတြေရာ ကားေသာ့ေရာ သိမ္းလိုက္တယ္။"

ဒါေပမယ့္ ညေနပိုင္းမွာေတာ့ ဦးပၪၨင္း သဘာ၀နဒီ အရွင္ ပညာေဇာတနဲ႔ လူငယ္ဖြံ႔ၿဖိဳးေရး အသင္း၀င္ေတြကို စစ္ေရွာင္ေတြရွိရာ လက္၀ဲစာတိုက္ရြာ ဘုန္းႀကီးေက်ာင္းကို သြားခြင့္ျပဳလုိက္ေပမယ့္ ကားကိုေတာ့ စေနေန႔ ညပိုင္းအထိ သိမ္းထားဆဲျဖစ္တယ္လို႔ ေျပာပါတယ္။

လက္၀ဲစာတိုက္ရြာအနီးမွာ ျမန္မာ့တပ္မေတာ္ကို မိုင္းခြဲတိုက္ခုိက္ခံခဲ့ရတဲ့ ဧၿပီလ ၃ ရက္ေန႔ကေန အခုအခ်ိန္ထိ လူဦးေရ ၁၀၀၀ ေက်ာ္ ဘုန္းႀကီးေက်ာင္းကေန ထြက္ခြင့္မရေသးဘဲ ပိတ္မိေနပါတယ္။ ဒီလူေတြ Social Distancing လို႔ေခၚတဲ့ တဦးနဲ႔တဦးၾကား အကြာအေ၀းတခုျခားၿပီး ေနႏုိင္တဲ့ အေျခအေနမ်ိဳး ရွိပါသလား။

"တေယာက္နဲ႔တေယာက္ ၃ ေပမေျပာနဲ႔၊ ၁ ေပေတာင္မရဘူး။ တလက္မကြာဖို႔ေတာင္ မလြယ္ဘူး။ တေယာက္နဲ႔တေယာက္ ေျခခ်င္းထပ္ၿပီးေတာ့ ေနေနရတာပါ။ အခု ပိတ္ေလွာင္ထားတဲ့ စခန္းမွာဆိုရင္ ဘုန္းႀကီးေက်ာင္းအေပၚ၊ ေအာက္ထပ္ ဓမၼာ႐ုံ၊ ေနာက္ၿပီး ေယာဂီေတြေနတဲ့ သဃၤန္းေဆာင္ေပါ့ အားလံုး အျပည့္၊ ေနာက္ၿပီး ေက်ာင္းရဲ႕ ကြင္းျပင္ေတြမွာလည္း ယာယီတန္းလ်ားေတြ တာလပတ္ေတြနဲ႔ ထိုးၿပီးေတာ့ ေနေနၾကရတယ္။ လူဦးေရတေထာင္ေက်ာ္ ဘယ္လုိမွမဆန္႔ဘူး။"

ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္တပ္ AA ၾကား တိုက္ပြဲေတြ ျဖစ္ခဲ့ၿပီးေနာက္ ေဒသတြင္းမွာ အင္တာနက္ ဆက္သြယ္မႈကိုလည္း အစိုးရက ျဖတ္ေတာက္ထားတာပါ။ ဒီအခ်က္က လူထုၾကား COVID-19 အေရး အသိပညာ ျဖန္႔ေ၀မႈအတြက္လည္း အဟန္႔အတားျဖစ္တယ္လို႔ အရွင္ ပညာေဇာတက မိန္႔ပါတယ္။

"ရြာေတြမွာက တီဗီြသတင္းတို႔ စာေစာင္တို႔ဆိုတာ ရြာေတြမွာ မရွိဘူး။ အင္တာနက္ ၀န္ေဆာင္မႈ ရရင္ေတာ့ ဖုန္းေလးေတြနဲ႔ အင္တာနက္က ၾကည့္ရင္ေတာ့ COVID နဲ႔ ပတ္သက္တဲ့ ပညာေပးေတြ သိရမယ္။"

လက္ရွိမွာေတာ့ သဘာ၀နဒီ အရွင္ ပညာေဇာတက စားနပ္ရိကၡာနဲ႔ ခိုလံႈႏုိင္ေရး တာ၀န္ယူေဆာင္ရြက္ေနတဲ့ စစ္ေရွာင္စခန္း ၄ ခုရွိၿပီး အဲဒီ ၄ ခုလံုးမွာေတာ့ အစိုးရဘက္ကေရာ အကူအညီေပးေရး အဖြဲ႔အစည္းေတြဘက္ကေရာ COVID-19 နဲ႔ ပတ္သက္လို႔ ကူညီေဆာင္ရြက္ေနတာေတြ မရွိေသးဘူးလို႔ ေျပာပါတယ္။

ေျမပံုၿမိဳ႕နယ္က စျမင္း၊ ကမ္းႀကီး၊ ေနာက္ ပုဏၰာကြ်န္းၿမိဳ႕နယ္က လက္၀ဲစာတိုက္ရြာ၊ ေစတီျပင္ ဒုကၡသည္စခန္းတို႔မွာ စစ္ေရွာင္ ေထာင္နဲ႔ခ်ီ ေနထိုင္ေနရပါတယ္။ စစ္ေရွာင္ေတြ အိမ္ျပန္ခြင့္မရေသးတာေၾကာင့္ ကိုယ့္အိမ္ေတြထဲမွာပဲ ေနဖို႔၊ လူေတြ တဦးနဲ႔တဦး အကြာအေ၀းတခုျခားၿပီး ခပ္ခြာခြာေနၾကဖို႔ဆိုတာလည္း မျဖစ္ႏုိင္တဲ့ အေနအထားပါ။

------------------------------------

(Unicode)

ရခိုင်စစ်ရှောင်တွေကြား COVID -19 ကာကွယ်ရေး မလုပ်နိုင်

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေက တိမ်းရှောင်သူတွေကို COVID-19 အရေး သတိပေးဖို့ အခက်တွေ့နေသလို ကူးစက်မခံရရေးအတွက် လိုက်နာ ဆောင်ရွက်နိုင်တဲ့ အခြေအနေ မရှိဖြစ်နေပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်တွင်း COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် ကုလသမဂ္ဂက အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းကျော် အသုံးပြုမယ်လို့ စနေနေ့မှာ ကြေညာလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက အကူအညီတွေ လိုအပ်နေတဲ့ ထိခိုက်နစ်နာလွယ်သူတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေကို ပေးသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲစာတိုက်ရွာက စစ်ရှောင် လူပေါင်း ၁ ထောင်ကျော်ကို COVID-19 ပညာပေးဆောင်ရွက်ဖို့သွားတဲ့ အဖွဲ့တခုကိုတော့ စနေနေ့ကပဲ စစ်တပ်က တားဆီးခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှု လူငယ်ဖွံ့ဖြိုးရေးအသင်း (PDY) အဖွဲ့ဝင်တွေနဲ့ သူ့ကို စစ်တပ်က တားဆီးခဲ့တာလို့ စစ်ရှောင်တွေ အကူအညီပေးနေတဲ့ သဘာဝနဒီ အရှင် ပညာဇောတက ဗွီအိုအေကို ပြောပါတယ်။

"အဓိက COVID-19 နဲ့ ပတ်သက်ပြီးတော့ အပူချိန်တိုင်းတာတာတို့ ပညာပေးတာတွေ လုပ်နိုင်အောင် အဲဒီအဖွဲ့ကို ခေါ်ပြီး လာတာပါ ရွာကို။ ၁၂ နာရီလောက်မှာ ဦးဇင်းတို့ ရွာထဲကိုရောက်တော့ တပ်က ဦးဇင်းတို့ကို တားထားတယ်။ ဖုန်းတွေရော ကားသော့ရော သိမ်းလိုက်တယ်။"

ဒါပေမယ့် ညနေပိုင်းမှာတော့ ဦးပဉ္ဇင်း သဘာဝနဒီ အရှင် ပညာဇောတနဲ့ လူငယ်ဖွံ့ဖြိုးရေး အသင်းဝင်တွေကို စစ်ရှောင်တွေရှိရာ လက်ဝဲစာတိုက်ရွာ ဘုန်းကြီးကျောင်းကို သွားခွင့်ပြုလိုက်ပေမယ့် ကားကိုတော့ စနေနေ့ ညပိုင်းအထိ သိမ်းထားဆဲဖြစ်တယ်လို့ ပြောပါတယ်။

လက်ဝဲစာတိုက်ရွာအနီးမှာ မြန်မာ့တပ်မတော်ကို မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတဲ့ ဧပြီလ ၃ ရက်နေ့ကနေ အခုအချိန်ထိ လူဦးရေ ၁၀၀၀ ကျော် ဘုန်းကြီးကျောင်းကနေ ထွက်ခွင့်မရသေးဘဲ ပိတ်မိနေပါတယ်။ ဒီလူတွေ Social Distancing လို့ခေါ်တဲ့ တဦးနဲ့တဦးကြား အကွာအဝေးတခုခြားပြီး နေနိုင်တဲ့ အခြေအနေမျိုး ရှိပါသလား။

"တယောက်နဲ့တယောက် ၃ ပေမပြောနဲ့၊ ၁ ပေတောင်မရဘူး။ တလက်မကွာဖို့တောင် မလွယ်ဘူး။ တယောက်နဲ့တယောက် ခြေချင်းထပ်ပြီးတော့ နေနေရတာပါ။ အခု ပိတ်လှောင်ထားတဲ့ စခန်းမှာဆိုရင် ဘုန်းကြီးကျောင်းအပေါ်၊ အောက်ထပ် ဓမ္မာရုံ၊ နောက်ပြီး ယောဂီတွေနေတဲ့ သင်္ဃန်းဆောင်ပေါ့ အားလုံး အပြည့်၊ နောက်ပြီး ကျောင်းရဲ့ ကွင်းပြင်တွေမှာလည်း ယာယီတန်းလျားတွေ တာလပတ်တွေနဲ့ ထိုးပြီးတော့ နေနေကြရတယ်။ လူဦးရေတထောင်ကျော် ဘယ်လိုမှမဆန့်ဘူး။"

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ် AA ကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် ဒေသတွင်းမှာ အင်တာနက် ဆက်သွယ်မှုကိုလည်း အစိုးရက ဖြတ်တောက်ထားတာပါ။ ဒီအချက်က လူထုကြား COVID-19 အရေး အသိပညာ ဖြန့်ဝေမှုအတွက်လည်း အဟန့်အတားဖြစ်တယ်လို့ အရှင် ပညာဇောတက မိန့်ပါတယ်။

"ရွာတွေမှာက တီဗွီသတင်းတို့ စာစောင်တို့ဆိုတာ ရွာတွေမှာ မရှိဘူး။ အင်တာနက် ဝန်ဆောင်မှု ရရင်တော့ ဖုန်းလေးတွေနဲ့ အင်တာနက်က ကြည့်ရင်တော့ COVID နဲ့ ပတ်သက်တဲ့ ပညာပေးတွေ သိရမယ်။"

လက်ရှိမှာတော့ သဘာဝနဒီ အရှင် ပညာဇောတ စားနပ်ရိက္ခာနဲ့ ခိုလှုံနိုင်ရေး တာဝန်ယူဆောင်ရွက်နေတဲ့ စစ်ရှောင်စခန်း ၄ ခုရှိပြီး အဲဒီ ၄ ခုလုံးမှာတော့ အစိုးရဘက်ကရော အကူအညီပေးရေး အဖွဲ့အစည်းတွေဘက်ကရော COVID-19 နဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်နေတာတွေ မရှိသေးဘူးလို့ ပြောပါတယ်။

မြေပုံမြို့နယ်က စမြင်း၊ ကမ်းကြီး၊ နောက် ပုဏ္ဏာကျွန်းမြို့နယ်က လက်ဝဲစာတိုက်ရွာ၊ စေတီပြင် ဒုက္ခသည်စခန်းတို့မှာ စစ်ရှောင် ထောင်နဲ့ချီ နေထိုင်နေရပါတယ်။ စစ်ရှောင်တွေ အိမ်ပြန်ခွင့်မရသေးတာကြောင့် ကိုယ့်အိမ်တွေထဲမှာပဲ နေဖို့၊ လူတွေ တဦးနဲ့တဦး အကွာအဝေးတခုခြားပြီး ခပ်ခွာခွာနေကြဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ အနေအထားပါ။

မသိဂႌထုိက္/VOA (Burmese)
https://burmese.voanews.com/a/rakhine-refugees-covid19/5368806.html
ရခိုင္စစ္ေရွာင္ေတြၾကား COVID -19 ကာကြယ္ေရး မလုပ္ႏုိင္ ရခိုင္စစ္ေရွာင္ေတြၾကား COVID -19 ကာကြယ္ေရး မလုပ္ႏုိင္ Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.