COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(Zawgyi)⤵⤵⤵

(၁၂-၄-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ

၁။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ ယေန႔ COVID-19 ေရာဂါအတြက္ဓာတ္ခြဲစစ္ေဆးမႈ ပထမအသုတ္အား စစ္ေဆးမႈတြင္ ေစာင့္ၾကည့္လူနာမ်ား၊ ေဆး႐ုံမ်ားႏွင့္ သက္ဆိုင္ရာ ေနရာမ်ား၌ အသြားအလာကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈခံေနသူမ်ား စုစုေပါင္း (၉၃) ဦး ၏ ဓာတ္ခြဲ နမူနာမ်ားအား စစ္ေဆးခဲ့ရာ (ဇယား-၁) ၌ ေဖာ္ျပထားရွိေသာ လူနာ (၁) ဦး၏ ဓာတ္ခြဲအေျဖတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရၿပီး က်န္လူနာမ်ားႏွင့္ ေစာင့္ၾကပ္ ၾကည့္ရႈမႈခံေနသူ (၉၂)ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုးမရွိေၾကာင္း ေတြ႕ရွိရပါ သည္။ (COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) မႈ သတင္းကို ယေန႔၊ ညေန (၆:၃၀) တြင္ သတင္းအက်ဥ္း ထုတ္ျပန္ၿပီးျဖစ္ပါသည္။)

၂။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-039) သည္ ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းဘဲတန္းၿမိို႔နယ္ တြင္ေနထိုင္သူ အသက္ (၈၅) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ (၉-၄-၂၀၂၀) ရက္ေန႔တြင္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းလကၡဏာမ်ားစတင္ခံစားခဲ့ရသျဖင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ (၁၁-၄-၂၀၂၀) ရက္ေန႔တြင္ သြားေရာက္ျပသခဲ့ရာေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္၍ ဓာတ္ခြဲ နမူနာရယူစစ္ေဆးခဲ့ျခင္းျဖစ္ပါသည္။ အဆိုပါလူနာသည္ လြန္ခဲ့ေသာ (၁၄)ရက္အတြင္း ျပည္ပ ႏိုင္ငံမ်ားသို႔ ခရီးသြားလာေသာ ရာဇဝင္မရွိခဲ့ေၾကာင္း သိရွိရၿပီး ဆီးခ်ိဳေရာဂါႏွင့္ ႏွလုံးေသြး ေၾကာက်ဥ္းေရာဂါအခံရွိေၾကာင္း သိရွိရပါသည္။ လူနာမွာ ေဆး႐ုံ စတင္တက္ေရာက္သည့္ အခ်ိန္တြင္ အလြန္ေမာပန္းလ်က္ရွိၿပီး ေသြးတြင္း ေအာက္စီဂ်င္ဓာတ္မ်ား က်ဆင္းလ်က္ ရွိရာ လိုအပ္ေသာ ကုသမႈမ်ားေပးခဲ့ေသာ္လည္း (၁၂-၄-၂၀၂၀)ရက္ေန႔၊ နံနက္ (၆:၀၀) နာရီအခ်ိန္ခန္႔ တြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရွိရပါသည္။ ေသဆုံးရသည့္ အေၾကာင္းအရင္းမွာ ျပင္းထန္ အဆုတ္ေရာင္ေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးေရာဂါႏွင့္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအခံ ရွိျခင္းတို႔ေၾကာင့္ ျဖစ္ပါသည္။

၃။ ယခုအခါ (၂၃-၃-၂၀၂၀)ရက္ေန႔မွ (၁၂-၄-၂၀၂၀)ရက္ေန႔၊ ည (၈:၀၀)နာရီအခ်ိန္အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၃၉)ဦး ေတြ႕ရွိခဲ့ၿပီး ျဖစ္ပါသည္။

၄။ သို႔ျဖစ္ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားမွာ ခ်င္းျပည္နယ္၊ တီးတိန္ ျပည္သူ႔ေဆး႐ုံတြင္ (၃)ဦး၊ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ (၂၆)ဦး၊ ရွမ္း ျပည္နယ္ (ေျမာက္ပိုင္း)၊ လားရႈိးျပည္သူ႔ေဆး႐ုံႀကီးတြင္ (၁)ဦး၊ ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီး တြင္ လူနာ (၁)ဦး၊ စဝ္စံထြန္းျပည္သူ႔ေဆး႐ုံႀကီးတြင္ လူနာ (၁)ဦး၊ စုစုေပါင္း (၃၂)ဦးတို႔ျဖစ္ၿပီး ၎တို႔၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္လ်က္ရွိပါသည္။ ေဝဘာဂီအထူးကုေဆး႐ုံႀကီး ရွိ လူနာ (၁) ဦးအား အထူးၾကပ္မတ္ခန္း၌ သီးျခားထားရွိ ေဆးကုသမႈေပးလ်က္ရွိပါသည္။

၅။ အဆိုပါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားႏွင့္ ထိေတြ႕ခဲ့သူမ်ားအားလုံးကို စုံစမ္းေဖာ္ထုတ္၍ အသြားအလာကန႔္သတ္ကာ ေစာင့္ၾကပ္ၾကည့္ရႈသြားမည္ျဖစ္ပါသည္။ သို႔ျဖစ္ပါ၍ အဆိုပါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ခဲ့သည့္ ျပည္သူလူထုအေနျဖင့္ နီးစပ္ရာ က်န္းမာေရးဌာနသို႔ ဆက္သြယ္အေၾကာင္းၾကားေစလိုေၾကာင္း တိုက္တြန္းအပ္ပါသည္။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/
-------------
(Unicode)⤵⤵⤵

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ COVID-19 ရောဂါအတွက်ဓာတ်ခွဲစစ်ဆေးမှု ပထမအသုတ်အား စစ်ဆေးမှုတွင် စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာ နေရာများ၌ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခံနေသူများ စုစုပေါင်း (၉၃) ဦး ၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) ၌ ဖော်ပြထားရှိသော လူနာ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာများနှင့် စောင့်ကြပ် ကြည့်ရှုမှုခံနေသူ (၉၂)ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း တွေ့ရှိရပါ သည်။ (COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) မှု သတင်းကို ယနေ့၊ ညနေ (၆:၃၀) တွင် သတင်းအကျဉ်း ထုတ်ပြန်ပြီးဖြစ်ပါသည်။)

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-039) သည် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် တွင်နေထိုင်သူ အသက် (၈၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၉-၄-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းလက္ခဏာများစတင်ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၁၁-၄-၂၀၂၀) ရက်နေ့တွင် သွားရောက်ပြသခဲ့ရာစောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲ နမူနာရယူစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါလူနာသည် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပ နိုင်ငံများသို့ ခရီးသွားလာသော ရာဇဝင်မရှိခဲ့ကြောင်း သိရှိရပြီး ဆီးချိုရောဂါနှင့် နှလုံးသွေး ကြောကျဉ်းရောဂါအခံရှိကြောင်း သိရှိရပါသည်။ လူနာမှာ ဆေးရုံ စတင်တက်ရောက်သည့် အချိန်တွင် အလွန်မောပန်းလျက်ရှိပြီး သွေးတွင်း အောက်စီဂျင်ဓာတ်များ ကျဆင်းလျက် ရှိရာ လိုအပ်သော ကုသမှုများပေးခဲ့သော်လည်း (၁၂-၄-၂၀၂၀)ရက်နေ့၊ နံနက် (၆:၀၀) နာရီအချိန်ခန့် တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ သေဆုံးရသည့် အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိခြင်းတို့ကြောင့် ဖြစ်ပါသည်။

၃။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၂-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၉)ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

၄။ သို့ဖြစ်ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၃)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၂၆)ဦး၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး တွင် လူနာ (၁)ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦး၊ စုစုပေါင်း (၃၂)ဦးတို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီး ရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၅။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/
COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.