ေ႐ႊေညာင္မွာ အရက္မူးၿပီး ဆဲဆိုရမ္းကားေနသူကို ဝင္ေရာက္တားျမစ္ရာမွ လွံနဲ႔ထိုးသတ္ခံရ

(Zawgyi)⤵⤵⤵

ေတာင္ႀကီး၊ ဧၿပီ ၂၀

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေ႐ႊေညာင္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ဧၿပီ ၁၉ရက္၊ ညပိုင္းအခ်ိန္က အရက္မူးၿပီး ဆဲဆိုရမ္းကား ေနသူကို ဝင္ေရာက္တားျမစ္ရာမွ လွံနဲ႔ထိုးသတ္ခံရမႈျဖစ္ပြား ခဲ့ေၾကာင္း ေ႐ႊေညာင္နယ္ေျမရဲစခန္းမွ သိရပါတယ္။

ေ႐ႊေညာင္ၿမိဳ႕၊ သံတဲေက်း႐ြာအုပ္စု၊ သံေသ႐ြာေန ဦးေမာင္သန္း၊ ၃၈ႏွစ္က ေနအိမ္မွာ ဘုရားဝတ္ျပဳေနစဥ္ အိမ္နီးခ်င္းေန ေအာင္က်န္၊ ၃၆ ႏွစ္မွ သူ႔ရဲ႕အစ္မျဖစ္သူ ေဒၚေအးျမ (ဦးေမာင္သန္းရဲ႕ဇနီး)မွ လွ်ပ္စစ္မီးမေပးတဲ့အတြက္ အရက္မူးကာ ေအာ္ဟစ္ဆဲဆိုေရာက္ရွိလာခဲ့ၿပီး ဦးေမာင္သန္း မွမဆဲဆိုဖို႔ ဝင္ေရာက္တားျမစ္ခဲ့ရာ ေအာင္က်န္မွ ဦးေမာင္သန္းကို အသင့္ပါလာတဲ့ အရွည္ ၅ ေပ ၄ လက္မခန႔္ရွိ လွံနဲ႔ထိုးလိုက္ တာျဖစ္ေၾကာင္း သိရပါတယ္။

အဲဒီလိုထိုးခံရမႈေၾကာင့္ ဦးေမာင္သန္းမွာ ဝဲဘက္နံ႐ိုးၾကား လွံစိုက္ဝင္ ဒဏ္ရာရရွိခဲ့ၿပီး ေ႐ႊေညာင္ တိုက္နယ္ေဆး႐ုံသို႔ ေဆးကုသရန္ပို႔ေဆာင္ခဲ့စဥ္ ရရွိေသာဒဏ္ရာေတြနဲ႔ ေသဆုံးသြားခဲ့ အတြက္ ေသဆုံးသူအေလာင္းကို ေ႐ႊေညာင္တိုက္နယ္ ေဆး႐ုံသို႔ ပို႔ေဆာင္ကာ အေသးစိတ္စစ္ေဆးမႈေတြ လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ပါတ္သက္ၿပီး ေအာင္က်န္ကို ေ႐ႊေညာင္နယ္ေျမ ရဲစခန္းမွာ (ပ)၄၀/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂နဲ႔ အမႈဖြင့္ အေရးယူ ေဆာင္႐ြက္ထားတယ္လို႔လည္း သိရပါတယ္။

သတင္း-နန္းေမရာစု(ေ႐ႊႀတိဂံ)
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
ရွှေညောင်မှာ အရက်မူးပြီး ဆဲဆိုရမ်းကားနေသူကို ဝင်ရောက်တားမြစ်ရာမှ လှံနဲ့ထိုးသတ်ခံရ

တောင်ကြီး၊ ဧပြီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၁၉ရက်၊ ညပိုင်းအချိန်က အရက်မူးပြီး ဆဲဆိုရမ်းကား နေသူကို ဝင်ရောက်တားမြစ်ရာမှ လှံနဲ့ထိုးသတ်ခံရမှုဖြစ်ပွား ခဲ့ကြောင်း ရွှေညောင်နယ်မြေရဲစခန်းမှ သိရပါတယ်။

ရွှေညောင်မြို့၊ သံတဲကျေးရွာအုပ်စု၊ သံသေရွာနေ ဦးမောင်သန်း၊ ၃၈နှစ်က နေအိမ်မှာ ဘုရားဝတ်ပြုနေစဉ် အိမ်နီးချင်းနေ အောင်ကျန်၊ ၃၆ နှစ်မှ သူ့ရဲ့အစ်မဖြစ်သူ ဒေါ်အေးမြ (ဦးမောင်သန်းရဲ့ဇနီး)မှ လျှပ်စစ်မီးမပေးတဲ့အတွက် အရက်မူးကာ အော်ဟစ်ဆဲဆိုရောက်ရှိလာခဲ့ပြီး ဦးမောင်သန်း မှမဆဲဆိုဖို့ ဝင်ရောက်တားမြစ်ခဲ့ရာ အောင်ကျန်မှ ဦးမောင်သန်းကို အသင့်ပါလာတဲ့ အရှည် ၅ ပေ ၄ လက်မခန့်ရှိ လှံနဲ့ထိုးလိုက် တာဖြစ်ကြောင်း သိရပါတယ်။

အဲဒီလိုထိုးခံရမှုကြောင့် ဦးမောင်သန်းမှာ ဝဲဘက်နံရိုးကြား လှံစိုက်ဝင် ဒဏ်ရာရရှိခဲ့ပြီး ရွှေညောင် တိုက်နယ်ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ခဲ့စဉ် ရရှိသောဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ အတွက် သေဆုံးသူအလောင်းကို ရွှေညောင်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ကာ အသေးစိတ်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပါတ်သက်ပြီး အောင်ကျန်ကို ရွှေညောင်နယ်မြေ ရဲစခန်းမှာ (ပ)၄၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။

သတင်း-နန်းမေရာစု(ရွှေတြိဂံ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေ႐ႊေညာင္မွာ အရက္မူးၿပီး ဆဲဆိုရမ္းကားေနသူကို ဝင္ေရာက္တားျမစ္ရာမွ လွံနဲ႔ထိုးသတ္ခံရ ေ႐ႊေညာင္မွာ အရက္မူးၿပီး ဆဲဆိုရမ္းကားေနသူကို ဝင္ေရာက္တားျမစ္ရာမွ လွံနဲ႔ထိုးသတ္ခံရ Reviewed by THITHTOOLWIN on 18:40 Rating: 5
Powered by Blogger.