အေမရိကန္မွာ ပိတ္ဆို႔မႈေတြျပန္ဖြင့္ဖို႔ ဆႏၵျပသူေတြကို သမၼတထရမ့္ ေထာက္ခံ

 သမၼတက ဆႏၵျပသူေတြကို ထာက္ခံတာဟာ အႏၲရာယ္မ်ားတယ္လို႔ ေဒသအာဏာပိုင္ေတြအျပစ္တင္
(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပိတ္ဆို႔ထားတဲ့ စီးပြားေရးလုပ္ငန္းေတြကို ျပန္ဖြင့္ေပးဖို႔ အေမရိကန္ျပည္ေထာင္စုတလႊား လမ္းေပၚထြက္ ကန႔္ကြက္ဆႏၵျပမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ျပည္နယ္ ဒါဇင္ဝက္ေလာက္မွာ အေစာပိုင္းဆႏၵျပမႈေတြရွိလာၿပီးတဲ့ေနာက္ အရီဇိုးနား၊ ေကာ္လိုရာဒို၊ မြန္တာနားနဲ႔ ဝါရွင္တန္ျပည္နယ္ေတြမွာ တနဂၤေႏြေန႔က ဆႏၵျပသူေတြ ထြက္ေပၚလာခဲ့ပါတယ္။

ကိုဗစ္-၁၉ ကပ္ေရာဂါျပန္ေခါင္းေထာင္လာမယ့္အႏၲရာယ္ရွိေနေပမယ့္လည္း ကန႔္သတ္မႈေတြကို ျပန္ဖြင့္ေပဖို႔ ေတာင္းဆိုလႈံ႕ေဆာ္မႈေတြ ျမင့္တက္လာေနပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဒီဆႏၵျပမႈေတြကိုေထာက္ခံတဲ့အရိပ္အေယာင္ျပသခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ ကိုဗစ္-၁၉ ကပ္ေရာဂါျဖစ္ပြားတဲ့အခ်က္အျခာေနရာျဖစ္ခဲ့ၿပီး ေသဆုံးသူ ေလးေသာင္းေက်ာ္နဲ႔ ကူးစက္ခံရသူေပါင္း ခုနစ္သိန္းေက်ာ္ ရွိပါတယ္။

ဒါေပမဲ့ အခုအခါမွာ ေရာဂါျဖစ္ပြားမႈအထြဋ္အထိပ္အေျခအေနကို ေရာက္ခဲ့ၿပီးတဲ့အခ်ိန္မွာေတာ့ တခ်ိဳ႕ျပည္နယ္ေတြမွာ ကူးစက္မႈႏႈန္းေႏွးေကြးလာတာကိုေတြ႕ရပါတယ္။

ဒါေၾကာင့္ ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ အုပ္ခ်ဳပ္ေရးမႉးေတြက စီးပြားေရးလုပ္ငန္းေတြကို ျပန္ဖြင့္ဖို႔ ေဆြးေႏြးလာတာရွိေပမယ့္ တခ်ိဳ႕ေဒသေတြမွာေတာ့ တင္းက်ပ္တဲ့ကန႔္သတ္မႈေတြ ရွိေနဆဲျဖစ္ပါတယ္။

လူေနအထူထပ္ဆုံး ျပည္နယ္ျဖစ္တဲ့ ကယ္လီဖိုးနီးယားျပည္နယ္မွာ လူေတြအိမ္ထဲမွာေနၾကဖို႔ အမိန႔္ကို မတ္ ၁၉ ရက္တည္းက ခ်မွတ္ထားခဲ့တာျဖစ္ ပါတယ္။

အနီးအနားက ျပည္နယ္ေတြျဖစ္တဲ့ ဝါရွင္တန္နဲ႔ ေအာ္ရီဂြန္ေတြမွာ မတ္ ၂၃ ကစလို႔ လူ ၁၁ သန္းခြဲေက်ာ္ကို ေနအိမ္ေတြမွာပဲ ေနၾကဖို႔ အမိန႔္ထုတ္ခဲ့ပါတယ္။

နယူးေယာက္ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး အင္ဒ႐ူးကူမိုက အိမ္ထဲမွေနၾကဖို႔ အမိန႔္ကို ေမ ၁၅ ရက္ထိ ထပ္တိုးလိုက္တယ္လို႔ မေန႔က တနဂၤေႏြေန႔မွာ ေၾကညာခဲ့ပါတယ္။

ဒီအေျခအေနကို ထိန္းခ်ဳပ္ႏိုင္တယ္ဆိုတာ ေသခ်ာေအာင္ လုပ္ရမွာ ျဖစ္တယ္။ ဒါက အေျခအေနတစ္ခုလုံးရဲ႕ လမ္းတစ္ဝက္အေနအထားပဲ ရွိပါေသးတယ္" လို႔ မစၥတာ အင္ဒ႐ူးကူမိုကေျပာပါတယ္။
မစ္ခ်ီဂန္၊ မင္နီဆိုးတားနဲ႔ ဗာဂ်ီးနီးယားက အမိန႔္ေတြဟာ တင္းက်ပ္လြန္းတယ္လို႔ထရမ့္က ေျပာေနတာပါ။

သမၼတ ထရမ့္က တင္းက်ပ္တဲ့ကန႔္သတ္မႈေတြကို ဆန႔္က်င္ဆႏၵျပသူေတြကို ေထာက္ခံေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

မင္နီဆိုးတား၊ မစ္ခ်ီဂန္နဲ႔ ဗာဂ်ီးနီးယားတို႔မွာ ထုတ္ထားတဲ့ အမိန႔္ေတြဟာ အရမ္းတင္းက်ပ္လြန္းတယ္လို႔ ေသာၾကာေန႔က ေျပာခဲ့တာပါ။

ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ကန႔္သတ္မႈေတြ လိုအပ္ေနပါတယ္။

ဝါရွင္တန္ၿမိဳ႕ေတာ္ဝန္ ေဂ်းအင္စလီက ထရမ့္ဟာ ဆႏၵျပသူေတြကိုေထာက္ခံေနတာဟာ အႏၲရာယ္ရွိၿပီး ျပည္နယ္ေတြက ထုတ္ျပန္ထားတဲ့ဥပေဒေတြကို မလိုက္နာေစဖို႔ အားေပးအားေျမႇာက္ျပဳရာေရာက္တယ္လို႔ ေဝဖန္ပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ မစၥ နန္စီပလိုစီကလည္း ထရမ့္ အခုလို ဆႏၵျပမႈေတြကိုေထာက္ခံတဲ့အေပၚ စိတ္အေႏွာင့္အယွက္ျဖစ္ရတယ္လို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52349961
-------------
(Unicode)⤵⤵⤵

အမေရိကန်မှာ ပိတ်ဆို့မှုတွေပြန်ဖွင့်ဖို့ ဆန္ဒပြသူတွေကို သမ္မတထရမ့် ထောက်ခံ
ဓာတ်ပုံ မူပိုင် Getty Images
Image caption သမ္မတက ဆန္ဒပြသူတွေကို ထာက်ခံတာဟာ အန္တရာယ်များတယ်လို့ ဒေသအာဏာပိုင်တွေအပြစ်တင်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုတလွှား လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြည်နယ် ဒါဇင်ဝက်လောက်မှာ အစောပိုင်းဆန္ဒပြမှုတွေရှိလာပြီးတဲ့နောက် အရီဇိုးနား၊ ကော်လိုရာဒို၊ မွန်တာနားနဲ့ ဝါရှင်တန်ပြည်နယ်တွေမှာ တနင်္ဂနွေနေ့က ဆန္ဒပြသူတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါပြန်ခေါင်းထောင်လာမယ့်အန္တရာယ်ရှိနေပေမယ့်လည်း ကန့်သတ်မှုတွေကို ပြန်ဖွင့်ပေဖို့ တောင်းဆိုလှုံ့ဆော်မှုတွေ မြင့်တက်လာနေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီဆန္ဒပြမှုတွေကိုထောက်ခံတဲ့အရိပ်အယောင်ပြသခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားတဲ့အချက်အခြာနေရာဖြစ်ခဲ့ပြီး သေဆုံးသူ လေးသောင်းကျော်နဲ့ ကူးစက်ခံရသူပေါင်း ခုနစ်သိန်းကျော် ရှိပါတယ်။

ဒါပေမဲ့ အခုအခါမှာ ရောဂါဖြစ်ပွားမှုအထွဋ်အထိပ်အခြေအနေကို ရောက်ခဲ့ပြီးတဲ့အချိန်မှာတော့ တချို့ပြည်နယ်တွေမှာ ကူးစက်မှုနှုန်းနှေးကွေးလာတာကိုတွေ့ရပါတယ်။

ဒါကြောင့် ပြည်နယ်တော်တော်များများမှာ အုပ်ချုပ်ရေးမှူးတွေက စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ဖို့ ဆွေးနွေးလာတာရှိပေမယ့် တချို့ဒေသတွေမှာတော့ တင်းကျပ်တဲ့ကန့်သတ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

လူနေအထူထပ်ဆုံး ပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ လူတွေအိမ်ထဲမှာနေကြဖို့ အမိန့်ကို မတ် ၁၉ ရက်တည်းက ချမှတ်ထားခဲ့တာဖြစ် ပါတယ်။

အနီးအနားက ပြည်နယ်တွေဖြစ်တဲ့ ဝါရှင်တန်နဲ့ အော်ရီဂွန်တွေမှာ မတ် ၂၃ ကစလို့ လူ ၁၁ သန်းခွဲကျော်ကို နေအိမ်တွေမှာပဲ နေကြဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကူမိုက အိမ်ထဲမှနေကြဖို့ အမိန့်ကို မေ ၁၅ ရက်ထိ ထပ်တိုးလိုက်တယ်လို့ မနေ့က တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

ဒီအခြေအနေကို ထိန်းချုပ်နိုင်တယ်ဆိုတာ သေချာအောင် လုပ်ရမှာ ဖြစ်တယ်။ ဒါက အခြေအနေတစ်ခုလုံးရဲ့ လမ်းတစ်ဝက်အနေအထားပဲ ရှိပါသေးတယ်" လို့ မစ္စတာ အင်ဒရူးကူမိုကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption မစ်ချီဂန်၊ မင်နီဆိုးတားနဲ့ ဗာဂျီးနီးယားက အမိန့်တွေဟာ တင်းကျပ်လွန်းတယ်လို့ထရမ့်က ပြောနေတာပါ။

သမ္မတ ထရမ့်က တင်းကျပ်တဲ့ကန့်သတ်မှုတွေကို ဆန့်ကျင်ဆန္ဒပြသူတွေကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မင်နီဆိုးတား၊ မစ်ချီဂန်နဲ့ ဗာဂျီးနီးယားတို့မှာ ထုတ်ထားတဲ့ အမိန့်တွေဟာ အရမ်းတင်းကျပ်လွန်းတယ်လို့ သောကြာနေ့က ပြောခဲ့တာပါ။

ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ကန့်သတ်မှုတွေ လိုအပ်နေပါတယ်။

ဝါရှင်တန်မြို့တော်ဝန် ဂျေးအင်စလီက ထရမ့်ဟာ ဆန္ဒပြသူတွေကိုထောက်ခံနေတာဟာ အန္တရာယ်ရှိပြီး ပြည်နယ်တွေက ထုတ်ပြန်ထားတဲ့ဥပဒေတွေကို မလိုက်နာစေဖို့ အားပေးအားမြှောက်ပြုရာရောက်တယ်လို့ ဝေဖန်ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စ နန်စီပလိုစီကလည်း ထရမ့် အခုလို ဆန္ဒပြမှုတွေကိုထောက်ခံတဲ့အပေါ် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52349961
အေမရိကန္မွာ ပိတ္ဆို႔မႈေတြျပန္ဖြင့္ဖို႔ ဆႏၵျပသူေတြကို သမၼတထရမ့္ ေထာက္ခံ အေမရိကန္မွာ ပိတ္ဆို႔မႈေတြျပန္ဖြင့္ဖို႔ ဆႏၵျပသူေတြကို သမၼတထရမ့္ ေထာက္ခံ Reviewed by THITHTOOLWIN on 10:05 Rating: 5
Powered by Blogger.