မူဆယ္ၿမိဳ႕တြင္ ဗုံးေပါက္ကြဲမႈ ျဖစ္

(Zawgyi)⤵⤵⤵

သွ်မ္းျပည္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ ဧၿပီ ၁၂ရက္ ည ၁၀နာရီ ခြဲတြင္ ေပါက္ကြဲမႈအသံ ၂ႀကိမ္ၾကားရေၾကာင္း မူဆယ္ ေဒသခံမ်ားေျပာျပခ်က္ အရသိရသည္။


အဆိုပါ ဗုံးဟု ယူဆသည့္ ေပါက္ကြဲမႈသည့္ မူဆယ္ၿမိဳ႕ ရဲစခန္း အေက်ာ္ အေကာက္ခြန္ အနီးရွိ MPT ေရွ႕တြင္ တလုံးေပါက္ကြဲၿပီး ေနာက္တလုံးမွာ ကံေကာ္လမ္းခြဲ အနီးဟုယူဆရေၾကာင္း မူဆယ္ ေဒသခံတဦး ျဖစ္သည့္ စိုင္းေအာင္ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။


“ အေကာက္ခြန္နားက MPT ႐ုံး ေရွ႕ ကေတာ့ တလုံး ေသခ်ာတယ္။ ေနာက္တလုံးကံေကာ္လမ္းခြဲ လို႔လည္းေျပာတယ္။အသံေတာ္ေတာ္က်ယ္တယ္။ဆက္တုိက္ၾကားရတာ။ အိမ္ပါတုန္သြားတယ္” ဟု စိုင္းေအာင္ ကဆိုသည္။

ဗုံးေပါက္ကြဲမႈေၾကာင့္ လူထိခိုက္မႈ မရွိေသာ္လည္း ကားတစီးႏွင့္ MPT ဆိုင္ထိခုိက္မႈ ရွိေၾကာင္း စံုစမ္းသိရသည္။

ထို ဗုံးေပါက္ကြဲမႈ ႏွင့္ ပတ္သက္ၿပီး မူဆယ္ ေဒသခံမ်ား၏ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ မ်ားစြာေရးသားထားသည္ကို ေတ့ြျမင္ရသည္။

“ အသံေပါက္ကြဲမႈ ကေတာ့ ၂ခါ။ အိမ္ေတာင္ ခါသြားတယ္။ အသံအရမ္းက်ယ္တယ္” မူဆယ္ေဒသခံ တဦးက ေျပာသည္။


ထိုကိစၥႏွင့္ ပတ္သက္ၿပီး သွ်မ္းသံေတာ္ဆင့္ မွ မူဆယ္ၿမိဳ႕ရဲစခန္းကို ဆက္သြယ္ေမးျမန္းရာ ျပန္လည္ ေျဖၾကားျခင္းမရွိေပ။

ဓာတ္ပံု Win Nu/ Facebook
SHAN News (Burmese Version)
https://www.facebook.com/shannewsburmese/
--------
(Unicode)⤵⤵⤵
မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ဧပြီ ၁၂ရက် ည ၁၀နာရီ ခွဲတွင် ပေါက်ကွဲမှုအသံ ၂ကြိမ်ကြားရကြောင်း မူဆယ် ဒေသခံများပြောပြချက် အရသိရသည်။

အဆိုပါ ဗုံးဟု ယူဆသည့် ပေါက်ကွဲမှုသည့် မူဆယ်မြို့ ရဲစခန်း အကျော် အကောက်ခွန် အနီးရှိ MPT ရှေ့တွင် တလုံးပေါက်ကွဲပြီး နောက်တလုံးမှာ ကံကော်လမ်းခွဲ အနီးဟုယူဆရကြောင်း မူဆယ် ဒေသခံတဦး ဖြစ်သည့် စိုင်းအောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အကောက်ခွန်နားက MPT ရုံး ရှေ့ ကတော့ တလုံး သေချာတယ်။ နောက်တလုံးကံကော်လမ်းခွဲ လို့လည်းပြောတယ်။အသံတော်တော်ကျယ်တယ်။ဆက်တိုက်ကြားရတာ။ အိမ်ပါတုန်သွားတယ်” ဟု စိုင်းအောင် ကဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိသော်လည်း ကားတစီးနှင့် MPT ဆိုင်ထိခိုက်မှု ရှိကြောင်း စုံစမ်းသိရသည်။

ထို ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်ပြီး မူဆယ် ဒေသခံများ၏ လူမှုကွန်ရက် စာမျက်နှာတွင် များစွာရေးသားထားသည်ကို တေ့ွမြင်ရသည်။

“ အသံပေါက်ကွဲမှု ကတော့ ၂ခါ။ အိမ်တောင် ခါသွားတယ်။ အသံအရမ်းကျယ်တယ်” မူဆယ်ဒေသခံ တဦးက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ မူဆယ်မြို့ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိပေ။

ဓာတ်ပုံ Win Nu/ Facebook
SHAN News (Burmese Version)
https://www.facebook.com/shannewsburmese/
မူဆယ္ၿမိဳ႕တြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ မူဆယ္ၿမိဳ႕တြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ Reviewed by THITHTOOLWIN on 02:53 Rating: 5
Powered by Blogger.