ကိုဗစ္၁၉ ထိန္းခ်ဳပ္ေရး ေနပူစာလႈံဖို႔ အားေပးရင္ေကာင္းမလားလို႔ စဥ္းစားေနေၾကာင္း ဗီယက္နမ္ကို ဥပမာေပးၿပီး ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ဓာတ္ပုံ-ေအာင္ဆန္းစုၾကည္ေဖ့စ္ဘြတ္
(Zawgyi)⤵⤵⤵

ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ဟာ အပူခ်ိန္ျမင့္တဲ့ေနရာေတြ၊ စိုစြတ္တဲ့ေနရာေတြမွာ သိပ္ၾကာၾကာမေနႏိုင္ဘူးလို႔ ပညာရွင္တခ်ိဳ႕ေျပာၾကားထားတာရွိတဲ့အေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ျမန္မာႏိုင္ငံဟာ ေနပူတဲ့အတြက္ ေနပူစာလႈံဖို႔ အားေပးရင္ေကာင္းမလားလို႔ စဥ္းစားေနၿပီး ဒီလို ေနပူစာလႈံတာဟာလည္း အသားနည္းနည္းညိဳသြားတာကလြဲလို႔ တျခားျပႆနာႀကီးႀကီးမားမား ရွိမွာမဟုတ္ဘူးလို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ဆက္ေျပာပါတယ္။

ဒါေပမဲ့ က်န္းမာေရးဝန္ႀကီးဌာနကိုလည္း ေမးျမန္းၿပီး သေဘာတူမွ ဒါကို လုပ္ဖို႔ စဥ္းစားမယ္လို႔လည္းဆိုပါတယ္။ ဒါ့အျပင္ ကိုဗစ္၁၉ ကို ထိန္းခ်ဳပ္ေရးမွာ ထိေရာက္မႈရွိတဲ့ ဗီယက္နမ္ႏိုင္ငံကို ဥပမာေပးၿပီး ထည့္သြင္းေျပာၾကားခဲ့ပါေသးတယ္။

''ကိုဗစ္ကို ထိန္းခ်ဳပ္ရာမွာ ဗီယက္နမ္က သိပ္ၿပီးထိေရာက္တယ္လို႔ အေမတို႔ၾကားတယ္။ ခုထိ သူတို႔မွာ ႏွစ္ရာေက်ာ္(ကူးစက္သူ)ပဲရွိတယ္။ သူတို႔လုပ္တာတစ္ခုက ေနပူစာလႈံဖို႔အားေပးတယ္လို႔ ၾကားတယ္။ နည္းအမ်ိဳးမ်ိဳးေတာ့ရွာရမွာေပါ့ေလ'' လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒီကေန႔ ဧၿပီ ၂၄ ရက္မနက္က ခ်င္းျပည္နယ္မွာကိုဗစ္၁၉ ထိန္းခ်ဳပ္ကာကြယ္ကုသေရး ေဆာင္႐ြက္ေနသူေတြနဲ႔ အြန္လိုင္းကေန ေဆြးေႏြးခန္းမွာ ခုလိုထည့္သြင္းေျပာၾကားသြားတာျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါဟာ ဘယ္ေလာက္ထိၾကာဦးမယ္ဆိုတာ ေျပာလို႔မရဘဲ တစ္ခါမွ မျဖစ္ဖူးတဲ့ေရာဂါျဖစ္ၿပီး ကာကြယ္ေဆးကိုလည္း ခုမွ ၿဗိတိန္မွာ စတင္စမ္းသပ္ေနတာျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ဆက္ေျပာပါတယ္။

''ကာကြယ္ေဆးဆိုခုမွ စၿပီး ႐ုန္းကန္းႀကိဳးစားေနတယ္။ ဘယ္ေလာက္ေလာက္ၾကာမွ စသုံးမယ္ဆိုတာ ဆုံးျဖတ္မလဲမသိရေသးဘူး။ ေအာင္ျမင္မယ္မေအာင္ျမင္မယ္မသိဘူး။ ေရရွည္ခံႏိုင္ရည္ရွိဖို႔က စိတ္ပဲ။ စိတ္ေလွ်ာ့လိုက္ရင္ေတာ့ စိန္ေခၚမႈေတြကိုေက်ာ္လြားဖို႔အင္မတန္မွခက္တယ္'' လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

BBC Burmese
https://www.facebook.com/BBCnewsBurmese/
-------------
(Unicode)⤵⤵⤵
ကိုဗစ်၁၉ ထိန်းချုပ်ရေး နေပူစာလှုံဖို့ အားပေးရင်ကောင်းမလားလို့ စဉ်းစားနေကြောင်း ဗီယက်နမ်ကို ဥပမာပေးပြီး ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုဗစ် ၁၉ ဗိုင်းရပ်စ်ဟာ အပူချိန်မြင့်တဲ့နေရာတွေ၊ စိုစွတ်တဲ့နေရာတွေမှာ သိပ်ကြာကြာမနေနိုင်ဘူးလို့ ပညာရှင်တချို့ပြောကြားထားတာရှိတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ နေပူတဲ့အတွက် နေပူစာလှုံဖို့ အားပေးရင်ကောင်းမလားလို့ စဉ်းစားနေပြီး ဒီလို နေပူစာလှုံတာဟာလည်း အသားနည်းနည်းညိုသွားတာကလွဲလို့ တခြားပြဿနာကြီးကြီးမားမား ရှိမှာမဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။

ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနကိုလည်း မေးမြန်းပြီး သဘောတူမှ ဒါကို လုပ်ဖို့ စဉ်းစားမယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ကိုဗစ်၁၉ ကို ထိန်းချုပ်ရေးမှာ ထိရောက်မှုရှိတဲ့ ဗီယက်နမ်နိုင်ငံကို ဥပမာပေးပြီး ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

''ကိုဗစ်ကို ထိန်းချုပ်ရာမှာ ဗီယက်နမ်က သိပ်ပြီးထိရောက်တယ်လို့ အမေတို့ကြားတယ်။ ခုထိ သူတို့မှာ နှစ်ရာကျော်(ကူးစက်သူ)ပဲရှိတယ်။ သူတို့လုပ်တာတစ်ခုက နေပူစာလှုံဖို့အားပေးတယ်လို့ ကြားတယ်။ နည်းအမျိုးမျိုးတော့ရှာရမှာပေါ့လေ'' လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ဧပြီ ၂၄ ရက်မနက်က ချင်းပြည်နယ်မှာကိုဗစ်၁၉ ထိန်းချုပ်ကာကွယ်ကုသရေး ဆောင်ရွက်နေသူတွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးခန်းမှာ ခုလိုထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါဟာ ဘယ်လောက်ထိကြာဦးမယ်ဆိုတာ ပြောလို့မရဘဲ တစ်ခါမှ မဖြစ်ဖူးတဲ့ရောဂါဖြစ်ပြီး ကာကွယ်ဆေးကိုလည်း ခုမှ ဗြိတိန်မှာ စတင်စမ်းသပ်နေတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။

''ကာကွယ်ဆေးဆိုခုမှ စပြီး ရုန်းကန်းကြိုးစားနေတယ်။ ဘယ်လောက်လောက်ကြာမှ စသုံးမယ်ဆိုတာ ဆုံးဖြတ်မလဲမသိရသေးဘူး။ အောင်မြင်မယ်မအောင်မြင်မယ်မသိဘူး။ ရေရှည်ခံနိုင်ရည်ရှိဖို့က စိတ်ပဲ။ စိတ်လျှော့လိုက်ရင်တော့ စိန်ခေါ်မှုတွေကိုကျော်လွားဖို့အင်မတန်မှခက်တယ်'' လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဓာတ်ပုံ-အောင်ဆန်းစုကြည်ဖေ့စ်ဘွတ်
BBC Burmese
https://www.facebook.com/BBCnewsBurmese/
ကိုဗစ္၁၉ ထိန္းခ်ဳပ္ေရး ေနပူစာလႈံဖို႔ အားေပးရင္ေကာင္းမလားလို႔ စဥ္းစားေနေၾကာင္း ဗီယက္နမ္ကို ဥပမာေပးၿပီး ေဒၚေအာင္ဆန္းစုၾကည္ေျပာ ကိုဗစ္၁၉ ထိန္းခ်ဳပ္ေရး ေနပူစာလႈံဖို႔ အားေပးရင္ေကာင္းမလားလို႔ စဥ္းစားေနေၾကာင္း ဗီယက္နမ္ကို ဥပမာေပးၿပီး ေဒၚေအာင္ဆန္းစုၾကည္ေျပာ Reviewed by THITHTOOLWIN on 12:01 Rating: 5
Powered by Blogger.