ျမန္မာနဲ႔ အာဆီယံ ၄ ႏုိင္ငံကုိ ကုိဗစ္အႏၱရာယ္ျမင့္မားလာမယ့္ႏုိင္ငံေတြအျဖစ္ ထုိင္း သတ္မွတ္


(Zawgyi/Unicode)

ျမန္မာ၊ မေလးရွား၊ ကေမၻာဒီးယား၊ လာအိုနဲ႔ အင္ဒိုနီးရွားနိုင္ငံေတြကို COVID-19 ကပ္ေရာဂါ အႏၲရာယ္ ျမင့္မားတဲ့ နိုင္ငံေတြစာရင္းထဲမွာ ထိုင္းနိုင္ငံက ထပ္တိုး ထည့္သြင္းလိုက္ပါတယ္။

အဲဒီ ၅ နိုင္ငံမွာ COVID-19 ေရာဂါ ျဖစ္ပြားမႈ ပိုတိုးလာေနတဲ့အေၾကာင္းကို ထိုင္းဒုတိယ ဝန္ႀကီးခ်ဳပ္နဲ႔ လူထုက်န္းမာေရး ဝန္ႀကီး Anutin Charnvirakul က လက္မွတ္ေရးထိုးထားၿပီး ထိုင္း လူထုက်န္းမာေရး ဝန္ႀကီးဌာနက ဧၿပီ ၂၂ ရက္ေန႔ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ေၾကညာ ထားခဲ့ပါတယ္။

ထိုင္းအာဏာပိုင္ေတြအၾကား ေရာဂါထိန္းခ်ဳပ္၊ ကာကြယ္ေရးဆိုင္ရာ ေဆာင္ရြက္ခ်က္ေတြကို အရွိန္ဟုန္ျမင့္လုပ္ေဆာင္နိုင္ဖို႔အတြက္ ကူးစက္ေရာဂါဆိုင္ရာ အက္ဥပေဒ အရ အဲဒီ ၅ နိုင္ငံကို ကပ္ေရာဂါ အႏၲရယ္ မ်ားတဲ့ နိုင္ငံေတြ စာရင္းမွာထည့္သြင္းလိုက္တာလည္း ျဖစ္ပါတယ္။

မတ္လတုန္းကလည္း ထိုင္းနိုင္ငံက ေဟာင္ေကာင္၊ မကာအို၊ တ႐ုတ္၊ ေတာင္ကိုရီးယား၊ အီတလီ နဲ႔ အီရန္တို႔ကို COVID-19 ကပ္ေရာဂါ အႏၲရာယ္ ျမင့္မားတဲ့ စာရင္းမွာ ထည့္သြင္းထားခဲ့ပါတယ္။

.............

မြန်မာနဲ့ အာဆီယံ ၄ နိုင်ငံကို ကိုဗစ်အန္တရာယ်မြင့်မားလာမယ့်နိုင်ငံတွေအဖြစ် ထိုင်း သတ်မှတ်

(Unicode)

မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို COVID-19 ကပ်ရောဂါ အန္တရာယ် မြင့်မားတဲ့ နိုင်ငံတွေစာရင်းထဲမှာ ထိုင်းနိုင်ငံက ထပ်တိုး ထည့်သွင်းလိုက်ပါတယ်။

အဲဒီ ၅ နိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားမှု ပိုတိုးလာနေတဲ့အကြောင်းကို ထိုင်းဒုတိယ ဝန်ကြီးချုပ်နဲ့ လူထုကျန်းမာရေး ဝန်ကြီး Anutin Charnvirakul က လက်မှတ်ရေးထိုးထားပြီး ထိုင်း လူထုကျန်းမာရေး ဝန်ကြီးဌာနက ဧပြီ ၂၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ကြေညာ ထားခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေအကြား ရောဂါထိန်းချုပ်၊ ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို အရှိန်ဟုန်မြင့်လုပ်ဆောင်နိုင်ဖို့အတွက် ကူးစက်ရောဂါဆိုင်ရာ အက်ဥပဒေ အရ အဲဒီ ၅ နိုင်ငံကို ကပ်ရောဂါ အန္တရယ် များတဲ့ နိုင်ငံတွေ စာရင်းမှာထည့်သွင်းလိုက်တာလည်း ဖြစ်ပါတယ်။

မတ်လတုန်းကလည်း ထိုင်းနိုင်ငံက ဟောင်ကောင်၊ မကာအို၊ တရုတ်၊ တောင်ကိုရီးယား၊ အီတလီ နဲ့ အီရန်တို့ကို COVID-19 ကပ်ရောဂါ အန္တရာယ် မြင့်မားတဲ့ စာရင်းမှာ ထည့်သွင်းထားခဲ့ပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/myanmar-asean-covid-19-/5389176.html
ျမန္မာနဲ႔ အာဆီယံ ၄ ႏုိင္ငံကုိ ကုိဗစ္အႏၱရာယ္ျမင့္မားလာမယ့္ႏုိင္ငံေတြအျဖစ္ ထုိင္း သတ္မွတ္ ျမန္မာနဲ႔ အာဆီယံ ၄ ႏုိင္ငံကုိ ကုိဗစ္အႏၱရာယ္ျမင့္မားလာမယ့္ႏုိင္ငံေတြအျဖစ္ ထုိင္း သတ္မွတ္ Reviewed by THITHTOOLWIN on 12:03 Rating: 5
Powered by Blogger.