ၿဗိတိန္မွာ ကိုဗစ္-၁၉ ကာကြယ္ေဆးကို လူနဲ႔စတင္ စမ္းသပ္

(Zawgyi)⤵⤵⤵

ၿဗိတိန္၊ေအာက္စဖို႔ဒ္တကၠသိုလ္က ေဆးသုေတသီအဖြဲ႕ဟာ ကာယကံရွင္ရဲ႕ဆႏၵအရ ေဆးထိုးဖို႔ သေဘာတူတဲ့သူႏွစ္ဦးကို ကာကြယ္ေဆး စတင္ ထိုးႏွံစမ္းသပ္ခဲ့ပါတယ္။


စမ္းသပ္ထိုးႏွံခဲ့သူထဲကတစ္ဦးျဖစ္တဲ့ အယ္လီစာဂရန္နာတိုကေတာ့ သူဟာ သိပၸံပညာရွင္ျဖစ္ၿပီး သိပၸံနည္းက်စမ္းသပ္တဲ့လုပ္ငန္းစဥ္တစ္ခုမွာ တက္ႏိုင္သေလာက္ ပါဝင္ကူညီခ်င္တယ္လို႔ ဘီဘီစီကိုေျပာၾကားခဲ့ပါတယ္။

ဒီကာကြယ္ေဆးကို ေအာက္စဖို႔ဒ္တကၠသိုလ္အဖြဲ႕တစ္ဖြဲ႕က သုံးလအၾကာမွာ စမ္းသပ္ေဖာ္စပ္ခဲ့တာျဖစ္ၿပီး ဒီသုေတသနလုပ္ငန္းစဥ္ကို Jenner Institute က ကာကြယ္ေဆးပညာရွင္ ဆာရာဂီးဘတ္လ္က ဦးေဆာင္တာျဖစ္ပါတယ္။


မစၥဆာရာက ဒီကာကြယ္ေဆးဟာ လူေတြကို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကေန တားဆီးေပးႏိုင္ၿပီး ကာကြယ္ေဆး တကယ္အလုပ္လုပ္မယ္လို႔ ၈၀ ရာခိုင္ႏႈန္းယုံၾကည္မႈရွိေၾကာင္း ေျပာပါတယ္။

BBC Burmese
https://www.facebook.com/BBCnewsBurmese/
-----------
(Unicode)⤵⤵⤵

ဗြိတိန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူနဲ့စတင် စမ်းသပ်

ဗြိတိန်၊အောက်စဖို့ဒ်တက္ကသိုလ်က ဆေးသုတေသီအဖွဲ့ဟာ ကာယကံရှင်ရဲ့ဆန္ဒအရ ဆေးထိုးဖို့ သဘောတူတဲ့သူနှစ်ဦးကို ကာကွယ်ဆေး စတင် ထိုးနှံစမ်းသပ်ခဲ့ပါတယ်။

စမ်းသပ်ထိုးနှံခဲ့သူထဲကတစ်ဦးဖြစ်တဲ့ အယ်လီစာဂရန်နာတိုကတော့ သူဟာ သိပ္ပံပညာရှင်ဖြစ်ပြီး သိပ္ပံနည်းကျစမ်းသပ်တဲ့လုပ်ငန်းစဉ်တစ်ခုမှာ တက်နိုင်သလောက် ပါဝင်ကူညီချင်တယ်လို့ ဘီဘီစီကိုပြောကြားခဲ့ပါတယ်။

ဒီကာကွယ်ဆေးကို အောက်စဖို့ဒ်တက္ကသိုလ်အဖွဲ့တစ်ဖွဲ့က သုံးလအကြာမှာ စမ်းသပ်ဖော်စပ်ခဲ့တာဖြစ်ပြီး ဒီသုတေသနလုပ်ငန်းစဉ်ကို Jenner Institute က ကာကွယ်ဆေးပညာရှင် ဆာရာဂီးဘတ်လ်က ဦးဆောင်တာဖြစ်ပါတယ်။

မစ္စဆာရာက ဒီကာကွယ်ဆေးဟာ လူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကနေ တားဆီးပေးနိုင်ပြီး ကာကွယ်ဆေး တကယ်အလုပ်လုပ်မယ်လို့ ၈၀ ရာခိုင်နှုန်းယုံကြည်မှုရှိကြောင်း ပြောပါတယ်။

BBC Burmese
https://www.facebook.com/BBCnewsBurmese/

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား