ပထမဆုံးအတည္ျပဳလူနာရွိတဲ့ တီးတိန္ေဆး႐ုံမွာ လိုအပ္ခ်က္ေတြ မ်ားျပားေန

(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး အတည္ျပဳလူနာဟာ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕ကျဖစ္ၿပီး သူနဲ႔ တျခားလူနာ ေလးဦး တီးတိန္ေဆး႐ုံမွာ ကုသမႈခံယူေနပါတယ္။

တီးတိန္ ကုတင္ ၁၀၀ ေဆး႐ုံကို လွ်ပ္စစ္ဓာတ္အား မေပးႏိုင္တာေၾကာင့္ မီးစက္သုံးၿပီး ဓာတ္အားရရွိႏိုင္ေအာင္ စီစဥ္ထားရပါတယ္။

တီးတိန္ေဆး႐ုံဟာ မႏိုင္ဝန္ ထမ္းထားရတယ္လို႔ တီးတိန္ၿမိဳ႕ ဇိုမီး ကိုဗစ္-19 တုံ႔ျပန္ေကာ္မတီက ဦးကိမ္းေတြာင္ က ဆိုပါတယ္။

"ကိုဗစ္လူနာေတြအတြက္ နဂိုထဲက ဒီအဆင့္ပါ ဒါၿမိဳ႕နယ္ဆင့္ေဆး႐ုံပါ ကုတင္ ၁၀၀ ေဆး႐ုံဆိုတာ ေဆး႐ုံက မႏိုင္မနင္း ဝန္ထုပ္ဝန္ပိုးကို ထမ္းထားရတယ္။ ေျပာရရင္ေတာ့ အခက္အခဲေတြက အမ်ားႀကီးရွိလိမ့္မယ္။ လူဦးေရေတြ တိုးလာရင္ အခက္အခဲေတြ အမ်ားႀကီးရွိလိမ့္မယ္။ အခု လူနာ ငါးဦးထားတဲ့ေနရာက ေဆး႐ုံမဟုတ္ဘူး ဝန္ထမ္းအိမ္ရာ မိသားစု ၁၈ စု ဆံ့တဲ့ ဝန္ထမ္းအိမ္ရာမွာ တစ္ေယာက္တစ္ခန္း ထားတာ။ အမ်ားသိၾကတာ ေက့စ္ ငါးေယာက္လို႔ သိေပမယ့္ သံသယလူနာေတြရွိေသးတယ္ ထပ္ၿပီးထြက္လာရင္ ဒါကို ဒီေဆး႐ုံႀကီး ပခုံးက မထမ္းႏိုင္ဘူး။"

တီးတိန္ၿမိဳ႕မွာ ႏွစ္ရက္တစ္ႀကိမ္ ေရအားလွ်ပ္စစ္နဲ႔ေပးေနၿပီး အစိုးရေဆး႐ုံကိုေတာ့ တစ္ရက္ကို သုံးႀကိမ္ေပးတာျဖစ္ပါတယ္။

လွ်ပ္စစ္ဓာတ္အားျပႆနာအျပင္ ေရျပႆနာလည္းရွိေနၿပီး အစိုးရျဖန႔္ေဝေပးတဲ့ ေရကိုသာ သုံးရတဲ့အတြက္ ေရျပတ္တဲ့ေန႔ေတြလည္း ရွိေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ေဆး႐ုံရဲ႕ အခက္ခဲနဲ႔ လိုအပ္ခ်က္ေတြကို ေျဖရွင္းေနတယ္လို႔ တီးတိန္ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေဇာ္ျမင့္ႏိုင္က ဆိုပါတယ္။

"ေဆး႐ုံကေျပာရရင္ အမ်ားႀကီးပါ။ ဒါေတြအားလုံးသတင္းထဲမွာ ပါၿပီးသားေတြပါ ထပ္ၿပီး ကြန္ဖမ္းလုပ္ဖို႔ မလိုပါဘူး။ ေဆး႐ုံရဲ႕ လိုအပ္ခ်က္ အဆင္ေျပျခင္း မေျပျခင္းေတြကို ေျဖရွင္းေနပါတယ္။"

ပဲခူးတိုင္း ျပည္ကုတင္ ၅၀၀ ေဆး႐ုံက ေမ့ေဆးဆရာဝန္ႀကီး ေဒၚျမင့္ျမင့္စိန္က ေရာဂါပိုးကူးစက္ခံရသူေတြကို ထားရွိတဲ့ အေရးေပၚလူနာ အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ စက္ပစၥည္း၊ ေနရာထိုင္ခင္း၊ အသုံးအေဆာင္နဲ႔  ဝန္ထမ္းအင္အား  ျပည့္ျပည့္စုံစုံ မရွိခဲ့တာေၾကာင့္ ကမာၻ႔ကပ္ေရာဂါနဲ႔ နဖူးေတြ႕၊ ဒူးေတြ႕ ရင္ဆိုင္ရတဲ့အခါ အခက္အခဲေတြ အမ်ားႀကီးရွိေနတယ္လို႔  ဧၿပီ ၂၈ ရက္ေန႔က ႏိုင္ငံေတာ္ အတိုင္ပင္ခံနဲ႔ အြန္လိုင္းစကားဝိုင္းမွာ ေျပာပါတယ္။

အဲဒီလိုအပ္ခ်က္ေတြဟာ ေဆး႐ုံတိုင္းမွာ ရွိေနတာျဖစ္ၿပီး လူနာ ငါးဦးရွိေနတဲ့  တီးတိန္ ေဆး႐ုံရဲ႕ လိုအပ္ခ်က္ေတြကို ျပည္နယ္အစိုးရနဲ႔ ျပည္ေထာင္စုအစိုးရက ျဖည့္ဆည္းေပးမယ္လို႔  ေျပာၾကားထားပါတယ္။

လွ်ပ္စစ္မီးရရွိႏိုင္ေရးကို စီစဥ္ေပးေနၿပီး အျခားလိုအပ္ခ်က္ေတြအတြက္ ျပည္ေထာင္စုအစိုးရနဲ႔ ပူးေပါင္းေျဖရွင္းဖို႔ လုပ္ေဆာင္ေနတယ္လို႔ ခ်င္းျပည္နယ္ လူမႈေရးဝန္ႀကီး ဦးေပါင္လြန္းမင့္ထန္ က ေျပာပါတယ္။

"မီးက မဟာဓာတ္အားလိုင္း မရွိပါဘူး။ ေဆး႐ုံမွာ ၂၄ နာရီ မီးရေအာင္  ေထာက္ပံ့ေနပါတယ္။ တစ္ၿမိဳ႕လုံးကို တစ္နာရီပိုရေအာင္ ေဆာင္႐ြက္ေနပါတယ္။ ေပါ့စတစ္က ငါးေယာက္ရွိပါတယ္ ေဆး႐ုံမွာလိုအပ္တဲ့ ICU အခန္းေတြ သီးသန႔္ခန္းေတြက လိုအပ္ခ်က္ရွိေနဆဲပါ။ ဒါက အခုမွ ခ်က္ခ်င္းႀကဳံရေတာ့ အေရးေပၚအဆင္ေျပေအာင္ ေျဖရွင္းေနရတယ္။ ဒီအခက္အခဲေတြအေပၚ ျပည္ေထာင္စုအဆင့္ေရာ ျပည္နယ္အဆင့္ေရာ ေပါင္းၿပီး လုပ္ဖို႔ရွိပါတယ္။"

တီးတိန္ၿမိဳ႕မွာ သံသယရွိသူ ၁၃၅ ဦးကို စစ္ေဆးရာ ၅ ဦးမွာ ေရာဂါပိုးကူးစက္ခံထား ရတာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး ေနာက္ထပ္စစ္ေဆးဖို႔ ေပးပို႔ထားသူ ၄၈ ဦးက်န္ရွိေနေသးကာ ေဆးစစ္ခ်က္အေျဖကိုေတာ့ မသိရေသးပါဘူး။

တီးတိန္ေဆး႐ုံမွာ လူနာ ၁၀ ဦး ထားရွိႏိုင္ဖို႔ စီစဥ္ထားတယ္လို႔ ျပည္နယ္အစိုးရက ဆိုပါတယ္။

ေဝယံမိုးျမင့္ / RFA Burmese
---------------------------------

(Unicode)⤵⤵⤵
ပထမဆုံးအတည်ပြုလူနာရှိတဲ့ တီးတိန်ဆေးရုံမှာ လိုအပ်ချက်တွေ များပြားနေ

မြန်မာနိုင်ငံရဲ့ ပထမဆုံး အတည်ပြုလူနာဟာ ချင်းပြည်နယ် တီးတိန်မြို့ကဖြစ်ပြီး သူနဲ့ တခြားလူနာ လေးဦး တီးတိန်ဆေးရုံမှာ ကုသမှုခံယူနေပါတယ်။

တီးတိန် ကုတင် ၁၀၀ ဆေးရုံကို လျှပ်စစ်ဓာတ်အား မပေးနိုင်တာကြောင့် မီးစက်သုံးပြီး ဓာတ်အားရရှိနိုင်အောင် စီစဉ်ထားရပါတယ်။

တီးတိန်ဆေးရုံဟာ မနိုင်ဝန် ထမ်းထားရတယ်လို့ တီးတိန်မြို့ ဇိုမီး ကိုဗစ်-19 တုံ့ပြန်ကော်မတီက ဦးကိမ်းတွောင် က ဆိုပါတယ်။

"ကိုဗစ်လူနာတွေအတွက် နဂိုထဲက ဒီအဆင့်ပါ ဒါမြို့နယ်ဆင့်ဆေးရုံပါ ကုတင် ၁၀၀ ဆေးရုံဆိုတာ ဆေးရုံက မနိုင်မနင်း ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရတယ်။ ပြောရရင်တော့ အခက်အခဲတွေက အများကြီးရှိလိမ့်မယ်။ လူဦးရေတွေ တိုးလာရင် အခက်အခဲတွေ အများကြီးရှိလိမ့်မယ်။ အခု လူနာ ငါးဦးထားတဲ့နေရာက ဆေးရုံမဟုတ်ဘူး ဝန်ထမ်းအိမ်ရာ မိသားစု ၁၈ စု ဆံ့တဲ့ ဝန်ထမ်းအိမ်ရာမှာ တစ်ယောက်တစ်ခန်း ထားတာ။ အများသိကြတာ ကေ့စ် ငါးယောက်လို့ သိပေမယ့် သံသယလူနာတွေရှိသေးတယ် ထပ်ပြီးထွက်လာရင် ဒါကို ဒီဆေးရုံကြီး ပခုံးက မထမ်းနိုင်ဘူး။"

တီးတိန်မြို့မှာ နှစ်ရက်တစ်ကြိမ် ရေအားလျှပ်စစ်နဲ့ပေးနေပြီး အစိုးရဆေးရုံကိုတော့ တစ်ရက်ကို သုံးကြိမ်ပေးတာဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားပြဿနာအပြင် ရေပြဿနာလည်းရှိနေပြီး အစိုးရဖြန့်ဝေပေးတဲ့ ရေကိုသာ သုံးရတဲ့အတွက် ရေပြတ်တဲ့နေ့တွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆေးရုံရဲ့ အခက်ခဲနဲ့ လိုအပ်ချက်တွေကို ဖြေရှင်းနေတယ်လို့ တီးတိန် ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်မြင့်နိုင်က ဆိုပါတယ်။

"ဆေးရုံကပြောရရင် အများကြီးပါ။ ဒါတွေအားလုံးသတင်းထဲမှာ ပါပြီးသားတွေပါ ထပ်ပြီး ကွန်ဖမ်းလုပ်ဖို့ မလိုပါဘူး။ ဆေးရုံရဲ့ လိုအပ်ချက် အဆင်ပြေခြင်း မပြေခြင်းတွေကို ဖြေရှင်းနေပါတယ်။"

ပဲခူးတိုင်း ပြည်ကုတင် ၅၀၀ ဆေးရုံက မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန်က ရောဂါပိုးကူးစက်ခံရသူတွေကို ထားရှိတဲ့ အရေးပေါ်လူနာ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ စက်ပစ္စည်း၊ နေရာထိုင်ခင်း၊ အသုံးအဆောင်နဲ့  ဝန်ထမ်းအင်အား  ပြည့်ပြည့်စုံစုံ မရှိခဲ့တာကြောင့် ကမ္ဘာ့ကပ်ရောဂါနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါ အခက်အခဲတွေ အများကြီးရှိနေတယ်လို့  ဧပြီ ၂၈ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံနဲ့ အွန်လိုင်းစကားဝိုင်းမှာ ပြောပါတယ်။

အဲဒီလိုအပ်ချက်တွေဟာ ဆေးရုံတိုင်းမှာ ရှိနေတာဖြစ်ပြီး လူနာ ငါးဦးရှိနေတဲ့  တီးတိန် ဆေးရုံရဲ့ လိုအပ်ချက်တွေကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရက ဖြည့်ဆည်းပေးမယ်လို့  ပြောကြားထားပါတယ်။

လျှပ်စစ်မီးရရှိနိုင်ရေးကို စီစဉ်ပေးနေပြီး အခြားလိုအပ်ချက်တွေအတွက် ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းဖြေရှင်းဖို့ လုပ်ဆောင်နေတယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ပြောပါတယ်။

"မီးက မဟာဓာတ်အားလိုင်း မရှိပါဘူး။ ဆေးရုံမှာ ၂၄ နာရီ မီးရအောင်  ထောက်ပံ့နေပါတယ်။ တစ်မြို့လုံးကို တစ်နာရီပိုရအောင် ဆောင်ရွက်နေပါတယ်။ ပေါ့စတစ်က ငါးယောက်ရှိပါတယ် ဆေးရုံမှာလိုအပ်တဲ့ ICU အခန်းတွေ သီးသန့်ခန်းတွေက လိုအပ်ချက်ရှိနေဆဲပါ။ ဒါက အခုမှ ချက်ချင်းကြုံရတော့ အရေးပေါ်အဆင်ပြေအောင် ဖြေရှင်းနေရတယ်။ ဒီအခက်အခဲတွေအပေါ် ပြည်ထောင်စုအဆင့်ရော ပြည်နယ်အဆင့်ရော ပေါင်းပြီး လုပ်ဖို့ရှိပါတယ်။"

တီးတိန်မြို့မှာ သံသယရှိသူ ၁၃၅ ဦးကို စစ်ဆေးရာ ၅ ဦးမှာ ရောဂါပိုးကူးစက်ခံထား ရတာ တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ထပ်စစ်ဆေးဖို့ ပေးပို့ထားသူ ၄၈ ဦးကျန်ရှိနေသေးကာ ဆေးစစ်ချက်အဖြေကိုတော့ မသိရသေးပါဘူး။

တီးတိန်ဆေးရုံမှာ လူနာ ၁၀ ဦး ထားရှိနိုင်ဖို့ စီစဉ်ထားတယ်လို့ ပြည်နယ်အစိုးရက ဆိုပါတယ်။

ဝေယံမိုးမြင့် / RFA Burmese
https://www.rfa.org/burmese/news/huge-demand-in-tedim-hospital-04302020003624.html
ပထမဆုံးအတည္ျပဳလူနာရွိတဲ့ တီးတိန္ေဆး႐ုံမွာ လိုအပ္ခ်က္ေတြ မ်ားျပားေန ပထမဆုံးအတည္ျပဳလူနာရွိတဲ့ တီးတိန္ေဆး႐ုံမွာ လိုအပ္ခ်က္ေတြ မ်ားျပားေန Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.