ကုိဗစ္ေၾကာင့္ ကန္ စီးပြားေရး ၅% နီးပါး က်ဆင္း


Zawgyi/Unicode

အေမရိကန္ ျပည္ေထာင္စုမွာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါအႏၱရာယ္ ေၾကာင့္ စက္မႈလုပ္ငန္းေတြ ပိတ္ပစ္ခဲ့ရသလို ရံုးလုပ္ငန္းေတြပါ ရပ္ဆိုင္းသြားတဲ့ အတြက္ ဆယ္ႏွစ္ေက်ာ္ကာလအတြင္း အဆိုးဆံုး အခ်ိန္နဲ႔ ရင္ဆိုင္ေနရ ခ်ိန္မွာပဲ အခု ပထမ ၄ လပတ္ထဲမွာ အေမရိကန္စီးပြါးေရးဟာ ၄.၈ % က်ဆင္းသြားတယ္လို႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက ဗုဒၶဟူး ေန႔မွာ ေျပာပါတယ္။

ဒီကပ္ေရာဂါရဲ့ ရိုက္ခတ္မႈဟာ စီးပြါးေရး အေပၚမွာ ႀကီးမားတဲ့ သက္ေရာက္မႈရွိခဲ့ၿပီး ဇန္နဝါရီလက ေန မတ္လ အတြင္း က်ဆင္းမႈကိုၾကည့္ရင္ မတ္လေနာက္ဆံုး ၃ ပတ္မွာ အဆိုးဆံုး ျဖစ္ခဲ့တာပါ။ အလုပ္သမား ေထာင္ေပါင္းမ်ားစြာ အလုပ္လုပ္ေနတဲ့ ပင္မစက္ရံုႀကီးေတြကို ပိတ္ပစ္ခဲ့ရသလို လက္ကားအေရာင္းဆိုင္ေတြ အပါအဝင္ လုပ္ငန္းအႀကီးစားေတြ သာမက အေသးစားေတြပါ မက်န္ အကုန္ ပိတ္ပစ္ခဲ့ရတာပါ။

ဒါေပမယ့္ စီးပါြးေရးအေပၚ ဒီကပ္ေရာဂါရဲ့ တကယ္တမ္း ရိုက္ခတ္မႈ ဘယ္ေလာက္ရွိမယ္ ဆိုတာကိုေတာ့ ဒုတိယ ၄ လပတ္ အစီရင္ခံစာ ထုတ္ျပန္မယ့္ ေနာက္ ၃ လတာ ကာလ အတြင္း သိႏိုင္အံုးမွာ မဟုတ္ေသးပါဘူး။ ဘာေၾကာင့္လည္း ဆိုေတာ့ ဧၿပီလထဲ အလုပ္သမား ေလ ွ်ာ့ခ်မႈက ဘယ္အတိုင္းတာ အထိ ထိခိုက္မယ္ ဆိုတာ မသိရေသးတာေၾကာင့္ ျဖစ္ပါတယ္။

လက္ရွိမွာပဲ အလုပ္သမား ၂၆ သန္း အလုပ္လက္မဲ့ ျဖစ္ေနၿပီး အလုပ္လက္မဲ့ ခံစားခြင့္ ေလ ွ်ာက္ထားသူ အေရအတြက္ကလည္း တပတ္ကို သန္းနဲ႔ခ်ီ တိုးေနတာေၾကာင့္ ျဖစ္ပါတယ္။

ဒီအစီရင္ခံစာအရ ႏိုင္ငံ့ GDP က လက္ရွိမွာ သိပ္အားမေကာင္း ေပမယ့္ အေမရိကန္ႏိုင္ငံသားေတြရဲ့ တီထြင္ႏိုင္စြမ္းနဲ႔ အႏိုင္မခံ အရံႈးမေပး ႀကိဳးစားလုပ္ေဆာင္မႈေတြေၾကာင့္ အေမရိကန္ႏုိင္ငံရဲ့ စီးပြါးေရးက ဆက္ၿပီး ႀကံ႕ႀကံ႕ခိုင္ႏိုင္မွာ ျဖစ္ေၾကာင္း ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး Wilbur Ross ကေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------
[Unicode]

အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအန္တရာယ် ကြောင့် စက်မှုလုပ်ငန်းတွေ ပိတ်ပစ်ခဲ့ရသလို ရုံးလုပ်ငန်းတွေပါ ရပ်ဆိုင်းသွားတဲ့ အတွက်ဆယ်နှစ်ကျော်ကာလအတွင်း အဆိုးဆုံး အချိန်နဲ့ ရင်ဆိုင်နေရ ချိန်မှာပဲအခု ပထမ ၄ လပတ်ထဲမှာ အမေရိကန်စီးပွါးရေးဟာ ၄.၈ % ကျဆင်းသွားတယ်လို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူး နေ့မှာ ပြောပါတယ်။

ဒီကပ်ရောဂါရဲ့ ရိုက်ခတ်မှုဟာ စီးပွါးရေး အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပြီး ဇန်နဝါရီလက နေ မတ်လ အတွင်း ကျဆင်းမှုကိုကြည့်ရင် မတ်လနောက်ဆုံး ၃ ပတ်မှာ အဆိုးဆုံး ဖြစ်ခဲ့တာပါ။အလုပ်သမား ထောင်ပေါင်းများစွာ အလုပ်လုပ်နေတဲ့ ပင်မစက်ရုံကြီးတွေကို ပိတ်ပစ်ခဲ့ရသလို လက်ကားအရောင်းဆိုင်တွေ အပါအဝင် လုပ်ငန်းအကြီးစားတွေ သာမက အသေးစားတွေပါ မကျန် အကုန် ပိတ်ပစ်ခဲ့ရတာပါ။

ဒါပေမယ့် စီးပါွးရေးအပေါ် ဒီကပ်ရောဂါရဲ့ တကယ်တမ်း ရိုက်ခတ်မှု ဘယ်လောက်ရှိမယ် ဆိုတာကိုတော့ ဒုတိယ ၄ လပတ် အစီရင်ခံစာ ထုတ်ပြန်မယ့် နောက် ၃ လတာ ကာလ အတွင်း သိနိုင်အုံးမှာ မဟုတ်သေးပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ဧပြီလထဲ အလုပ်သမား လေ ျှာ့ချမှုက ဘယ်အတိုင်းတာ အထိ ထိခိုက်မယ် ဆိုတာ မသိရသေးတာကြောင့် ဖြစ်ပါတယ်။

လက်ရှိမှာပဲ အလုပ်သမား ၂၆ သန်း အလုပ်လက်မဲ့ ဖြစ်နေပြီး အလုပ်လက်မဲ့ ခံစားခွင့် လေ ျှာက်ထားသူ အရေအတွက်ကလည်း တပတ်ကို သန်းနဲ့ချီ တိုးနေတာကြောင့် ဖြစ်ပါတယ်။

ဒီအစီရင်ခံစာအရ နိုင်ငံ့ GDP က လက်ရှိမှာ သိပ်အားမကောင်း ပေမယ့် အမေရိကန်နိုင်ငံသားတွေရဲ့ တီထွင်နိုင်စွမ်းနဲ့ အနိုင်မခံ အရှုံးမပေး ကြိုးစားလုပ်ဆောင်မှုတွေကြောင့် အမေရိကန်နိုင်ငံရဲ့ စီးပွါးရေးက ဆက်ပြီး ကြံ့ကြံ့ခိုင်နိုင်မှာ ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wilbur Ross ကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/possibility-of-reopening-us-economy/5398486.html
ကုိဗစ္ေၾကာင့္ ကန္ စီးပြားေရး ၅% နီးပါး က်ဆင္း ကုိဗစ္ေၾကာင့္ ကန္ စီးပြားေရး ၅% နီးပါး က်ဆင္း Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.