တ႐ုတ္မွာ ဒစ္ဂ်စ္တယ္ ေငြေၾကးစနစ္ စတင္ဖို႔ရွိ


(Zawgyi / Unicode)

တ႐ုတ္အစိုးရက သူ႔ရဲ႕ ဒစ္ဂ်စ္တယ္ ေငြေၾကးသစ္ကို ၿမိဳ႕ ၄ ၿမိဳ႕မွာ စတင္က်င့္သံုးမယ့္ အခ်ိန္ကာလ သတ္မွတ္ခ်က္ကို ထုတ္ျပန္လိုက္ပါတယ္။ ဒီ ၿမိဳ႕ ၄ ၿမိဳ႕က အစိုးရ၀န္ထမ္းေတြရဲ႕ လစာတခ်ိဳ႕တ၀က္ကို လာမယ့္ ေမလကစၿပီး ဒစ္ဂ်စ္တယ္ေငြေၾကးအျဖစ္ စမတ္ဖုန္း အပလီေကးရွင္းကေန ေပးမွာျဖစ္ပါတယ္။

ဒီလုပ္ေဆာင္ခ်က္ဟာဆိုရင္ အေရးပါတဲ့ ဗဟိုဘဏ္ႀကီးတခုရဲ႕ ကမၻာ့ ပထမဆံုးေသာ ဒစ္ဂ်စ္တယ္ ေငြေၾကးစနစ္တရပ္ဆီ ဦးတည္မယ့္ သမိုင္း၀င္ ေဆာင္ရြက္ခ်က္တခုလည္း ျဖစ္ပါတယ္။

ဒါဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ အေမရိကန္ေဒၚလာ လည္ပတ္အသုံးျပဳတဲ့ စနစ္ကို ၿခိမ္းေျခာက္လာႏုိင္တယ္လို႔ ကၽြမ္းက်င္သူတခ်ိဳ႕က သုံးသပ္ၾကပါတယ္။

ကမၻာ့စီးပြားေရးေစ်းကြက္မွာ အေမရိကန္ေဒၚလာကို အမ်ားဆုံး အသုံးျပဳေနၾကတာပါ။ ၂၀၁၉ ခုႏွစ္အတြင္း ႏုိင္ငံတကာ လုပ္ငန္းေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းက အေမရိကန္ေဒၚလာကို အသုံးျပဳ ေငြေၾကးလႊဲေျပာင္းေပးၾကၿပီး တကမၻာလုံး ႏုိင္ငံျခားေငြလဲလွယ္ေရးဘဏ္ အရန္ေငြေၾကး ၆၀ ရာခိုင္ႏႈန္းဟာလည္း အေမရိကန္ေဒၚလာကို အသုံးျပဳတာပါ။

ေငြေပးေခ်ဖို႔နဲ႔ ဘဏ္အရန္ေငြေၾကးအတြက္ တကမၻာလုံး တ႐ုတ္ယြမ္ေငြကို အသုံးျပဳႏႈန္းက ၂ ရာခိုင္ႏႈန္းပဲ ရွိပါတယ္။

ကမၻာ့စီးပြားေရးေစ်းကြက္မွာ အေမရိကန္ေဒၚလာကို အဓိကသုံးစြဲတဲ့အတြက္ အီရန္ ေတာ္လွန္ေရးအေစာင့္တပ္ ေကာ္ပုိေရးရွင္းနဲ႔ ေျမာက္ကိုရီးယားလို ႏုိင္ငံအတြက္ အေမရိကန္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈေတြေအာက္မွာ အထိနာေနတာပါ။

ဒါေၾကာင့္ ဆယ္စုႏွစ္မ်ားစြာအတြင္း တ႐ုတ္၊ ႐ုရွားနဲ႔ တျခားႏုိင္ငံ အေတာ္မ်ားမ်ားက ေငြေၾကးလည္ပတ္သုံးစြဲတဲ့ စနစ္တခုကို ဖန္တီးဖို႔လည္း အျပင္းအထန္ ႀကိဳးစားေနခဲ့ၾကပါတယ္။

အေမရိကန္ေဒၚလာအစား ဒစ္ဂ်စ္တယ္ေငြေၾကး လည္ပတ္သုံးစြဲတဲ့ နည္းပညာကို အေကာင္အထည္ေဖာ္ႏုိင္ဖို႔ တ႐ုတ္ႏုိင္ငံက ၂၀၁၄ ခုႏွစ္ေလာက္က စလို႔ အဓိက အမ်ိဳးသားေရး မဟာဗ်ဴဟာတရပ္အေနနဲ႔ လုပ္ေဆာင္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္မွာ အမ်ိဳးသားစီးပြားေရး စီမံကိန္းက ဘစ္ကြိဳင္လို ဒစ္ဂ်စ္တယ္ ေငြေၾကးလည္ပတ္ သုံးစြဲတဲ့ BLOCKCHAIN ကြန္ရက္စနစ္ကို ထုတ္ေဖာ္ေျပာလာတာပါ။

တ႐ုတ္သမၼတ Xi Jinping က ဒီစနစ္ကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္သြားဖို႔ သူ႔ရဲ႕ ေပၚလစ္ဗ်ဴ႐ုိအဖြဲ႔ကို ၂၀၁၉ ေအာက္တိုဘာလက တိုက္တြန္းထားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------

(Unicode)

တရုတ်မှာ ဒစ်ဂျစ်တယ် ငွေကြေးစနစ် စတင်ဖို့ရှိ

တရုတ်အစိုးရက သူ့ရဲ့ ဒစ်ဂျစ်တယ် ငွေကြေးသစ်ကို မြို့ ၄ မြို့မှာ စတင်ကျင့်သုံးမယ့် အချိန်ကာလ သတ်မှတ်ချက်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒီ မြို့ ၄ မြို့က အစိုးရဝန်ထမ်းတွေရဲ့ လစာတချို့တဝက်ကို လာမယ့် မေလကစပြီး ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် စမတ်ဖုန်း အပလီကေးရှင်းကနေ ပေးမှာဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာဆိုရင် အရေးပါတဲ့ ဗဟိုဘဏ်ကြီးတခုရဲ့ ကမ္ဘာ့ ပထမဆုံးသော ဒစ်ဂျစ်တယ် ငွေကြေးစနစ်တရပ်ဆီ ဦးတည်မယ့် သမိုင်းဝင် ဆောင်ရွက်ချက်တခုလည်း ဖြစ်ပါတယ်။

ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန်ဒေါ်လာ လည်ပတ်အသုံးပြုတဲ့ စနစ်ကို ခြိမ်းခြောက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ကြပါတယ်။

ကမ္ဘာ့စီးပွားရေးဈေးကွက်မှာ အမေရိကန်ဒေါ်လာကို အများဆုံး အသုံးပြုနေကြတာပါ။ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ လုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းက အမေရိကန်ဒေါ်လာကို အသုံးပြု ငွေကြေးလွှဲပြောင်းပေးကြပြီး တကမ္ဘာလုံး နိုင်ငံခြားငွေလဲလှယ်ရေးဘဏ် အရန်ငွေကြေး ၆၀ ရာခိုင်နှုန်းဟာလည်း အမေရိကန်ဒေါ်လာကို အသုံးပြုတာပါ။

ငွေပေးချေဖို့နဲ့ ဘဏ်အရန်ငွေကြေးအတွက် တကမ္ဘာလုံး တရုတ်ယွမ်ငွေကို အသုံးပြုနှုန်းက ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ကမ္ဘာ့စီးပွားရေးဈေးကွက်မှာ အမေရိကန်ဒေါ်လာကို အဓိကသုံးစွဲတဲ့အတွက် အီရန် တော်လှန်ရေးအစောင့်တပ် ကော်ပိုရေးရှင်းနဲ့ မြောက်ကိုရီးယားလို နိုင်ငံအတွက် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေအောက်မှာ အထိနာနေတာပါ။

ဒါကြောင့် ဆယ်စုနှစ်များစွာအတွင်း တရုတ်၊ ရုရှားနဲ့ တခြားနိုင်ငံ အတော်များများက ငွေကြေးလည်ပတ်သုံးစွဲတဲ့ စနစ်တခုကို ဖန်တီးဖို့လည်း အပြင်းအထန် ကြိုးစားနေခဲ့ကြပါတယ်။

အမေရိကန်ဒေါ်လာအစား ဒစ်ဂျစ်တယ်ငွေကြေး လည်ပတ်သုံးစွဲတဲ့ နည်းပညာကို အကောင်အထည်ဖော်နိုင်ဖို့ တရုတ်နိုင်ငံက ၂၀၁၄ ခုနှစ်လောက်က စလို့ အဓိက အမျိုးသားရေး မဟာဗျူဟာတရပ်အနေနဲ့ လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ အမျိုးသားစီးပွားရေး စီမံကိန်းက ဘစ်ကွိုင်လို ဒစ်ဂျစ်တယ် ငွေကြေးလည်ပတ် သုံးစွဲတဲ့ BLOCKCHAIN ကွန်ရက်စနစ်ကို ထုတ်ဖော်ပြောလာတာပါ။

တရုတ်သမ္မတ Xi Jinping က ဒီစနစ်ကို အောင်မြင်အောင် လုပ်ဆောင်သွားဖို့ သူ့ရဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ကို ၂၀၁၉ အောက်တိုဘာလက တိုက်တွန်းထားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/china-digital-cu…/5392374.html
တ႐ုတ္မွာ ဒစ္ဂ်စ္တယ္ ေငြေၾကးစနစ္ စတင္ဖို႔ရွိ တ႐ုတ္မွာ ဒစ္ဂ်စ္တယ္ ေငြေၾကးစနစ္ စတင္ဖို႔ရွိ Reviewed by THITHTOOLWIN on 07:31 Rating: 5
Powered by Blogger.