ထိုင္းပို႔ကုန္ေတြ အေမရိကန္ အခြန္ကင္းလြတ္ခြင့္ ဆံုး႐ႈံး

ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ စေတာ့အိတ္ခ်ိန္း။ (မတ္ ၁၃၊ ၂၀၂၀)
(Zawgyi / Unicode)

ထိုင္းႏုိင္ငံဟာ စေနေန႔ကစၿပီး GSP စနစ္ေအာက္ကေန အေမရိကန္ႏုိင္ငံက ေပးအပ္ထားတဲ့ ကုန္သြယ္မႈ အထူးအခြင့္အေရး ဆုံး႐ႈံးခဲ့ၿပီ ျဖစ္ပါတယ္။

ထိုင္းႏုိင္ငံက အေမရိကန္ကို တင္ပို႔တဲ့ ပို႔ကုန္တန္ဖိုး စုစုေပါင္း ၄ ဒသမ ၄ ဘီလီယံအထဲက ၃ ပုံ ၁ ပုံနဲ႔ညီမၽွတဲ့ အေမရိကန္ေဒၚလာ ၁ ဒသမ ၃ ဘီလီယံ တန္ဖိုးရွိတဲ့ ပို႔ကုန္ေတြအေပၚ အေမရိကန္ႏုိင္ငံက အခြန္ျပန္ေကာက္ခံေတာ့မွာ ျဖစ္ပါတယ္။

ထိုင္းႏုိင္ငံဟာ အေရးႀကီးတဲ့ လုပ္ငန္းနယ္ပယ္ ေတာ္ေတာ္မ်ားမ်ားမွာ ႏုိင္ငံတကာ စံႏႈန္းမီတဲ့ အလုပ္သမား အခြင့္အေရးေတြကို က်င့္သုံးျခင္းမရွိဘူးလို႔ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလကတည္းက အေမရိကန္ ကုန္သြယ္ေရးကိုယ္စားလွယ္ အဖြဲ႔႐ုံးက သတိေပးထားခဲ့တာပါ။

အလုပ္သမားအခြင့္အေရး တိုးတက္ေအာင္ မလုပ္ရင္ ေနာက္ ၆ လအတြင္း ကုန္သြယ္ခြန္ ေလၽွာ့ေပါ့ေပးတဲ့ အထူးအခြင့္အေရးကို ႐ုပ္သိမ္းမယ္လို႔လည္း ေျပာခဲ့ပါတယ္။

ထိုင္းစီးပြားေရးကို အေထာက္အကူျပဳေနတဲ့ သန္းခ်ီတဲ့ ေရႊ႕ေျပာင္းအလုပ္သမားအေပၚ အေျခခံၿပီး လူေမွာင္ခိုလုပ္ငန္းနဲ႔ အေႂကြးကၽြန္စနစ္တို႔ကတဆင့္ အက်ိဳးအျမတ္ ရယူေနတယ္လို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ထိုင္းႏုိင္ငံအေပၚ အခ်ိန္အေတာ္ၾကာ စြပ္စြဲ ေျပာၾကားေနခဲ့တာပါ။

အထူးသျဖင့္ အေမရိကန္ေဒၚလာ သန္းေပါင္းမ်ားစြာ တန္ဖိုးရွိတဲ့ ပင္လယ္အစားအစာ ထုတ္လုပ္ေရး လုပ္ငန္းမွာ ျဖစ္ပါတယ္။

အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႔ (ILO) ကလည္း ထိုင္းႏုိင္ငံအတြင္းက လုပ္ငန္းခြင္အေျခအေန တိုးတက္မႈ အနည္းငယ္ပဲ​ရွိတယ္လို႔ ၿပီးခဲ့တဲ့လက အစီရင္ခံထားပါတယ္။

ဘန္ေကာက္ၿမိဳ႕က အေမရိကန္သံ႐ုံးက ကုန္သြယ္ခြန္ အထူးအခြင့္အေရး ေပးထားတာကို စီစဥ္ထားတဲ့အတိုင္း ႐ုပ္သိမ္းမွာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ထိုင္းႏုိင္ငံက တကမၻာလုံးကို တင္ပို႔တဲ့ ပို႔ကုန္ပမာဏအရ အခြန္သစ္ စည္းက်ပ္လို႔ ဆုံး႐ႈံးရမႈက ထိုင္းစီးပြားေရးအေပၚ တိုက္႐ုိက္ထိခိုက္မႈ နည္းနည္းပဲ ရွိလိမ့္မယ္လို႔ ေလ့လာသူေတြက ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------

(Unicode)

ထိုင်းပို့ကုန်တွေ အမေရိကန် အခွန်ကင်းလွတ်ခွင့် ဆုံးရှုံး

ထိုင်းနိုင်ငံဟာ စနေနေ့ကစပြီး GSP စနစ်အောက်ကနေ အမေရိကန်နိုင်ငံက ပေးအပ်ထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး ဆုံးရှုံးခဲ့ပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက အမေရိကန်ကို တင်ပို့တဲ့ ပို့ကုန်တန်ဖိုး စုစုပေါင်း ၄ ဒသမ ၄ ဘီလီယံအထဲက ၃ ပုံ ၁ ပုံနဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိတဲ့ ပို့ကုန်တွေအပေါ် အမေရိကန်နိုင်ငံက အခွန်ပြန်ကောက်ခံတော့မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ အရေးကြီးတဲ့ လုပ်ငန်းနယ်ပယ် တော်တော်များများမှာ နိုင်ငံတကာ စံနှုန်းမီတဲ့ အလုပ်သမား အခွင့်အရေးတွေကို ကျင့်သုံးခြင်းမရှိဘူးလို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် အဖွဲ့ရုံးက သတိပေးထားခဲ့တာပါ။

အလုပ်သမားအခွင့်အရေး တိုးတက်အောင် မလုပ်ရင် နောက် ၆ လအတွင်း ကုန်သွယ်ခွန် လျှော့ပေါ့ပေးတဲ့ အထူးအခွင့်အရေးကို ရုပ်သိမ်းမယ်လို့လည်း ပြောခဲ့ပါတယ်။

ထိုင်းစီးပွားရေးကို အထောက်အကူပြုနေတဲ့ သန်းချီတဲ့ ရွှေ့ပြောင်းအလုပ်သမားအပေါ် အခြေခံပြီး လူမှောင်ခိုလုပ်ငန်းနဲ့ အကြွေးကျွန်စနစ်တို့ကတဆင့် အကျိုးအမြတ် ရယူနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထိုင်းနိုင်ငံအပေါ် အချိန်အတော်ကြာ စွပ်စွဲ ပြောကြားနေခဲ့တာပါ။

အထူးသဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ပင်လယ်အစားအစာ ထုတ်လုပ်ရေး လုပ်ငန်းမှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကလည်း ထိုင်းနိုင်ငံအတွင်းက လုပ်ငန်းခွင်အခြေအနေ တိုးတက်မှု အနည်းငယ်ပဲရှိတယ်လို့ ပြီးခဲ့တဲ့လက အစီရင်ခံထားပါတယ်။

ဘန်ကောက်မြို့က အမေရိကန်သံရုံးက ကုန်သွယ်ခွန် အထူးအခွင့်အရေး ပေးထားတာကို စီစဉ်ထားတဲ့အတိုင်း ရုပ်သိမ်းမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံက တကမ္ဘာလုံးကို တင်ပို့တဲ့ ပို့ကုန်ပမာဏအရ အခွန်သစ် စည်းကျပ်လို့ ဆုံးရှုံးရမှုက ထိုင်းစီးပွားရေးအပေါ် တိုက်ရိုက်ထိခိုက်မှု နည်းနည်းပဲ ရှိလိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-cuts-thailand-free-trade-benefits/5392383.html
ထိုင္းပို႔ကုန္ေတြ အေမရိကန္ အခြန္ကင္းလြတ္ခြင့္ ဆံုး႐ႈံး ထိုင္းပို႔ကုန္ေတြ အေမရိကန္ အခြန္ကင္းလြတ္ခြင့္ ဆံုး႐ႈံး Reviewed by THITHTOOLWIN on 07:35 Rating: 5
Powered by Blogger.