ကိုဗစ္၁၉ ရွိမရွိ တစ္ရက္ လူ ၁၄၀၀ ေလာက္ စစ္ႏိုင္တဲ့စက္သုံးလုံး အသင့္ျပင္ထားေၾကာင္း တပ္မေတာ္ထုတ္ျပန္

ဒီစက္ေတြမွာ ကိုဗစ္၁၉ ပိုး စပ္သပ္အတည္ျပဳမႈေတြ လုပ္ေပးဖို႔အသင့္ရွိေနၿပီလို႔ တပ္မေတာ္ဘက္က ေျပာပါတယ္။
(Zawgyi)⤵⤵⤵
ေရာဂါရွာေဖြေရးစက္ Cobas 6800 စက္ႏွစ္လုံးကို တပ္မေတာ္က ပိုင္ဆိုင္ထားၿပီး ကိုဗစ္ေရာဂါပိုးရွိမရွိ အစိုးရစစ္ေဆးမႈေတြမွာ လိုအပ္ပါက တပ္မေတာ္က ပူးေပါင္းကူညီစစ္ေဆးေပးမယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး ဝက္ဘ္ဆိုက္က ဧၿပီ ၂၄ မွာ သတင္းထုတ္ျပန္ပါတယ္။

ဒီစက္အမ်ိဳးအစားကို အေမရိကန္အပါအဝင္ ကမာၻ႔ႏိုင္ငံေတြမွာ COVID-19 ေရာဂါပိုးစစ္ေဆးရာမွာ လက္ရွိသုံးစြဲေနတာျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္က ဆိုပါတယ္။

ဒီစက္ဟာ ရာႏႈန္းျပည့္အလိုအေလ်ာက္အလုပ္လုပ္တဲ့စက္ျဖစ္တဲ့အတြက္ စက္ကိုင္တြယ္သူေတြကို ေရာဂါပိုးကူးစက္ႏိုင္ေျခနည္းၿပီး တစ္ရက္ကို လူ ၁၄၀၀ ခန႔္ စမ္းသပ္စစ္ေဆးႏိုင္တယ္လို႔လည္း ဆိုပါတယ္။
 ဒီစက္ႀကီးေတြကို ရန္ကုန္နဲ႔ေနျပည္ေတာ္က တပ္မေတာ္ေဆး႐ုံေတြမွာ ၂၀၁၉ တည္းက တပ္ဆင္ထားတာလို႔ ဆိုပါတယ္။
တပ္မေတာ္က ဒီေရာဂါရွာေဖြေရးစက္တစ္လုံးစီကို အမွတ္ ၁ တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ ၁၀၀၀၊ ရန္ကုန္နဲ႔ အမွတ္ ၂ တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ ၁၀၀၀ နဲ႔ ေနျပည္ေတာ္တို႔မွာ ၂၀၁၉ ခုႏွစ္က တပ္ဆင္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီစက္မွာ ကိုဗစ္၁၉ ရွိမရွိ စစ္ေဆးဖို႔ Reagent(ေဆးရည္၊ ဓာတ္စမ္းပစၥည္း)ေတြမွာယူထားတာ အခု ရရွိၿပီလို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ကိုဗစ္၁၉ စစ္ေဆးႏိုင္ဖို႔ သက္ဆိုင္ရာကြၽမ္းက်င္ပညာရွင္ေတြနဲ႔ ေဆးဝန္ထမ္းတပ္ဖြဲ႕က ပညာရွင္ေတြပူးေပါင္းၿပီး စက္တပ္ဆင္တာနဲ႔ ႀကိဳတင္ျပင္ဆင္မႈ ေတြ ျပဳလုပ္ခဲ့တာ ဧၿပီ ၂၃ ရက္မွာ စမ္းသပ္စစ္ေဆးမႈေအာင္ျမင္ခဲ့တာေၾကာင့္ ဒီစက္ေတြမွာ ကိုဗစ္၁၉ ပိုး စပ္သပ္အတည္ျပဳမႈေတြ လုပ္ေပးဖို႔အသင့္ရွိေနၿပီလို႔လည္း ဆိုပါတယ္။
ကိုဗစ္၁၉ စစ္ေဆးႏိုင္ဖို႔ သက္ဆိုင္ရာကြၽမ္းက်င္ပညာရွင္ေတြနဲ႔ ေဆးဝန္ထမ္းတပ္ဖြဲ႕က ပညာရွင္ေတြပူးေပါင္းေဆာင္႐ြက္ခဲ့တယ္လို႔ တပ္မေတာ္ကေျပာပါတယ္။
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနမွာလည္း ဒီေရာဂါရွာေဖြေရး Cobas 6800 စက္တစ္လုံးကို AA Medical Products က လႉဒါန္းထားၿပီး ရန္ကုန္မွာ စက္တပ္ဆင္မႈေတြ လုပ္ေနၿပီျဖစ္ပါတယ္။

အဲဒီလို တပ္ဆင္တာေတြမၿပီးခင္နဲ႔ ၿပီးစီးၿပီးေနာက္ပိုင္း လိုအပ္ရင္ ရန္ကုန္နဲ႔ ေနျပည္ေတာ္တို႔က တပ္မေတာ္ေဆး႐ုံေတြမွာ ကိုဗစ္၁၉ ေရာဂါပိုး အတည္ျပဳစမ္းသပ္မႈေတြလုပ္ဖို႔အတြက္ တပ္မေတာ္က ပူးေပါင္းကူညီ ေဆာင္႐ြက္မယ္လို႔လည္း ဆိုပါတယ္။

တပ္မေတာ္က ေရာဂါရွာေဖြေရးစက္ေတြနဲ႔ ကိုဗစ္၁၉ စမ္းသပ္အတည္ျပဳမႈေတြမွာ ပူးေပါင္းေဆာင္႐ြက္ဖို႔ ထုတ္ျပန္ခ်က္အေပၚ လက္ခံဖို႔ရွိမရွိ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ေျပာခြင့္ရအဖြဲ႕ဝင္ ေဒါက္တာသန္းႏိုင္စိုးက အေသးစိတ္အေျခအေနကို မသိရေသးေၾကာင္းနဲ႔ စုံစမ္းၿပီးမွ ျပန္လည္ေျဖၾကားႏိုင္မယ္လို႔ ဘီဘီစီကိုေျပာပါတယ္။
WHO အသိအမွတ္ျပဳ ကိုဗစ္၁၉ ေရာဂါပိုးစစ္ေဆးႏိုင္တဲ့ ရန္ကုန္က အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲခန္း
ေလာေလာဆယ္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနမွာ ကိုဗစ္၁၉ ဓာတ္ခြဲအတည္ျပဳႏိုင္တဲ့ ဓာတ္ခြဲခန္း ရန္ကုန္မွာ ႏွစ္ခုရွိၿပီး ေန႔စဥ္ လူ သုံးရာနဲ႔အထက္ စစ္ေဆးႏိုင္ၿပီျဖစ္ပါတယ္။
AA ေဆးကုမၸဏီက လႉဒါန္းထားတဲ့ ေရာဂါရွာေဖြေရးစက္
လက္ရွိ ရန္ကုန္က ဓာတ္ခြဲခန္းႏွစ္ခုဟာ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာန NHL နဲ႔ ေဆးသုေတသနဦးစီးဌာန(ရန္ကုန္) က ဓာတ္ခြဲခန္းတို႔ ျဖစ္ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO အသိအမွတ္ျပဳ ဓာတ္ခြဲခန္းေတြျဖစ္ပါတယ္။

ဒါ့အျပင္ မႏၲေလးနဲ႔ ေမာ္လၿမိဳင္တို႔မွာလည္း ကိုဗစ္၁၉ စစ္ေဆးဖို႔ ဓာတ္ခြဲခန္းျပင္ဆင္ေနတာ ၿပီးစီးသေလာက္ရွိေနၿပီလို႔ သိရပါတယ္။

BBC Burmese
-------------------------------------------
(Unicode)⤵⤵⤵
 ကိုဗစ်၁၉ ရှိမရှိ တစ်ရက် လူ ၁၄၀၀ လောက် စစ်နိုင်တဲ့စက်သုံးလုံး အသင့်ပြင်ထားကြောင်း တပ်မတော်ထုတ်ပြန်

ရောဂါရှာဖွေရေးစက် Cobas 6800 စက်နှစ်လုံးကို တပ်မတော်က ပိုင်ဆိုင်ထားပြီး ကိုဗစ်ရောဂါပိုးရှိမရှိ အစိုးရစစ်ဆေးမှုတွေမှာ လိုအပ်ပါက တပ်မတော်က ပူးပေါင်းကူညီစစ်ဆေးပေးမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်က ဧပြီ ၂၄ မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီစက်အမျိုးအစားကို အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ COVID-19 ရောဂါပိုးစစ်ဆေးရာမှာ လက်ရှိသုံးစွဲနေတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီစက်ဟာ ရာနှုန်းပြည့်အလိုအလျောက်အလုပ်လုပ်တဲ့စက်ဖြစ်တဲ့အတွက် စက်ကိုင်တွယ်သူတွေကို ရောဂါပိုးကူးစက်နိုင်ခြေနည်းပြီး တစ်ရက်ကို လူ ၁၄၀၀ ခန့် စမ်းသပ်စစ်ဆေးနိုင်တယ်လို့လည်း ဆိုပါတယ်။

တပ်မတော်က ဒီရောဂါရှာဖွေရေးစက်တစ်လုံးစီကို အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀၊ ရန်ကုန်နဲ့ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ နဲ့ နေပြည်တော်တို့မှာ ၂၀၁၉ ခုနှစ်က တပ်ဆင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစက်မှာ ကိုဗစ်၁၉ ရှိမရှိ စစ်ဆေးဖို့ Reagent(ဆေးရည်၊ ဓာတ်စမ်းပစ္စည်း)တွေမှာယူထားတာ အခု ရရှိပြီလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ကိုဗစ်၁၉ စစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ ဆေးဝန်ထမ်းတပ်ဖွဲ့က ပညာရှင်တွေပူးပေါင်းပြီး စက်တပ်ဆင်တာနဲ့ ကြိုတင်ပြင်ဆင်မှု တွေ ပြုလုပ်ခဲ့တာ ဧပြီ ၂၃ ရက်မှာ စမ်းသပ်စစ်ဆေးမှုအောင်မြင်ခဲ့တာကြောင့် ဒီစက်တွေမှာ ကိုဗစ်၁၉ ပိုး စပ်သပ်အတည်ပြုမှုတွေ လုပ်ပေးဖို့အသင့်ရှိနေပြီလို့လည်း ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာလည်း ဒီရောဂါရှာဖွေရေး Cobas 6800 စက်တစ်လုံးကို AA Medical Products က လှူဒါန်းထားပြီး ရန်ကုန်မှာ စက်တပ်ဆင်မှုတွေ လုပ်နေပြီဖြစ်ပါတယ်။

အဲဒီလို တပ်ဆင်တာတွေမပြီးခင်နဲ့ ပြီးစီးပြီးနောက်ပိုင်း လိုအပ်ရင် ရန်ကုန်နဲ့ နေပြည်တော်တို့က တပ်မတော်ဆေးရုံတွေမှာ ကိုဗစ်၁၉ ရောဂါပိုး အတည်ပြုစမ်းသပ်မှုတွေလုပ်ဖို့အတွက် တပ်မတော်က ပူးပေါင်းကူညီ ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

တပ်မတော်က ရောဂါရှာဖွေရေးစက်တွေနဲ့ ကိုဗစ်၁၉ စမ်းသပ်အတည်ပြုမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ထုတ်ပြန်ချက်အပေါ် လက်ခံဖို့ရှိမရှိ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရအဖွဲ့ဝင် ဒေါက်တာသန်းနိုင်စိုးက အသေးစိတ်အခြေအနေကို မသိရသေးကြောင်းနဲ့ စုံစမ်းပြီးမှ ပြန်လည်ဖြေကြားနိုင်မယ်လို့ ဘီဘီစီကိုပြောပါတယ်။

လောလောဆယ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာ ကိုဗစ်၁၉ ဓာတ်ခွဲအတည်ပြုနိုင်တဲ့ ဓာတ်ခွဲခန်း ရန်ကုန်မှာ နှစ်ခုရှိပြီး နေ့စဉ် လူ သုံးရာနဲ့အထက် စစ်ဆေးနိုင်ပြီဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်က ဓာတ်ခွဲခန်းနှစ်ခုဟာ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန NHL နဲ့ ဆေးသုတေသနဦးစီးဌာန(ရန်ကုန်) က ဓာတ်ခွဲခန်းတို့ ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အသိအမှတ်ပြု ဓာတ်ခွဲခန်းတွေဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးနဲ့ မော်လမြိုင်တို့မှာလည်း ကိုဗစ်၁၉ စစ်ဆေးဖို့ ဓာတ်ခွဲခန်းပြင်ဆင်နေတာ ပြီးစီးသလောက်ရှိနေပြီလို့ သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52422404
ကိုဗစ္၁၉ ရွိမရွိ တစ္ရက္ လူ ၁၄၀၀ ေလာက္ စစ္ႏိုင္တဲ့စက္သုံးလုံး အသင့္ျပင္ထားေၾကာင္း တပ္မေတာ္ထုတ္ျပန္ ကိုဗစ္၁၉ ရွိမရွိ တစ္ရက္ လူ ၁၄၀၀ ေလာက္ စစ္ႏိုင္တဲ့စက္သုံးလုံး အသင့္ျပင္ထားေၾကာင္း တပ္မေတာ္ထုတ္ျပန္ Reviewed by THITHTOOLWIN on 22:17 Rating: 5
Powered by Blogger.