စက္႐ုံ တစ္လပိတ္ဖို႔ ဒဂုံဆိပ္ကမ္းစက္မႈဇုန္မွာ ဆႏၵျပေတာင္းဆို

(Zawgyi)⤵⤵⤵

ရန္ကုန္တိုင္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ စက္မႈဇုန္မွာရွိတဲ့ စက္႐ုံ ေလး႐ုံက အလုပ္သမား ေထာင့္ငါးရာခန႔္ဟာ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ဧၿပီလတစ္လလုံး စက္႐ုံေခတၱပိတ္ထားဖို႔ ေတာင္းဆိုလိုက္ၾကၿပီး ဒီကာလမွာ စားဝတ္ေနေရး အတြက္ လစာေပးထားဖို႔အတြက္ ဆႏၵျပေနၾကပါတယ္။

ဧၿပီလ ၃ ရက္ ဒီကေန႔မနက္က စၿပီးဆႏၵျပေနတဲ့ ဘလူးဒိုင္းမြန္း အိတ္စက္႐ုံရဲ႕ အလုပ္သမားေခါင္းေဆာင္ ေဒၚဇာဇာထြန္းက စားဝတ္ေနေရး တြက္ လူစုလူေဝးမလုပ္လို႔ မရေတာ့တဲ့ အေျခအေနေၾကာင့္  အခုလိုေတာင္းဆို ရတာျဖစ္တယ္လို႔ RFA ကို ေျပာပါတယ္။

"ကြၽန္မတို႔က သူေဌးနဲ႔ေတြ႕ဖို႔ေတာင္းဆိုမယ္၊ ဒီေလးလပိုင္းတစ္လကို လစာအျပည့္နဲ႔ပိတ္ေပးဖို႔၊ ဥပေဒပါအခြင့္ အေရးေတြ ေတာင္းဆိုၾကေပမယ့္ မရတဲ့သူေတြကရွိလို႔ အဲဒါေတြပါရဖို႔ ဆႏၵျပရျခင္းျဖစ္တယ္၊ ဒီစက္႐ုံကေတာ့ ဒီေန႔ ဒီနက္ခင္းမွ ဆႏၵျပၾကတာပါ၊ ဒီမွာဆႏၵျပၾကတာဆိုရင္ စက္႐ုံေလး႐ုံေလာက္ေတာ့ရွိၿပီ၊ က်န္းမာေရးအတြက္ ကိုေတာ့ စိုးရိမ္တယ္၊ စိုးရိမ္တယ္ဆိုေပမယ့္ ကြၽန္မတို႔အလုပ္သမားေတြက တစ္ေန႔လုပ္မွတစ္ေန႔စားရတဲ့ အတြက္ေလ အဲဒီက်န္းမာေရးကို စိုးရိမ္တာထက္ ဘယ္လိုေျပာမလဲ အခုလိုျဖစ္ေနတာကို ေၾကာက္တယ္၊ ဒါေပမဲ့ မျဖစ္မေနမလို႔ ေတာင္းဆိုရတာ"

ေန႔လယ္ပိုင္းမွာေတာ့ စက္႐ုံေတြအလိုက္ ညႇိႏႈိင္းေဆြးေႏြးဖို႔ စီစဥ္ထားေပမယ့္ အခြင့္အေရးေတြမရမခ်င္း ေတာင္းဆိုမယ္လို႔ ေဒၚဇာဇာထြန္းက ဆိုပါတယ္။

ဆႏၵျပအလုပ္သမားအားလုံး တစ္ေထာင့္ငါးရာေလာက္ရွိၿပီး သူတို႔ေတြရဲ႕ ရပိုင္ခြင့္ေတြကို မရမခ်င္း ကူညီေပးသြား မယ္လို႔ ဗမာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္ မသက္ထားေဆြ က RFA ကို ဒီကေန႔ ေျပာပါတယ္။

"လက္ရွိမွာဆိုရင္ ဒဂုံဆိပ္ကမ္းမွာ စက္႐ုံေလး႐ုံက သပိတ္ေမွာက္ေတာင္းဆိုေနၾကတယ္၊ ေလး႐ုံေပါင္းဆိုရင္ အင္အား ၁၅၀၀ နီးပါးရွိတယ္၊ ေတာင္းဆိုခ်က္ေတြက ဘာေတြလဲဆိုရင္ ဒီေလး႐ုံရဲ႕အလုပ္ေတြအကုန္လုံးက ေလးလပိုင္းတစ္လလုံးကို လုပ္ခလစာေပးၿပီးေတာ့ ယာယီစက္႐ုံပိတ္သိမ္းေပးဖို႔နဲ႔ ဥပေဒပါအခြင့္အေရးေတြကို ေပးဖို႔ဆိုၿပီးေတာ့ ေတာင္းဆိုတိုက္ပြဲဝင္ေနၾကျခင္းပဲျဖစ္ပါတယ္၊ အလုပ္သမားေတြရဲ႕ ေတာင္းဆိုေနတဲ့ ဒီေတာင္း ဆိုခ်က္ေတြကိုရရွိဖို႔အတြက္ကို ကြၽန္မတို႔အဖြဲ႕ခ်ဳပ္ကေနၿပီးေတာ့ အလုပ္သမားေတြဘက္ကေန မားမားမတ္မတ္ ရပ္တည္ၿပီးေတာ့ သပိတ္ေမွာက္ေနတဲ့ အလုပ္သမားေတြရဲ႕ လိုအပ္ခ်က္ေတြကို တာဝန္ယူကူညီၿပီးေတာ့ ေဆာင္႐ြက္ေပးေနပါတယ္။"

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မွာရွိတဲ့ ဘ႐ိုက္ဘတ္အန္တာပ႐ိုက္ ေက်ာပိုးအိတ္စက္႐ုံက အလုပ္သမားေတြက မတ္လ ၃၁ ရက္ေန႔ကတည္းက စတင္ဆႏၵျပေနတာျဖစ္ပါတယ္၊ ရိန္းေဟာက္ျမန္မာ မိုးကာစက္႐ုံ နဲ႔ ေမရွားျမန္မာ လက္အိတ္စက္႐ုံေတြကေတာ့ ဧၿပီလ ၂ ရက္ေန႔ မေန႔ကမွ စတင္တာျဖစ္ၿပီး ဘလူးဒိုင္းမြန္းအိတ္စက္႐ုံကေတာ့ ဒီေန႔မနက္မွာ စတင္ၿပီး ဆႏၵျပေတာင္းဆိုေနၾကတာပါ။

ဒီေန႔ ညေနပိုင္းမွာ ေမရွားျမန္မာ လက္အိတ္စက္႐ုံက ဆႏၵျပအလုပ္သမ်ားေတြနဲ႔ အလုပ္ရွင္ညႇိႏႈိင္းခဲ့ေပမယ့္ အလုပ္ရွင္ဘက္က အလုပ္ပိတ္ဖို႔မရွိေသးဘဲ ပိတ္ခဲ့ရင္လည္း အစိုးရ႐ုံးပိတ္ရက္ေတြကိုပဲ လုပ္ခလစာေပးမယ္ ဆိုတာေၾကာင့္ ေျပလည္မႈမရခဲ့ဘူးလို႔ မသက္ထားေဆြက ေျပာပါတယ္။

က်န္တဲ့စက္႐ုံေတြကေတာ့ ဆက္လက္ညႇိႏႈိင္းေနဆဲျဖစ္ၿပီး ညႇိႏႈိင္းမႈအေျခအေနအတြက္ ဘလူးဒိုင္းမြန္း အိတ္စက္႐ုံရဲ႕မန္ေနဂ်ာကို RFA ကဆယ္သြယ္ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာမရွိပါဘူး။

တဘက္မွာလည္း ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားတာကို အေၾကာင္းျပၿပီး လုပ္ငန္းရွင္တခ်ိဳ႕က စက္႐ုံပိတ္သိမ္းတာ၊ လုပ္သားအေရအတြက္ ေလွ်ာ့ခ်တာေတြ လုပ္ေဆာင္ေနတဲ့အတြက္ စက္႐ုံလုပ္သား ႏွစ္ေသာင္းေက်ာ္ဟာလည္း အလုပ္လက္မဲ့ ျဖစ္ေနပါတယ္။

ႏိုင္ငံေတာ္သမၼတ႐ုံးကေတာ့  အစိုးရဝန္ထမ္းေတြ   ငါးဆယ္ရာခိုင္ႏႈန္းပဲ ႐ုံးတက္အလုပ္လုပ္ဖို႔နဲ႔ က်န္တဲ့ ဝန္ထမ္းေတြက ေနအိမ္ေတြကေန အလုပ္လုပ္ဖို႔ မတ္လ ၂၅ ရက္ေန႔မွာ ၫြန္ၾကားခ်က္ထုတ္ျပန္ထားပါတယ္။ အစိုးရဝန္ထမ္းမဟုတ္သူေတြနဲ႔ ပတ္သက္ၿပီး ဒီၫြန္ၾကားခ်က္မွာ ေဖာ္ျပမထားပါဘူး။

RFA Burmese
https://www.rfa.org/burmese/news/workers-protest-to-close-factory-due-to-afraid-corona-04032020071136.html
---------------
(Unicode)⤵⤵⤵
စက်ရုံ တစ်လပိတ်ဖို့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်မှာ ဆန္ဒပြတောင်းဆို


ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်မှာရှိတဲ့ စက်ရုံ လေးရုံက အလုပ်သမား ထောင့်ငါးရာခန့်ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဧပြီလတစ်လလုံး စက်ရုံခေတ္တပိတ်ထားဖို့ တောင်းဆိုလိုက်ကြပြီး ဒီကာလမှာ စားဝတ်နေရေး အတွက် လစာပေးထားဖို့အတွက် ဆန္ဒပြနေကြပါတယ်။

ဧပြီလ ၃ ရက် ဒီကနေ့မနက်က စပြီးဆန္ဒပြနေတဲ့ ဘလူးဒိုင်းမွန်း အိတ်စက်ရုံရဲ့ အလုပ်သမားခေါင်းဆောင် ဒေါ်ဇာဇာထွန်းက စားဝတ်နေရေး တွက် လူစုလူဝေးမလုပ်လို့ မရတော့တဲ့ အခြေအနေကြောင့်  အခုလိုတောင်းဆို ရတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"ကျွန်မတို့က သူဌေးနဲ့တွေ့ဖို့တောင်းဆိုမယ်၊ ဒီလေးလပိုင်းတစ်လကို လစာအပြည့်နဲ့ပိတ်ပေးဖို့၊ ဥပဒေပါအခွင့် အရေးတွေ တောင်းဆိုကြပေမယ့် မရတဲ့သူတွေကရှိလို့ အဲဒါတွေပါရဖို့ ဆန္ဒပြရခြင်းဖြစ်တယ်၊ ဒီစက်ရုံကတော့ ဒီနေ့ ဒီနက်ခင်းမှ ဆန္ဒပြကြတာပါ၊ ဒီမှာဆန္ဒပြကြတာဆိုရင် စက်ရုံလေးရုံလောက်တော့ရှိပြီ၊ ကျန်းမာရေးအတွက် ကိုတော့ စိုးရိမ်တယ်၊ စိုးရိမ်တယ်ဆိုပေမယ့် ကျွန်မတို့အလုပ်သမားတွေက တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ အတွက်လေ အဲဒီကျန်းမာရေးကို စိုးရိမ်တာထက် ဘယ်လိုပြောမလဲ အခုလိုဖြစ်နေတာကို ကြောက်တယ်၊ ဒါပေမဲ့ မဖြစ်မနေမလို့ တောင်းဆိုရတာ"

နေ့လယ်ပိုင်းမှာတော့ စက်ရုံတွေအလိုက် ညှိနှိုင်းဆွေးနွေးဖို့ စီစဉ်ထားပေမယ့် အခွင့်အရေးတွေမရမချင်း တောင်းဆိုမယ်လို့ ဒေါ်ဇာဇာထွန်းက ဆိုပါတယ်။

ဆန္ဒပြအလုပ်သမားအားလုံး တစ်ထောင့်ငါးရာလောက်ရှိပြီး သူတို့တွေရဲ့ ရပိုင်ခွင့်တွေကို မရမချင်း ကူညီပေးသွား မယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် မသက်ထားဆွေ က RFA ကို ဒီကနေ့ ပြောပါတယ်။

"လက်ရှိမှာဆိုရင် ဒဂုံဆိပ်ကမ်းမှာ စက်ရုံလေးရုံက သပိတ်မှောက်တောင်းဆိုနေကြတယ်၊ လေးရုံပေါင်းဆိုရင် အင်အား ၁၅၀၀ နီးပါးရှိတယ်၊ တောင်းဆိုချက်တွေက ဘာတွေလဲဆိုရင် ဒီလေးရုံရဲ့အလုပ်တွေအကုန်လုံးက လေးလပိုင်းတစ်လလုံးကို လုပ်ခလစာပေးပြီးတော့ ယာယီစက်ရုံပိတ်သိမ်းပေးဖို့နဲ့ ဥပဒေပါအခွင့်အရေးတွေကို ပေးဖို့ဆိုပြီးတော့ တောင်းဆိုတိုက်ပွဲဝင်နေကြခြင်းပဲဖြစ်ပါတယ်၊ အလုပ်သမားတွေရဲ့ တောင်းဆိုနေတဲ့ ဒီတောင်း ဆိုချက်တွေကိုရရှိဖို့အတွက်ကို ကျွန်မတို့အဖွဲ့ချုပ်ကနေပြီးတော့ အလုပ်သမားတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ သပိတ်မှောက်နေတဲ့ အလုပ်သမားတွေရဲ့ လိုအပ်ချက်တွေကို တာဝန်ယူကူညီပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။"

ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဘရိုက်ဘတ်အန်တာပရိုက် ကျောပိုးအိတ်စက်ရုံက အလုပ်သမားတွေက မတ်လ ၃၁ ရက်နေ့ကတည်းက စတင်ဆန္ဒပြနေတာဖြစ်ပါတယ်၊ ရိန်းဟောက်မြန်မာ မိုးကာစက်ရုံ နဲ့ မေရှားမြန်မာ လက်အိတ်စက်ရုံတွေကတော့ ဧပြီလ ၂ ရက်နေ့ မနေ့ကမှ စတင်တာဖြစ်ပြီး ဘလူးဒိုင်းမွန်းအိတ်စက်ရုံကတော့ ဒီနေ့မနက်မှာ စတင်ပြီး ဆန္ဒပြတောင်းဆိုနေကြတာပါ။

ဒီနေ့ ညနေပိုင်းမှာ မေရှားမြန်မာ လက်အိတ်စက်ရုံက ဆန္ဒပြအလုပ်သများတွေနဲ့ အလုပ်ရှင်ညှိနှိုင်းခဲ့ပေမယ့် အလုပ်ရှင်ဘက်က အလုပ်ပိတ်ဖို့မရှိသေးဘဲ ပိတ်ခဲ့ရင်လည်း အစိုးရရုံးပိတ်ရက်တွေကိုပဲ လုပ်ခလစာပေးမယ် ဆိုတာကြောင့် ပြေလည်မှုမရခဲ့ဘူးလို့ မသက်ထားဆွေက ပြောပါတယ်။

ကျန်တဲ့စက်ရုံတွေကတော့ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပြီး ညှိနှိုင်းမှုအခြေအနေအတွက် ဘလူးဒိုင်းမွန်း အိတ်စက်ရုံရဲ့မန်နေဂျာကို RFA ကဆယ်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

တဘက်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတာကို အကြောင်းပြပြီး လုပ်ငန်းရှင်တချို့က စက်ရုံပိတ်သိမ်းတာ၊ လုပ်သားအရေအတွက် လျှော့ချတာတွေ လုပ်ဆောင်နေတဲ့အတွက် စက်ရုံလုပ်သား နှစ်သောင်းကျော်ဟာလည်း အလုပ်လက်မဲ့ ဖြစ်နေပါတယ်။

နိုင်ငံတော်သမ္မတရုံးကတော့  အစိုးရဝန်ထမ်းတွေ   ငါးဆယ်ရာခိုင်နှုန်းပဲ ရုံးတက်အလုပ်လုပ်ဖို့နဲ့ ကျန်တဲ့ ဝန်ထမ်းတွေက နေအိမ်တွေကနေ အလုပ်လုပ်ဖို့ မတ်လ ၂၅ ရက်နေ့မှာ ညွန်ကြားချက်ထုတ်ပြန်ထားပါတယ်။ အစိုးရဝန်ထမ်းမဟုတ်သူတွေနဲ့ ပတ်သက်ပြီး ဒီညွန်ကြားချက်မှာ ဖော်ပြမထားပါဘူး။

RFA Burmese
https://www.rfa.org/burmese/news/workers-protest-to-close-factory-due-to-afraid-corona-04032020071136.html
စက္႐ုံ တစ္လပိတ္ဖို႔ ဒဂုံဆိပ္ကမ္းစက္မႈဇုန္မွာ ဆႏၵျပေတာင္းဆို စက္႐ုံ တစ္လပိတ္ဖို႔ ဒဂုံဆိပ္ကမ္းစက္မႈဇုန္မွာ ဆႏၵျပေတာင္းဆို Reviewed by THITHTOOLWIN on 03:52 Rating: 5
Powered by Blogger.