က်န္းမာေရးပစၥည္း ေဈးတိုးျမႇင့္ေရာင္းခ်မႈကို ဟန႔္တားရ ခက္ခဲေန


(Zawgyi)⤵⤵⤵
စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ က်န္းမာေရးအေထာက္အကူျပဳပစၥည္း၊ ေဆးပစၥည္းေတြနဲ႔ စားသုံးကုန္ပစၥည္းေတြကို ေဈးမကစားဖို႔၊  ေဈးကစားဖို႔ ရည္႐ြယ္ခ်က္နဲ႔ သိုေလွာင္ထားတာမ်ိဳးေတြမလုပ္ဖို႔နဲ႔ ေဈးတိုးျမႇင့္မေရာင္းဖို႔ ထုတ္ျပန္ထားတာ ငါးရက္ၾကာ လာေပမယ့္ ေဈးႏႈန္းကို မထိန္းခ်ဳပ္ႏိုင္ေသးဘူးလို႔ အြန္လိုင္းကေန ေဈးေရာင္းေနတဲ့ မခိုင္သဇင္ေအာင္ က ေျပာပါတယ္။

"အရင္တုန္းက ၅၀ ေလာက္ မက္စ္ေတြက တခ်ိဳ႕ဆိုင္က ၁၀၀၀ ေရာင္းတယ္ တခ်ိဳ႕ဆိုင္ေတြက ၇၀၀၊ ၈၀၀  ေရာင္းတယ္။ ကိုယ္တိုင္ ဘယ္လိုယူရလဲဆိုေတာ့ ၄၀၀ ေက်ာ္ ယူရတယ္ ၅၀၀ ေလာက္ေရာင္းရတယ္ တစ္ခုကို ၄၀၊ ၅၀ စားတယ္ ၇၀ ေလာက္ထိ ျဖစ္သြားတယ္ လိုသေလာက္ရလားဆိုေတာ့ မရဘူး။ ဆိုလိုခ်င္တာက ပိုက္ဆံ ေပးဝယ္ခ်င္ရင္ေတာင္မရွိဘူး။ ေရာင္းခ်င္တဲ့ေဈးနဲ႔ ေရာင္းခ်င္သလိုေရာင္းေနတာ။ ထိန္းခ်ဳပ္မႈမရွိေသးဘူး ထိန္းခ်ဳပ္ႏိုင္မယ္လို႔လည္းမျမင္ဘူး။"

ကို႐ိုနာဗိုင္းရပ္စ္ပိုး ျမန္မာႏိုင္ငံမွာ စတင္ေတြ႕ရွိတယ္လို႔ ေၾကညာလိုက္တဲ့ မတ္လ ၂၃ ရက္ေန႔ကစၿပီး ေဈးကြက္ ထဲမွာ ႏွာေခါင္းစည္း၊ လက္ေဆးဆပ္ျပာနဲ႔ ပိုးသတ္ေဆးရည္ေတြဟာ ေဈးႏႈန္းအဆမတန္ျမင့္တက္လာၿပီး  ပစၥည္းျပတ္တဲ့အထိ ျဖစ္ေနပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး အႏၲရာယ္ေၾကာင့္ စိုးရိမ္တႀကီး ေဈးဝယ္ၾကတဲ့အတြက္လည္း စားသုံးကုန္ပစၥည္းေတြ ေဈးႏႈန္းျမင့္တက္သြားရာမွာ ၅၀ က်ပ္တန္ ႏွာေခါင္းစည္းတစ္ခုကို ၁၀၀၀ က်ပ္အထိ ေရာင္းခ်သူတခ်ိဳ႕ ရွိခဲ့ပါတယ္။

ေၾကညာခ်က္ထုတ္ျပန္လိုက္ၿပီးေနာက္ပိုင္း ေဈးေရာင္းသူတခ်ိဳ႕ဟာ ႏွာေခါင္းစည္းကို  တစ္ေထာင္ဖိုး သုံးခုႏႈန္း ေဈးျပန္ခ်တာ ေတြ႕ရတယ္လို႔  စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန စားသုံးသူေရးရာဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေဆြတင့္ၾကဴးက ေျပာပါတယ္။

"ေၾကညာခ်က္ထုတ္ျပန္ၿပီးမွာ ႏွာေခါင္းစည္းေတြ တစ္ေထာင္ဖိုး သုံးခုေရာင္းလာတာရွိတာပါတယ္။ ကြၽန္ေတာ္တို႔ စဥ္ဆက္မျပတ္ေစာင့္ၾကည့္ေနပါတယ္။ မေရာင္းသင့္တဲ့ေဈးေတြနဲ႔ ေရာင္းခ်မယ္ဆိုရင္ ဥပေဒနဲ႔ အေရးယူသြား မွာပါ။ အစိုးရက အေျခအေနတစ္ရပ္မွာ ဝင္ေရာက္ထိန္းေၾကာင္းတာပါ။ ေဈးႏႈန္းေတြကို မတရားထိန္းသိမ္း လိုက္လို႔ ပစၥည္းေတြျပတ္လပ္သြားရင္ အဲဒီအက်ိဳးဆက္က ဘာျဖစ္မယ္ဆိုတာ စဥ္းစားႏိုင္တဲ့သူေတြ သိပါတယ္။ ကြၽန္ေတာ္တို႔က ေဈးကြက္မွာ ပိုၿပီး အဆင္ေျပေအာင္ လုပ္ေနပါတယ္။"

ေၾကညာခ်က္ထုတ္ျပန္ၿပီးခ်ိန္ကစၿပီး ဒီေန႔အထိ တိုင္ၾကားလာတာ ႏွစ္မႈရွိေနၿပီး တိုင္ၾကားမႈက တရား႐ုံးတင္ စစ္ေဆးေလာက္တဲ့အဆင့္ထိေတာ့ မရွိေသးဘူးလို႔ ဆိုပါတယ္။

ျမန္မာစားသုံးသူမ်ားသမဂၢ အတြင္းေရးမႉး ဦးေမာင္ေမာင္က အစိုးရက ဥပေဒထုတ္ထားတာပဲရွိၿပီး  ဒီဥပေဒကို အသက္ဝင္လာေအာင္ အားကိုးလို႔ မရႏိုင္ဘူးလို႔ ေျပာပါတယ္။

"တျခားႏိုင္ငံမွာ ဒီလိုပစၥည္းေတြနဲ႔ ပတ္သက္ၿပီး ေထာင္ေတြခ်လိုက္တယ္ ဒါဏ္ေတြ ႐ိုက္လိုက္တယ္ဆိုတာက သူတို႔မွာ စစ္ေဆးႏိုင္တဲ့ ဒစ္ဂ်စ္တယ္နည္းပညာနဲ႔ ပစၥည္းကို ဘယ္ေလာက္ထုတ္လိုက္တယ္ ဘယ္ကိုျဖန႔္ လိုက္တယ္ ဘာေတြသိုေလွာင္ထားတယ္ဆိုတဲ့ လမ္းေၾကာင္းေတြေကာင္းလို႔ အေရးယူႏိုင္တာ ကြၽန္ေတာ္တို႔ဆီမွာ အဲဒါမ်ိဳး ေကာင္းတဲ့စနစ္ ဘယ္တုန္းကမွမရွိခဲ့ဘူး။ မရွိခဲ့တာကို အဲလို အေျခခံၿပီး အေရးယူမယ္ဆိုရင္ ဘယ္လိုမွ မထိေရာက္ႏိုင္ဘူး။ ဥပေဒထုတ္ေပးတာကို နားလည္တယ္ ဥပေဒရဲ႕ထိေရာက္မႈအေပၚ အားကိုးရဖို႔ေတာ့ သိပ္အားမကိုးႏိုင္ဘူးလို႔ ျမင္ပါတယ္။"

ေဈးႏႈန္းေတြ ျမႇင့္တင္ေရာင္းခ်တာနဲ႔ ပတ္သက္ၿပီး စာသုံးသူေရးရာဦးစီးဌာနကို တိုင္ၾကားႏိုင္တယ္လို႔ဆိုပါတယ္။  ေငြေခ်ေျပစာ သို႔မဟုတ္  အျခားသက္ေသျပႏိုင္တဲ့ အေထာက္အထားတစ္ခုခုနဲ႔ တိုင္ၾကားႏိုင္တယ္လို႔ ဆိုပါတယ္။

ကုန္ပစည္းေတြကို ေဈးႏႈန္းတိုးျမႇင့္ေရာင္းခ်တာ၊ ေဈးကစားဖို႔ သိုေလွာင္တာေတြ လုပ္ေဆာင္သူေတြကို အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈ ဥပေဒပုဒ္မ ၅ နဲ႔ အေရးယူမယ္လို႔ စီးပြားေရးနဲ႔ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ အဲဒီပုဒ္မအရ ျပစ္မႈထင္ရွားသူကို  ေငြဒဏ္ ငါးသိန္း၊ ေထာင္ဒဏ္ ေျခာက္လကေန သုံးႏွစ္ ခ်မွတ္ႏိုင္ပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/health-products-high-price-04032020064432.html
--------------
(Unicode)⤵⤵⤵
ကျန်းမာရေးပစ္စည်း ဈေးတိုးမြှင့်ရောင်းချမှုကို ဟန့်တားရ ခက်ခဲနေ


စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်း၊ ဆေးပစ္စည်းတွေနဲ့ စားသုံးကုန်ပစ္စည်းတွေကို ဈေးမကစားဖို့၊  ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ထားတာမျိုးတွေမလုပ်ဖို့နဲ့ ဈေးတိုးမြှင့်မရောင်းဖို့ ထုတ်ပြန်ထားတာ ငါးရက်ကြာ လာပေမယ့် ဈေးနှုန်းကို မထိန်းချုပ်နိုင်သေးဘူးလို့ အွန်လိုင်းကနေ ဈေးရောင်းနေတဲ့ မခိုင်သဇင်အောင် က ပြောပါတယ်။

"အရင်တုန်းက ၅၀ လောက် မက်စ်တွေက တချို့ဆိုင်က ၁၀၀၀ ရောင်းတယ် တချို့ဆိုင်တွေက ၇၀၀၊ ၈၀၀  ရောင်းတယ်။ ကိုယ်တိုင် ဘယ်လိုယူရလဲဆိုတော့ ၄၀၀ ကျော် ယူရတယ် ၅၀၀ လောက်ရောင်းရတယ် တစ်ခုကို ၄၀၊ ၅၀ စားတယ် ၇၀ လောက်ထိ ဖြစ်သွားတယ် လိုသလောက်ရလားဆိုတော့ မရဘူး။ ဆိုလိုချင်တာက ပိုက်ဆံ ပေးဝယ်ချင်ရင်တောင်မရှိဘူး။ ရောင်းချင်တဲ့ဈေးနဲ့ ရောင်းချင်သလိုရောင်းနေတာ။ ထိန်းချုပ်မှုမရှိသေးဘူး ထိန်းချုပ်နိုင်မယ်လို့လည်းမမြင်ဘူး။"

ကိုရိုနာဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံမှာ စတင်တွေ့ရှိတယ်လို့ ကြေညာလိုက်တဲ့ မတ်လ ၂၃ ရက်နေ့ကစပြီး ဈေးကွက် ထဲမှာ နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာနဲ့ ပိုးသတ်ဆေးရည်တွေဟာ ဈေးနှုန်းအဆမတန်မြင့်တက်လာပြီး  ပစ္စည်းပြတ်တဲ့အထိ ဖြစ်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး အန္တရာယ်ကြောင့် စိုးရိမ်တကြီး ဈေးဝယ်ကြတဲ့အတွက်လည်း စားသုံးကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်သွားရာမှာ ၅၀ ကျပ်တန် နှာခေါင်းစည်းတစ်ခုကို ၁၀၀၀ ကျပ်အထိ ရောင်းချသူတချို့ ရှိခဲ့ပါတယ်။

ကြေညာချက်ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ဈေးရောင်းသူတချို့ဟာ နှာခေါင်းစည်းကို  တစ်ထောင်ဖိုး သုံးခုနှုန်း ဈေးပြန်ချတာ တွေ့ရတယ်လို့  စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောပါတယ်။

"ကြေညာချက်ထုတ်ပြန်ပြီးမှာ နှာခေါင်းစည်းတွေ တစ်ထောင်ဖိုး သုံးခုရောင်းလာတာရှိတာပါတယ်။ ကျွန်တော်တို့ စဉ်ဆက်မပြတ်စောင့်ကြည့်နေပါတယ်။ မရောင်းသင့်တဲ့ဈေးတွေနဲ့ ရောင်းချမယ်ဆိုရင် ဥပဒေနဲ့ အရေးယူသွား မှာပါ။ အစိုးရက အခြေအနေတစ်ရပ်မှာ ဝင်ရောက်ထိန်းကြောင်းတာပါ။ ဈေးနှုန်းတွေကို မတရားထိန်းသိမ်း လိုက်လို့ ပစ္စည်းတွေပြတ်လပ်သွားရင် အဲဒီအကျိုးဆက်က ဘာဖြစ်မယ်ဆိုတာ စဉ်းစားနိုင်တဲ့သူတွေ သိပါတယ်။ ကျွန်တော်တို့က ဈေးကွက်မှာ ပိုပြီး အဆင်ပြေအောင် လုပ်နေပါတယ်။"

ကြေညာချက်ထုတ်ပြန်ပြီးချိန်ကစပြီး ဒီနေ့အထိ တိုင်ကြားလာတာ နှစ်မှုရှိနေပြီး တိုင်ကြားမှုက တရားရုံးတင် စစ်ဆေးလောက်တဲ့အဆင့်ထိတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်က အစိုးရက ဥပဒေထုတ်ထားတာပဲရှိပြီး  ဒီဥပဒေကို အသက်ဝင်လာအောင် အားကိုးလို့ မရနိုင်ဘူးလို့ ပြောပါတယ်။

"တခြားနိုင်ငံမှာ ဒီလိုပစ္စည်းတွေနဲ့ ပတ်သက်ပြီး ထောင်တွေချလိုက်တယ် ဒါဏ်တွေ ရိုက်လိုက်တယ်ဆိုတာက သူတို့မှာ စစ်ဆေးနိုင်တဲ့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပစ္စည်းကို ဘယ်လောက်ထုတ်လိုက်တယ် ဘယ်ကိုဖြန့် လိုက်တယ် ဘာတွေသိုလှောင်ထားတယ်ဆိုတဲ့ လမ်းကြောင်းတွေကောင်းလို့ အရေးယူနိုင်တာ ကျွန်တော်တို့ဆီမှာ အဲဒါမျိုး ကောင်းတဲ့စနစ် ဘယ်တုန်းကမှမရှိခဲ့ဘူး။ မရှိခဲ့တာကို အဲလို အခြေခံပြီး အရေးယူမယ်ဆိုရင် ဘယ်လိုမှ မထိရောက်နိုင်ဘူး။ ဥပဒေထုတ်ပေးတာကို နားလည်တယ် ဥပဒေရဲ့ထိရောက်မှုအပေါ် အားကိုးရဖို့တော့ သိပ်အားမကိုးနိုင်ဘူးလို့ မြင်ပါတယ်။"

ဈေးနှုန်းတွေ မြှင့်တင်ရောင်းချတာနဲ့ ပတ်သက်ပြီး စာသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။  ငွေချေပြေစာ သို့မဟုတ်  အခြားသက်သေပြနိုင်တဲ့ အထောက်အထားတစ်ခုခုနဲ့ တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

ကုန်ပစည်းတွေကို ဈေးနှုန်းတိုးမြှင့်ရောင်းချတာ၊ ဈေးကစားဖို့ သိုလှောင်တာတွေ လုပ်ဆောင်သူတွေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နဲ့ အရေးယူမယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီပုဒ်မအရ ပြစ်မှုထင်ရှားသူကို  ငွေဒဏ် ငါးသိန်း၊ ထောင်ဒဏ် ခြောက်လကနေ သုံးနှစ် ချမှတ်နိုင်ပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/health-products-high-price-04032020064432.htmla
က်န္းမာေရးပစၥည္း ေဈးတိုးျမႇင့္ေရာင္းခ်မႈကို ဟန႔္တားရ ခက္ခဲေန က်န္းမာေရးပစၥည္း ေဈးတိုးျမႇင့္ေရာင္းခ်မႈကို ဟန႔္တားရ ခက္ခဲေန Reviewed by THITHTOOLWIN on 03:41 Rating: 5
Powered by Blogger.