ပဲခူးမွာ ထုိင္းျပန္မ်ား သီးျခားခြဲေစာင့္ၾကည့္ေရးလုပ္ငန္း အခက္အခဲၾကံဳေန

ပဲခူးတိုင္းရွိ စားေသာက္ဆိုင္တခုမွာ ပိုးသတ္ေဆးျဖန္းေနတဲ့ ၀န္ထမ္း တဦး (ဧၿပီ ၀၃၊ ၂၀၂၀)

(Zawgyi/Unicode)

ပဲခူးတိုင္းထဲကို ထိုင္းႏိုင္ငံဘက္ကေန ျပန္လာတဲ့ လုပ္သားဦးေရဟာ ေန႔စဥ္ အေယာက္ ၂၀၀ နီးပါး ရွိေနတာေၾကာင့္ ျပန္၀င္လာတဲ့ သူေတြနဲ႔ က်န္းမာေရး ၀န္ထမ္း အခ်ိဳးအစား မမွ်တတာ၊ စစ္ေဆးမယ့္ က်န္းမာေရး ပစၥည္းမေလာက္ငွတာေတြနဲ႔ ႀကဳံေနရတဲ့အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ဆက္ေပးပါမယ္။

ထိုင္းဘက္က ျမန္မာလုပ္သားေတြကို ကနဦးအားျဖင့္ေတာ့ ကုိယ့္အိမ္မွာပဲ ကိုယ္ home quarantine ထားဖို႔ က်န္းမာေရးက ညႊန္ၾကားထားေပမဲ့ ေနာက္ပိုင္းမွာေတာ့ သူတို႔ကို ရပ္ရြာေဒသအလိုက္ community quarantine ေခၚတဲ့ အားလံုးကို စုၿပီး တေနရာမွာ သီးျခားထားေစာင့္ၾကည့္တာေတြ လုပ္လာပါတယ္။

ပဲခူးတိုင္း တခုလုံး တြက္မယ္ဆို ၀င္ေရာက္လာသူဟာ ၁၅,၀၀၀ နီးပါးရွိေနတယ္လို႔ ပဲခူး တိုင္းေဒသႀကီး လႊတ္ေတာ္အမတ္ ဦးၫြန္႔ေ႐ႊက အခုလိုေျပာပါတယ္။ ျပန္လာသူေတြနဲ႔ ပတ္သတ္လို႔ သီးျခားထားေစာင့္ၾကည့္တဲ့ ေျပာျပတာပါ။

"က်ေနာ္တို႔ဆီမွာကေတာ့ ပဲခူးတိုင္းအေနနဲ႔ ေျပာရရင္ေတာ့ ၁၃,၀၀၀၊ ၁၄,၀၀၀ ေလာက္ရွိတယ္ခင္ဗ်။ အဲ့ေတာ့ ပဲခူးအေနနဲ႔က ဒီမွာ Quarantine လုပ္ထားတာက လူ ၁၆၀ ေလာက္ ရွိပါတယ္။ အခု ညဘက္ကို က်ေနာ္တို႔ ႀကိဳေနရတာက တညကို ျပန္၀င္လာသူက အေယာက္ ၂၀၀ ပတ္၀န္းက်င္ခန္႔ ရွိသြားပါၿပီ။ သက္ဆိုင္ရာၿမိဳ႕နယ္ေတြေပါ့။ ဒီကိုယ့္ၿမိဳ႕နယ္ က်ေနာ္တို႔က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ဆက္သြယ္ၿပီးေတာ့ သူ႔ၿမိဳ႕နယ္က လာႀကိဳခိုင္းလိုက္တယ္ေလ။ ေနာက္တေန႔လာႀကိဳခိုင္းလိုက္တယ္။ လာမႀကိဳႏိုင္ေသးတဲ့ ၿမိဳ႕နယ္ေတြရယ္၊ ပဲခူးက ၀င္လာတဲ့သူေတြကိုေတာ့ ဒီမွာ Facility Quarantine အျဖစ္ က်ေနာ္တို႔ ပဲခူး တကၠသိုလ္နဲ႔ အာေသာက ဘုန္းႀကီးေက်ာင္းထဲမွာ ထားပါတယ္။"

ပဲခူးတိုင္းမွာ ကိုဗစ္ေရာဂါ ကာကြယ္ေရးနဲ႔ Quarantine ထားရွိတဲ့အတြက္ ပဲခူးတိုင္းတြင္းၿမိဳ႕နယ္ ၂၈ ၿမိဳ႕နယ္မွာ တၿမိဳ႕နယ္ကို က်ပ္သိန္း ၁၀၀ ခ်ထားေပမဲ့ ေလာက္ငွေအာင္က်န္းမာေရး ပစၥည္းေတြ မေပးႏိုင္ဘူးလို႔ သူကဆိုပါတယ္။

ဒီလို ရပ္ရြာေဒသအလိုက္သီးျခားထားေစာင့္ၾကည့္ရာမွာ ပဲခူးခ႐ိုင္တြင္းမွာ စခန္း ၂၀၀ ေက်ာ္၊ ေတာင္ငူခ႐ိုင္မွာ စခန္း ၂၀၀ နီးပါး၊ ျပည္ခ႐ိုင္မွာ စခန္း ၁၅၀ နီးပါး၊ သာယာဝတီခ႐ိုင္မွာ စခန္း ၁၂၀ ေက်ာ္ ရိွတာမို႔ စုစုေပါင္း စခန္း ၇၀၀ နီးပါးရွိပါတယ္။

Quarantine လုပ္တာနဲ႔ ေက်း႐ြာအလိုက္ က်န္းမာေရး ေစာင့္ေ႐ွာက္မႈ လုပ္ေဆာင္ေပးတာမွာ က်န္းမာေရး၀န္ထမ္းအင္အားနဲ႔ ေစာင့္ၾကည့္လူဦးေရ ပမာဏ မမွ်တတာေတြနဲ႔ ႀကဳံရတာေတြ ရွိေနတယ္လို႔ ေပါက္ေခါင္းၿမိဳ႕နယ္ေဆး႐ုံအုပ္ ေဒါက္တာသိမ့္သိမ့္ထြန္းက ေျပာပါတယ္။

"Quarantine ထားတဲ့ Facility Quarantine ထားတဲ့ ရြာေတြမွာ အဲ့လိုမ်ိဳးထားတဲ့ ေနရာေတြမွာ က်မတို႔ဆရာမေတြက သြားၿပီးေတာ့ ၾကည့္ေပးတယ္။ Home Quarantine မွာ တခ်ိဳ႕ ဘာေလးေတြ၊ ဘာေလးေတြဆိုရင္ သူတို႔ၾကည့္ေပးတာမ်ိဳး ဒါမ်ိဳးေလးေတြ ရွိပါတယ္။ အခက္အခဲေတြက ဘာေတြျဖစ္လဲဆိုေတာ့ သြားေရးလာေရးေပါ့။ က်မတို႔ ဆရာမေတြက ဥပမာ ေလး၊ ငါး၊ ေျခာက္ရြာမွာ ဆရာမ တေယာက္ထဲ ရွိတာမ်ိဳးေပါ့။"

ျမန္မာႏိုင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ကပ္ေရာဂါႀကီးအသြင္ျဖစ္လာႏိုင္တဲ့အလားအလာ ရွိႏိုင္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ၿပီးခဲ့တဲ့ ရက္ပိုင္းက ေၾကညာထားတာပါ။

လက္ရွိ ကိုဗစ္ေရာဂါကူးစက္ခံရသူေတြထဲမွာ ထိုင္းက ျပန္လာသူေတြ ပါ၀င္လာတာ​ေၾကာင့္ သူတို႔ေတြကို အသြားအလာကန္႔သတ္မႈ၊ ေရာဂါ ေစာင့္ၾကၫ့္ၾကည့္ရႈမႈေတြ အ႐ွိန္အဟုန္နဲ႔ ေဆာင္႐ြက္ဖို႔ က်န္းမာေရးဌာနက တိုက္တြန္းထားေပမဲ့ အသြားအလာ ကန္႔သတ္ထားရသူေတြဘက္က လိုက္နာဖို႔လိုအပ္မႈေတြ ရွိေနသလို အာဏာပိုင္ေတြဘက္က အ​ေသအခ်ာ စည္းၾကပ္ဖို႔ကိုလည္း ေက်း႐ြာေတြမွာ အခက္အခဲေတြ ရွိေနပါတယ္ရွင္။


[Unicode Version]

ပဲခူးမှာ ထိုင်းပြန်များ သီးခြားခွဲစောင့်ကြည့်ရေးလုပ်ငန်း အခက်အခဲကြုံနေ

ပဲခူးတိုင်းထဲကို ထိုင်းနိုင်ငံဘက်ကနေ ပြန်လာတဲ့ လုပ်သားဦးရေဟာ နေ့စဉ် အယောက် ၂၀၀ နီးပါး ရှိနေတာကြောင့် ပြန်ဝင်လာတဲ့ သူတွေနဲ့ ကျန်းမာရေး ဝန်ထမ်း အချိုးအစား မမျှတတာ၊ စစ်ဆေးမယ့် ကျန်းမာရေး ပစ္စည်းမလောက်ငှတာတွေနဲ့ ကြုံနေရတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ဆက်ပေးပါမယ်။

ထိုင်းဘက်က မြန်မာလုပ်သားတွေကို ကနဦးအားဖြင့်တော့ ကိုယ့်အိမ်မှာပဲ ကိုယ် home quarantine ထားဖို့ ကျန်းမာရေးက ညွှန်ကြားထားပေမဲ့ နောက်ပိုင်းမှာတော့ သူတို့ကို ရပ်ရွာဒေသအလိုက် community quarantine ခေါ်တဲ့ အားလုံးကို စုပြီး တနေရာမှာ သီးခြားထားစောင့်ကြည့်တာတွေ လုပ်လာပါတယ်။

ပဲခူးတိုင်း တခုလုံး တွက်မယ်ဆို ဝင်ရောက်လာသူဟာ ၁၅,၀၀၀ နီးပါးရှိနေတယ်လို့ ပဲခူး တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးညွန့်ရွှေက အခုလိုပြောပါတယ်။ ပြန်လာသူတွေနဲ့ ပတ်သတ်လို့ သီးခြားထားစောင့်ကြည့်တဲ့ ပြောပြတာပါ။

"ကျနော်တို့ဆီမှာကတော့ ပဲခူးတိုင်းအနေနဲ့ ပြောရရင်တော့ ၁၃,၀၀၀၊ ၁၄,၀၀၀ လောက်ရှိတယ်ခင်ဗျ။ အဲ့တော့ ပဲခူးအနေနဲ့က ဒီမှာ Quarantine လုပ်ထားတာက လူ ၁၆၀ လောက် ရှိပါတယ်။ အခု ညဘက်ကို ကျနော်တို့ ကြိုနေရတာက တညကို ပြန်ဝင်လာသူက အယောက် ၂၀၀ ပတ်ဝန်းကျင်ခန့် ရှိသွားပါပြီ။ သက်ဆိုင်ရာမြို့နယ်တွေပေါ့။ ဒီကိုယ့်မြို့နယ် ကျနော်တို့က မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ပြီးတော့ သူ့မြို့နယ်က လာကြိုခိုင်းလိုက်တယ်လေ။ နောက်တနေ့လာကြိုခိုင်းလိုက်တယ်။ လာမကြိုနိုင်သေးတဲ့ မြို့နယ်တွေရယ်၊ ပဲခူးက ဝင်လာတဲ့သူတွေကိုတော့ ဒီမှာ Facility Quarantine အဖြစ် ကျနော်တို့ ပဲခူး တက္ကသိုလ်နဲ့ အာသောက ဘုန်းကြီးကျောင်းထဲမှာ ထားပါတယ်။"

ပဲခူးတိုင်းမှာ ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ Quarantine ထားရှိတဲ့အတွက် ပဲခူးတိုင်းတွင်းမြို့နယ် ၂၈ မြို့နယ်မှာ တမြို့နယ်ကို ကျပ်သိန်း ၁၀၀ ချထားပေမဲ့ လောက်ငှအောင်ကျန်းမာရေး ပစ္စည်းတွေ မပေးနိုင်ဘူးလို့ သူကဆိုပါတယ်။

ဒီလို ရပ်ရွာဒေသအလိုက်သီးခြားထားစောင့်ကြည့်ရာမှာ ပဲခူးခရိုင်တွင်းမှာ စခန်း ၂၀၀ ကျော်၊ တောင်ငူခရိုင်မှာ စခန်း ၂၀၀ နီးပါး၊ ပြည်ခရိုင်မှာ စခန်း ၁၅၀ နီးပါး၊ သာယာဝတီခရိုင်မှာ စခန်း ၁၂၀ ကျော် ရှိတာမို့ စုစုပေါင်း စခန်း ၇၀၀ နီးပါးရှိပါတယ်။

Quarantine လုပ်တာနဲ့ ကျေးရွာအလိုက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဆောင်ပေးတာမှာ ကျန်းမာရေးဝန်ထမ်းအင်အားနဲ့ စောင့်ကြည့်လူဦးရေ ပမာဏ မမျှတတာတွေနဲ့ ကြုံရတာတွေ ရှိနေတယ်လို့ ပေါက်ခေါင်းမြို့နယ်ဆေးရုံအုပ် ဒေါက်တာသိမ့်သိမ့်ထွန်းက ပြောပါတယ်။

"Quarantine ထားတဲ့ Facility Quarantine ထားတဲ့ ရွာတွေမှာ အဲ့လိုမျိုးထားတဲ့ နေရာတွေမှာ ကျမတို့ဆရာမတွေက သွားပြီးတော့ ကြည့်ပေးတယ်။ Home Quarantine မှာ တချို့ ဘာလေးတွေ၊ ဘာလေးတွေဆိုရင် သူတို့ကြည့်ပေးတာမျိုး ဒါမျိုးလေးတွေ ရှိပါတယ်။ အခက်အခဲတွေက ဘာတွေဖြစ်လဲဆိုတော့ သွားရေးလာရေးပေါ့။ ကျမတို့ ဆရာမတွေက ဥပမာ လေး၊ ငါး၊ ခြောက်ရွာမှာ ဆရာမ တယောက်ထဲ ရှိတာမျိုးပေါ့။"

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကပ်ရောဂါကြီးအသွင်ဖြစ်လာနိုင်တဲ့အလားအလာ ရှိနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာထားတာပါ။

လက်ရှိ ကိုဗစ်ရောဂါကူးစက်ခံရသူတွေထဲမှာ ထိုင်းက ပြန်လာသူတွေ ပါဝင်လာတာကြောင့် သူတို့တွေကို အသွားအလာကန့်သတ်မှု၊ ရောဂါ စောင့်ကြည့်ကြည့်ရှုမှုတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားပေမဲ့ အသွားအလာ ကန့်သတ်ထားရသူတွေဘက်က လိုက်နာဖို့လိုအပ်မှုတွေ ရှိနေသလို အာဏာပိုင်တွေဘက်က အသေအချာ စည်းကြပ်ဖို့ကိုလည်း ကျေးရွာတွေမှာ အခက်အခဲတွေ ရှိနေပါတယ်ရှင်။

ေမခ/VOA (Burmese)
https://burmese.voanews.com/a/bago-thai-myanmar-worker-quanratine/5358646.html
ပဲခူးမွာ ထုိင္းျပန္မ်ား သီးျခားခြဲေစာင့္ၾကည့္ေရးလုပ္ငန္း အခက္အခဲၾကံဳေန ပဲခူးမွာ ထုိင္းျပန္မ်ား သီးျခားခြဲေစာင့္ၾကည့္ေရးလုပ္ငန္း အခက္အခဲၾကံဳေန Reviewed by THITHTOOLWIN on 03:53 Rating: 5
Powered by Blogger.