ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး ၫႊန္ၾကားခ်က္မလိုက္နာသူေတြကို အေရးယူ

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ေနထိုင္ရာ ပုလဲကြန္ဒို B ေဆာင္ကို Lock Down လုပ္ထားစဥ္ / Photo: Win Bo
(Zawgyi)⤵⤵⤵
COVID-19 လို႔ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္၊ တားဆီးေရးလုပ္ငန္းေတြမွာ လူစုလူေဝးျဖစ္ေအာင္လုပ္တဲ့ သူေတြ၊ သတင္းအမွား ျဖန႔္ေဝသူေတြနဲ႔ ၾကပ္မတ္ေစာင့္ၾကည့္မႈကို ျငင္းဆန္သူေတြကို သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မေတြနဲ႔ အေရးယူေနပါတယ္။

ဧၿပီလ ၂၁ ရက္ေန႔အထိ အမႈဖြင့္ အေရးယူခဲ့တဲ့ အမႈေပါင္း ၃၀ ေက်ာ္ ရွိလာပါတယ္။

COVID-19 လို႔ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္တားဆီးေရး အစိုးရ ၫႊန္ၾကားခ်က္ေတြကို ခ်ိဳးေဖာက္တာေၾကာင့္ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒေတြနဲ႔ အေရးယူခံရတဲ့အထဲမွာ စစ္ကိုင္းတိုင္းက အမ်ားဆုံးျဖစ္ၿပီး အေရးယူမႈေပါင္း ၂၀ ေလာက္ရွိေနပါတယ္။

ဧၿပီလ ၂၁ ရက္ေန႔အထိ စစ္ကိုင္းတိုင္းမွာ အေရးယူထားတဲ့ထဲက အမႈ ၁၈ မႈကို ျပစ္ဒဏ္ခ်မွတ္ခဲ့တဲ့အျပင္ အေရးယူေဆာင္႐ြက္ေနတဲ့ အမႈေတြလည္းရွိေနပါတယ္။

အမိန႔္ခ်ခဲ့တဲ့ ၁၈ မႈမွာ သဘာဝေဘးနဲ႔ ဆက္စပ္အမႈေတြ ပါဝင္တယ္လို႔ စစ္ကိုင္းတိုင္း ဥပေဒခ်ဳပ္ ဦးခင္ေမာင္လွက ေျပာပါတယ္။

“ဒီေန႔အခ်ိန္အထိရတာ ၁၈ မႈရွိတယ္ သုံးမႈက သဘာဝေဘးနဲ႔စြဲတာ မဟုတ္ဘူး၊ တစ္မႈက ရာဇဝတ္ဥပေဒပုဒ္မ ၁၈၈ နဲ႔ တစ္မႈ လဝက နဲ႔စြဲတာ၊ ႏွစ္မႈ အဲဒါေတြကို ေငြဒဏ္ခ်လိုက္တယ္။ ေလာေလာဆယ္ သဘာဝေဘးနဲ႔တဲ့၊ လက္က်န္အမႈေတြ မသိရေသးဘူး၊ ထပ္ၿပီးေတာ့ ကူးစက္နဲ႔ စြဲထားတာေတြလည္း ရွိေသးတယ္”

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ေရး အစိုးရက လူစုလူေဝးမလုပ္ဖို႔၊ သတင္းမွားေတြ မျဖန႔္ေဝၾကဖို႔၊ မလိုအပ္ဘဲ အျပင္မထြက္ၾကဖို႔နဲ႔ ၾကပ္မတ္ေစာင့္ၾကည့္တာေတြကို လုပ္ေဆာင္ေနရာမွာ မလိုက္နာသူေတြကို သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒေတြနဲ႔ အေရးယူေနပါတယ္။ အဲဒီလို အေရးယူထားတဲ့အမႈေပါင္း တစ္ႏိုင္ငံ လုံးအတိုင္းအတာနဲ႔ဆိုရင္ အမႈေပါင္း ၃၀ ေက်ာ္အထိ ရွိေနပါတယ္။

လူစုလူေဝးျဖစ္ေစမႈနဲ႔ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၃၀ (က) နဲ႔ တရားစြဲထားတဲ့ထဲမွာ စစ္ကိုင္း တိုင္းေဒသႀကီး တမူးၿမိဳ႕နယ္မွာ မဂၤလာပြဲက်င္းပတဲ့ သတို႔သား၊ ရန္ကုန္တိုင္း ေတာင္ဒဂုံ စက္မႈဇုန္မွာ အလုပ္ သမားဆႏၵျပပြဲ ဦးေဆာင္သူ ခုႏွစ္ဦးနဲ႔ အင္းစိန္ၿမိဳ႕နယ္မွာ ဘာသာေရး ဆုေတာင္းပြဲက်င္းပဖို႔ ဦးေဆာင္သူ ေလးဦး စုစုေပါင္း ၁၂ ဦး ပါဝင္ပါတယ္။

အင္းစိန္ၿမိဳ႕နယ္မွာ ဘာသာေရး ဆုေတာင္းပြဲက်င္းပခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရတဲ့ ခရစ္ယန္သင္းအုပ္ ဆရာ၊ အမႈေတာ္ေဆာင္နဲ႔ တရားေဟာဆရာေတြ အပါအဝင္ ေလးဦးလည္း အမႈဖြင့္ခံထားရပါတယ္။

အမႈက အရင္အတိုင္းဆက္ဖြင့္ထားဆဲပဲလို႔ ရန္ကုန္တိုင္း လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။

“အဲဒါအရင္အတိုင္းပဲ အရင္အတိုင္းဖြင့္ထားေသးတယ္၊ ပိုးေတြ႕ထားတယ္ဆိုေတာ့  ေဝဘာဂီပဲ ထားထားတယ္”

အစိုးရက လူစုလူေဝးမလုပ္ဖို႔ ထုတ္ျပန္ထားခ်ိန္မွာ တနသၤာရီတိုင္း ေရျဖဴၿမိဳ႕မွာ ဘုန္းႀကီးပ်ံပြဲ ဦးေဆာင္က်င္းပ ခဲ့သူေတြနဲ႔ ၿမိတ္ၿမိဳ႕မွာ မဂၤလာပြဲက်င္းပခဲ့သူေတြကို အမႈဖြင့္အေရးယူဖို႔လည္း တိုင္းအစိုးရက စီစဥ္ေနပါတယ္။

ဘယ္ပုဒ္မနဲ႔ တရားစြဲမလဲဆိုတာကို ဥပေဒအရာရွိေတြနဲ႔ တိုင္ပင္ေနၿပီး သဘာဝေဘးအႏၲရာယ္ ကာကြယ္တား ဆီးေရး ဥပေဒနဲ႔ျဖစ္မလား၊ ကူးစက္ေရာဂါ ကာကြယ္ႏွိမ္ႏွင္းေရး ဥပေဒနဲ႔ ျဖစ္မလားဆိုတာ မသိေသးဘူးလို႔ တိုင္းအစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ လူဝန္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းျမစ္ဝန္ႀကီး ဦးေက်ာ္မင္းက ေျပာထားပါတယ္။

လူစုလူေဝးမလုပ္ဖို႔ ၫႊန္ၾကားခ်က္ ေဖာက္ဖ်က္သူေတြအျပင္ ေစာင့္ၾကပ္ၾကည့္ရႈထားသူေတြထဲက ထြက္ေျပး သြားတာနဲ႔ စည္းကမ္းမလိုက္နာသူေတြကိုလည္း အစိုးရက အမႈဖြင့္အေရးယူခဲ့သူ ၁၀ ဦးေက်ာ္လည္း ရွိေနပါတယ္။

ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာမွာ ၾကပ္မတ္ေစာင့္ၾကည့္သူ သုံးဦးဟာ ၫႊန္ၾကားခ်က္ေတြကို မလိုက္နာတဲ့ အတြက္ ဧၿပီ ၂၀ ရက္ေန႔က သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၃၀ (က) နဲ႔ ေထာင္ဒဏ္ ေျခာက္လ ခ်မွတ္အေရးယူတာကို ခံခဲ့ရပါတယ္။

ေနျပည္ေတာ္ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္တားဆီးေရး ေကာ္မတီ နာယက ဦးေမာင္ေမာင္ေဆြက အဲဒီလို အေရးယူလိုက္တာေၾကာင့္ စည္းကမ္းမလိုက္နာခ်င္တဲ့သူေတြကို ထိန္းခ်ဳပ္ႏိုင္သြားတယ္လို႔ ဆိုပါတယ္။

“အေရးယူတာ ေဘးစီမံ ဥပေဒပုဒ္မ ၃၀ ကနဲ႔  အမႈက ႏွစ္ခု လူက သုံးဦးပါ၊ ထပ္လုပ္တယ္ဆိုရင္  အေရးယူ တာလည္း ေရွ႕မွာနမူနာရွိတယ္။ ဥပေဒလည္းရွိတယ္ ဥပေဒအတိုင္းအေရးယူေနတယ္ ဆိုေတာ့ သူတို႔ လိုက္တာတဲ့အပိုင္းမွာ အက်ိဳးသက္ေရာက္မႈ ႀကီးႀကီးမားမားကိုရွိပါတယ္”

ၾကပ္မတ္ေစာင့္ၾကည့္မႈကို ျငင္းဆန္လို႔ အေရးယူခံရသူေတြထဲမွာ စစ္ကိုင္းတိုင္း၊ ပဲခူးတိုင္း၊ မႏၲေလးတိုင္း၊ ရွမ္းျပည္နယ္နဲ႔ ေနျပည္ေတာ္က လူေတြ ပါဝင္ပါတယ္။

ၾကပ္မတ္ေစာင့္ၾကည့္ဖို႔ ၫႊန္ၾကားရာမွာ အရင္က ၁၄ ရက္ျဖစ္ၿပီး ေနာက္ပိုင္းမွာ ၂၁ ရက္  ေျပာင္းလဲလိုက္တဲ့ အေပၚ လက္မခံသူေတြလည္း ရွိေနတယ္လို႔ ဆိုပါတယ္။

စစ္ေတြေလဆိပ္ကို ေရာက္ရွိလာသူေတြထဲမွာ ၾကပ္မတ္ေစာင့္ၾကည့္ဖို႔ ေျပာဆိုတဲ့အေပၚ ျငင္းဆန္လို႔ ေျဖာင္းျဖ နားခ်ရတယ္လို႔  စစ္ေတြၿမိဳ႕နယ္ အရပ္ဖက္အဖြဲ႕က ကိုထြန္းလင္းေအာင္က ေျပာပါတယ္။

“လိုက္နာမႈအပိုင္းက အားနည္းတာေပါ့ေနာ္၊ ခရီးသည္ေတြက သေဘာေပါက္နားလည္ရမယ္၊ မိန္းမ ႏွစ္ေယာက္ဆို လုံးဝေျပာမရဘူး၊ ေလဆိပ္မွာကတည္းက ကလန္ကဆန္လုပ္ေနတာ၊ ေနာက္ပိုင္းမွ အတင္းေျဖာင္းျဖၿပီး ေခၚလိုက္ရတာ”

ဧၿပီ ၁၉ ရက္ေန႔က ရန္ကုန္ကေန စစ္ေတြကို ေလယာဥ္နဲ႔ လိုက္ပါတဲ့ခရီးသည္ေတြထဲမွာ ေရာဂါကူးစက္ခံရသူ မ်ားျပားတဲ့ ရန္ကုန္တိုင္း အင္းစိန္ၿမိဳ႕နယ္က ျပန္လာသူ ႏွစ္ဦးကို ၾကပ္မတ္ေစာင့္ၾကည့္ဖို႔ ေျပာဆိုတာမွာ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး ၫႊန္ၾကားခ်က္ေဖာက္ဖ်က္သူေတြကို အေရးယူတာအျပင္ သတင္းမွာျဖန႔္ခ်ိသူ ေတြကိုလည္း အစိုးရက အေရးယူေဆာင္႐ြက္ေနပါတယ္။

ပဲခူးတိုင္း ေရတာရွည္ၿမိဳ႕နယ္က တစ္ဦးကေတာ့ ေရတာရွည္မွာ ကို႐ိုနားဗိုင္းရပ္စ္ ကူးစက္ခံရသူ ရွိလာၿပီဆိုၿပီး ေဖ့ဘြတ္ခ္ စာမ်က္ႏွာမွာတင္လို႔ သတင္းမွားျဖန႔္ေဝမႈနဲ႔ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ပုဒ္မ ၂၇ တပ္ၿပီး အမႈဖြင့္ခံခဲ့ရပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ကေတာ့ အခုလို အေရးေပၚကာလမွာ  ဥပေဒေတြနဲ႔ ထိန္းခ်ဳပ္သင့္ တယ္လို႔ ဆိုပါတယ္။

“အခုက အေရးေပၚကာလ ဥပေဒအရ မထိန္းခ်ဳပ္ရင္ ပိုၿပီးဆိုးဆိုးဝါးဝါး  ကူးစက္ျပန႔္ပြားမွာစိုးရိမ္လို႔ ဒါ ဥပေဒအတိုင္း ေဆာင္႐ြက္ရတာ။ ကြၽန္ေတာ္တို႔ ျမင္ေတြ႕ရတဲ့အထဲမွာ တခ်ိဳ႕က အစစ္ေဆးမခံဘူး၊ တခ်ိဳ႕က ေစာင့္ၾကည့္တာမွာ ဥပေဒ ခ်ိဳးေဖာက္တာ လုပ္လာတယ္။ အခုလိုအေရးေပၚကာလမွာ ဥပေဒနဲ႔ ထိန္းခ်ဳပ္ဖို႔ က်င့္သုံးရမွာပါ၊ ကြၽန္ေတာ္တို႔ကေတာ့ လက္ခံပါတယ္”

သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ ကေန ၃၀ ပုဒ္မေတြနဲ႔ အေရးယူခံရမယ္ဆိုရင္ ေငြဒဏ္နဲ႔ ေထာင္ဒဏ္အမ်ားဆုံး သုံးႏွစ္အထိ ခ်မွတ္ခံရႏိုင္ပါတယ္။

ျပည္ေထာင္စုအစိုးရက ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္တားဆီးေရးလုပ္ငန္းေတြမွာ ၫႊန္ၾကားခ်က္ေတြ စည္းမ်ဥ္း ဥပေဒေတြကို ပ်က္ကြက္ရင္ သဘာဝေဘးစီမံခန႔္ခြဲမႈ ဥပေဒအျပင္ ကူးစက္ေရာဂါ ကာကြယ္တားဆီးေရး ဥပေဒေတြနဲ႔ပါ အေရးယူဖို႔ တိုင္းနဲ႔ ျပည္နယ္ အစိုးရေတြကို ထပ္ၿပီးၫႊန္ၾကားထားပါတယ္။

ေဝယံမိုးျမင့္ / RFA Burmese
-------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ညွှန်ကြားချက်မလိုက်နာသူတွေကို အရေးယူ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နေထိုင်ရာ ပုလဲကွန်ဒို B ဆောင်ကို Lock Down လုပ်ထားစဉ် / Photo: Win Bo

COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ တားဆီးရေးလုပ်ငန်းတွေမှာ လူစုလူဝေးဖြစ်အောင်လုပ်တဲ့ သူတွေ၊ သတင်းအမှား ဖြန့်ဝေသူတွေနဲ့ ကြပ်မတ်စောင့်ကြည့်မှုကို ငြင်းဆန်သူတွေကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မတွေနဲ့ အရေးယူနေပါတယ်။

ဧပြီလ ၂၁ ရက်နေ့အထိ အမှုဖွင့် အရေးယူခဲ့တဲ့ အမှုပေါင်း ၃၀ ကျော် ရှိလာပါတယ်။

COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး အစိုးရ ညွှန်ကြားချက်တွေကို ချိုးဖောက်တာကြောင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ အရေးယူခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး အရေးယူမှုပေါင်း ၂၀ လောက်ရှိနေပါတယ်။

ဧပြီလ ၂၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ အရေးယူထားတဲ့ထဲက အမှု ၁၈ မှုကို ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပြင် အရေးယူဆောင်ရွက်နေတဲ့ အမှုတွေလည်းရှိနေပါတယ်။

အမိန့်ချခဲ့တဲ့ ၁၈ မှုမှာ သဘာဝဘေးနဲ့ ဆက်စပ်အမှုတွေ ပါဝင်တယ်လို့ စစ်ကိုင်းတိုင်း ဥပဒေချုပ် ဦးခင်မောင်လှက ပြောပါတယ်။

“ဒီနေ့အချိန်အထိရတာ ၁၈ မှုရှိတယ် သုံးမှုက သဘာဝဘေးနဲ့စွဲတာ မဟုတ်ဘူး၊ တစ်မှုက ရာဇဝတ်ဥပဒေပုဒ်မ ၁၈၈ နဲ့ တစ်မှု လဝက နဲ့စွဲတာ၊ နှစ်မှု အဲဒါတွေကို ငွေဒဏ်ချလိုက်တယ်။ လောလောဆယ် သဘာဝဘေးနဲ့တဲ့၊ လက်ကျန်အမှုတွေ မသိရသေးဘူး၊ ထပ်ပြီးတော့ ကူးစက်နဲ့ စွဲထားတာတွေလည်း ရှိသေးတယ်”

ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အစိုးရက လူစုလူဝေးမလုပ်ဖို့၊ သတင်းမှားတွေ မဖြန့်ဝေကြဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့နဲ့ ကြပ်မတ်စောင့်ကြည့်တာတွေကို လုပ်ဆောင်နေရာမှာ မလိုက်နာသူတွေကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ အရေးယူနေပါတယ်။ အဲဒီလို အရေးယူထားတဲ့အမှုပေါင်း တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ဆိုရင် အမှုပေါင်း ၃၀ ကျော်အထိ ရှိနေပါတယ်။

လူစုလူဝေးဖြစ်စေမှုနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) နဲ့ တရားစွဲထားတဲ့ထဲမှာ စစ်ကိုင်း တိုင်းဒေသကြီး တမူးမြို့နယ်မှာ မင်္ဂလာပွဲကျင်းပတဲ့ သတို့သား၊ ရန်ကုန်တိုင်း တောင်ဒဂုံ စက်မှုဇုန်မှာ အလုပ် သမားဆန္ဒပြပွဲ ဦးဆောင်သူ ခုနှစ်ဦးနဲ့ အင်းစိန်မြို့နယ်မှာ ဘာသာရေး ဆုတောင်းပွဲကျင်းပဖို့ ဦးဆောင်သူ လေးဦး စုစုပေါင်း ၁၂ ဦး ပါဝင်ပါတယ်။

အင်းစိန်မြို့နယ်မှာ ဘာသာရေး ဆုတောင်းပွဲကျင်းပခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ခရစ်ယန်သင်းအုပ် ဆရာ၊ အမှုတော်ဆောင်နဲ့ တရားဟောဆရာတွေ အပါအဝင် လေးဦးလည်း အမှုဖွင့်ခံထားရပါတယ်။

အမှုက အရင်အတိုင်းဆက်ဖွင့်ထားဆဲပဲလို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

“အဲဒါအရင်အတိုင်းပဲ အရင်အတိုင်းဖွင့်ထားသေးတယ်၊ ပိုးတွေ့ထားတယ်ဆိုတော့  ဝေဘာဂီပဲ ထားထားတယ်”

အစိုးရက လူစုလူဝေးမလုပ်ဖို့ ထုတ်ပြန်ထားချိန်မှာ တနင်္သာရီတိုင်း ရေဖြူမြို့မှာ ဘုန်းကြီးပျံပွဲ ဦးဆောင်ကျင်းပ ခဲ့သူတွေနဲ့ မြိတ်မြို့မှာ မင်္ဂလာပွဲကျင်းပခဲ့သူတွေကို အမှုဖွင့်အရေးယူဖို့လည်း တိုင်းအစိုးရက စီစဉ်နေပါတယ်။

ဘယ်ပုဒ်မနဲ့ တရားစွဲမလဲဆိုတာကို ဥပဒေအရာရှိတွေနဲ့ တိုင်ပင်နေပြီး သဘာဝဘေးအန္တရာယ် ကာကွယ်တား ဆီးရေး ဥပဒေနဲ့ဖြစ်မလား၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေနဲ့ ဖြစ်မလားဆိုတာ မသိသေးဘူးလို့ တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူဝန်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောထားပါတယ်။

လူစုလူဝေးမလုပ်ဖို့ ညွှန်ကြားချက် ဖောက်ဖျက်သူတွေအပြင် စောင့်ကြပ်ကြည့်ရှုထားသူတွေထဲက ထွက်ပြေး သွားတာနဲ့ စည်းကမ်းမလိုက်နာသူတွေကိုလည်း အစိုးရက အမှုဖွင့်အရေးယူခဲ့သူ ၁၀ ဦးကျော်လည်း ရှိနေပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ကြပ်မတ်စောင့်ကြည့်သူ သုံးဦးဟာ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့ အတွက် ဧပြီ ၂၀ ရက်နေ့က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) နဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်အရေးယူတာကို ခံခဲ့ရပါတယ်။

နေပြည်တော် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး ကော်မတီ နာယက ဦးမောင်မောင်ဆွေက အဲဒီလို အရေးယူလိုက်တာကြောင့် စည်းကမ်းမလိုက်နာချင်တဲ့သူတွေကို ထိန်းချုပ်နိုင်သွားတယ်လို့ ဆိုပါတယ်။

“အရေးယူတာ ဘေးစီမံ ဥပဒေပုဒ်မ ၃၀ ကနဲ့  အမှုက နှစ်ခု လူက သုံးဦးပါ၊ ထပ်လုပ်တယ်ဆိုရင်  အရေးယူ တာလည်း ရှေ့မှာနမူနာရှိတယ်။ ဥပဒေလည်းရှိတယ် ဥပဒေအတိုင်းအရေးယူနေတယ် ဆိုတော့ သူတို့ လိုက်တာတဲ့အပိုင်းမှာ အကျိုးသက်ရောက်မှု ကြီးကြီးမားမားကိုရှိပါတယ်”

ကြပ်မတ်စောင့်ကြည့်မှုကို ငြင်းဆန်လို့ အရေးယူခံရသူတွေထဲမှာ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်က လူတွေ ပါဝင်ပါတယ်။

ကြပ်မတ်စောင့်ကြည့်ဖို့ ညွှန်ကြားရာမှာ အရင်က ၁၄ ရက်ဖြစ်ပြီး နောက်ပိုင်းမှာ ၂၁ ရက်  ပြောင်းလဲလိုက်တဲ့ အပေါ် လက်မခံသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်တွေလေဆိပ်ကို ရောက်ရှိလာသူတွေထဲမှာ ကြပ်မတ်စောင့်ကြည့်ဖို့ ပြောဆိုတဲ့အပေါ် ငြင်းဆန်လို့ ဖြောင်းဖြ နားချရတယ်လို့  စစ်တွေမြို့နယ် အရပ်ဖက်အဖွဲ့က ကိုထွန်းလင်းအောင်က ပြောပါတယ်။

“လိုက်နာမှုအပိုင်းက အားနည်းတာပေါ့နော်၊ ခရီးသည်တွေက သဘောပေါက်နားလည်ရမယ်၊ မိန်းမ နှစ်ယောက်ဆို လုံးဝပြောမရဘူး၊ လေဆိပ်မှာကတည်းက ကလန်ကဆန်လုပ်နေတာ၊ နောက်ပိုင်းမှ အတင်းဖြောင်းဖြပြီး ခေါ်လိုက်ရတာ”

ဧပြီ ၁၉ ရက်နေ့က ရန်ကုန်ကနေ စစ်တွေကို လေယာဉ်နဲ့ လိုက်ပါတဲ့ခရီးသည်တွေထဲမှာ ရောဂါကူးစက်ခံရသူ များပြားတဲ့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ပြန်လာသူ နှစ်ဦးကို ကြပ်မတ်စောင့်ကြည့်ဖို့ ပြောဆိုတာမှာ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ညွှန်ကြားချက်ဖောက်ဖျက်သူတွေကို အရေးယူတာအပြင် သတင်းမှာဖြန့်ချိသူ တွေကိုလည်း အစိုးရက အရေးယူဆောင်ရွက်နေပါတယ်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ်က တစ်ဦးကတော့ ရေတာရှည်မှာ ကိုရိုနားဗိုင်းရပ်စ် ကူးစက်ခံရသူ ရှိလာပြီဆိုပြီး ဖေ့ဘွတ်ခ် စာမျက်နှာမှာတင်လို့ သတင်းမှားဖြန့်ဝေမှုနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၇ တပ်ပြီး အမှုဖွင့်ခံခဲ့ရပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ အခုလို အရေးပေါ်ကာလမှာ  ဥပဒေတွေနဲ့ ထိန်းချုပ်သင့် တယ်လို့ ဆိုပါတယ်။

“အခုက အရေးပေါ်ကာလ ဥပဒေအရ မထိန်းချုပ်ရင် ပိုပြီးဆိုးဆိုးဝါးဝါး  ကူးစက်ပြန့်ပွားမှာစိုးရိမ်လို့ ဒါ ဥပဒေအတိုင်း ဆောင်ရွက်ရတာ။ ကျွန်တော်တို့ မြင်တွေ့ရတဲ့အထဲမှာ တချို့က အစစ်ဆေးမခံဘူး၊ တချို့က စောင့်ကြည့်တာမှာ ဥပဒေ ချိုးဖောက်တာ လုပ်လာတယ်။ အခုလိုအရေးပေါ်ကာလမှာ ဥပဒေနဲ့ ထိန်းချုပ်ဖို့ ကျင့်သုံးရမှာပါ၊ ကျွန်တော်တို့ကတော့ လက်ခံပါတယ်”

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ကနေ ၃၀ ပုဒ်မတွေနဲ့ အရေးယူခံရမယ်ဆိုရင် ငွေဒဏ်နဲ့ ထောင်ဒဏ်အများဆုံး သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

ပြည်ထောင်စုအစိုးရက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးလုပ်ငန်းတွေမှာ ညွှန်ကြားချက်တွေ စည်းမျဉ်း ဥပဒေတွေကို ပျက်ကွက်ရင် သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေအပြင် ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ဥပဒေတွေနဲ့ပါ အရေးယူဖို့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို ထပ်ပြီးညွှန်ကြားထားပါတယ်။

ဝေယံမိုးမြင့် / RFA Burmese
https://www.rfa.org/burmese/news/take-action-those-unfollow-rules-in-corona-period-04222020040208.html
ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး ၫႊန္ၾကားခ်က္မလိုက္နာသူေတြကို အေရးယူ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး ၫႊန္ၾကားခ်က္မလိုက္နာသူေတြကို အေရးယူ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.