ကို႐ိုနာဆိုင္ရာ ၫႊန္ၾကားခ်က္ မလိုက္နာသူတို႔ကို အေရးယူမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားေနတဲ့ အခုကာလမွာ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္ေတြနဲ႔အညီ အလုပ္႐ုံ စက္႐ုံေတြ အျမန္ဆုံးဖြင့္ႏိုင္ေရး စစ္ေဆးေနေၾကာင္းနဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြကို မလိုက္နာတဲ့သူ မည္သူကိုမဆို အေရးယူမယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ေနတဲ့ကာလမွာ ထုတ္ျပန္ထားတဲ့ အမိန႔္ၫႊန္ၾကားခ်က္ေတြကို မလိုက္နာသူ မည္သူကိုမဆို အေရးယူမယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္ပါတယ္။

ဧၿပီလ ၂၂ ရက္ ဒီေန႔မနက္ကျပဳလုပ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ စီးပြားေရးလုပ္ငန္းရွင္၊ အလုပ္သမား ကိုယ္စားလွယ္နဲ႔ အလုပ္သမားဝန္ႀကီးဌာနတာဝန္ရွိသူတို႔ ေဆြးေႏြးပြဲမွာ ေျပာခဲ့တာပါ။

"ဆႏၵျပတယ္ဆိုကတည္းက တစ္ေယာက္နဲ႔ တစ္ေယာက္ ေျခာက္ေပအကြာတို႔ မ်က္ႏွာဖုံးတို႔ လက္အိတ္တို႔ အားလုံးအေျခအေနအရ ရွိသင့္ရွိထိုက္တဲ့ အကာအကြယ္ေတြ မရွိဘူးဆိုလို႔ရွိရင္ ဆႏၵျပတဲ့သူေတြကို အရင္ထိမွာ၊ ဆႏၵျပတဲ့သူေတြကိုလည္း မထိေစခ်င္ဘူး၊ သူတို႔ေၾကာင့္မလို႔ အျခားသူေတြကိုလည္း မထိေစခ်င္ဘူး၊ ဆႏၵျပတာကလည္း ဥပေဒနဲ႔အညီ ဆႏၵျပပိုင္ခြင့္ရွိတယ္ လက္ခံတယ္၊ ဥပေဒနဲ႔လည္း မကိုက္ညီပဲနဲ႔ အမ်ားကိုလည္း အႏၲရာယ္ျဖစ္မယ္ဆိုလို႔ရွိရင္ေတာ့ ဥပေဒအရ အေရးယူရမွာပဲ၊ ဒါကေတာ့ ဥပေဒဆိုတာ အားလုံးအတြက္ အမ်ားအက်ိဳးအတြက္ ျဖစ္တယ္၊ တစ္ဖြဲ႕အတြက္မဟုတ္ဘူး၊ တစ္စုအတြက္ မဟုတ္ဘူး၊ တစ္ေယာက္အတြက္ မဟုတ္ဘူး၊ ဒီဟာကိုေတာ့ ကြၽန္မတို႔လုပ္သြားပါ့မယ္၊ တရားဥပေဒ စိုးမိုးေရးဆိုတာ ဟိုဘက္ဒီဘက္ မွ်တေအာင္လို႔၊ အဲတာနဲ႔ ပတ္သက္လို႔လည္း ကြၽန္မတို႔ ဒါၫႊန္ၾကားခ်က္ ထုတ္ထားပါၿပီ၊ ဥပေဒကိုခ်ိဳးေဖာက္ရင္ ဥပေဒအရ အေရးယူရမယ္၊ အဲလို မလုပ္လို႔မျဖစ္ဘူး၊ ဒါဟာ ကြၽန္မတို႔ရဲ႕ အလုပ္သမားေတြအတြက္ လုံၿခဳံေရးအတြက္လည္းျဖစ္တယ္၊ အလုပ္ရွင္ေတြအတြက္ လုံၿခဳံေရးအတြက္လည္းျဖစ္တယ္၊ ကြၽန္မတို႔ပတ္ဝန္းက်င္အတြက္ လုံၿခဳံေရးအတြက္လည္းျဖစ္တယ္။"

အစိုးရအေနနဲ႔ စက္႐ုံအလုပ္႐ုံေတြကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရး ေသခ်ာ လုပ္ေဆာင္ ထားသလားဆိုတာ ဧၿပီလကုန္မွာ  စစ္ေဆးၿပီးမွ ဖြင့္ခြင့္ျပဳမယ္လို႔ အမိန႔္ထုတ္ထားသလို ရန္ကုန္တိုင္းအစိုးရကလည္း ဆႏၵျပတဲ့ စက္႐ုံေတြကို စက္႐ုံပိတ္တဲ့အထိ အေရးယူမယ္လို႔ ထုတ္ျပန္ထားတာပါ။

ဒီေန႔အထိ စစ္ေဆးမႈ မခံယူရေသးခင္ လည္ပတ္ေနတဲ့ စက္႐ုံေတြရွိေနေသးတဲ့အတြက္ စိစစ္အေရးယူေပးဖို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (CTUM) ဥကၠ႒ ဦးေမာင္ေမာင္က ေတာင္းဆိုပါတယ္။

"မပိတ္ေသးဘူးဆိုတဲ့ ႐ုံေတြကို မေန႔ကပဲ ၿမိဳ႕နယ္ဦးစီးမႉးကို သြားအေၾကာင္းၾကားတယ္၊ ပိတ္ေပးပါဆိုတာကို အခုထက္ထိ မပိတ္ေသးပါဘူး၊ သူတို႔ဟာ ၫႊန္ၾကားခ်က္ေတြကို မလိုက္နာၾကဘူး၊ ၫႊန္ၾကားေရးမႉး ဦးၫြန႔္ဝင္းလည္းေျပာထားတယ္၊ မစစ္ေဆးရေသးရင္ မဖြင့္ပါနဲ႔လို႔ေျပာထားတယ္၊ ကြၽန္ေတာ္တို႔လည္း သေဘာတူပါတယ္၊ အလုပ္သမားေတြဘက္ကလည္း ပိတ္ေစခ်င္တယ္၊ ပိတ္ၿပီးရင္ စစ္ေဆးေပးေစခ်င္တယ္၊ စစ္ေဆးေပးၿပီးရင္ အလုပ္ျပန္လည္လို႔ရတယ္ခင္ဗ်၊ အဲတာေၾကာင့္မလို႔ ပိတ္ေပးပါလို႔ ကြၽန္ေတာ္တို႔က ေတာင္းဆိုေနတာပါ၊ ဒါကို သက္ဆိုင္ရာအလုပ္သမားဦးစီးဌာနက လုပ္ေပးပါလို႔ ေျပာခ်င္ပါတယ္။"

စစ္ေဆးၿပီးရင္လည္း စက္႐ုံက ဆက္လက္ လည္ပတ္မယ္ဆိုတဲ့အေၾကာင္း အလုပ္သမားေတြ သိေအာင္ ထုတ္ျပန္ေပးဖို႔နဲ႔ စစ္ေဆးၿပီးသား စက္႐ုံေတြ က်န္းမာေရးဝန္ႀကီးဌာန ၫႊန္ၾကားခ်က္နဲ႔အညီ အျမန္ဆုံး ျပန္လည္ဖြင့္ဖို႔လည္း လိုတယ္လို႔ ဦးေမာင္ေမာင္က ဆိုပါတယ္။

လက္ရွိ အလုပ္ျပဳတ္သြားသူနဲ႔ အလုပ္ရပ္နားသူေတြ စာရင္းကိုလည္း ေကာက္ယူေနၿပီး ဥေရာသမဂၢ(EU)နဲ႔ တိုင္ပင္ၿပီး ကူညီေပးႏိုင္ေရး ျပင္ဆင္ေနတယ္လို႔ ဦးေမာင္ေမာင္က ေျပာပါတယ္။

"အလုပ္ျပဳတ္တဲ့ သူေတြကို အြန္လိုင္းကေန စာရင္းေတြ စုေနပါတယ္၊ ဘယ္ေလာက္ျပဳတ္သြားလဲ၊ အားလုံး အၿပီးအလုပ္ျဖဳတ္လိုက္တာလား၊ ယာယီရပ္ဆိုင္းတာလား၊ အဲတာေတြကို ကြၽန္ေတာ္တို႔က ေမလကုန္မွာ စၿပီးေတာ့ EU နဲ႔ ဘယ္လို အတိုင္းအတာတစ္ခုအထိ ပံ့ပိုးမလဲဆိုတာကို ကြၽန္ေတာ္တို႔ ျပင္ေနပါပီ။"

နယ္ၿမိဳ႕အသီးသီးကျပန္လာတဲ့ အလုပ္သမားေတြကို ၿမိဳ႕နယ္တခ်ိဳ႕မွာ  အဝင္မခံတဲ့ ျဖစ္ရပ္ေတြရွိေနၿပီး အလုပ္သမားေတြ အေဆာင္တန္းလ်ားေတြမွာ ပူးကပ္ေနထိုင္ၾကရတဲ့အတြက္ က်န္းမာေရး အသိပညာေပး ႐ုံတင္မကဘဲ ေနထိုင္ေရး အဆင္ေျပေအာင္ လုပ္ေဆာင္ေပးဖို႔ လိုတယ္လို႔လည္း ဦးေမာင္ေမာင္က ဆက္ေျပာပါတယ္။

ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း အေထြေထြအတြင္းေရးမႉး ေဒၚခိုင္ခိုင္ႏြယ္ကေတာ့ စက္႐ုံအလုပ္႐ုံေတြအတြက္ အစိုးရအမိန႔္ထုတ္ျပန္တာ ေနာက္က်သလို ထုတ္ျပန္ခ်က္ပါ ေရးသားခ်က္ ေတြကိုလည္း အမ်ားနားမလည္ႏိုင္ဘူးလို႔ ေျပာပါတယ္။


"မနက္ျဖန္လို ဖြင့္ေတာ့မယ့္အခ်ိန္မွာ ဒီလိုည ၈ နာရီလို ေၾကညာလိုက္တဲ့အခါၾကေတာ့ ကြၽန္မတို႔ လုပ္ငန္း လုပ္ရတဲ့အအခါမွာ ျပင္ဆင္ခ်ိန္ အလြန္နည္းသြားတဲ့အတြက္ ေျပာရဆိုရ အေၾကာင္းၾကားရတာေတြ ကေသာင္းကနင္းနဲ႔ အေတာ္ေလး ျဖစ္သြားပါတယ္ရွင့္ ေျမျပင္မွာပါ၊ ၿပီးေတာ့ မလိုလားအပ္တဲ့ ေနာက္ဆက္တြဲ ျပႆနာေတြ အမ်ားႀကီးလည္း ကြၽန္မတို႔ႀကဳံရပါတယ္ရွင့္၊ ဒါလည္း အမၾကားၿပီးသားေနမွာပါရွင့္၊ တစ္ခ်ိဳ႕ေသာ ထုတ္ျပန္ခ်က္ေတြမွာလည္းပဲ စကားအသုံးအႏႈန္းေပါ့ေနာ္၊ ကြၽန္မတို႔သိပ္ၿပီးေတာ့ ရင္းႏွီးကြၽမ္းဝင္မႈ မရွိတဲ့ အသုံးအႏႈန္းစကားေတြကလည္း ကြၽန္မတို႔ကို ေဝဝါးသြားေစပါတယ္ရွင့္။"

အလုပ္ရွင္နဲ႔ အလုပ္သမားမေျပလည္လို႔ ဆႏၵျပေနတာေတြကိုလည္း ႏွစ္ဘက္စလုံး ဥပေဒအတိုင္း လိုက္နာေစခ်င္တယ္လို႔ ေဒၚခိုင္ခိုင္ႏြယ္က ဆိုပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က ထုတ္ျပန္ခ်က္ေတြကို အေျခအေနအရ ျမန္ျမန္ထုတ္လိုက္ရတာျဖစ္လို႔ ရွင္းလင္းေအာင္ ျပန္လည္ ေဆာင္႐ြက္ေပးမယ္လို႔ ေျပာပါတယ္။

"ပထမဦးဆုံးဟာက ၫႊန္ၾကားခ်က္ေတြထုတ္တာ သိပ္ၿပီးေတာ့ ကပ္သြားတယ္ဆိုတာကို ကြၽန္မ လက္ခံပါတယ္၊ ေတာင္းပန္ပါတယ္၊ အေျခအေနအရေပါ့ေနာ္ ျမန္ျမန္ထုတ္ဖို႔ လိုတယ္ဆိုၿပီးေတာ့ ထုတ္လိုက္တာ တကယ္ေတာ့လည္း ေစာေစာစီးစီးကတည္း စဥ္းစားၿပီးေတာ့ ထုတ္သင့္တယ္ဆိုတာကိုလည္း သေဘာေပါက္ပါတယ္၊ အဲတာေၾကာင့္မလို႔ ေဒၚခိုင္ခိုင္ႏြယ္ေျပာတာ မွန္ပါတယ္၊ ေနာက္ဆိုရင္ အခ်ိန္မီ ျဖစ္ေအာင္လို႔ ႀကိဳတင္ၿပီးေတာ့ထုတ္ဖို႔ကို စီစဥ္ပါ့မယ္၊ ေနာက္တစ္ခုကေတာ့ ၫႊန္ၾကားခ်က္ေတြ မရွင္းတဲ့ကိစၥ၊ မရွင္းတဲ့ကိစၥကေတာ့ အခုျပန္ၿပီးေတာ့ ရွင္းေအာင္လုပ္လို႔ရပါတယ္၊ အခုၫႊန္ၾကားခ်က္ေတြ ျပန္ၾကည့္ၿပီးေတာ့ ၫႊန္ၾကားခ်က္ေတြထဲမွာ ဘယ္အခ်က္ေတြဟာ မရွင္းမရွင္းျဖစ္ေနလဲ၊ ပိုၿပီးေတာ့ရွင္းေအာင္လို႔ ဘယ္လို လုပ္ရမလဲ၊ ေနာက္ၿပီးေတာ့ ပိုၿပီးေတာ့တိက်ေအာင္ ဘယ္လိုလုပ္ရမလဲ၊ ဥပေဒေနာက္က နည္းဥပေဒ လိုက္သလိုေပါ့၊ အဲလိုျဖစ္ေအာင္လို႔လုပ္ပါမယ္၊ ဒါကေတာ့ အျမန္ဆုံးလုပ္လို႔လည္း ရပါတယ္။"

အစိုးရကေတာ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္ေတြအတိုင္း စီစဥ္ထားတဲ့စက္႐ုံေတြကို ၂၀ ရက္ေန႔ ကတည္းက စတင္စစ္ေဆးေနတာျဖစ္ၿပီး ရန္ကုန္တိုင္းက စက္႐ုံေတြအပါအဝင္ စက္႐ုံ ၁၀၀ နီးပါး စစ္ေဆးၿပီးျဖစ္ပါတယ္။

ပထမဦးစားေပးအေနနဲ႔ ေဆးဝါးထုတ္တဲ့ စက္႐ုံေတြနဲ႔ စားေသာက္ကုန္ထုတ္တဲ့ စက္႐ုံေတြကို စစ္ေဆးၿပီး ဖြင့္ခြင့္ျပဳမွာျဖစ္ပါတယ္။

ရန္ကုန္တိုင္းထဲမွာ စက္႐ုံအလုပ္႐ုံေပါင္း ၆၆၀၀ ေက်ာ္ ရွိၿပီး အလုပ္သမား ၆၈၀ ၀၀၀ ေက်ာ္ရွိတယ္လို႔ တိုင္းအစိုးရရဲ႕စာရင္းအရ သိရပါတယ္။

ေနာက္ထပ္ စက္႐ုံအလုပ္႐ုံ ၄၀၀ နီးပါးကလည္း စစ္ေဆးႏိုင္ၿပီဆိုၿပီး စာရင္းေပးထားတဲ့အတြက္ အျမန္ဆုံး စစ္ေဆးသြားမယ္လို႔ အလုပ္သမားဝန္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးမ်ိဳးေအာင္က ေဆြးေႏြးပြဲမွာ ေျပာခဲ့ပါတယ္။

သန႔္ဇင္ဦး / RFA Burmese
-----------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဆိုင်ရာ ညွှန်ကြားချက် မလိုက်နာသူတို့ကို အရေးယူမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ အခုကာလမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ အလုပ်ရုံ စက်ရုံတွေ အမြန်ဆုံးဖွင့်နိုင်ရေး စစ်ဆေးနေကြောင်းနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို မလိုက်နာတဲ့သူ မည်သူကိုမဆို အရေးယူမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေတဲ့ကာလမှာ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာသူ မည်သူကိုမဆို အရေးယူမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဧပြီလ ၂၂ ရက် ဒီနေ့မနက်ကပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်၊ အလုပ်သမား ကိုယ်စားလှယ်နဲ့ အလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူတို့ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

"ဆန္ဒပြတယ်ဆိုကတည်းက တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေအကွာတို့ မျက်နှာဖုံးတို့ လက်အိတ်တို့ အားလုံးအခြေအနေအရ ရှိသင့်ရှိထိုက်တဲ့ အကာအကွယ်တွေ မရှိဘူးဆိုလို့ရှိရင် ဆန္ဒပြတဲ့သူတွေကို အရင်ထိမှာ၊ ဆန္ဒပြတဲ့သူတွေကိုလည်း မထိစေချင်ဘူး၊ သူတို့ကြောင့်မလို့ အခြားသူတွေကိုလည်း မထိစေချင်ဘူး၊ ဆန္ဒပြတာကလည်း ဥပဒေနဲ့အညီ ဆန္ဒပြပိုင်ခွင့်ရှိတယ် လက်ခံတယ်၊ ဥပဒေနဲ့လည်း မကိုက်ညီပဲနဲ့ အများကိုလည်း အန္တရာယ်ဖြစ်မယ်ဆိုလို့ရှိရင်တော့ ဥပဒေအရ အရေးယူရမှာပဲ၊ ဒါကတော့ ဥပဒေဆိုတာ အားလုံးအတွက် အများအကျိုးအတွက် ဖြစ်တယ်၊ တစ်ဖွဲ့အတွက်မဟုတ်ဘူး၊ တစ်စုအတွက် မဟုတ်ဘူး၊ တစ်ယောက်အတွက် မဟုတ်ဘူး၊ ဒီဟာကိုတော့ ကျွန်မတို့လုပ်သွားပါ့မယ်၊ တရားဥပဒေ စိုးမိုးရေးဆိုတာ ဟိုဘက်ဒီဘက် မျှတအောင်လို့၊ အဲတာနဲ့ ပတ်သက်လို့လည်း ကျွန်မတို့ ဒါညွှန်ကြားချက် ထုတ်ထားပါပြီ၊ ဥပဒေကိုချိုးဖောက်ရင် ဥပဒေအရ အရေးယူရမယ်၊ အဲလို မလုပ်လို့မဖြစ်ဘူး၊ ဒါဟာ ကျွန်မတို့ရဲ့ အလုပ်သမားတွေအတွက် လုံခြုံရေးအတွက်လည်းဖြစ်တယ်၊ အလုပ်ရှင်တွေအတွက် လုံခြုံရေးအတွက်လည်းဖြစ်တယ်၊ ကျွန်မတို့ပတ်ဝန်းကျင်အတွက် လုံခြုံရေးအတွက်လည်းဖြစ်တယ်။"

အစိုးရအနေနဲ့ စက်ရုံအလုပ်ရုံတွေကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး သေချာ လုပ်ဆောင် ထားသလားဆိုတာ ဧပြီလကုန်မှာ  စစ်ဆေးပြီးမှ ဖွင့်ခွင့်ပြုမယ်လို့ အမိန့်ထုတ်ထားသလို ရန်ကုန်တိုင်းအစိုးရကလည်း ဆန္ဒပြတဲ့ စက်ရုံတွေကို စက်ရုံပိတ်တဲ့အထိ အရေးယူမယ်လို့ ထုတ်ပြန်ထားတာပါ။

ဒီနေ့အထိ စစ်ဆေးမှု မခံယူရသေးခင် လည်ပတ်နေတဲ့ စက်ရုံတွေရှိနေသေးတဲ့အတွက် စိစစ်အရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က တောင်းဆိုပါတယ်။

"မပိတ်သေးဘူးဆိုတဲ့ ရုံတွေကို မနေ့ကပဲ မြို့နယ်ဦးစီးမှူးကို သွားအကြောင်းကြားတယ်၊ ပိတ်ပေးပါဆိုတာကို အခုထက်ထိ မပိတ်သေးပါဘူး၊ သူတို့ဟာ ညွှန်ကြားချက်တွေကို မလိုက်နာကြဘူး၊ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းလည်းပြောထားတယ်၊ မစစ်ဆေးရသေးရင် မဖွင့်ပါနဲ့လို့ပြောထားတယ်၊ ကျွန်တော်တို့လည်း သဘောတူပါတယ်၊ အလုပ်သမားတွေဘက်ကလည်း ပိတ်စေချင်တယ်၊ ပိတ်ပြီးရင် စစ်ဆေးပေးစေချင်တယ်၊ စစ်ဆေးပေးပြီးရင် အလုပ်ပြန်လည်လို့ရတယ်ခင်ဗျ၊ အဲတာကြောင့်မလို့ ပိတ်ပေးပါလို့ ကျွန်တော်တို့က တောင်းဆိုနေတာပါ၊ ဒါကို သက်ဆိုင်ရာအလုပ်သမားဦးစီးဌာနက လုပ်ပေးပါလို့ ပြောချင်ပါတယ်။"

စစ်ဆေးပြီးရင်လည်း စက်ရုံက ဆက်လက် လည်ပတ်မယ်ဆိုတဲ့အကြောင်း အလုပ်သမားတွေ သိအောင် ထုတ်ပြန်ပေးဖို့နဲ့ စစ်ဆေးပြီးသား စက်ရုံတွေ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်နဲ့အညီ အမြန်ဆုံး ပြန်လည်ဖွင့်ဖို့လည်း လိုတယ်လို့ ဦးမောင်မောင်က ဆိုပါတယ်။

လက်ရှိ အလုပ်ပြုတ်သွားသူနဲ့ အလုပ်ရပ်နားသူတွေ စာရင်းကိုလည်း ကောက်ယူနေပြီး ဥရောသမဂ္ဂ(EU)နဲ့ တိုင်ပင်ပြီး ကူညီပေးနိုင်ရေး ပြင်ဆင်နေတယ်လို့ ဦးမောင်မောင်က ပြောပါတယ်။

"အလုပ်ပြုတ်တဲ့ သူတွေကို အွန်လိုင်းကနေ စာရင်းတွေ စုနေပါတယ်၊ ဘယ်လောက်ပြုတ်သွားလဲ၊ အားလုံး အပြီးအလုပ်ဖြုတ်လိုက်တာလား၊ ယာယီရပ်ဆိုင်းတာလား၊ အဲတာတွေကို ကျွန်တော်တို့က မေလကုန်မှာ စပြီးတော့ EU နဲ့ ဘယ်လို အတိုင်းအတာတစ်ခုအထိ ပံ့ပိုးမလဲဆိုတာကို ကျွန်တော်တို့ ပြင်နေပါပီ။"

နယ်မြို့အသီးသီးကပြန်လာတဲ့ အလုပ်သမားတွေကို မြို့နယ်တချို့မှာ  အဝင်မခံတဲ့ ဖြစ်ရပ်တွေရှိနေပြီး အလုပ်သမားတွေ အဆောင်တန်းလျားတွေမှာ ပူးကပ်နေထိုင်ကြရတဲ့အတွက် ကျန်းမာရေး အသိပညာပေး ရုံတင်မကဘဲ နေထိုင်ရေး အဆင်ပြေအောင် လုပ်ဆောင်ပေးဖို့ လိုတယ်လို့လည်း ဦးမောင်မောင်က ဆက်ပြောပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကတော့ စက်ရုံအလုပ်ရုံတွေအတွက် အစိုးရအမိန့်ထုတ်ပြန်တာ နောက်ကျသလို ထုတ်ပြန်ချက်ပါ ရေးသားချက် တွေကိုလည်း အများနားမလည်နိုင်ဘူးလို့ ပြောပါတယ်။


"မနက်ဖြန်လို ဖွင့်တော့မယ့်အချိန်မှာ ဒီလိုည ၈ နာရီလို ကြေညာလိုက်တဲ့အခါကြတော့ ကျွန်မတို့ လုပ်ငန်း လုပ်ရတဲ့အအခါမှာ ပြင်ဆင်ချိန် အလွန်နည်းသွားတဲ့အတွက် ပြောရဆိုရ အကြောင်းကြားရတာတွေ ကသောင်းကနင်းနဲ့ အတော်လေး ဖြစ်သွားပါတယ်ရှင့် မြေပြင်မှာပါ၊ ပြီးတော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ အများကြီးလည်း ကျွန်မတို့ကြုံရပါတယ်ရှင့်၊ ဒါလည်း အမကြားပြီးသားနေမှာပါရှင့်၊ တစ်ချို့သော ထုတ်ပြန်ချက်တွေမှာလည်းပဲ စကားအသုံးအနှုန်းပေါ့နော်၊ ကျွန်မတို့သိပ်ပြီးတော့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ အသုံးအနှုန်းစကားတွေကလည်း ကျွန်မတို့ကို ဝေဝါးသွားစေပါတယ်ရှင့်။"

အလုပ်ရှင်နဲ့ အလုပ်သမားမပြေလည်လို့ ဆန္ဒပြနေတာတွေကိုလည်း နှစ်ဘက်စလုံး ဥပဒေအတိုင်း လိုက်နာစေချင်တယ်လို့ ဒေါ်ခိုင်ခိုင်နွယ်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ချက်တွေကို အခြေအနေအရ မြန်မြန်ထုတ်လိုက်ရတာဖြစ်လို့ ရှင်းလင်းအောင် ပြန်လည် ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

"ပထမဦးဆုံးဟာက ညွှန်ကြားချက်တွေထုတ်တာ သိပ်ပြီးတော့ ကပ်သွားတယ်ဆိုတာကို ကျွန်မ လက်ခံပါတယ်၊ တောင်းပန်ပါတယ်၊ အခြေအနေအရပေါ့နော် မြန်မြန်ထုတ်ဖို့ လိုတယ်ဆိုပြီးတော့ ထုတ်လိုက်တာ တကယ်တော့လည်း စောစောစီးစီးကတည်း စဉ်းစားပြီးတော့ ထုတ်သင့်တယ်ဆိုတာကိုလည်း သဘောပေါက်ပါတယ်၊ အဲတာကြောင့်မလို့ ဒေါ်ခိုင်ခိုင်နွယ်ပြောတာ မှန်ပါတယ်၊ နောက်ဆိုရင် အချိန်မီ ဖြစ်အောင်လို့ ကြိုတင်ပြီးတော့ထုတ်ဖို့ကို စီစဉ်ပါ့မယ်၊ နောက်တစ်ခုကတော့ ညွှန်ကြားချက်တွေ မရှင်းတဲ့ကိစ္စ၊ မရှင်းတဲ့ကိစ္စကတော့ အခုပြန်ပြီးတော့ ရှင်းအောင်လုပ်လို့ရပါတယ်၊ အခုညွှန်ကြားချက်တွေ ပြန်ကြည့်ပြီးတော့ ညွှန်ကြားချက်တွေထဲမှာ ဘယ်အချက်တွေဟာ မရှင်းမရှင်းဖြစ်နေလဲ၊ ပိုပြီးတော့ရှင်းအောင်လို့ ဘယ်လို လုပ်ရမလဲ၊ နောက်ပြီးတော့ ပိုပြီးတော့တိကျအောင် ဘယ်လိုလုပ်ရမလဲ၊ ဥပဒေနောက်က နည်းဥပဒေ လိုက်သလိုပေါ့၊ အဲလိုဖြစ်အောင်လို့လုပ်ပါမယ်၊ ဒါကတော့ အမြန်ဆုံးလုပ်လို့လည်း ရပါတယ်။"

အစိုးရကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း စီစဉ်ထားတဲ့စက်ရုံတွေကို ၂၀ ရက်နေ့ ကတည်းက စတင်စစ်ဆေးနေတာဖြစ်ပြီး ရန်ကုန်တိုင်းက စက်ရုံတွေအပါအဝင် စက်ရုံ ၁၀၀ နီးပါး စစ်ဆေးပြီးဖြစ်ပါတယ်။

ပထမဦးစားပေးအနေနဲ့ ဆေးဝါးထုတ်တဲ့ စက်ရုံတွေနဲ့ စားသောက်ကုန်ထုတ်တဲ့ စက်ရုံတွေကို စစ်ဆေးပြီး ဖွင့်ခွင့်ပြုမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲမှာ စက်ရုံအလုပ်ရုံပေါင်း ၆၆၀၀ ကျော် ရှိပြီး အလုပ်သမား ၆၈၀ ၀၀၀ ကျော်ရှိတယ်လို့ တိုင်းအစိုးရရဲ့စာရင်းအရ သိရပါတယ်။

နောက်ထပ် စက်ရုံအလုပ်ရုံ ၄၀၀ နီးပါးကလည်း စစ်ဆေးနိုင်ပြီဆိုပြီး စာရင်းပေးထားတဲ့အတွက် အမြန်ဆုံး စစ်ဆေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

သန့်ဇင်ဦး / RFA Burmese
https://www.rfa.org/burmese/news/dassk-will-take-action-unfollow-instructions-factories-04222020061149.html
ကို႐ိုနာဆိုင္ရာ ၫႊန္ၾကားခ်က္ မလိုက္နာသူတို႔ကို အေရးယူမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ ကို႐ိုနာဆိုင္ရာ ၫႊန္ၾကားခ်က္ မလိုက္နာသူတို႔ကို အေရးယူမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.