ျမန္မာ COVID-19 စစ္ေဆးမႈ ၅ ဆတိုး လုပ္ႏုိင္ေတာ့မယ္


(Zawgyi/Unicode)

ျမန္မာတႏုိင္ငံလံုးမွာ ရွိတဲ့ ကုိဗစ္သံသယလူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကုိ စစ္ေဆးေပးေနတဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာနမွာ အရင္ကစစ္ေဆးတဲ့ႏႈန္းထက္ ၅ ဆပိုၿပီးေဆာင္ရြက္ေပးႏုိင္ေတာ့မယ့့္အေၾကာင္းကို တင္ဆက္ေပးပါမယ္။

သံသယလူနာေတြမွာ ကိုရိုနာဗုိင္းရပ္စ္ပုိး ရွိ၊ မရွိဆိုတာကို စစ္ေဆးေပးေနတဲ့ ရန္ကုန္က အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆုိင္ရာဌာန (NHL) မွာ တေန႔ကို ဓာတ္ခြဲနမူနာေပါင္း ၃၀၀ ကေန ၄၀၀ ၾကား စစ္ေပးေနတယ္လို႔ သိရပါတယ္။ လူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကုိ PCR နည္းပညာနဲ႔ အဆင့္ဆင့္ဓာတ္ခြဲစမ္းသပ္ၿပီး စစ္ေဆးေနတာပါ။

အခုခ်ိန္မွာ ဓာတ္ခြဲနမူနာေတြကုိ NHL တခုတည္းမွာပဲ စစ္ေဆးေပးေနေပမယ့္ ေနာက္ထပ္ေနရာသံုးေနရာမွာ စစ္ေဆးနိုင္ဖုိ႔ကုိလည္း ေဆာင္ရြက္ထားရွိၿပီး ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ညႊန္ၾကားေရးမွဴး ေဒါက္တာသန္းႏုိင္စုိးက ေျပာပါတယ္။

အဲ့ဒါအျပင္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကုိ လွဴဒါန္းထားတဲ့ ကိုဗစ္ေရာဂါရွိ၊ မရွိစစ္ေဆးေပးႏုိင္မယ့္ စက္ပစၥည္းေတြကို NHL မွာ ဒီကေန႔ စတင္တပ္ဆင္ေနၿပီလို႔ သိရပါတယ္။ အဲဒီစက္ပစၥည္းေတြကုိ အင္ဂ်င္နီယာ ၁၅ ေယာက္နဲ႔ ၅ ရက္အတြင္းအၿပီး တပ္ဆင္မွာျဖစ္ၿပီး ေရာဂါရွိ၊ မရွိ စစ္ေဆးေပးမယ့္ ႏႈန္း ၅ ဆေလာက္ ထပ္တုိးေဆာင္ရြက္ႏုိင္ေတာ့မယ္လို႔ ေဒါက္တာသန္းႏုိင္စုိးက ဗီြအုိေအကို ေျပာပါတယ္။

“အဲေတာ့ ၅ ရက္အၿပီး ဆင္ၿပီးတဲ့အခါက်ရင္ ၆ ရက္ေန႔ မနက္မွာေတာ့ Test Run ေပးရမယ္ေပါ့ေနာ္။ ၆ ရက္ေန႔မွာစၿပီးေတာ့ အကုန္လံုး ကိုင္မလား၊ ၇ ရက္ေန႔မွာစၿပီးေတာ့ ကိုင္မလား၊ အဲဒါကေတာ့ စက္ၿပီးရဲ႕ Test Run ေပၚ မူတည္တာေပါ့ေနာ္။ အဲဒါၿပီးရင္ေတာ့ သူက ၈ နာရီတဆုိင္းကုိ ၃၈၀ စစ္ႏုိင္တယ္ေပါ့ေနာ္။ ၂၄ နာရီအျပည့္ဆုိရင္ ၁၁၄၀ ေလာက္စစ္ႏုိင္တယ္ေပါ့ေနာ္။ လက္ရွိစစ္ႏုိင္တဲ့ ၃၀၀ ေလာက္နဲ႔ျပန္ေပါင္းလိုက္ရင္ သူက ၁,၅၀၀ ေလာက္ျဖစ္သြားမယ္ေပါ့ေနာ္။ အဲေတာ့ စက္ Capacity အျပည့္ Run ရင္ ၅ ဆေလာက္တက္လာမယ္ေပါ့ေနာ္။”

ရန္ကုန္ၿမိဳ႕မွာရွိတဲ့ NHL မွာ အဓိကထားစစ္ေဆးေပးေနရာကေန မႏၱေလးက ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာနဲ႔ ေဆးသုေတသနဦးစီးဌာန (အထက္ျမန္မာျပည္) အပါအဝင္ မြန္ျပည္နယ္က တီဘီေရာဂါ တုိက္ဖ်က္ေရးဌာနတို႔မွာပါ ဓာတ္ခြဲနမူနာေတြစစ္ေပးႏုိင္ေတာ့မွာျဖစ္ၿပီး ေနာက္ထပ္တိုးၿပီးစစ္ေပးႏုိင္ဖို႔ကိုလည္း စီစဥ္ေနတယ္လုိ႔ ဆက္ေျပာပါတယ္။

သံသယလူနာအျဖစ္သတ္မွတ္ၿပီး သူတို႔ရဲ႕ဓာတ္ခြဲနမူနာအားလံုးကို စစ္ေပးေနၿပီး အသြားအလာကန္႔သတ္ၿပီး သီးျခားေနထုိင္ေနတဲ့သူေတြကိုပါ ထပ္တုိးစစ္ေပးႏုိင္ဖုိ႔အတြက္ အစီအစဥ္ရွိတယ္လို႔ ေဒါက္တာသန္းႏိုင္စုိးက အခုလိုရွင္းျပထားပါတယ္။

“က်ေနာ္တို႔က လူနာလို႔ သတ္မွတ္ရင္ေတာ့ Fever ရွိမယ္၊ Travelling History ရွိမယ္။ အဲဒီခါက်ရင္သူကေတာ့ PUI ေပါ့ေနာ္၊ ေစာင့္ၾကည့္လူနာ စာရင္းဝင္သြားၿပီ။ အဲလူေတြအကုန္လံုးကိုစစ္ႏုိင္တယ္ က်ေနာ္တို႔က နံပါတ္တစ္အေနနဲ႔။ နံပါတ္ႏွစ္အခ်က္က ဒီ Contact Tracing လိုက္တဲ့အခါမွာ 1st Contact ေပါ့ေနာ္ အဲဒါေတြ အားလံုးလည္းစစ္ႏုိင္တယ္။ Secondary Contact ထဲကေနၿပီးေတာ့ နည္းနည္းသံသယရွိတဲ့သူေတြကုိလည္း စစ္ေနတယ္ေပ့ါေနာ္။ အဲဒါ Plus ကိုမွ Quarantine ထဲက 5 to 10 percent of quarantine ေပါ့ေနာ္၊ အဲဒါလည္း က်ေနာ္တို႔စစ္ႏုိင္တယ္ေပါ့ေနာ္ လက္ရွိအေနအထားအရ။ Quarantine ထဲကေတာ့ တုိးစစ္ဖို႔ရွိတာေပါ့ေနာ္၊ ေနာက္ပိုင္းမွာ တက္လာရင္ တက္လာသလို။ လတ္တေလာ အေျခအေနအရေတာ့ စစ္ရမယ့္သူ အားလံုးကိုေတာ့ ေန႔စဥ္ စစ္ေပးႏုိင္တယ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ မနက္ ၁၀နာရီသတင္းထုတ္ျပန္ၿပီးခ်ိန္အထိဆို ဓာတ္ခြဲအတည္ျပဳလူနာ ၁၂၁ ဦးအထိ ရွိထားၿပီး အဲဒီထဲက ၅ ဦးေသဆံုးခဲ့ၿပီး ေရာဂါသက္သာလို႔ ေဆးရံုဆင္းခြင့္ရသူကလည္း ၉ ဦးအထိ ရွိထားပါတယ္။ ကိုဗစ္လူနာေတြမွာ ေရာဂါေပ်ာက္ကင္းတဲ့အထိ ပညာရွင္ေတြပူးေပါင္းေဆာင္ရြက္ၿပီး ကုသေပးေနတယ္လို႔ ေဒါက္တာသန္းႏိုင္စုိးကေျပာပါတယ္။

“ဒီဟာကေတာ့ Clinical Management Committee ဆိုတာေလ က်ေနာ္တို႔ဆီမွာ ပါေမာကၡ၊ ေဆးပညာရွင္ႀကီးေတြ၊ သမားေတာ္ႀကီးေတြ သူတို႔ပါဝင္တဲ့အဖြဲ႕ကေနၿပီးေတာ့ လူနာတဦးခ်င္းစီနဲ႔ သူတို႔ေဆြးေႏြးတုိင္ပင္တယ္။ လိုအပ္ရင္ Video Conference ေခၚတယ္။ အဲလိုမ်ိဳးညိွႏႈိင္းၿပီးေတာ့ ေဆာင္ရြက္လို႔ေအာင္ျမင္တာပါပဲ။”

COVID-19 ေရာဂါျပန္႔ပြားမႈကို တုိက္ဖ်က္ရာမွာ အေထာက္အကူျပဳဖို႔အတြက္ ျမန္မာႏုိင္ငံကုိ အခုလ ၈ရက္တုန္းကေရာက္ရွိခဲ့တဲ့ တရုတ္ေဆးပညာရွင္အဖြဲ႕ဟာ ျပည္တြင္းကပညာရွင္ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ခဲ့ၿပီး သူတုိ႔ရဲ႕အေတြ႕အၾကံဳေတြအရ အၾကံေပးမႈေတြလည္း ျပဳခဲ့တယ္လို႔ ေျပာပါတယ္။ ျပည္သူ႔က်န္းမာေရးကၽြမ္းက်င္ပညာရွင္ ၉ ဦး၊ တရုတ္တုိင္းရင္းေဆးပညာရွင္ ၁ ဦးနဲ႔ ဓာတ္ခြဲပညာရွင္ ၂ ဦးပါဝင္တဲ့ အဲဒီအဖြဲ႕ဟာ ရန္ကုန္ၿမိဳ႕မွာ ၁၄ရက္တာေနထုိင္ခဲ့တာပါ။

ဒီကေန႔စာရင္းေတြအရ ကမာၻ႕ႏုိင္ငံနဲ႔ နယ္ေျမေပါင္း ၂၁၀ မွာ လူေပါင္း ၂၅ သိန္းေက်ာ္ကို ကူးစက္ခဲ့တာပါ။ ဒီေရာဂါေၾကာင့္ ေသဆံုးသူ ၁၇၈,၀၀၀ ေက်ာ္ရွိခဲ့ၿပီး ေရာဂါသက္သာလာသူ အေရအတြက္ဟာလည္း ၇၀၀,၀၀၀ ေက်ာ္အထိ ရွိထားၿပီျဖစ္ပါတယ္။

စုစု   / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------
[Unicode Version]

မြန်မာ COVID-19 စစ်ဆေးမှု ၅ ဆတိုး လုပ်နိုင်တော့မယ်

မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ ကိုဗစ်သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးပေးနေတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာ အရင်ကစစ်ဆေးတဲ့နှုန်းထက် ၅ ဆပိုပြီးဆောင်ရွက်ပေးနိုင်တော့မယ့်အကြောင်းကို တင်ဆက်ပေးပါမယ်။

သံသယလူနာတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိဆိုတာကို စစ်ဆေးပေးနေတဲ့ ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှာ တနေ့ကို ဓာတ်ခွဲနမူနာပေါင်း ၃၀၀ ကနေ ၄၀၀ ကြား စစ်ပေးနေတယ်လို့ သိရပါတယ်။ လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို PCR နည်းပညာနဲ့ အဆင့်ဆင့်ဓာတ်ခွဲစမ်းသပ်ပြီး စစ်ဆေးနေတာပါ။

အခုချိန်မှာ ဓာတ်ခွဲနမူနာတွေကို NHL တခုတည်းမှာပဲ စစ်ဆေးပေးနေပေမယ့် နောက်ထပ်နေရာသုံးနေရာမှာ စစ်ဆေးနိုင်ဖို့ကိုလည်း ဆောင်ရွက်ထားရှိပြီး ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

အဲ့ဒါအပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို လှူဒါန်းထားတဲ့ ကိုဗစ်ရောဂါရှိ၊ မရှိစစ်ဆေးပေးနိုင်မယ့် စက်ပစ္စည်းတွေကို NHL မှာ ဒီကနေ့ စတင်တပ်ဆင်နေပြီလို့ သိရပါတယ်။ အဲဒီစက်ပစ္စည်းတွေကို အင်ဂျင်နီယာ ၁၅ ယောက်နဲ့ ၅ ရက်အတွင်းအပြီး တပ်ဆင်မှာဖြစ်ပြီး ရောဂါရှိ၊ မရှိ စစ်ဆေးပေးမယ့် နှုန်း ၅ ဆလောက် ထပ်တိုးဆောင်ရွက်နိုင်တော့မယ်လို့ ဒေါက်တာသန်းနိုင်စိုးက ဗွီအိုအေကို ပြောပါတယ်။

“အဲတော့ ၅ ရက်အပြီး ဆင်ပြီးတဲ့အခါကျရင် ၆ ရက်နေ့ မနက်မှာတော့ Test Run ပေးရမယ်ပေါ့နော်။ ၆ ရက်နေ့မှာစပြီးတော့ အကုန်လုံး ကိုင်မလား၊ ၇ ရက်နေ့မှာစပြီးတော့ ကိုင်မလား၊ အဲဒါကတော့ စက်ပြီးရဲ့ Test Run ပေါ် မူတည်တာပေါ့နော်။ အဲဒါပြီးရင်တော့ သူက ၈ နာရီတဆိုင်းကို ၃၈၀ စစ်နိုင်တယ်ပေါ့နော်။ ၂၄ နာရီအပြည့်ဆိုရင် ၁၁၄၀ လောက်စစ်နိုင်တယ်ပေါ့နော်။ လက်ရှိစစ်နိုင်တဲ့ ၃၀၀ လောက်နဲ့ပြန်ပေါင်းလိုက်ရင် သူက ၁,၅၀၀ လောက်ဖြစ်သွားမယ်ပေါ့နော်။ အဲတော့ စက် Capacity အပြည့် Run ရင် ၅ ဆလောက်တက်လာမယ်ပေါ့နော်။”

ရန်ကုန်မြို့မှာရှိတဲ့ NHL မှာ အဓိကထားစစ်ဆေးပေးနေရာကနေ မန္တလေးက ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနဲ့ ဆေးသုတေသနဦးစီးဌာန (အထက်မြန်မာပြည်) အပါအဝင် မွန်ပြည်နယ်က တီဘီရောဂါ တိုက်ဖျက်ရေးဌာနတို့မှာပါ ဓာတ်ခွဲနမူနာတွေစစ်ပေးနိုင်တော့မှာဖြစ်ပြီး နောက်ထပ်တိုးပြီးစစ်ပေးနိုင်ဖို့ကိုလည်း စီစဉ်နေတယ်လို့ ဆက်ပြောပါတယ်။

သံသယလူနာအဖြစ်သတ်မှတ်ပြီး သူတို့ရဲ့ဓာတ်ခွဲနမူနာအားလုံးကို စစ်ပေးနေပြီး အသွားအလာကန့်သတ်ပြီး သီးခြားနေထိုင်နေတဲ့သူတွေကိုပါ ထပ်တိုးစစ်ပေးနိုင်ဖို့အတွက် အစီအစဉ်ရှိတယ်လို့ ဒေါက်တာသန်းနိုင်စိုးက အခုလိုရှင်းပြထားပါတယ်။

“ကျနော်တို့က လူနာလို့ သတ်မှတ်ရင်တော့ Fever ရှိမယ်၊ Travelling History ရှိမယ်။ အဲဒီခါကျရင်သူကတော့ PUI ပေါ့နော်၊ စောင့်ကြည့်လူနာ စာရင်းဝင်သွားပြီ။ အဲလူတွေအကုန်လုံးကိုစစ်နိုင်တယ် ကျနော်တို့က နံပါတ်တစ်အနေနဲ့။ နံပါတ်နှစ်အချက်က ဒီ Contact Tracing လိုက်တဲ့အခါမှာ 1st Contact ပေါ့နော် အဲဒါတွေ အားလုံးလည်းစစ်နိုင်တယ်။ Secondary Contact ထဲကနေပြီးတော့ နည်းနည်းသံသယရှိတဲ့သူတွေကိုလည်း စစ်နေတယ်ပေ့ါနော်။ အဲဒါ Plus ကိုမှ Quarantine ထဲက 5 to 10 percent of quarantine ပေါ့နော်၊ အဲဒါလည်း ကျနော်တို့စစ်နိုင်တယ်ပေါ့နော် လက်ရှိအနေအထားအရ။ Quarantine ထဲကတော့ တိုးစစ်ဖို့ရှိတာပေါ့နော်၊ နောက်ပိုင်းမှာ တက်လာရင် တက်လာသလို။ လတ်တလော အခြေအနေအရတော့ စစ်ရမယ့်သူ အားလုံးကိုတော့ နေ့စဉ် စစ်ပေးနိုင်တယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက် ၁၀နာရီသတင်းထုတ်ပြန်ပြီးချိန်အထိဆို ဓာတ်ခွဲအတည်ပြုလူနာ ၁၂၁ ဦးအထိ ရှိထားပြီး အဲဒီထဲက ၅ ဦးသေဆုံးခဲ့ပြီး ရောဂါသက်သာလို့ ဆေးရုံဆင်းခွင့်ရသူကလည်း ၉ ဦးအထိ ရှိထားပါတယ်။ ကိုဗစ်လူနာတွေမှာ ရောဂါပျောက်ကင်းတဲ့အထိ ပညာရှင်တွေပူးပေါင်းဆောင်ရွက်ပြီး ကုသပေးနေတယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

“ဒီဟာကတော့ Clinical Management Committee ဆိုတာလေ ကျနော်တို့ဆီမှာ ပါမောက္ခ၊ ဆေးပညာရှင်ကြီးတွေ၊ သမားတော်ကြီးတွေ သူတို့ပါဝင်တဲ့အဖွဲ့ကနေပြီးတော့ လူနာတဦးချင်းစီနဲ့ သူတို့ဆွေးနွေးတိုင်ပင်တယ်။ လိုအပ်ရင် Video Conference ခေါ်တယ်။ အဲလိုမျိုးညှိနှိုင်းပြီးတော့ ဆောင်ရွက်လို့အောင်မြင်တာပါပဲ။”

COVID-19 ရောဂါပြန့်ပွားမှုကို တိုက်ဖျက်ရာမှာ အထောက်အကူပြုဖို့အတွက် မြန်မာနိုင်ငံကို အခုလ ၈ရက်တုန်းကရောက်ရှိခဲ့တဲ့ တရုတ်ဆေးပညာရှင်အဖွဲ့ဟာ ပြည်တွင်းကပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သူတို့ရဲ့အတွေ့အကြုံတွေအရ အကြံပေးမှုတွေလည်း ပြုခဲ့တယ်လို့ ပြောပါတယ်။ ပြည်သူ့ကျန်းမာရေးကျွမ်းကျင်ပညာရှင် ၉ ဦး၊ တရုတ်တိုင်းရင်းဆေးပညာရှင် ၁ ဦးနဲ့ ဓာတ်ခွဲပညာရှင် ၂ ဦးပါဝင်တဲ့ အဲဒီအဖွဲ့ဟာ ရန်ကုန်မြို့မှာ ၁၄ရက်တာနေထိုင်ခဲ့တာပါ။

ဒီကနေ့စာရင်းတွေအရ ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေပေါင်း ၂၁၀ မှာ လူပေါင်း ၂၅ သိန်းကျော်ကို ကူးစက်ခဲ့တာပါ။ ဒီရောဂါကြောင့် သေဆုံးသူ ၁၇၈,၀၀၀ ကျော်ရှိခဲ့ပြီး ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၇၀၀,၀၀၀ ကျော်အထိ ရှိထားပြီဖြစ်ပါတယ်။

စုစု   / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-test/5385328.html
ျမန္မာ COVID-19 စစ္ေဆးမႈ ၅ ဆတိုး လုပ္ႏုိင္ေတာ့မယ္  ျမန္မာ COVID-19 စစ္ေဆးမႈ ၅ ဆတိုး လုပ္ႏုိင္ေတာ့မယ္ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.