ပလက္ဝၿမိဳ႕ကို ရိကၡာဆက္ပို႔မယ္လို႔ အစိုးရနဲ႔ တပ္မေတာ္ ေျပာ

(Zawgyi)⤵⤵⤵

ၿပီးခဲ့တဲ့ မတ္လဆန္းပိုင္းကစလို႔ ဆန္ရိကၡာျပတ္လပ္ေနတဲ့ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕ေပၚကို မေန႔က ဆန္အိတ္ ၈၀၀ ေက်ာ္ ပထမဆုံး ေရာက္ရွိသြားၿပီး ဒီပမာဏဟာ ၿမိဳ႕ေပၚက လူဦးေရ တစ္ေသာင္း ေက်ာ္အတြက္ တစ္ပတ္စာ ဖူလုံသြားပါတယ္။

ေနာက္ပိုင္းမွာလည္း သုံးလစာေလာက္ ဆန္ဆက္လက္ေထာက္ပံ့ေပးႏိုင္ေရး စီစဥ္သြားမယ္လို႔ တပ္မေတာ္နဲ႔ အစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ ဆမီးၿမိဳ႕ကေန ပလက္ဝၿမိဳ႕ေပၚကို ကုန္းလမ္း၊ ေရလမ္းေတြကေန တစ္ဆင့္ ၄ ရက္ၾကာ ပို႔ခဲ့ရတဲ့ ေထာက္ပံ့ေရးဆန္ေတြ မေန႔က ၿမိဳ႕ေပၚကို ေရာက္ေရာက္ခ်င္းမွာ ဒုကၡသည္စခန္းေတြကို တစ္ပတ္စာ ေဝငွလိုက္ပါတယ္။

တစ္လခြဲေက်ာ္ၾကာေလာက္ ဆန္ရိကၡာျပတ္လပ္ေနတဲ့ ပလက္ဝၿမိဳ႕ေပၚကို ေရာက္သြားတဲ့ ဆန္အိတ္ ၈၃၀ ထဲမွာ ျပည္ေထာင္စုအစိုးရက သၾကၤန္ကာလအတြက္ လက္လုပ္လက္စားေတြကိုေပးတဲ့ ပလက္ဝၿမိဳ႕အတြက္ ခြဲတမ္းက် ဆန္ေတြလည္း ပါဝင္ပါတယ္။

လူတစ္ဦးကို တစ္ရက္ ဆန္ ၂ ဗူးနဲ႔ တြက္ခ်က္ထားလို႔ စစ္ေဘးဒုကၡသည္ ၃၇၀၀ ကိုပဲ ေဝဌမယ္ဆိုရင္ ဒီပမာဏဟာ သုံးပတ္စာရွိၿပီး ၿမိဳ႕ေနလူထုအားလုံးကို ေဝငွမယ္ဆိုရင္ေတာ့ တပတ္စာ ပမာဏသာရွိတာပါ။

စစ္ေဘးဒုကၡသည္ေတြအျပင္ ၿမိဳ႕ေနလူထုအားလုံးကို အခမဲ့ေဝငွေပးဖို႔အတြက္ ေၾကးနန္းနဲ႔ အေၾကာင္းၾကားထား တယ္လို႔ ဝန္ႀကီးဦးစိုးထက္က ေျပာပါတယ္။

“ေလာေလာဆယ္ မေန႔က ေၾကးနန္းနဲ႔ ေျပာလိုက္တာေတာ့ ၿမိဳ႕လူထုကိုလည္းေပး၊ ဝန္ထမ္းေတြကိုလည္းေပး၊ IDP ေတြကိုလည္း တစ္ပတ္စာေပးလိုက္၊ အားလုံးကို ရေအာင္လုပ္လိုက္ အခမဲ့ပဲေဝလိုက္ အဲလိုေတာ့ ေျပာ ထားတယ္။ ဖုန္းမရေတာ့ အေသးစိတ္ေျပာလို႔ မရဘူးျဖစ္ေန။ ေနာက္ထပ္ ဆန္အိတ္ ၁၅၀၀ ေလာက္ကေတာ့ ဒီရက္ပိုင္းမွာ နယ္ေျမလုံၿခဳံေရး အေျခအေနေကာင္းတယ္။ သြားလို႔ရတယ္ဆိုရင္ ဆက္တိုက္ပို႔သြားမွခင္ဗ်”

ဆက္သြယ္ေရး အခက္အခဲေၾကာင့္ ဆန္ေတြကို ခြဲေဝေပးတဲ့ အေသးစိတ္အေျခအေနကိုေတာ့ မသိရေသးဘူးလို႔ ဝန္ႀကီးက ေျပာပါတယ္။ ျပည္ေထာင္စုအစိုးရအဖြဲ႕၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက ပလက္ဝၿမိဳ႕နယ္အတြက္ သုံးလစာ ေထာက္ပံ့ေပးထားတဲ့ ဆန္အိတ္ ၆၀၀၀ ခန႔္ စစ္ေတြၿမိဳ႕မွာ ရွိေနၿပီး၊ အလႉရွင္ေတြ လႉဒါန္းထားတဲ့ ဆန္အိတ္ ၃၃၀၀ ေလာက္ ဆမီးၿမိဳ႕မွာ ရွိေနပါတယ္။

တိုက္ပြဲေတြနဲ႔ နယ္ေျမလုံၿခဳံေရး အေျခအေနအရ ပလက္ဝၿမိဳ႕ေပၚကို ဆန္အိတ္ေတြ လြယ္လင့္တကူ မပို႔ႏိုင္ဘဲ ျဖစ္ေနတာပါ။

လတ္တေလာမွာ ဆမီးနဲ႔ ပလက္ဝၿမိဳ႕ ၾကားမွာ တိုက္ပြဲေတြရွိေနၿပီး ကားလမ္းေၾကာင္း ရွင္းမယ္ဆိုရင္ေတာ့ ဆန္ေတြ ဆက္ပို႔ႏိုင္မွာပါ။

တပ္မေတာ္က လုံၿခဳံေရးေပးလို႔ ပထမဆုံးအႀကိမ္ပို႔တဲ့ ဒီတစ္ေခါက္မွာေတာ့ ကား ၁၁ စီးနဲ႔ ဆန္အိတ္ ၈၅၀ တင္ပို႔ခဲ့ပါတယ္။ ဒါေပမဲ့ ကားတစ္စီးကပ်က္လို႔ ဆန္အိတ္ ၅၀ ဆမီးမွာ က်န္ခဲ့ပါတယ္။

တပ္မေတာ္က လမ္းလုံၿခဳံေရးရယူၿပီး ပို႔ေဆာင္တာျဖစ္ေၾကာင္းနဲ႔ ဆက္လက္ပို႔မယ့္ အစီအစဥ္ေတြရွိတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက RFA ကို ေျပာပါတယ္။

“ဆမီးကေန ပလက္ဝကို ပို႔တာရွိေနတာေပါ့။ ၁၆ ရက္ေန႔မွာ တပ္ကေန လမ္းလုံၿခဳံေရး ေဆာင္႐ြက္တယ္။ ကြၽန္ေတာ္တို႔ကေတာ့ လုံၿခဳံေရးယူေပးတာပဲရွိတယ္။ လက္ခံတာကေတာ့ ပလက္ဝက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး အဖြဲ႕ေတြရယ္၊ ရပ္မိရပ္ဖေတြရယ္၊ ဘာသာေရး အသင္းအဖြဲ႕ေတြက လက္ခံတယ္။ ကြၽန္ေတာ္ သိရသေလာက္ ဆက္ၿပီးလုပ္ဦးမယ့္သေဘာရွိတယ္။ သူကအနည္းဆုံး ခ်င္းျပည္နယ္အစိုးရအဖြဲ႕က သုံးလစာရေအာင္ ဆက္ပို႔လိမ့္မယ္”

ကုလားတန္ျမစ္ကူးတံတားၿပီးသြားၿပီျဖစ္လို႔ ဆမီးၿမိဳ႕ကေန ပလက္ဝၿမိဳ႕ထဲအထိ ကုန္းလမ္းနဲ႔ သြားလို႔ရေပမယ့္ ကုလားတန္ျမစ္ကူးတံတားထိပ္မွာ လုံၿခဳံေရးစိတ္မခ်ရလို႔ ကုန္းလမ္း၊ ေရလမ္းႏွစ္မ်ိဳးသုံးၿပီး ဆန္ေတြကို ပို႔ေဆာင္ရတာလို႔ ဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

ဆန္အိတ္ေတြေရာက္ရွိသြားတာကို ဝမ္းသာရၿပီး ေနာက္ပိုင္းမွာလည္း အခက္အခဲမရွိဘဲ ေဆာင္႐ြက္ႏိုင္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္ က ေျပာပါတယ္။

“ဝမ္းသာပါတယ္။ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ဟာေတာ့ အားလုံးမဟုတ္ေသးဘူးေပါ့။ ေနာက္ဆက္တြဲ လုပ္ရမယ့္ အခ်ိန္မွာလည္း အခက္အခဲမရွိဘဲ အဲေနရာမွာ ေရာက္ႏိုင္ဖို႔ လိုခ်င္တာေပါ့။ ကြၽန္ေတာ္လည္း ေတာင္ကုန္းက ေနပဲ ဖုန္းဆက္ရလို႔ ဘယ္လိုပုံစံေဝသလဲ၊ ဘယ္ေလာက္ရသလဲ။ ဒုကၡသည္သက္သက္ ေဝသလား၊ ၿမိဳ႕ေပၚ မွာရွိတဲ့ လူထုေတြေရာ ရသလားဆိုတာ ကြၽန္ေတာ္က အတိအက် မသိရေသးဘူး”

သူက ဆမီးၿမိဳ႕မွာ ေနထိုင္ေနတာျဖစ္လို႔ ဖုန္းလိုင္းနဲ႔ အင္တာနက္လိုင္း ျပတ္ေတာက္ေနတဲ့ ပလက္ဝၿမိဳ႕ေပၚ အေျခအေနကို အေသးစိတ္ သိခြင့္မရဘူးလို႔ ေျပာပါတယ္။

ပလက္ဝၿမိဳ႕ေပၚမွာ စစ္ေဘးဒုကၡသည္ ၃၇၀၀ ေက်ာ္နဲ႔ ၿမိဳ႕ခံလူထု ၇၀၀၀ ေက်ာ္ ရွိပါတယ္။ မေန႔က ပလက္ဝၿမိဳ႕ေပၚကို ေရာက္သြားတဲ့အထဲမွာ ဆန္အျပင္ ကုလားပဲ၊ ဆီ၊ ဆား စတဲ့ အေျခခံစားေသာက္ကုန္ တခ်ိဳ႕လည္း ပါဝင္တယ္လို႔ သိရပါတယ္။

အခုလို ကို႐ိုနာဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔ေနခ်ိန္မွာ တိုက္ပြဲေတြကို ရပ္ဆိုင္းထားဖို႔ အရပ္ဖက္အဖြဲ႕ေတြ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက တိုက္တြန္းေတာင္းဆိုမႈေတြရွိေနပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/paletwa-refugees-donate-04202020042055.html
------------
(Unicode)⤵⤵⤵

ပလက်ဝမြို့ကို ရိက္ခာဆက်ပို့မယ်လို့ အစိုးရနဲ့ တပ်မတော် ပြော

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကစလို့ ဆန်ရိက္ခာပြတ်လပ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ကို မနေ့က ဆန်အိတ် ၈၀၀ ကျော် ပထမဆုံး ရောက်ရှိသွားပြီး ဒီပမာဏဟာ မြို့ပေါ်က လူဦးရေ တစ်သောင်း ကျော်အတွက် တစ်ပတ်စာ ဖူလုံသွားပါတယ်။

နောက်ပိုင်းမှာလည်း သုံးလစာလောက် ဆန်ဆက်လက်ထောက်ပံ့ပေးနိုင်ရေး စီစဉ်သွားမယ်လို့ တပ်မတော်နဲ့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ကနေ ပလက်ဝမြို့ပေါ်ကို ကုန်းလမ်း၊ ရေလမ်းတွေကနေ တစ်ဆင့် ၄ ရက်ကြာ ပို့ခဲ့ရတဲ့ ထောက်ပံ့ရေးဆန်တွေ မနေ့က မြို့ပေါ်ကို ရောက်ရောက်ချင်းမှာ ဒုက္ခသည်စခန်းတွေကို တစ်ပတ်စာ ဝေငှလိုက်ပါတယ်။

တစ်လခွဲကျော်ကြာလောက် ဆန်ရိက္ခာပြတ်လပ်နေတဲ့ ပလက်ဝမြို့ပေါ်ကို ရောက်သွားတဲ့ ဆန်အိတ် ၈၃၀ ထဲမှာ ပြည်ထောင်စုအစိုးရက သင်္ကြန်ကာလအတွက် လက်လုပ်လက်စားတွေကိုပေးတဲ့ ပလက်ဝမြို့အတွက် ခွဲတမ်းကျ ဆန်တွေလည်း ပါဝင်ပါတယ်။

လူတစ်ဦးကို တစ်ရက် ဆန် ၂ ဗူးနဲ့ တွက်ချက်ထားလို့ စစ်ဘေးဒုက္ခသည် ၃၇၀၀ ကိုပဲ ဝေဌမယ်ဆိုရင် ဒီပမာဏဟာ သုံးပတ်စာရှိပြီး မြို့နေလူထုအားလုံးကို ဝေငှမယ်ဆိုရင်တော့ တပတ်စာ ပမာဏသာရှိတာပါ။

စစ်ဘေးဒုက္ခသည်တွေအပြင် မြို့နေလူထုအားလုံးကို အခမဲ့ဝေငှပေးဖို့အတွက် ကြေးနန်းနဲ့ အကြောင်းကြားထား တယ်လို့ ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

“လောလောဆယ် မနေ့က ကြေးနန်းနဲ့ ပြောလိုက်တာတော့ မြို့လူထုကိုလည်းပေး၊ ဝန်ထမ်းတွေကိုလည်းပေး၊ IDP တွေကိုလည်း တစ်ပတ်စာပေးလိုက်၊ အားလုံးကို ရအောင်လုပ်လိုက် အခမဲ့ပဲဝေလိုက် အဲလိုတော့ ပြော ထားတယ်။ ဖုန်းမရတော့ အသေးစိတ်ပြောလို့ မရဘူးဖြစ်နေ။ နောက်ထပ် ဆန်အိတ် ၁၅၀၀ လောက်ကတော့ ဒီရက်ပိုင်းမှာ နယ်မြေလုံခြုံရေး အခြေအနေကောင်းတယ်။ သွားလို့ရတယ်ဆိုရင် ဆက်တိုက်ပို့သွားမှခင်ဗျ”

ဆက်သွယ်ရေး အခက်အခဲကြောင့် ဆန်တွေကို ခွဲဝေပေးတဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ဝန်ကြီးက ပြောပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပလက်ဝမြို့နယ်အတွက် သုံးလစာ ထောက်ပံ့ပေးထားတဲ့ ဆန်အိတ် ၆၀၀၀ ခန့် စစ်တွေမြို့မှာ ရှိနေပြီး၊ အလှူရှင်တွေ လှူဒါန်းထားတဲ့ ဆန်အိတ် ၃၃၀၀ လောက် ဆမီးမြို့မှာ ရှိနေပါတယ်။

တိုက်ပွဲတွေနဲ့ နယ်မြေလုံခြုံရေး အခြေအနေအရ ပလက်ဝမြို့ပေါ်ကို ဆန်အိတ်တွေ လွယ်လင့်တကူ မပို့နိုင်ဘဲ ဖြစ်နေတာပါ။

လတ်တလောမှာ ဆမီးနဲ့ ပလက်ဝမြို့ ကြားမှာ တိုက်ပွဲတွေရှိနေပြီး ကားလမ်းကြောင်း ရှင်းမယ်ဆိုရင်တော့ ဆန်တွေ ဆက်ပို့နိုင်မှာပါ။

တပ်မတော်က လုံခြုံရေးပေးလို့ ပထမဆုံးအကြိမ်ပို့တဲ့ ဒီတစ်ခေါက်မှာတော့ ကား ၁၁ စီးနဲ့ ဆန်အိတ် ၈၅၀ တင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ ကားတစ်စီးကပျက်လို့ ဆန်အိတ် ၅၀ ဆမီးမှာ ကျန်ခဲ့ပါတယ်။

တပ်မတော်က လမ်းလုံခြုံရေးရယူပြီး ပို့ဆောင်တာဖြစ်ကြောင်းနဲ့ ဆက်လက်ပို့မယ့် အစီအစဉ်တွေရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

“ဆမီးကနေ ပလက်ဝကို ပို့တာရှိနေတာပေါ့။ ၁၆ ရက်နေ့မှာ တပ်ကနေ လမ်းလုံခြုံရေး ဆောင်ရွက်တယ်။ ကျွန်တော်တို့ကတော့ လုံခြုံရေးယူပေးတာပဲရှိတယ်။ လက်ခံတာကတော့ ပလက်ဝက မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေရယ်၊ ရပ်မိရပ်ဖတွေရယ်၊ ဘာသာရေး အသင်းအဖွဲ့တွေက လက်ခံတယ်။ ကျွန်တော် သိရသလောက် ဆက်ပြီးလုပ်ဦးမယ့်သဘောရှိတယ်။ သူကအနည်းဆုံး ချင်းပြည်နယ်အစိုးရအဖွဲ့က သုံးလစာရအောင် ဆက်ပို့လိမ့်မယ်”

ကုလားတန်မြစ်ကူးတံတားပြီးသွားပြီဖြစ်လို့ ဆမီးမြို့ကနေ ပလက်ဝမြို့ထဲအထိ ကုန်းလမ်းနဲ့ သွားလို့ရပေမယ့် ကုလားတန်မြစ်ကူးတံတားထိပ်မှာ လုံခြုံရေးစိတ်မချရလို့ ကုန်းလမ်း၊ ရေလမ်းနှစ်မျိုးသုံးပြီး ဆန်တွေကို ပို့ဆောင်ရတာလို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ဆန်အိတ်တွေရောက်ရှိသွားတာကို ဝမ်းသာရပြီး နောက်ပိုင်းမှာလည်း အခက်အခဲမရှိဘဲ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်လို့ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက် က ပြောပါတယ်။

“ဝမ်းသာပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ဟာတော့ အားလုံးမဟုတ်သေးဘူးပေါ့။ နောက်ဆက်တွဲ လုပ်ရမယ့် အချိန်မှာလည်း အခက်အခဲမရှိဘဲ အဲနေရာမှာ ရောက်နိုင်ဖို့ လိုချင်တာပေါ့။ ကျွန်တော်လည်း တောင်ကုန်းက နေပဲ ဖုန်းဆက်ရလို့ ဘယ်လိုပုံစံဝေသလဲ၊ ဘယ်လောက်ရသလဲ။ ဒုက္ခသည်သက်သက် ဝေသလား၊ မြို့ပေါ် မှာရှိတဲ့ လူထုတွေရော ရသလားဆိုတာ ကျွန်တော်က အတိအကျ မသိရသေးဘူး”

သူက ဆမီးမြို့မှာ နေထိုင်နေတာဖြစ်လို့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေတဲ့ ပလက်ဝမြို့ပေါ် အခြေအနေကို အသေးစိတ် သိခွင့်မရဘူးလို့ ပြောပါတယ်။

ပလက်ဝမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် ၃၇၀၀ ကျော်နဲ့ မြို့ခံလူထု ၇၀၀၀ ကျော် ရှိပါတယ်။ မနေ့က ပလက်ဝမြို့ပေါ်ကို ရောက်သွားတဲ့အထဲမှာ ဆန်အပြင် ကုလားပဲ၊ ဆီ၊ ဆား စတဲ့ အခြေခံစားသောက်ကုန် တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုလို ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေချိန်မှာ တိုက်ပွဲတွေကို ရပ်ဆိုင်းထားဖို့ အရပ်ဖက်အဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေက တိုက်တွန်းတောင်းဆိုမှုတွေရှိနေပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/paletwa-refugees-donate-04202020042055.html
ပလက္ဝၿမိဳ႕ကို ရိကၡာဆက္ပို႔မယ္လို႔ အစိုးရနဲ႔ တပ္မေတာ္ ေျပာ ပလက္ဝၿမိဳ႕ကို ရိကၡာဆက္ပို႔မယ္လို႔ အစိုးရနဲ႔ တပ္မေတာ္ ေျပာ Reviewed by THITHTOOLWIN on 18:55 Rating: 5
Powered by Blogger.