စစ္ေတြကို ေလယာဥ္နဲ႔ေရာက္လာသူေတြထဲက ႏွစ္ဦးကို ေစာင့္ၾကည့္ေန

စစ္ေတြေလဆိပ္ကို ၂ဝ၂ဝ ေဖေဖာ္ဝါရီ ၆ ရက္ေန႔က ေတြ႕ရစဥ္
Photo: Min Thein Aung/RFA
(Zawgyi)⤵⤵⤵

ရန္ကုန္ကေန  စစ္ေတြေလဆိပ္ကို အဲကေမာၻဇေလေၾကာင္းလိုင္းနဲ႔ ဧၿပီ ၁၉ ရက္ေန႔ မေန႔က ေရာက္ရွိလာတဲ့ ခရီးသည္ ၆၅ ဦးမွာ ႏွစ္ဦးကိုသာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ သီးသန႔္ေနထိုင္ဖို႔ ျပည္နယ္အစိုးရက ကန႔္သတ္ေစာင့္ၾကည့္ထားပါတယ္။

ေဒသခံတခ်ိဳ႕ကေတာ့ ႏွစ္ဦးတည္းကို ေစာင့္ၾကည့္႐ုံနဲ႔ လုံေလာက္မႈ မရွိဘူးလို႔ ယူဆပါတယ္။

အဲကေမာဇ ေလေၾကာင္းနဲ႔ လိုက္ပါလာတဲ့ ၆၅ ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈမ်ားျပားတဲ့ ရန္ကုန္ အင္းစိန္ၿမိဳ႕နယ္က ႏွစ္ဦး ပါဝင္ပါတယ္။

သူတို႔ႏွစ္ဦးကိုသာ ကန႔္သတ္ေစာင့္ၾကည့္ထားၿပီး က်န္တဲ့သူေတြကို ေနအိမ္မွာ ကန႔္သတ္ေစာင့္ၾကည့္ဖို႔ အစိုးရက ၫႊန္ၾကားထားတယ္လို႔ စစ္ေတြၿမိဳ႕ အရပ္ဖက္အဖြဲ႕က ကိုထြန္းလင္းေအာင္က ေျပာပါတယ္။

“စစ္ေတြရယ္၊ ပု႑ားကြၽန္းရယ္၊ ေပါက္ေတာရယ္ သုံးခု ပု႑ားကြၽန္းကိုေတာ့ ကားနဲ႔ပို႔တယ္။ ေပါက္ေတာ မေန႔က တစ္ခါတည္းပို႔တယ္၊ အစိုးရအစီအစဥ္နဲ႔ ကားနဲ႔ပို႔တယ္။ စစ္ေတြက အင္းစိန္ကလာတဲ့ အမ်ိဳးသမီး ႏွစ္ေယာက္ကိုေတာ့ ကြာရန္တင္းထားတယ္။ က်န္တဲ့သူေတြကိုေတာ့ ဟုမ္းကြာရန္တင္းထားဖို႔ ၫႊန္ၾကားထားတယ္”

ဧၿပီ ၁၉ ရက္ေန႔ မေန႔က ခရီးသည္တင္ ေလယာဥ္ တစ္စီးနဲ႔  ကုန္ပစၥည္းေတြ တင္ေဆာင္လာတဲ့ တပ္မေတာ္ ေလယာဥ္ ႏွစ္စီး ဆင္းသက္ခဲ့ပါတယ္။

ေလဆိပ္မွာ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြက အဓိက စစ္ေဆးၾကတာလို႔ စစ္ေတြေလဆိပ္ တာဝန္ရွိသူ ဦးေက်ာ္စိုးက ေျပာပါတယ္။

“KBZ ဆင္းတယ္၊ တပ္မေတာ္ ေလယာဥ္က ႏွစ္စီးဆင္းပါတယ္၊ သုံးစီးဆင္းပါတယ္၊ မေန႔က KBZ က ၆၅ ဦးပါတယ္၊ စစ္ေတြေလဆိပ္မွာ စစ္တယ္၊ ကြၽန္ေတာ္တို႔က အဓိကလုပ္တာ မဟုတ္ဘူး၊ က်န္းမာေရးပါတယ္၊ ေထြအုပ္ပါတယ္၊ ရဲပါတယ္၊ သက္ဆိုင္ရာဌာနကလူေတြ ပါပါတယ္” ေလယာဥ္မေန႔က ၁၁ နာရီခြဲမွာဆင္းတယ္ စစ္ေဆးလို႔ၿပီးတာ ညေန ေလးနာရီမွၿပီးတယ္"

လိုက္ပါလာတဲ့ ခရီးသည္ေတြဟာ စစ္ေတြ၊ ပု႑ားကြၽန္းနဲ႔ ေပါက္ေတာၿမိဳ႕နယ္ေတြကျဖစ္ၿပီး သူတို႔ေနရပ္ျပန္ႏိုင္ေရးကိုသာ အစိုးရက စီစဥ္ေပးတာျဖစ္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္အတိုင္းေဆာင္႐ြက္တာျဖစ္ၿပီး အကုန္လုံးကို ကန႔္သတ္ေစာင့္ၾကည့္တာ မဟုတ္ဘူးလို႔ စစ္ေတြခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ျမင့္ဦးက ေျပာပါတယ္။

“ကြာရန္တင္းဝင္ဖို႔ ျငင္းဆန္တဲ့သူ ႏွစ္ေယာက္ကို သူနာျပဳေက်ာင္းမွာ ထားထားတယ္။ မေန႔က အားလုံး ၆၅ ေယာက္ ဝန္ထမ္းေတြရွိတယ္ သူတို႔က ဟုမ္းကြာရန္တင္း။ ၫႊန္ၾကားခ်က္အတိုင္းပဲ ကြၽန္ေတာ္တို႔က အားလုံးကို ကြာရန္တင္းထားတာေတာ့ မဟုတ္ပါဘူး။ ေရာဂါျဖစ္ပြားရာေဒသက လာတဲ့သူေတြကိုပဲ ကြာရန္တင္းလုပ္တာပါ”

စစ္ေတြၿမိဳ႕နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ကူညီေဆာင္႐ြက္ေနတဲ့ အရပ္ဖက္အဖြဲ႕က ကိုထြန္းလင္းေအာင္က အင္းစိန္က ႏွစ္ဦးထဲကို ကန႔္သတ္ေစာင့္ၾကည့္႐ုံနဲ႔ လုံေလာက္မႈ မရွိႏိုင္ဘူးလို႔ ေထာက္ျပပါတယ္။

“ႏွစ္ေယာက္တည္းထားတာေတာ့ ေဆ့ပ္ျဖစ္မယ္မထင္ဘူး၊ ေလယာဥ္ေပၚမွာလည္း တစ္စီးတည္းအတူတူစီးလာခဲ့ၿပီးၿပီ တစ္စီးလုံးကို တူတူပဲ ကြာရန္တင္းထားေစခ်င္တယ္”

စစ္ေတြၿမိဳ႕နယ္မွာ သံသယ လူနာတစ္ဦးရွိၿပီး ေဆးစစ္ဖို႔ ရန္ကုန္ကို ေပးပို႔ထားပါတယ္။ ရခိုင္ျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေစာင့္ၾကည္လူနာ စုစုေပါင္း ၃၆ ဦး ရွိေနၿပီျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/two-passengers-arrived-in-sittwe-quarantine-04202020052728.html
-----------
(Unicode)⤵⤵⤵

စစ်တွေကို လေယာဉ်နဲ့ရောက်လာသူတွေထဲက နှစ်ဦးကို စောင့်ကြည့်နေ

စစ်တွေလေဆိပ်ကို ၂ဝ၂ဝ ဖေဖော်ဝါရီ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရန်ကုန်ကနေ  စစ်တွေလေဆိပ်ကို အဲကမ္ဘောဇလေကြောင်းလိုင်းနဲ့ ဧပြီ ၁၉ ရက်နေ့ မနေ့က ရောက်ရှိလာတဲ့ ခရီးသည် ၆၅ ဦးမှာ နှစ်ဦးကိုသာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် သီးသန့်နေထိုင်ဖို့ ပြည်နယ်အစိုးရက ကန့်သတ်စောင့်ကြည့်ထားပါတယ်။

ဒေသခံတချို့ကတော့ နှစ်ဦးတည်းကို စောင့်ကြည့်ရုံနဲ့ လုံလောက်မှု မရှိဘူးလို့ ယူဆပါတယ်။

အဲကမောဇ လေကြောင်းနဲ့ လိုက်ပါလာတဲ့ ၆၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများပြားတဲ့ ရန်ကုန် အင်းစိန်မြို့နယ်က နှစ်ဦး ပါဝင်ပါတယ်။

သူတို့နှစ်ဦးကိုသာ ကန့်သတ်စောင့်ကြည့်ထားပြီး ကျန်တဲ့သူတွေကို နေအိမ်မှာ ကန့်သတ်စောင့်ကြည့်ဖို့ အစိုးရက ညွှန်ကြားထားတယ်လို့ စစ်တွေမြို့ အရပ်ဖက်အဖွဲ့က ကိုထွန်းလင်းအောင်က ပြောပါတယ်။

“စစ်တွေရယ်၊ ပုဏ္ဍားကျွန်းရယ်၊ ပေါက်တောရယ် သုံးခု ပုဏ္ဍားကျွန်းကိုတော့ ကားနဲ့ပို့တယ်။ ပေါက်တော မနေ့က တစ်ခါတည်းပို့တယ်၊ အစိုးရအစီအစဉ်နဲ့ ကားနဲ့ပို့တယ်။ စစ်တွေက အင်းစိန်ကလာတဲ့ အမျိုးသမီး နှစ်ယောက်ကိုတော့ ကွာရန်တင်းထားတယ်။ ကျန်တဲ့သူတွေကိုတော့ ဟုမ်းကွာရန်တင်းထားဖို့ ညွှန်ကြားထားတယ်”

ဧပြီ ၁၉ ရက်နေ့ မနေ့က ခရီးသည်တင် လေယာဉ် တစ်စီးနဲ့  ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ တပ်မတော် လေယာဉ် နှစ်စီး ဆင်းသက်ခဲ့ပါတယ်။

လေဆိပ်မှာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက အဓိက စစ်ဆေးကြတာလို့ စစ်တွေလေဆိပ် တာဝန်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။

“KBZ ဆင်းတယ်၊ တပ်မတော် လေယာဉ်က နှစ်စီးဆင်းပါတယ်၊ သုံးစီးဆင်းပါတယ်၊ မနေ့က KBZ က ၆၅ ဦးပါတယ်၊ စစ်တွေလေဆိပ်မှာ စစ်တယ်၊ ကျွန်တော်တို့က အဓိကလုပ်တာ မဟုတ်ဘူး၊ ကျန်းမာရေးပါတယ်၊ ထွေအုပ်ပါတယ်၊ ရဲပါတယ်၊ သက်ဆိုင်ရာဌာနကလူတွေ ပါပါတယ်” လေယာဉ်မနေ့က ၁၁ နာရီခွဲမှာဆင်းတယ် စစ်ဆေးလို့ပြီးတာ ညနေ လေးနာရီမှပြီးတယ်"

လိုက်ပါလာတဲ့ ခရီးသည်တွေဟာ စစ်တွေ၊ ပုဏ္ဍားကျွန်းနဲ့ ပေါက်တောမြို့နယ်တွေကဖြစ်ပြီး သူတို့နေရပ်ပြန်နိုင်ရေးကိုသာ အစိုးရက စီစဉ်ပေးတာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်းဆောင်ရွက်တာဖြစ်ပြီး အကုန်လုံးကို ကန့်သတ်စောင့်ကြည့်တာ မဟုတ်ဘူးလို့ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက ပြောပါတယ်။

“ကွာရန်တင်းဝင်ဖို့ ငြင်းဆန်တဲ့သူ နှစ်ယောက်ကို သူနာပြုကျောင်းမှာ ထားထားတယ်။ မနေ့က အားလုံး ၆၅ ယောက် ဝန်ထမ်းတွေရှိတယ် သူတို့က ဟုမ်းကွာရန်တင်း။ ညွှန်ကြားချက်အတိုင်းပဲ ကျွန်တော်တို့က အားလုံးကို ကွာရန်တင်းထားတာတော့ မဟုတ်ပါဘူး။ ရောဂါဖြစ်ပွားရာဒေသက လာတဲ့သူတွေကိုပဲ ကွာရန်တင်းလုပ်တာပါ”

စစ်တွေမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့က ကိုထွန်းလင်းအောင်က အင်းစိန်က နှစ်ဦးထဲကို ကန့်သတ်စောင့်ကြည့်ရုံနဲ့ လုံလောက်မှု မရှိနိုင်ဘူးလို့ ထောက်ပြပါတယ်။

“နှစ်ယောက်တည်းထားတာတော့ ဆေ့ပ်ဖြစ်မယ်မထင်ဘူး၊ လေယာဉ်ပေါ်မှာလည်း တစ်စီးတည်းအတူတူစီးလာခဲ့ပြီးပြီ တစ်စီးလုံးကို တူတူပဲ ကွာရန်တင်းထားစေချင်တယ်”

စစ်တွေမြို့နယ်မှာ သံသယ လူနာတစ်ဦးရှိပြီး ဆေးစစ်ဖို့ ရန်ကုန်ကို ပေးပို့ထားပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စောင့်ကြည်လူနာ စုစုပေါင်း ၃၆ ဦး ရှိနေပြီဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/two-passengers-arrived-in-sittwe-quarantine-04202020052728.html
စစ္ေတြကို ေလယာဥ္နဲ႔ေရာက္လာသူေတြထဲက ႏွစ္ဦးကို ေစာင့္ၾကည့္ေန စစ္ေတြကို ေလယာဥ္နဲ႔ေရာက္လာသူေတြထဲက ႏွစ္ဦးကို ေစာင့္ၾကည့္ေန Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.