ကင္ဂ်ဳံအြန္း - ေျမာက္ကိုရီးယားကို ဘယ္သူ ဆက္ဦးေဆာင္မလဲ

ကင္ဂ်ဳံအြန္းတေယာက္ လူအမ်ားရဲ႕ျမင္ကြင္းကေပ်ာက္ကြယ္ေနတာ သီတင္း ၂ ပတ္ေက်ာ္ရွိလာ
(Zawgyi)⤵⤵⤵
ကင္ဂ်ဳံအြန္းရဲ႕ က်န္းမာေရးအေျခအေနနဲ႔ ပတ္သက္လို႔ မွန္းဆေနၾကတာ၊ ေကာလာဟလ ေျပာေနၾကတာကလြဲလို႔ ဘာမွ အတည္ယူလို႔မရပါဘူး။

ဒါေပမဲ့ အခုပဲပဲျဖစ္ျဖစ္ ေရရွည္မွာပဲျဖစ္ျဖစ္ သူ႔ေနရာကို ဆက္ခံမယ့္သူက ဘယ္သူလဲဆိုတဲ့ အေမးကေတာ့ အၿမဲရွိေနတာပါ။ ဒါကို သုံးသပ္သူေတြနဲ႔ ဘီဘီစီက ေမးၾကည့္ခဲ့ပါတယ္။

ကင္အီဆြန္း ၁၉၄၈ခုႏွစ္မွာ ေျမာက္ကိုရီးယားကို စတင္တည္ေထာင္ခ်ိန္ကတည္းက ကင္မိသားစု ရဲ႕ သားျဖစ္သူေတြကသာ ႏိုင္ငံကို အုပ္ခ်ဳပ္လာခဲ့တာဆိုေတာ့ သူတို႔ လူမႈအသိုင္းအဝိုင္းမွာ ဒီ ဒ႑ာရီနဲ႔ပဲ အသားက်ေနခဲ့တာပါ။

ႏိုင္ငံသားေတြ သူတို႔ စာေရးတတ္၊ ဖတ္တတ္ခ်ိန္မတိုင္ခင္ မူႀကိဳေက်ာင္းမွာကတည္းက "ကြၽႏ္ုပ္တို႔ရဲ႕ ေခါင္းေဆာင္ႀကီး ကင္ဂ်ဳံအြန္းကို က ကြၽႏ္ုပ္ေတြ႕ခ်င္လွပါတယ္" ဆိုတဲ့ သီခ်င္းကို ဆိုရတဲ့ အထိ ဝါဒျဖန႔္တဲ့ႏိုင္ငံပါ။

ဆိုေတာ့ ေျမာက္ကိုရီးယားမွာ ဒီ ႏိုင္ငံေရးအထြတ္အျမတ္ေခါင္းေဆာင္ မရွိေတာ့ဘူးဆိုရင္ သူတို႔လူမႈအသိုင္းအဝိုင္းက ဘယ္လိုစုစည္းထိန္းသိမ္းမွာပါလဲ။

ဒီအေမးအတြက္ အေျဖကို ႏိုင္ငံျပင္ပကလူေတြ မသိသလို၊ ျပည္တြင္းကလူေတြလည္း မသိပါဘူး။

ကင္ၿပီး ကင္
 ေျမာက္ကိုရီးယား ႏိုင္ငံတည္ေထာင္သူ ကင္အီဆြန္း (ဘယ္) နဲ႔ သူ႔ ေနရာကိုဆက္ခံသူ ကင္ဂ်ဳံအီ (ညာ)
ကင္ဂ်ဳံအြန္းကို အာဏာေပးမယ္ဆိုတာကို အစီအစဥ္ခ် ျပင္ဆင္ေနခ်ိန္ကတည္းက ႏိုင္ငံရဲ႕ ထိပ္ပိုင္းအသိုင္းအဝိုင္းက "ဘက္ဒူး မိသားစုမ်ိဳးဆက္ (Paektu Bloodline)" ဆိုတဲ့အသုံးအႏႈန္းကို စသုံးစြဲခဲ့ၾကၿပီး သူ႔ကို အာဏာတခ်ိန္ေပးမယ္ဆိုတာကို ပ်ိဳးလာခဲ့ၾကတာပါ။

ဘက္ဒူးကေတာ့ ဒ႑ာရီလာ အထြတ္အျမတ္ထားရာ ေတာင္တန္းျဖစ္ၿပီး အဲဒီကေန ကင္အီဆြန္းက ေပ်ာက္ၾကား စစ္ပြဲကို ဆင္ႏႊဲခဲ့တယ္၊ အဲဒီမွာပဲ သူ႔သား ကင္ဂ်ဳံအီ ကိုေမြးဖြားခဲ့တယ္ ဆိုတဲ့ သတင္းေတြ က ျပန႔္ပါတယ္။

ကင္ဂ်ဳံအြန္း ကလည္း အေရးႀကီးတဲ့ မူဝါဒဆုံးျဖတ္ခ်က္ေတြကို လုပ္ေတာ့မယ္ဆိုရင္ အဲဒီေတာင္ကို သြားတယ္လို႔လည္း ဆိုၾကပါတယ္။

ႏိုင္ငံရဲ႕ ရင္ထဲ၊အသည္းထဲမွာ ကင္တစ္ေယာက္မဟုတ္ တစ္ေယာက္ အၿမဲရွိေနခဲ့တာပါ။

ဒီလိုလူမ်ိဳးဆက္ခံမယ့္သူမရွိရင္ ေျမာက္ကိုရီးယားက ဘာျဖစ္လာေလမလဲ။

ကင္ဂ်ဳံအြန္းမွာ ကေလးေတြရွိပါတယ္။ ဒါေပမဲ့ သူတို႔က သိပ္ငယ္ပါေသးတယ္။ ကေလး ၃ ေယာက္ရွိတယ္လို႔ ေျပာၾကပါတယ္။အႀကီးဆုံးက ၁၀ႏွစ္၊ အငယ္ဆုံးေလးက ၃ႏွစ္ပါ။

ကင္ဂ်ဳံအြန္း အာဏာရေတာ့ေတာင္ သူ႔ အသက္က ၂၇ ႏွစ္ ပဲ ရွိပါေသးတယ္။

ဘက္ဒူးမ်ိဳးဆက္ကလူေတြသာ မဟုတ္ရင္ အဖြဲ႕လိုက္အုပ္ခ်ဳပ္တဲ့ ဦးေဆာင္မႈမ်ိဳး ေပၚလာႏိုင္ပါတယ္။ ဗီယက္နမ္မွာလိုမ်ိဳးေပါ့။ သူတို႔က ႏိုင္ငံတည္ေထာင္သူရဲ႕ အယူအဆ၊အေတြးအေခၚေတြကို အႀကီးအက်ယ္ မွီခိုရမွာပါ။

ေလ့လာသူေတြက ဘယ္သူက အဓိက ရာထူးေနရာေတြမွာ ရွိေနလဲ ဆိုတာရႏိုင္သေလာက္ စူးစမ္း စုံစမ္းေလ့လာၾကပါတယ္။ ဒါေပမဲ့ ဘယ္လို ကြဲျပားတဲ့အဖြဲ႕ အုပ္စုေတြရွိတယ္ဆိုတာမ်ိဳး၊ ဘယ္သူက တန္ခိုးထြားတယ္ဆိုတာမ်ိဳး အေသအခ်ာသိေအာင္စုံစမ္းလို႔ မရပါဘူး။

တခါတေလမွာ ႏိုင္ငံရဲ႕ ဒီဌာန၊ ဒီအဖြဲ႕အစည္းမွာ အႀကီးအကဲထက္ လက္ေထာက္ျဖစ္သူ ဒါမွမဟုတ္ ဒုတိယ အႀကီးအကဲက ပိုအာဏာရွိတယ္ဆိုတာမ်ိဳးလည္း ရွိတတ္ပါတယ္။ ဆိုေတာ့ မွန္းဆရတာ အင္မတန္ခက္ပါတယ္။

ေနာက္ ကင္ သုံးေယာက္
ကင္ ႐ိုဂ်ဳံ က ထိပ္တန္းေခါင္းေဆာင္မႈမွာ တဦးတည္းေသာ အမ်ိဳးသမီးအျဖစ္ ထင္ရွားပါတယ္။
ကင္ဂ်ဳံအြန္း မရွိေတာ့ခ်ိန္ဆိုရင္ ေျမာက္ကိုရီးယား ႏိုင္ငံေရးကို ဦးေဆာင္ဖို႔ အလားအလာရွိတဲ့ ကင္ ၃ ေယာက္ရွိပါတယ္။

ဒါေပမဲ့သူတို႔ ၃ ေယာက္လုံး မိသားစုစည္းမ်ဥ္းေတြနဲ႔ ျပန္ၾကည့္ရင္ အကန႔္အသတ္ေတြနဲ႔ပါ။

ပထမတေယာက္က ကင္ဂ်ဳံအြန္းရဲ႕ ညီမျဖစ္သူ ကင္ ႐ိုဂ်ဳံပါ။

သူက ငယ္ငယ္ေလးကတည္းက ႏိုင္ငံေရးကို စိတ္ဝင္စားသူျဖစ္လို႔ သူတို႔ ဖခင္ျဖစ္သူ ကင္ဂ်ဳံအီ ရဲ႕ အႏွစ္သက္ဆုံးထဲက တေယာက္လို႔ ေျပာၾကပါတယ္။

သူက စြမ္းေဆာင္ရည္ ျပည့္တယ္၊ ကိုင္တြယ္ပုံ ေပ်ာ့ေျပာင္းညင္သာတယ္၊ သတိႀကီးတယ္လို႔ ေျပာၾကတယ္။

သူ႔အစ္ကိုနဲ႔ သူနီးစပ္မႈရွိတယ္ဆိုတာ လူျမင္ကြင္းမွာ အေတာ္ေတြ႕ရပါတယ္။

စင္ကာပူမွာ ထရမ့္နဲ႔ကင္ ထိပ္သီးအစည္းအေဝး သေဘာတူခ်က္ လက္မွတ္ထိုးဖို႔ အခ်ိန္မွာ ကင့္ လက္ထဲကို သူက ေဖာင္တိန္ကမ္းေပးလိုက္တာကို လူအမ်ားက အမွတ္ရၾကဆဲပါ။

ေနာက္တႀကိမ္ ဗီယက္နမ္ ဟႏြိဳင္းကပြဲမွာလည္း သူ႔အစ္ကို ေနာက္နားက သူအၿမဲရွိေနတာပါ။

ဒါေပမဲ့လည္း ဟႏြိဳင္းထိပ္သီးညီလာခံၿပီးေတာ့ အဲ့ဒီညီလာခံက မေအာင္ျမင္လို႔ သူ႔ရာထူး ေလ်ာက်သြားတယ္လို႔ သတင္းၾကားရေပမယ့္ တိတိက်က် ဘယ္သူမွ မေျပာႏိုင္ပါဘူး။

ႏိုင္ငံေရးရာ ေကာ္မရွင္လို႔ေခၚတဲ့ ေပၚလစီေတြခ်မွတ္ရတဲ့ ထိပ္ဆုံးက အဖြဲ႕မွာ သူမပါေပမဲ့ သူက အာဏာရ ကိုရီးယား အလုပ္သမားပါတီ ေပၚလစ္ဗ်ဴ႐ို အလွည့္က်အဖြဲ႕ဝင္ တေယာက္ျဖစ္တယ္။

ဝါဒျဖန႔္ခ်ိေရးနဲ႔ လႈံ႕ေဆာ္ေရး ဌာန (PAD - Propaganda and Agitation Department)က ဒုတိယ ဒါ႐ိုက္တာလည္းျဖစ္ပါတယ္။

PAD က အေတြးအျမင္ခ်မွတ္ေပးတဲ့ ဌာနဆိုေတာ့ တန္ခိုးအာဏာႀကီးတဲ့ဌာနပါ။

ဒါေပမဲ့ သူက အမ်ိဳးသမီးျဖစ္ေနေတာ့ အဖိုႀကီးစိုးမႈနက္ရႈိင္းတဲ့ အဲဒီႏိုင္ငံမွာ ဦးေဆာင္မႈေနရာရမလား ဆိုတာက မွန္းဆရခက္ပါတယ္။

ေခါင္းေဆာင္ႀကီးေနရာ၊ စစ္တပ္ကို ကိုင္ရမယ့္ေနရာ ျဖစ္ၿပီး ေယာက္်ားသားေတြပဲ လႊမ္းထားတဲ့ ေျမာက္ကိုရီးယားက သူ႔ကို ဒီေနရာနဲ႔ သင့္တယ္လို႔ ျမင္ဖို႔က သိပ္မလြယ္ပါဘူး။

ေနာက္တေယာက္က ကင္ဂ်ဳံခ်ဴ ပါ။ သူက ကင္ဂ်ဳံအြန္းရဲ႕ အစ္ကို။ ဒါေပမဲ့သူက ႏိုင္ငံေရးတို႔၊ အာဏာတို႔ စတဲ့ေနရာေတြမွာ စိတ္ဝင္စားတဲ့ပုံမ်ိဳး ျပခဲ့တာမရွိပါဘူး။ (သူက အဲရစ္ ကလက္ပ္တန္ Eric Clapton ကို ႏွစ္သက္တယ္ဆိုတာ လူေတြက သိၾကပါတယ္)။

သူက ဌာနတခုခုရဲ႕ အႀကီးအကဲျဖစ္လာႏိုင္တယ္၊ ေရးထားေပးတဲ့မိန႔္ခြန္းေတြ ဖတ္တာမ်ိဳးလည္း ေတြ႕လာရႏိုင္ပါတယ္။

ေနာက္ဆုံး တေယာက္ကေတာ့ ကင္ၿပဳံအီ ပါ၊ ကင္ဂ်ဳံအီရဲ႕ အေဖတူ အေမကြဲေတာ္သူပါ၊ ကင္ၿပဳံအီရဲ႕ အေမ (ကင္ဂ်ဳံအီရဲ႕ မိေထြး) က သူ႔အေဖ ကင္အီဆြန္းရဲ႕ အ႐ိုက္အရာကို သူ႔သား ကင္ၿပဳံအီရဖို႔ မွန္းခဲ့ပါတယ္။

ဒါေပမဲ့ ကင္ဂ်ဳံအီ ဩဇာႀကီးလာခ်ိန္မွာ သူ႔ရည္မွန္းခ်က္ မေအာင္ျမင္ေတာ့ပါဘူး။

ကင္ၿပဳံအီက ၁၉၇၉ ေလာက္မွာ ဥေရာပကိုအပို႔ခံရပါတယ္။ သံအမတ္ေနရာေတြမွာ တာဝန္ေပးခံရပါတယ္။

အသက္ ၆၅ ႏွစ္အ႐ြယ္သူဟာ မႏွစ္ကမွ ေျမာက္ကိုရီးယားကိုျပန္လာတာပါ။

ဒီေတာ့ ၿပဳံယမ္းက ထိပ္တန္းအသိုင္းအဝိုင္းကလူေတြနဲ႔ သူနီးစပ္မယ္လို႔ သိပ္တြက္မထားၾကပါဘူး။

ကင္ၿပီးရင္ တန္ခိုးအထြားဆုံးသူ
ခ်ိဳ႐ုံေဟး(ညာ)
ကင္ဂ်ဳံအြန္း ႀကီးစိုးတဲ့ကာလအတြင္း ထင္ေပၚတဲ့ တျခားလူေတြလည္း ရွိပါတယ္။

ဒါေပမဲ့သူတို႔က ဘယ္ေနရာမွာရွိတာ၊ သူတို႔ၾကားထဲ အၿပိဳင္အဆိုင္ အတြန္းအတိုက္ေတြက ဘယ္လိုရွိတယ္ဆိုတာ ကို ဘယ္သူမွ ေရေရရာရာမသိပါဘူး။

အဲဒီသူေတြထဲက တေယာက္က ခ်ိဳ႐ုံေဟး ပါ။

ကင္ဂ်ဳံအြန္း လက္ေအာက္မွာ သူ႔ရာထူးက တက္လာလိုက္ က်သြားလိုက္ ရွိေပမဲ့ သူက မုန္တိုင္းဒဏ္ကိုခံႏိုင္ပုံရၿပီး အခုေလာေလာဆယ္ မွာ ပါတီ ေပၚလစ္ဗ်ဴ႐ိုအၿမဲတမ္းေကာ္မတီထဲမွာ ပါသလို၊ ႏိုင္ငံ့ေရးရာ ေကာ္မရွင္မွာ ဒုဥကၠဌ (၁) ပါ။

ခ်ိဳဟာ ေျမာက္ကိုရီးယား စစ္တပ္မွာလည္း ထိပ္ပိုင္းရာထူးေတြ ရထားသလို၊ ကိုရီးယားအလုပ္သမားပါတီရဲ႕ ဩဇာႀကီးလွတဲ့ စည္း႐ုံးေရး၊ လမ္းၫႊန္ေရးဌာန မွာလည္း ထိပ္ပိုင္းရာထူးရထားပါတယ္။

အဲဒီဌာနက ႏိုင္ငံသားေတြ အစိုးရက ခ်မွတ္တဲ့ အေတြးအျမင္ေတြကို လိုက္နာေဆာင္႐ြက္ေအာင္ တင္းက်ပ္ဖိအားေပးတဲ့ ဌာနပါ၊ သူဟာ ေျမာက္ကိုရီးယားမွာ ဒုတိယ အာဏာအရွိဆုံးလူျဖစ္ႏိုင္ပါတယ္။

ေထာက္လွမ္းေရး အႀကီးအကဲနဲ႔ အာဏာႀကီးလာသူတခ်ိဳ႕
ထရမ့္နဲ႔ကင္ ထိပ္သီးေဆြးေႏြးပြဲ ျဖစ္လာေအာင္ လမ္းခင္းေပးခဲ့တဲ့သူ ကင္ယြန္ခ်ိဳ
ေနာက္တေယာက္ကေတာ့ ကင္ယြန္ခ်ိဳပါ။

ဒီဗိုလ္ခ်ဳပ္က ထရမ့္နဲ႔ကင္ ထိပ္သီးေဆြးေႏြးပြဲ ျဖစ္လာေအာင္ လမ္းခင္းေပးခဲ့တဲ့သူျဖစ္ၿပီး အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ ပြန္ေပယိုနဲ႔ အႀကိမ္မ်ားစြာေတြ႕ဖူးပါတယ္။ သူဟာ ေတာင္ကိုရီးယားနဲ႔ ဆက္ဆံေဆာင္႐ြက္ရာမွာ တာဝန္ယူထားတဲ့ ညီၫြတ္ေသာတပ္ဦး ဌာနရဲ႕ အႀကီးအကဲပါ။

ေနာက္ၿပီး ႏိုင္ငံရဲ႕ အဓိက ေထာက္လွမ္းေရးဌာနျဖစ္တဲ့ Reconnaissance General Bureau ကို ကိုင္ထားတာပါ။

အေမရိကန္နဲ႔ ထိပ္သီးေဆြးေႏြးပြဲ မေအာင္မျမင္ျဖစ္ၿပီးတဲ့ေနာက္ သူ ရာထူးက က်သြားတယ္လို႔ သတင္းထြက္ေပမဲ့ ေရရွည္မွာေတာ့ သူျပန္ေပၚလာမွာပါ။

ေနာက္တေယာက္ကေတာ့ ကင္ေဂ်႐ြန္းပါ။

ႏိုင္ငံ့ေရးရာ ေကာ္မရွင္မွာလည္းပါသလို အစိုးရအဖြဲ႕မွာ ဝန္ႀကီးခ်ဳပ္ပါ။ အေတာ္အတန္ ဩဇာရွိတဲ့ေနရာေတြပါ။ ၿပီးခဲ့တဲ့ ႏွစ္ပိုင္းေတြထဲမွာ သူ႔နာမည္ထြက္လာေပမယ့္ သူနဲ႔ပတ္သက္တဲ့ အေၾကာင္းေတြကို သိပ္မသိရပါဘူး။

သူက ထုတ္ကုန္လုပ္ငန္းေတြကို စီမံခန႔္ခြဲရသလို စစ္လက္နက္ထုတ္ လုပ္ငန္းေတြလုပ္ကိုင္ေနတဲ့ ေဒသ ေတြကို ႏွစ္ေပါင္းမ်ားစြာ သူကႀကီးၾကပ္ခဲ့တာပါ။ ဒါ့ေၾကာင့္ န်ဴကလီယား အစီအစဥ္မွာ သူ ထဲထဲဝင္ဝင္ပါလိမ့္မယ္လို႔ မွန္းၾကပါတယ္။

ဂ်ဳံက်ဳံ တိတ္ခ္ ကေတာ့ ႏိုင္ငံေရး အျပစ္ က်ဴးလြန္သူေတြကို စုံစမ္းအျပစ္ေပးရတဲ့ ႏိုင္ငံ လုံၿခဳံေရးဌာန ကို တာဝန္ယူထားတဲ့သူပါ။ အဲဒီဌာနက ႏိုင္ငံဦးေဆာင္မႈကိုအကာအကြယ္ေပးတဲ့ ဌာနပါ။ ဒီေတာ့ ႏိုင္ငံ သူ႔စနစ္ထဲမွာ တည္ၿငိမ္ေစဖို႔အတြက္ အေရးႀကီးတဲ့ တာဝန္ေတြ ထမ္းရပါတယ္။

ေနာက္အရာရွိႀကီးတေယာက္ျဖစ္တဲ့ ဟြမ္ၿပဳံစို ကေတာ့ ထိပ္ပိုင္း စစ္ေရးဆိုင္ရာ ရာထူးေတြ ရထားသလို၊ စည္း႐ုံးေရး၊ လမ္းၫႊန္ေရးဌာနကို ကိုင္ထားတဲ့သူပါ၊ ခ်ိဳလိုပဲ သူလည္း အျပစ္ေပးခံရဖူးတာေတြ ရွိပါတယ္။

စစ္တပ္ ေခါင္းေဆာင္ေတြ

စစ္တပ္ကို ကိုင္ထားသူေတြ ကိုရီးယား ျပည္သူ႔ တပ္မေတာ္ (Korean People's Army - KPA) က ထိပ္ပိုင္း စစ္ဗိုလ္ခ်ဳပ္ တခ်ိဳ႕ေလာက္ပဲ အေျပာင္းအလဲလို ကာလမွာ ဩဇာႀကီးမွာပါ။

ေလာေလာဆယ္မွာ KPA ေပၚလစ္ဗ်ဴ႐ိုရဲ႕ ထိပ္ဆုံးက ၂ ေယာက္က ကင္စု ဂ်ဲလ္ နဲ႔ ကင္ဝန္ဟြန္ ပါ။

ဒီဗ်ဴ႐ိုက ပါတီကို စစ္တပ္က သစၥာခံဖို႔ တင္းက်ပ္တဲ့ ဗ်ဴ႐ိုပါ။ ဒီေတာ့ မေသခ်ာမေရရာတဲ့ အခ်ိန္ကာလေတြမွာ ဒီဌာနကလည္း သိပ္ကို အေရးႀကီးမွာပါ။

ကင္ဝန္ဟြန္ နဲ႔ ဟြမ္ၿပဳံစို က ကင္ဂ်ဳံအြန္းဆီကို သူတို႔တင္ျပတာေတြလုပ္ဖို႔အတြက္ လႊမ္းမိုးႏိုင္ဖို႔ ၿပိဳင္ၾကတဲ့ပြဲေတြမွာ အၿပိဳင္အဆိုင္ေတြလို႔ သတင္းထြက္ပါတယ္။

ဒီလိုထိပ္တန္းေခါင္းေဆာင္ေတြထဲမွာ ဘယ္သူနဲ႔ ဘယ္သူနဲ႔ မတည့္၊ ဘယ္သူနဲ႔ဘယ္သူက မဟာမိတ္ေတြလဲ၊

ကင္႐ိုဂ်ဳံကို လိုလားသူ၊ ဆန႔္က်င္သူေတြ ရွိလား၊ ထိပ္ပိုင္းေတြ စင္ၿပိဳင္လုပ္ၾကရင္ ထိန္းမရဘဲ မတည္ၿငိမ္တာေတြျဖစ္ဖို႔ စိုးရိမ္ရလား၊ ထိန္းမရဘဲ ျဖစ္လာရင္ ေတာင္ကိုရီးယားကပဲျဖစ္ျဖစ္၊ တ႐ုတ္ကပဲ ျဖစ္ျဖစ္ ဝင္စီးႏိုင္တဲ့ အေျခအေန ကို တြန္းပို႔သြားႏိုင္လား ဆိုတဲ့ ေမးခြန္းေတြ အမ်ားႀကီးပါ။

လက္ရွိအခ်ိန္မွာေတာ့ ျပည့္စုံတဲ့ ဆက္ခံသူ မရွိေသးပါဘူး၊ သူ႔ ညီမက က်ား၊မ ခြဲျခားၾကည့္တဲ့ အဲဒီက အစဥ္အလာကို ေဖာက္ထြက္ႏိုင္ရင္ ေကာင္းႏိုင္ပါလိမ့္မယ္။

တျခားသူေတြကေတာ့ အေရးပါလွတဲ့ ဘက္ဒူး မိသားစုမ်ိဳးဆက္ဆီက ဆင္းသက္လာတာမဟုတ္ပါဘူး။ ဒါေပမဲ့ အဆုံးသတ္မွာေတာ့ သူတို႔အားလုံးအေနနဲ႔ ႏိုင္ငံတကာက စံေတြကို အဓိပၸာယ္ဖြင့္ၾကရင္း သူတို႔ႏိုင္ငံရဲ႕ ညီၫြတ္မႈကို ဆက္လက္ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ဖို႔အတြက္ လုပ္ေဆာင္ၾကရမွာပါ၊

BBC Burmese
-----------------------------------
(Unicode)⤵⤵⤵
ကင်ဂျုံအွန်း - မြောက်ကိုရီးယားကို ဘယ်သူ ဆက်ဦးဆောင်မလဲ

ကင်ဂျုံအွန်းရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ မှန်းဆနေကြတာ၊ ကောလာဟလ ပြောနေကြတာကလွဲလို့ ဘာမှ အတည်ယူလို့မရပါဘူး။

ဒါပေမဲ့ အခုပဲပဲဖြစ်ဖြစ် ရေရှည်မှာပဲဖြစ်ဖြစ် သူ့နေရာကို ဆက်ခံမယ့်သူက ဘယ်သူလဲဆိုတဲ့ အမေးကတော့ အမြဲရှိနေတာပါ။ ဒါကို သုံးသပ်သူတွေနဲ့ ဘီဘီစီက မေးကြည့်ခဲ့ပါတယ်။

ကင်အီဆွန်း ၁၉၄၈ခုနှစ်မှာ မြောက်ကိုရီးယားကို စတင်တည်ထောင်ချိန်ကတည်းက ကင်မိသားစု ရဲ့ သားဖြစ်သူတွေကသာ နိုင်ငံကို အုပ်ချုပ်လာခဲ့တာဆိုတော့ သူတို့ လူမှုအသိုင်းအဝိုင်းမှာ ဒီ ဒဏ္ဍာရီနဲ့ပဲ အသားကျနေခဲ့တာပါ။

နိုင်ငံသားတွေ သူတို့ စာရေးတတ်၊ ဖတ်တတ်ချိန်မတိုင်ခင် မူကြိုကျောင်းမှာကတည်းက "ကျွန်ုပ်တို့ရဲ့ ခေါင်းဆောင်ကြီး ကင်ဂျုံအွန်းကို က ကျွန်ုပ်တွေ့ချင်လှပါတယ်" ဆိုတဲ့ သီချင်းကို ဆိုရတဲ့ အထိ ဝါဒဖြန့်တဲ့နိုင်ငံပါ။

ဆိုတော့ မြောက်ကိုရီးယားမှာ ဒီ နိုင်ငံရေးအထွတ်အမြတ်ခေါင်းဆောင် မရှိတော့ဘူးဆိုရင် သူတို့လူမှုအသိုင်းအဝိုင်းက ဘယ်လိုစုစည်းထိန်းသိမ်းမှာပါလဲ။

ဒီအမေးအတွက် အဖြေကို နိုင်ငံပြင်ပကလူတွေ မသိသလို၊ ပြည်တွင်းကလူတွေလည်း မသိပါဘူး။

ကင်ပြီး ကင်

ကင်ဂျုံအွန်းကို အာဏာပေးမယ်ဆိုတာကို အစီအစဉ်ချ ပြင်ဆင်နေချိန်ကတည်းက နိုင်ငံရဲ့ ထိပ်ပိုင်းအသိုင်းအဝိုင်းက "ဘက်ဒူး မိသားစုမျိုးဆက် (Paektu Bloodline)" ဆိုတဲ့အသုံးအနှုန်းကို စသုံးစွဲခဲ့ကြပြီး သူ့ကို အာဏာတချိန်ပေးမယ်ဆိုတာကို ပျိုးလာခဲ့ကြတာပါ။

ဘက်ဒူးကတော့ ဒဏ္ဍာရီလာ အထွတ်အမြတ်ထားရာ တောင်တန်းဖြစ်ပြီး အဲဒီကနေ ကင်အီဆွန်းက ပျောက်ကြား စစ်ပွဲကို ဆင်နွှဲခဲ့တယ်၊ အဲဒီမှာပဲ သူ့သား ကင်ဂျုံအီ ကိုမွေးဖွားခဲ့တယ် ဆိုတဲ့ သတင်းတွေ က ပြန့်ပါတယ်။

ကင်ဂျုံအွန်း ကလည်း အရေးကြီးတဲ့ မူဝါဒဆုံးဖြတ်ချက်တွေကို လုပ်တော့မယ်ဆိုရင် အဲဒီတောင်ကို သွားတယ်လို့လည်း ဆိုကြပါတယ်။

နိုင်ငံရဲ့ ရင်ထဲ၊အသည်းထဲမှာ ကင်တစ်ယောက်မဟုတ် တစ်ယောက် အမြဲရှိနေခဲ့တာပါ။

ဒီလိုလူမျိုးဆက်ခံမယ့်သူမရှိရင် မြောက်ကိုရီးယားက ဘာဖြစ်လာလေမလဲ။

ကင်ဂျုံအွန်းမှာ ကလေးတွေရှိပါတယ်။ ဒါပေမဲ့ သူတို့က သိပ်ငယ်ပါသေးတယ်။ ကလေး ၃ ယောက်ရှိတယ်လို့ ပြောကြပါတယ်။အကြီးဆုံးက ၁၀နှစ်၊ အငယ်ဆုံးလေးက ၃နှစ်ပါ။

ကင်ဂျုံအွန်း အာဏာရတော့တောင် သူ့ အသက်က ၂၇ နှစ် ပဲ ရှိပါသေးတယ်။

ဘက်ဒူးမျိုးဆက်ကလူတွေသာ မဟုတ်ရင် အဖွဲ့လိုက်အုပ်ချုပ်တဲ့ ဦးဆောင်မှုမျိုး ပေါ်လာနိုင်ပါတယ်။ ဗီယက်နမ်မှာလိုမျိုးပေါ့။ သူတို့က နိုင်ငံတည်ထောင်သူရဲ့ အယူအဆ၊အတွေးအခေါ်တွေကို အကြီးအကျယ် မှီခိုရမှာပါ။

လေ့လာသူတွေက ဘယ်သူက အဓိက ရာထူးနေရာတွေမှာ ရှိနေလဲ ဆိုတာရနိုင်သလောက် စူးစမ်း စုံစမ်းလေ့လာကြပါတယ်။ ဒါပေမဲ့ ဘယ်လို ကွဲပြားတဲ့အဖွဲ့ အုပ်စုတွေရှိတယ်ဆိုတာမျိုး၊ ဘယ်သူက တန်ခိုးထွားတယ်ဆိုတာမျိုး အသေအချာသိအောင်စုံစမ်းလို့ မရပါဘူး။

တခါတလေမှာ နိုင်ငံရဲ့ ဒီဌာန၊ ဒီအဖွဲ့အစည်းမှာ အကြီးအကဲထက် လက်ထောက်ဖြစ်သူ ဒါမှမဟုတ် ဒုတိယ အကြီးအကဲက ပိုအာဏာရှိတယ်ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ ဆိုတော့ မှန်းဆရတာ အင်မတန်ခက်ပါတယ်။

နောက် ကင် သုံးယောက်

ကင်ဂျုံအွန်း မရှိတော့ချိန်ဆိုရင် မြောက်ကိုရီးယား နိုင်ငံရေးကို ဦးဆောင်ဖို့ အလားအလာရှိတဲ့ ကင် ၃ ယောက်ရှိပါတယ်။

ဒါပေမဲ့သူတို့ ၃ ယောက်လုံး မိသားစုစည်းမျဉ်းတွေနဲ့ ပြန်ကြည့်ရင် အကန့်အသတ်တွေနဲ့ပါ။

ပထမတယောက်က ကင်ဂျုံအွန်းရဲ့ ညီမဖြစ်သူ ကင် ရိုဂျုံပါ။

သူက ငယ်ငယ်လေးကတည်းက နိုင်ငံရေးကို စိတ်ဝင်စားသူဖြစ်လို့ သူတို့ ဖခင်ဖြစ်သူ ကင်ဂျုံအီ ရဲ့ အနှစ်သက်ဆုံးထဲက တယောက်လို့ ပြောကြပါတယ်။

သူက စွမ်းဆောင်ရည် ပြည့်တယ်၊ ကိုင်တွယ်ပုံ ပျော့ပြောင်းညင်သာတယ်၊ သတိကြီးတယ်လို့ ပြောကြတယ်။

သူ့အစ်ကိုနဲ့ သူနီးစပ်မှုရှိတယ်ဆိုတာ လူမြင်ကွင်းမှာ အတော်တွေ့ရပါတယ်။

စင်ကာပူမှာ ထရမ့်နဲ့ကင် ထိပ်သီးအစည်းအဝေး သဘောတူချက် လက်မှတ်ထိုးဖို့ အချိန်မှာ ကင့် လက်ထဲကို သူက ဖောင်တိန်ကမ်းပေးလိုက်တာကို လူအများက အမှတ်ရကြဆဲပါ။

နောက်တကြိမ် ဗီယက်နမ် ဟနွိုင်းကပွဲမှာလည်း သူ့အစ်ကို နောက်နားက သူအမြဲရှိနေတာပါ။

ဒါပေမဲ့လည်း ဟနွိုင်းထိပ်သီးညီလာခံပြီးတော့ အဲ့ဒီညီလာခံက မအောင်မြင်လို့ သူ့ရာထူး လျောကျသွားတယ်လို့ သတင်းကြားရပေမယ့် တိတိကျကျ ဘယ်သူမှ မပြောနိုင်ပါဘူး။

နိုင်ငံရေးရာ ကော်မရှင်လို့ခေါ်တဲ့ ပေါ်လစီတွေချမှတ်ရတဲ့ ထိပ်ဆုံးက အဖွဲ့မှာ သူမပါပေမဲ့ သူက အာဏာရ ကိုရီးယား အလုပ်သမားပါတီ ပေါ်လစ်ဗျူရို အလှည့်ကျအဖွဲ့ဝင် တယောက်ဖြစ်တယ်။

ဝါဒဖြန့်ချိရေးနဲ့ လှုံ့ဆော်ရေး ဌာန (PAD - Propaganda and Agitation Department)က ဒုတိယ ဒါရိုက်တာလည်းဖြစ်ပါတယ်။

PAD က အတွေးအမြင်ချမှတ်ပေးတဲ့ ဌာနဆိုတော့ တန်ခိုးအာဏာကြီးတဲ့ဌာနပါ။

ဒါပေမဲ့ သူက အမျိုးသမီးဖြစ်နေတော့ အဖိုကြီးစိုးမှုနက်ရှိုင်းတဲ့ အဲဒီနိုင်ငံမှာ ဦးဆောင်မှုနေရာရမလား ဆိုတာက မှန်းဆရခက်ပါတယ်။

ခေါင်းဆောင်ကြီးနေရာ၊ စစ်တပ်ကို ကိုင်ရမယ့်နေရာ ဖြစ်ပြီး ယောက်ျားသားတွေပဲ လွှမ်းထားတဲ့ မြောက်ကိုရီးယားက သူ့ကို ဒီနေရာနဲ့ သင့်တယ်လို့ မြင်ဖို့က သိပ်မလွယ်ပါဘူး။

နောက်တယောက်က ကင်ဂျုံချူ ပါ။ သူက ကင်ဂျုံအွန်းရဲ့ အစ်ကို။ ဒါပေမဲ့သူက နိုင်ငံရေးတို့၊ အာဏာတို့ စတဲ့နေရာတွေမှာ စိတ်ဝင်စားတဲ့ပုံမျိုး ပြခဲ့တာမရှိပါဘူး။ (သူက အဲရစ် ကလက်ပ်တန် Eric Clapton ကို နှစ်သက်တယ်ဆိုတာ လူတွေက သိကြပါတယ်)။

သူက ဌာနတခုခုရဲ့ အကြီးအကဲဖြစ်လာနိုင်တယ်၊ ရေးထားပေးတဲ့မိန့်ခွန်းတွေ ဖတ်တာမျိုးလည်း တွေ့လာရနိုင်ပါတယ်။

နောက်ဆုံး တယောက်ကတော့ ကင်ပြုံအီ ပါ၊ ကင်ဂျုံအီရဲ့ အဖေတူ အမေကွဲတော်သူပါ၊ ကင်ပြုံအီရဲ့ အမေ (ကင်ဂျုံအီရဲ့ မိထွေး) က သူ့အဖေ ကင်အီဆွန်းရဲ့ အရိုက်အရာကို သူ့သား ကင်ပြုံအီရဖို့ မှန်းခဲ့ပါတယ်။

ဒါပေမဲ့ ကင်ဂျုံအီ ဩဇာကြီးလာချိန်မှာ သူ့ရည်မှန်းချက် မအောင်မြင်တော့ပါဘူး။

ကင်ပြုံအီက ၁၉၇၉ လောက်မှာ ဥရောပကိုအပို့ခံရပါတယ်။ သံအမတ်နေရာတွေမှာ တာဝန်ပေးခံရပါတယ်။

အသက် ၆၅ နှစ်အရွယ်သူဟာ မနှစ်ကမှ မြောက်ကိုရီးယားကိုပြန်လာတာပါ။

ဒီတော့ ပြုံယမ်းက ထိပ်တန်းအသိုင်းအဝိုင်းကလူတွေနဲ့ သူနီးစပ်မယ်လို့ သိပ်တွက်မထားကြပါဘူး။

ကင်ပြီးရင် တန်ခိုးအထွားဆုံးသူ

ကင်ဂျုံအွန်း ကြီးစိုးတဲ့ကာလအတွင်း ထင်ပေါ်တဲ့ တခြားလူတွေလည်း ရှိပါတယ်။

ဒါပေမဲ့သူတို့က ဘယ်နေရာမှာရှိတာ၊ သူတို့ကြားထဲ အပြိုင်အဆိုင် အတွန်းအတိုက်တွေက ဘယ်လိုရှိတယ်ဆိုတာ ကို ဘယ်သူမှ ရေရေရာရာမသိပါဘူး။

အဲဒီသူတွေထဲက တယောက်က ချိုရုံဟေး ပါ။

ကင်ဂျုံအွန်း လက်အောက်မှာ သူ့ရာထူးက တက်လာလိုက် ကျသွားလိုက် ရှိပေမဲ့ သူက မုန်တိုင်းဒဏ်ကိုခံနိုင်ပုံရပြီး အခုလောလောဆယ် မှာ ပါတီ ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီထဲမှာ ပါသလို၊ နိုင်ငံ့ရေးရာ ကော်မရှင်မှာ ဒုဥက္ကဌ (၁) ပါ။

ချိုဟာ မြောက်ကိုရီးယား စစ်တပ်မှာလည်း ထိပ်ပိုင်းရာထူးတွေ ရထားသလို၊ ကိုရီးယားအလုပ်သမားပါတီရဲ့ ဩဇာကြီးလှတဲ့ စည်းရုံးရေး၊ လမ်းညွှန်ရေးဌာန မှာလည်း ထိပ်ပိုင်းရာထူးရထားပါတယ်။

အဲဒီဌာနက နိုင်ငံသားတွေ အစိုးရက ချမှတ်တဲ့ အတွေးအမြင်တွေကို လိုက်နာဆောင်ရွက်အောင် တင်းကျပ်ဖိအားပေးတဲ့ ဌာနပါ၊ သူဟာ မြောက်ကိုရီးယားမှာ ဒုတိယ အာဏာအရှိဆုံးလူဖြစ်နိုင်ပါတယ်။

ထောက်လှမ်းရေး အကြီးအကဲနဲ့ အာဏာကြီးလာသူတချို့

နောက်တယောက်ကတော့ ကင်ယွန်ချိုပါ။

ဒီဗိုလ်ချုပ်က ထရမ့်နဲ့ကင် ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာအောင် လမ်းခင်းပေးခဲ့တဲ့သူဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပေယိုနဲ့ အကြိမ်များစွာတွေ့ဖူးပါတယ်။ သူဟာ တောင်ကိုရီးယားနဲ့ ဆက်ဆံဆောင်ရွက်ရာမှာ တာဝန်ယူထားတဲ့ ညီညွတ်သောတပ်ဦး ဌာနရဲ့ အကြီးအကဲပါ။

နောက်ပြီး နိုင်ငံရဲ့ အဓိက ထောက်လှမ်းရေးဌာနဖြစ်တဲ့ Reconnaissance General Bureau ကို ကိုင်ထားတာပါ။

အမေရိကန်နဲ့ ထိပ်သီးဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ပြီးတဲ့နောက် သူ ရာထူးက ကျသွားတယ်လို့ သတင်းထွက်ပေမဲ့ ရေရှည်မှာတော့ သူပြန်ပေါ်လာမှာပါ။

နောက်တယောက်ကတော့ ကင်ဂျေရွန်းပါ။

နိုင်ငံ့ရေးရာ ကော်မရှင်မှာလည်းပါသလို အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ပါ။ အတော်အတန် ဩဇာရှိတဲ့နေရာတွေပါ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေထဲမှာ သူ့နာမည်ထွက်လာပေမယ့် သူနဲ့ပတ်သက်တဲ့ အကြောင်းတွေကို သိပ်မသိရပါဘူး။

သူက ထုတ်ကုန်လုပ်ငန်းတွေကို စီမံခန့်ခွဲရသလို စစ်လက်နက်ထုတ် လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ဒေသ တွေကို နှစ်ပေါင်းများစွာ သူကကြီးကြပ်ခဲ့တာပါ။ ဒါ့ကြောင့် နျူကလီယား အစီအစဉ်မှာ သူ ထဲထဲဝင်ဝင်ပါလိမ့်မယ်လို့ မှန်းကြပါတယ်။

ဂျုံကျုံ တိတ်ခ် ကတော့ နိုင်ငံရေး အပြစ် ကျူးလွန်သူတွေကို စုံစမ်းအပြစ်ပေးရတဲ့ နိုင်ငံ လုံခြုံရေးဌာန ကို တာဝန်ယူထားတဲ့သူပါ။ အဲဒီဌာနက နိုင်ငံဦးဆောင်မှုကိုအကာအကွယ်ပေးတဲ့ ဌာနပါ။ ဒီတော့ နိုင်ငံ သူ့စနစ်ထဲမှာ တည်ငြိမ်စေဖို့အတွက် အရေးကြီးတဲ့ တာဝန်တွေ ထမ်းရပါတယ်။

နောက်အရာရှိကြီးတယောက်ဖြစ်တဲ့ ဟွမ်ပြုံစို ကတော့ ထိပ်ပိုင်း စစ်ရေးဆိုင်ရာ ရာထူးတွေ ရထားသလို၊ စည်းရုံးရေး၊ လမ်းညွှန်ရေးဌာနကို ကိုင်ထားတဲ့သူပါ၊ ချိုလိုပဲ သူလည်း အပြစ်ပေးခံရဖူးတာတွေ ရှိပါတယ်။

စစ်တပ် ခေါင်းဆောင်တွေ

စစ်တပ်ကို ကိုင်ထားသူတွေ ကိုရီးယား ပြည်သူ့ တပ်မတော် (Korean People's Army - KPA) က ထိပ်ပိုင်း စစ်ဗိုလ်ချုပ် တချို့လောက်ပဲ အပြောင်းအလဲလို ကာလမှာ ဩဇာကြီးမှာပါ။

လောလောဆယ်မှာ KPA ပေါ်လစ်ဗျူရိုရဲ့ ထိပ်ဆုံးက ၂ ယောက်က ကင်စု ဂျဲလ် နဲ့ ကင်ဝန်ဟွန် ပါ။

ဒီဗျူရိုက ပါတီကို စစ်တပ်က သစ္စာခံဖို့ တင်းကျပ်တဲ့ ဗျူရိုပါ။ ဒီတော့ မသေချာမရေရာတဲ့ အချိန်ကာလတွေမှာ ဒီဌာနကလည်း သိပ်ကို အရေးကြီးမှာပါ။

ကင်ဝန်ဟွန် နဲ့ ဟွမ်ပြုံစို က ကင်ဂျုံအွန်းဆီကို သူတို့တင်ပြတာတွေလုပ်ဖို့အတွက် လွှမ်းမိုးနိုင်ဖို့ ပြိုင်ကြတဲ့ပွဲတွေမှာ အပြိုင်အဆိုင်တွေလို့ သတင်းထွက်ပါတယ်။

ဒီလိုထိပ်တန်းခေါင်းဆောင်တွေထဲမှာ ဘယ်သူနဲ့ ဘယ်သူနဲ့ မတည့်၊ ဘယ်သူနဲ့ဘယ်သူက မဟာမိတ်တွေလဲ၊ ကင်ရိုဂျုံကို လိုလားသူ၊ ဆန့်ကျင်သူတွေ ရှိလား၊ ထိပ်ပိုင်းတွေ စင်ပြိုင်လုပ်ကြရင် ထိန်းမရဘဲ မတည်ငြိမ်တာတွေဖြစ်ဖို့ စိုးရိမ်ရလား၊ ထိန်းမရဘဲ ဖြစ်လာရင် တောင်ကိုရီးယားကပဲဖြစ်ဖြစ်၊ တရုတ်ကပဲ ဖြစ်ဖြစ် ဝင်စီးနိုင်တဲ့ အခြေအနေ ကို တွန်းပို့သွားနိုင်လား ဆိုတဲ့ မေးခွန်းတွေ အများကြီးပါ။

လက်ရှိအချိန်မှာတော့ ပြည့်စုံတဲ့ ဆက်ခံသူ မရှိသေးပါဘူး၊ သူ့ ညီမက ကျား၊မ ခွဲခြားကြည့်တဲ့ အဲဒီက အစဉ်အလာကို ဖောက်ထွက်နိုင်ရင် ကောင်းနိုင်ပါလိမ့်မယ်။

တခြားသူတွေကတော့ အရေးပါလှတဲ့ ဘက်ဒူး မိသားစုမျိုးဆက်ဆီက ဆင်းသက်လာတာမဟုတ်ပါဘူး။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူတို့အားလုံးအနေနဲ့ နိုင်ငံတကာက စံတွေကို အဓိပ္ပာယ်ဖွင့်ကြရင်း သူတို့နိုင်ငံရဲ့ ညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် လုပ်ဆောင်ကြရမှာပါ၊

BBC Burmese
https://www.bbc.com/burmese/world-52462273
ကင္ဂ်ဳံအြန္း - ေျမာက္ကိုရီးယားကို ဘယ္သူ ဆက္ဦးေဆာင္မလဲ ကင္ဂ်ဳံအြန္း - ေျမာက္ကိုရီးယားကို ဘယ္သူ ဆက္ဦးေဆာင္မလဲ Reviewed by THITHTOOLWIN on 23:08 Rating: 5
Powered by Blogger.