ကို႐ိုနာ ဗိုင္းရပ္ - ဗိုင္းရပ္ေၾကာင့္ နယူးေယာက္မွာ က်င္းႀကီးေတြ တူး


(Zawgyi)⤵⤵⤵
ကို႐ိုနာ ဗိုင္းရပ္ေဘးဒဏ္ေၾကာင့္ လူေသႏႈန္း ဆက္တက္ေနတဲ့ နယူးေယာက္ၿမိဳ႕မွာ အေလာင္းေတြကို က်င္းႀကီးေတြ တူးၿပီး စျမႇဳပ္ေနၿပီ ျဖစ္ပါတယ္။

ဒ႐ုန္းနဲ႔ ႐ိုက္ကူးတဲ့ ပုံေတြအရ ဟာ့တ္ကြၽန္းေပၚမွာ ကာကြယ္ေရး ဝတ္စုံေတြနဲ႔ အလုပ္သမားေတြ က်င္းတူးေနတာကို ေတြ႕ရပါတယ္။

အလုပ္သမားေတြက က်င္းႀကီးထဲကို ေလွကားနဲ႔ ဆင္းၿပီး သစ္ခ်သား ေခါင္းေတြနဲ႔ ထည့္ထားတဲ့ အေလာင္းေတြကို က်င္းတိမ္တိမ္ေတြမွာ အရွည္လိုက္ တူးၿပီး ျမႇဳပ္ၾကပါတယ္။

ကမာၻေပၚက တျခား ဘယ္ႏိုင္ငံထက္မဆို နယူးေယာက္ျပည္နယ္က ေရာဂါသည္ အမ်ားဆုံး ပိုေတြ႕ေနရၿပီး တရက္ထဲမွာ လူနာသစ္ တေသာင္း ခုန္တက္ခဲ့ပါတယ္။ စုစုေပါင္း လူနာ တသိန္းေျခာက္ေသာင္းနီးပါးနဲ႔ ေသဆုံးသူ ခုနစ္ေထာင္ ရွိေနၿပီ ျဖစ္ပါတယ္။

စပိန္မွာ လူနာ ၁၅၃,ဝဝဝ ရွိၿပီး အီတလီမွာေတာ့ ၁၄၃,ဝဝဝ ရွိေနပါတယ္။ ဗိုင္းရပ္စတင္ျပန္႔ပြားတဲ့ တ႐ုတ္ႏိုင္ငံမွာေတာ့ လူနာ ၈၂ ,ဝဝဝ ရွိပါတယ္။

အေမရိကန္ တႏိုင္ငံလုံးမွာေတာ့ လူနာ ၄၆၂, ဝဝဝ ရွိၿပီး ေသဆုံးသူ ၁၆,၅ဝဝ ရွိပါတယ္။ တကမာၻလုံးမွာေတာ့ လူနာ ၁.၆ သန္းနဲ႔ ေသသူ ၉၅,ဝဝဝ ရွိပါတယ္။
ဧၿပီလ ၉ ရက္တရက္တည္း အေခါင္း ၄ဝ ေလာက္ျမႇဳပ္ခဲ့
ဒီကြၽန္းမွာ အရင္ ႏွစ္ ၁၅ဝ တုန္းက ေဆြမ်ိဳးသားခ်င္း မရွိတဲ့ မိသားစုက သၿဂႋဳဟ္စရိတ္ မတတ္ႏိုင္တဲ့သူေတြရဲ႕ အေလာင္းေတြကို အစုလိုက္ ျမႇဳပ္ေလ့ရွိပါတယ္ ။

နယူးေယာက္ၿမိဳ႕ထဲက ဘ႐ြန္႔စ္ ရပ္ကြက္ႀကီးရဲ႕ အလြန္ ေလာင္းအိုင္းလင္း ပင္လယ္ဝမွာ ရွိတဲ့ ကြၽန္း ျဖစ္ပါတယ္။

ဒီလို ျမႇဳပ္တဲ့ အေခါင္းအမ်ားစုဟာ ကို႐ိုနာ ဗိုင္းရပ္ေရာဂါသည္ေတြရဲ႕ အေလာင္းေတြ ျဖစ္ႏိုင္ေပမယ့္ မိသားစုက မတတ္ႏိုင္တာလား၊ ေဆြမ်ိဳးမရွိလို႔ ဒီကိုလာျမႇဳပ္တာလား ေသခ်ာ မသိရပါဘူး။

ကပ္ဆိုက္ေနတဲ့အခ်ိန္ ဒီမွာ ျမႇဳပ္တဲ့ အႀကိမ္ေရက တပတ္ တရက္ကေန တပတ္ ငါးရက္ထိ တက္လာတယ္လို႔လည္း အက်ဥ္းေထာင္ ဌာနက ထုတ္ျပန္ပါတယ္။

နယူးေယာက္ရဲ႕ အဓိကေထာင္ႀကီးျဖစ္တဲ့ ႐ိုက္ကာကြၽန္းက အက်ဥ္းသားေတြက ဒီက်င္းတူးတဲ့ အလုပ္ကို လုပ္ေလ့ရွိေပမယ့္ ဒီလိုက်င္းတူးရတဲ့အလုပ္ေတြ မ်ားလာတဲ့အတြက္ ကန္ထ႐ိုက္ေတြ ေခၚ ျမႇဳပ္ေနရတာပါ။

အက်ပ္အတည္းကာလ ေက်ာ္လြန္တဲ့အထိ ယာယီ ျမႇဳပ္ႏွံတာေတြ လိုလာႏိုင္တယ္လို႔လည္း နယူးေယာက္ၿမိဳ႕ေတာ္ဝန္ ဘီလ္ဒီ ဘလာဇီယိုက ဒီတပတ္ထဲမွာ ေျပာခဲ့ပါတယ္။

ဒါမ်ိဳး သမိုင္းတေလွ်ာက္ ဟာ့တ္ကြၽန္းမွာ လုပ္ခဲ့တယ္လို႔လည္း သူက ဆိုပါတယ္။
ေနဖို႔ထက္ ေသဖို႔ခက္တဲ့ နယူးေယာက္
နယူးေယာက္ဟာ အေမရိကန္မွာ ကပ္ေရာဂါဒဏ္ အဆိုးဆုံး ခံရတဲ့ ေနရာ ျဖစ္ေနသလို ဧၿပီလ ၉ ရက္ တရက္ထဲမွာ နယူးေယာက္ျပည္နယ္မွာ လူ ရွစ္ရာနီးပါး ေသဆုံးခဲ့ပါတယ္။

သုံးရက္ဆက္တိုက္ ေသႏႈန္းျမင့္ခဲ့တာပါ။

ဒါေပမဲ့ နယူးေယာက္မွာ ေဆး႐ုံတင္ရသူ အေရအတြက္ ဒုတိယေျမာက္ရက္အျဖစ္ ႏွစ္ရာအထိ ျပဳတ္က်သြားတယ္လို႔လည္း ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး အင္ဒ႐ူး ကိုမိုက ေျပာပါတယ္။

လူခ်င္းခြဲေနတဲ့ စနစ္ေၾကာင့္ ေအာင္ျမင္တာ လို႔လည္း ဆိုပါတယ္။

ေနာက္ အေမရိကန္မွာ ကိုဗစ္ဗိုင္းရပ္နဲ႔ ေသႏိုင္တဲ့ စုစုေပါင္း အေရအတြက္ ေျခာက္ေသာင္းေက်ာ္ေလာက္ ရွိမယ္လို႔လည္း အိမ္ျဖဴေတာ္က ကို႐ိုနာ ဗိုင္းရပ္ တိုက္ဖ်က္ေရး အဖြဲ႕က ေဒါက္တာ အန္ေထာ္နီ ေဖာ့ခ်ီက စီဘီအက္စ္ ႐ုပ္သံမွာ ေျပာခဲ့ပါတယ္။

မတ္လကုန္တုန္းကေတာ့ လူတသိန္းက ႏွစ္သိန္းၾကား ေသႏိုင္တယ္လို႔ သူခန္႔မွန္းခဲ့ဖူးပါတယ္။
ဘ႐ြတ္ကလင္းရပ္ကြက္က နာေရးပို႔သူတေယာက္
အေမရိကန္ အစိုးရ ကိန္းဂဏန္းေတြအရ ေအာက္တိုဘာ ၂ဝ၁၉ ကေန မတ္ ၂ဝ၂ဝ အတြင္း တုပ္ေကြးနဲ႔ ေသဆုံးသူ ေျခာက္ေသာင္း ရွိႏိုင္တယ္ဆိုတဲ့ ခန္႔မွန္းခ်က္ကလည္း ရွိပါတယ္။

ဒါေပမဲ့ ကိုဗစ္-၁၉ က တုပ္ေကြးထက္ သုံးဆေလာက္ ပိုျပင္းထန္တယ္ဆိုၿပီး ဒုတိယ သမၼတ မိုက္ပန္႔စ္က သတိေပးခဲ့ပါတယ္။

အိမ္မွာေနဖို႔ အမိန္႔ထုတ္ထားတဲ့အတြက္ အေရးမႀကီးတဲ့ စီးပြားေရး လုပ္ငန္းေတြကို အေမရိကန္ ျပည္နယ္ ၄၂ ခုမွာ ပိတ္ခဲ့ၿပီးေနာက္ စီးပြားေရးေတြ ထိုးက်ခဲ့ပါတယ္။

အလုပ္လက္မဲ့ ခံစားခြင့္ လာေလွ်ာက္သူ ေျခာက္သန္း ျဖစ္ေနတာကလည္း ႏွစ္ပတ္ ရွိသြားၿပီး ဒီသုံးပတ္အတြင္း အလုပ္ျပဳတ္ေနတဲ့ အေမရိကန္ ဦးေရက ၁၇ သန္းနီးပါး ရွိသြားပါတယ္။
အိုေဟာင္းေနတဲ့ နယူးေယာက္ ရထားလမ္းမ်ား
ခ်ီကာဂိုၿမိဳ႕မွာလည္း လူစုေဝးမႈ ပိတ္ထားတာကို ခ်ိဳးေဖာက္ေနတာေတြ တားျမစ္ဖို႔ ဧၿပီလကုန္အထိ အရက္ေသစာ ေရာင္းခ်မႈကို ည ၉ နာရီ ေနာက္ပိုင္း ပိတ္ပင္ခဲ့ပါတယ္။

ခ်ီကာဂိုမွာ ေသသူ အေရအတြက္ ၇ဝ ရာခိုင္ႏႈန္းေက်ာ္က လူမည္းေတြ ျဖစ္ေနၿပီး သူတို႔က ၿမိဳ႕လူဦးေရရဲ႕ ၃ဝ ရာခိုင္ႏႈန္းပဲ ရွိတာပါ။

လူဝီစီယားနား၊ မစ္ခ်ီဂန္၊ ဝစၥကြန္ဆင္းနဲ႔ နယူးေယာက္ျပည္နယ္ေတြက ေသႏႈန္းေတြမွာလည္း ဒီလို လူျဖဴလူမည္း မညီမွ်မႈေတြ ေတြ႕ေနရပါတယ္။

ဒါေၾကာင့္ ကပ္ေဘးေၾကာင့္ ေသတဲ့ စာရင္းကို လူမ်ိဳးအလိုက္ ထုတ္ေပးဖို႔ ဒီမိုကရက္ သမၼတေလာင္း အျဖစ္ တစ္ေျပးေနတဲ့ ဂ်ိဳးဘိုင္ဒန္က ေတာင္းဆိုခဲ့ပါတယ္။

BBC Burmese
--------------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာ ဗိုင်းရပ် - ဗိုင်းရပ်ကြောင့် နယူးယောက်မှာ ကျင်းကြီးတွေ တူး

ကိုရိုနာ ဗိုင်းရပ်ဘေးဒဏ်ကြောင့် လူသေနှုန်း ဆက်တက်နေတဲ့ နယူးယောက်မြို့မှာ အလောင်းတွေကို ကျင်းကြီးတွေ တူးပြီး စမြှုပ်နေပြီ ဖြစ်ပါတယ်။

ဒရုန်းနဲ့ ရိုက်ကူးတဲ့ ပုံတွေအရ ဟာ့တ်ကျွန်းပေါ်မှာ ကာကွယ်ရေး ဝတ်စုံတွေနဲ့ အလုပ်သမားတွေ ကျင်းတူးနေတာကို တွေ့ရပါတယ်။

အလုပ်သမားတွေက ကျင်းကြီးထဲကို လှေကားနဲ့ ဆင်းပြီး သစ်ချသား ခေါင်းတွေနဲ့ ထည့်ထားတဲ့ အလောင်းတွေကို ကျင်းတိမ်တိမ်တွေမှာ အရှည်လိုက် တူးပြီး မြှုပ်ကြပါတယ်။

ကမ္ဘာပေါ်က တခြား ဘယ်နိုင်ငံထက်မဆို နယူးယောက်ပြည်နယ်က ရောဂါသည် အများဆုံး ပိုတွေ့နေရပြီး တရက်ထဲမှာ လူနာသစ် တသောင်း ခုန်တက်ခဲ့ပါတယ်။ စုစုပေါင်း လူနာ တသိန်းခြောက်သောင်းနီးပါးနဲ့ သေဆုံးသူ ခုနစ်ထောင် ရှိနေပြီ ဖြစ်ပါတယ်။

စပိန်မှာ လူနာ ၁၅၃,ဝဝဝ ရှိပြီး အီတလီမှာတော့ ၁၄၃,ဝဝဝ ရှိနေပါတယ်။ ဗိုင်းရပ်စတင်ပြန့်ပွားတဲ့ တရုတ်နိုင်ငံမှာတော့ လူနာ ၈၂ ,ဝဝဝ ရှိပါတယ်။

အမေရိကန် တနိုင်ငံလုံးမှာတော့ လူနာ ၄၆၂, ဝဝဝ ရှိပြီး သေဆုံးသူ ၁၆,၅ဝဝ ရှိပါတယ်။ တကမ္ဘာလုံးမှာတော့ လူနာ ၁.၆ သန်းနဲ့ သေသူ ၉၅,ဝဝဝ ရှိပါတယ်။

ဒီကျွန်းမှာ အရင် နှစ် ၁၅ဝ တုန်းက ဆွေမျိုးသားချင်း မရှိတဲ့ မိသားစုက သင်္ဂြိုဟ်စရိတ် မတတ်နိုင်တဲ့သူတွေရဲ့ အလောင်းတွေကို အစုလိုက် မြှုပ်လေ့ရှိပါတယ် ။

နယူးယောက်မြို့ထဲက ဘရွန့်စ် ရပ်ကွက်ကြီးရဲ့ အလွန် လောင်းအိုင်းလင်း ပင်လယ်ဝမှာ ရှိတဲ့ ကျွန်း ဖြစ်ပါတယ်။

ဒီလို မြှုပ်တဲ့ အခေါင်းအများစုဟာ ကိုရိုနာ ဗိုင်းရပ်ရောဂါသည်တွေရဲ့ အလောင်းတွေ ဖြစ်နိုင်ပေမယ့် မိသားစုက မတတ်နိုင်တာလား၊ ဆွေမျိုးမရှိလို့ ဒီကိုလာမြှုပ်တာလား သေချာ မသိရပါဘူး။

ကပ်ဆိုက်နေတဲ့အချိန် ဒီမှာ မြှုပ်တဲ့ အကြိမ်ရေက တပတ် တရက်ကနေ တပတ် ငါးရက်ထိ တက်လာတယ်လို့လည်း အကျဉ်းထောင် ဌာနက ထုတ်ပြန်ပါတယ်။

နယူးယောက်ရဲ့ အဓိကထောင်ကြီးဖြစ်တဲ့ ရိုက်ကာကျွန်းက အကျဉ်းသားတွေက ဒီကျင်းတူးတဲ့ အလုပ်ကို လုပ်လေ့ရှိပေမယ့် ဒီလိုကျင်းတူးရတဲ့အလုပ်တွေ များလာတဲ့အတွက် ကန်ထရိုက်တွေ ခေါ် မြှုပ်နေရတာပါ။

အကျပ်အတည်းကာလ ကျော်လွန်တဲ့အထိ ယာယီ မြှုပ်နှံတာတွေ လိုလာနိုင်တယ်လို့လည်း နယူးယောက်မြို့တော်ဝန် ဘီလ်ဒီ ဘလာဇီယိုက ဒီတပတ်ထဲမှာ ပြောခဲ့ပါတယ်။

ဒါမျိုး သမိုင်းတလျှောက် ဟာ့တ်ကျွန်းမှာ လုပ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

နယူးယောက်ဟာ အမေရိကန်မှာ ကပ်ရောဂါဒဏ် အဆိုးဆုံး ခံရတဲ့ နေရာ ဖြစ်နေသလို ဧပြီလ ၉ ရက် တရက်ထဲမှာ နယူးယောက်ပြည်နယ်မှာ လူ ရှစ်ရာနီးပါး သေဆုံးခဲ့ပါတယ်။

သုံးရက်ဆက်တိုက် သေနှုန်းမြင့်ခဲ့တာပါ။

ဒါပေမဲ့ နယူးယောက်မှာ ဆေးရုံတင်ရသူ အရေအတွက် ဒုတိယမြောက်ရက်အဖြစ် နှစ်ရာအထိ ပြုတ်ကျသွားတယ်လို့လည်း ပြည်နယ် အုပ်ချုပ်ရေးမှူး အင်ဒရူး ကိုမိုက ပြောပါတယ်။

လူချင်းခွဲနေတဲ့ စနစ်ကြောင့် အောင်မြင်တာ လို့လည်း ဆိုပါတယ်။

နောက် အမေရိကန်မှာ ကိုဗစ်ဗိုင်းရပ်နဲ့ သေနိုင်တဲ့ စုစုပေါင်း အရေအတွက် ခြောက်သောင်းကျော်လောက် ရှိမယ်လို့လည်း အိမ်ဖြူတော်က ကိုရိုနာ ဗိုင်းရပ် တိုက်ဖျက်ရေး အဖွဲ့က ဒေါက်တာ အန်ထော်နီ ဖော့ချီက စီဘီအက်စ် ရုပ်သံမှာ ပြောခဲ့ပါတယ်။

မတ်လကုန်တုန်းကတော့ လူတသိန်းက နှစ်သိန်းကြား သေနိုင်တယ်လို့ သူခန့်မှန်းခဲ့ဖူးပါတယ်။

အမေရိကန် အစိုးရ ကိန်းဂဏန်းတွေအရ အောက်တိုဘာ ၂ဝ၁၉ ကနေ မတ် ၂ဝ၂ဝ အတွင်း တုပ်ကွေးနဲ့ သေဆုံးသူ ခြောက်သောင်း ရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကလည်း ရှိပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ က တုပ်ကွေးထက် သုံးဆလောက် ပိုပြင်းထန်တယ်ဆိုပြီး ဒုတိယ သမ္မတ မိုက်ပန့်စ်က သတိပေးခဲ့ပါတယ်။

အိမ်မှာနေဖို့ အမိန့်ထုတ်ထားတဲ့အတွက် အရေးမကြီးတဲ့ စီးပွားရေး လုပ်ငန်းတွေကို အမေရိကန် ပြည်နယ် ၄၂ ခုမှာ ပိတ်ခဲ့ပြီးနောက် စီးပွားရေးတွေ ထိုးကျခဲ့ပါတယ်။

အလုပ်လက်မဲ့ ခံစားခွင့် လာလျှောက်သူ ခြောက်သန်း ဖြစ်နေတာကလည်း နှစ်ပတ် ရှိသွားပြီး ဒီသုံးပတ်အတွင်း အလုပ်ပြုတ်နေတဲ့ အမေရိကန် ဦးရေက ၁၇ သန်းနီးပါး ရှိသွားပါတယ်။

ချီကာဂိုမြို့မှာလည်း လူစုဝေးမှု ပိတ်ထားတာကို ချိုးဖောက်နေတာတွေ တားမြစ်ဖို့ ဧပြီလကုန်အထိ အရက်သေစာ ရောင်းချမှုကို ည ၉ နာရီ နောက်ပိုင်း ပိတ်ပင်ခဲ့ပါတယ်။

ချီကာဂိုမှာ သေသူ အရေအတွက် ၇ဝ ရာခိုင်နှုန်းကျော်က လူမည်းတွေ ဖြစ်နေပြီး သူတို့က မြို့လူဦးရေရဲ့ ၃ဝ ရာခိုင်နှုန်းပဲ ရှိတာပါ။

လူဝီစီယားနား၊ မစ်ချီဂန်၊ ဝစ္စကွန်ဆင်းနဲ့ နယူးယောက်ပြည်နယ်တွေက သေနှုန်းတွေမှာလည်း ဒီလို လူဖြူလူမည်း မညီမျှမှုတွေ တွေ့နေရပါတယ်။

ဒါကြောင့် ကပ်ဘေးကြောင့် သေတဲ့ စာရင်းကို လူမျိုးအလိုက် ထုတ်ပေးဖို့ ဒီမိုကရက် သမ္မတလောင်း အဖြစ် တစ်ပြေးနေတဲ့ ဂျိုးဘိုင်ဒန်က တောင်းဆိုခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52244347
ကို႐ိုနာ ဗိုင္းရပ္ - ဗိုင္းရပ္ေၾကာင့္ နယူးေယာက္မွာ က်င္းႀကီးေတြ တူး ကို႐ိုနာ ဗိုင္းရပ္ - ဗိုင္းရပ္ေၾကာင့္ နယူးေယာက္မွာ က်င္းႀကီးေတြ တူး Reviewed by THITHTOOLWIN on 23:02 Rating: 5
Powered by Blogger.