ေရာဂါလကၡဏာမျပ ကူးစက္သူ ရွိလာတာေၾကာင့္ ပိုသတိထားၾကဖို႔ လုိအပ္

ရန္ကုန္ၿမိဳ႕မွာ ပိုးသတ္ေဆးျဖန္းေနတဲ့ ၀န္ထမ္းတခ်ိဳ႕ (မတ္ ၂၉၊ ၂၀၂၀)
(Zawgyi/Unicode)

ျမန္မာႏိုင္ငံတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈနဲ႔ ေရာဂါထိန္းခ်ဳပ္ေရးေဆာင္ရြက္မႈ ေနာက္ဆံုးအေျခအေနကို တင္ဆက္ေပးပါမယ္။

ျမန္မာႏိုင္ငံတြင္း ကိုရိုနာဗိုင္းရပ္စ္ရွိေၾကာင္း ဓါတ္ခဲြအတည္ျပဳခံရသူေတြထဲမွာ ဒီေရာဂါလကၡဏာ မျပသလို၊ သတ္မွတ္ေစာင့္ၾကည့္ခံရတဲ့ ၁၄ ရက္ကို ေက်ာ္လြန္ၿပီးမွ ေရာဂါျဖစ္လာသူလည္း ရွိေနပါၿပီ။ ဒီလိုအခ်ိန္မွာ ျပည္သူေတြအေနနဲ႔ အေရးတႀကီးသတိထားဖို႔ လိုေနေၾကာင္း ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ကလည္း သတိေပးထားပါတယ္။ COVID-19 ေၾကာင့္ လတ္တေလာ အသက္ဆုံးရႈံးရသူေတြဟာ နာတာရွည္ေရာဂါသည္ေတြ ျဖစ္ေနတာေၾကာင့္ ဒီလိုလူေတြ အထူးသတိထားဖို႔လိုတယ္လို႔ က်န္းမာေရးကြ်မ္းက်င္သူေတြက ေျပာပါတယ္။ အျပည့္အစုံကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပသြားမွာပါ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ မေန႔ကည ထုတ္ျပန္ခ်က္ထဲမွာ ထပ္မံေတြ႕ရွိတဲ့ ဓာတ္ခြဲအတည္ျပဳလူနာ နံပါတ္ ၂၃ ဟာ ပထမဦးဆုံးလူနာနံပါတ္ ၁ ရဲ႕ မိခင္ျဖစ္သူလို႔ ေဖာ္ျပထားပါတယ္။ အသက္ ၅၈ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဒီအမ်ိဳးသမီးမွာ ကိုဗစ္ေရာဂါလကၡဏာ တစုံတရာျပသျခင္းမရွိခဲ့သလို သူ႔ကို အသြားအလာကန႔္သတ္ၿပီး သီးျခားထားရွိတဲ့ ၁၄ရက္တာကာလကိုလည္း ေက်ာ္လြန္ခဲ့ၿပီး ျဖစ္ပါတယ္။ ဓာတ္ခြဲအတည္ျပဳၿပီးခ်ိန္အထိ ေရာဂါလကၡဏာမေတြ႕ရွိေသးေပမယ့္ တီးတိန္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွာထားရွိၿပီး လိုအပ္တဲ့ကုသမႈေတြကို ေဆာင္႐ြက္ေပးေနတယ္လို႔ သိရပါတယ္။

ဒီကေန႔ မနက္အေစာပိုင္းမွာလည္း ထပ္တိုးလူနာ ေနာက္ထပ္ ၄ ဦးကို ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီ ဓာတ္ခြဲအတည္ျပဳလူနာအသစ္ ၅ ဦးနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ဒီကေန႔မနက္မွာ အြန္လိုင္းကေနတဆင့္ျပဳလုပ္တဲ့ ရွမ္းျပည္နယ္ကျပည္သူေတြနဲ႔ ေတြ႕ဆုံခ်ိန္အစမွာ အခုလိုသတိေပးေျပာဆိုခဲ့ပါတယ္။

“မေန႔ကညကနဲ႔ ဒီမနက္ဆိုလို႔ရွိရင္ COVID Positive ျဖစ္တဲ့လူနာ ၅ေယာက္ေတြ႕ပါတယ္။ ဒီ ၅ေယာက္ထဲမွာ တေယာက္ကေတာ့ တီးတိန္က ပထမဦးဆုံးေတြ႕တဲ့ လူနာရဲ႕မိခင္ေပါ့ေနာ္။ အဲမွာ နည္းနည္းေလးထူးျခားတာက စဥ္းစားစရာက တကယ္ေတာ့ Quarantine ႏွစ္ပတ္ေက်ာ္ၿပီးမွ ေတြ႕တဲ့ဟာျဖစ္ပါတယ္။ ေနာက္ေတြ႕တဲ့ ေလးေယာက္ထဲမွာဆိုရင္ ႏွစ္ေယာက္ကေတာ့ ႏိုင္ငံျခားအဆက္အသြယ္ရွိေပမယ့္ ႏွစ္ေယာက္ကေတာ့မရွိဘူး။ ဒီျပည္တြင္းကလည္း ဘယ္မွမသြားခဲ့ဘူး။ သိသေလာက္ေတာ့ ႏိုင္ငံျခားကပုဂၢိဳလ္ေတြနဲ႔ ထိေတြ႕မႈမရွိဘူးေပါ့ေနာ္။ ဒါကေတာ့ သိသေလာက္ေပါ့။ မသိပဲနဲ႔ ဟိုသြားဒီသြားထိေတြ႕တာေတြေတာ့ ရွိႏိုင္တယ္။ ဒါေၾကာင့္မို႔ အားလုံးသိပ္ၿပီးေတာ့ သတိထားဖို႔လိုတယ္ဆိုတာ က်မထပ္ၿပီးေတာ့ သတိေပးခ်င္ပါတယ္။”

ျမန္မာျပည္ထဲကို နယ္စပ္ကေနတဆင့္ ျပန္ဝင္လာသူေတြ သိန္းနဲ႔ခ်ီ ရွိေနတာေၾကာင့္ ဒီလူေတြမွာ ေရာဂါပိုးရွိခဲ့ရင္ လာမယ့္ ႏွစ္ပတ္ သုံးပတ္တာကာလဟာ အလြန္အေရးႀကီးၿပီး ျပည္သူေတြအေနနဲ႔လည္း စိတ္ဓာတ္ပိုင္းဆိုင္ရာျပင္ဆင္ထားရမယ္လို႔ အတိုင္ပင္ခံက ေျပာခဲ့ပါတယ္။

“ေနာက္ႏွစ္ပတ္။ သုံးပတ္ဟာ သိပ္အေရးႀကီးပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ထိုင္းဘက္ကေနၿပီးေတာ့ နယ္စပ္ကိုေက်ာ္ျဖတ္ၿပီးေတာ့ ျပန္လာတဲ့ က်မတို႔ျပည္သူေတြ အမ်ားႀကီးရွိပါတယ္။ အမ်ားႀကီးဆိုတာ တခါတည္း ေသာင္းနဲ႔သိန္းနဲ႔ခ်ီၿပီးေတာ့ ရွိတယ္။ ဒီတတိုင္းျပည္လုံးကိုျပန႔္သြားတယ္။ ကိုယ့္ရပ္ကိုယ့္႐ြာကို ျပန္ၾကတယ္ေပါ့။ တခ်ိဳ႕ကေတာ့ နယ္စပ္နားမွာပဲ Quarantine ေနတဲ့ လူေတြရွိတယ္။ ကိုယ့္ရပ္ကိုယ့္႐ြာ ျပန္ၿပီးေတာ့ Quarantine ေနတဲ့သူေတြရွိတယ္။ ၿပီးေတာ့ အဲဒီမွာေရာဂါပိုးရွိေနတယ္ဆိုရင္ ေနာက္တပတ္ ႏွစ္ပတ္အတြင္းမွာ ေပၚစရာရွိတယ္။ ဒါကိုက်မတို႔ကေနၿပီးေတာ့ ကိုယ့္ကိုယ္ကိုယ္ျပင္ဆင္ထားရမယ္။ က်န္းမာေရးဝန္ႀကီးဌာနတခုလုံးကလည္း တတိုင္းျပည္လုံးမွာ တတ္ႏိုင္သေလာက္ေတာ့ ျပင္ဆင္ထားၿပီးၿပီ။ ျပည္သူေတြကလည္း စိတ္ဓာတ္ကိုျပင္ဆင္ထားရမယ္။”

ေရာဂါလကၡဏာမျပဘဲ ပိုးေတြ႕ခဲ့တဲ့ လူနာနံပါတ္ ၂၃ နဲ႔ ပတ္သက္ၿပီးေတာ့ အေထြေထြေရာဂါ အထူးကုဆရာဝန္ႀကီး ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္က အခုလိုသုံးသပ္ထားပါတယ္။

“သူသည္Contact ရွိလို႔ စစ္ေဆးလိုက္မိလို႔သာ ပိုးရွိမွန္းသိတယ္။ လကၡဏာ မရွိဘူးေပါ့။ အဲလိုလူေတြ Community ထဲမွာ အမ်ားႀကီးရွိေနႏိုင္ေသးတယ္ေပါ့။ ဒီေရာဂါကို တိုက္ႏိုင္တဲ့သူကေတာ့ ႏွစ္ပတ္ေနၿပီး ျပန္စစ္လိုက္ရင္ ေပ်ာက္ကင္းတဲ့ႏွစ္ေယာက္ကို ျမန္မာႏိုင္ငံရဲ႕စာရင္းအရ ထြက္လာၿပီေပါ့ေနာ္။ အဲေတာ့ သူတို႔ကေတာ့ ဒီဗိုင္းရပ္စ္ကိုကင္းစင္သြားေအာင္ တိုက္ထုတ္ႏိုင္တဲ့အုပ္စုထဲမွာ ပါသြားတာေပါ့။ သူတို႔ေတြမွာေတာင္ တခါျပန္စစ္ေဆးရင္ ျပန္ေပၚလာႏိုင္တာလည္း ရွိတယ္။ ၿပီးေတာ့ဗိုင္းရပ္စ္က တေနရာရာမွာခိုေအာင္းေနမယ္၊ လကၡဏာမျပဘူး။ သို႔ေသာ္ ကိုယ့္ရဲ႕ကိုယ္ခံအားစနစ္က်တဲ့အခါမွာ သူကျပန္ထြက္လာတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္ေပါ့ေနာ္။ အဲေတာ့ ဆရာကေတာ့ ဒီေတြ႕တဲ့အေပၚမွာ အဲလိုသုံးသပ္မိတယ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္အေစာပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိဆို ျမန္မာႏိုင္ငံတြင္းမွာ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ ၂၇ ဦးအထိ ရွိထားၿပီး၊ ေရာဂါေပ်ာက္ကင္းသြားသူ ၂ ဦးနဲ႔ ေသဆုံးခဲ့သူ ၃ ဦးအထိ ရွိထားပါတယ္။

ေသဆုံးခဲ့သူေတြဟာ နာတာရွည္ေရာဂါသည္ေတြျဖစ္ၿပီး ဒီေရာဂါျဖစ္သူအမ်ားစုဟာလည္း ေသြးတိုး၊ ဆီးခ်ိဳေရာဂါသည္ေတြျဖစ္ေနတာေၾကာင့္ ဒီလူနာေတြအေနနဲ႔ အထူးဂ႐ုစိုက္ေနထိုင္ဖို႔လိုေၾကာင္းကို ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္က အခုလိုလမ္းၫႊန္ထားပါတယ္။

“ဒီနာတာရွည္ေဝဒနာသည္ေတြအေနနဲ႔ ကိုယ့္ရဲ႕ေရာဂါကို ထိန္းသိမ္းတဲ့ေဆးဝါးေတြကို သုံးၿပီးေတာ့ ေဘာင္အတြင္းမွာထားဖို႔လိုတယ္။ ဥပမာ ဆီးခ်ိဳသမားဆိုရင္ ဆီးခ်ိဳေဆးေသာက္ေနတယ္။ သူ႔ရဲ႕သၾကားဓာတ္ကိုသာမာန္လူ တေယာက္ရဲ႕ေဘာင္ထဲမွာ ရွိေအာင္ သူ႔အေနနဲ႔ အစားအေသာက္နဲ႔ေဆးဝါးနဲ႔ ခ်င့္ခ်ိန္ေနရမယ္။ အဲလိုပဲေသြးတိုးသမားသည္လည္း သူ႔ေသြးေပါင္ကို သတ္မွတ္တဲ့ေဘာင္အတြင္းရွိေအာင္ ထိန္းသိမ္းရမယ္။ ႏွလုံးေရာဂါသည္ဆို ပိုအေရးႀကီးတယ္။ သတ္မွတ္ထားတဲ့ ဆရာဝန္ၫႊန္ၾကားထားတဲ့ ေဆးေတြကိုေသာက္ၿပီးေတာ့ က်န္းမာေနေအာင္ ေဆာင္႐ြက္ထားရမယ္။ ဒါကေတာ့ ကိုယ့္ရဲ႕ေရာဂါနဲ႔ ပတ္သက္ၿပီး ေဆာင္႐ြက္ရမယ့္ဟာေပါ့။”

နာတာရွည္ေရာဂါသည္ေတြအေနနဲ႔ နဂိုေရာဂါအခံကို တည္ၿငိမ္ေအာင္ကုသဖို႔လိုသလို ပုံမွန္က်န္းမာေရးေကာင္းသူေတြအေနနဲ႔လည္း ေပါ့ေပါ့ဆဆမေနဖို႔ကို သတိေပးထားပါတယ္။ ကိုယ္ခံအားေကာင္းေအာင္ေနထိုင္ဖို႔လိုသလို အျပင္ကျပန္လာၿပီးတိုင္း လက္ကိုသန႔္စင္ၿပီး ပစၥည္းေတြကိုလည္း သန႔္စင္ေပးဖို႔လိုတယ္လို႔ မွာၾကားထားပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္ေတြအတိုင္း လိုက္နာေနထိုင္ၿပီး မလိုအပ္ပဲ အိမ္ျပင္မထြက္ဖို႔ကိုလည္း အထူးသတိေပးထားပါတယ္။

COVID-19 ေရာဂါျပန႔္ပြားမႈကို တိုက္ဖ်က္ရာမွာ အေထာက္အကူျပဳဖို႔အတြက္ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ကေနေရာက္ရွိလာတဲ့ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္ ၁၂ဦးဟာလည္း ဒီကပညာရွင္ေတြနဲ႔အတူ ပူးတြဲေဆာင္႐ြက္ေနတာ ႏွစ္ရက္ရွိၿပီျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕မွာ ၁၄ရက္တာ ေနထိုင္သြားမွာျဖစ္ၿပီး COVID-19 ေရာဂါ ကုသေရးနဲ႔ ရွာေဖြေရးလုပ္ငန္းေတြမွာ ပူးေပါင္းေဆာင္႐ြက္သြားမွာပါ။

ဒီကေန႔စာရင္းေတြအရဆိုရင္ေတာ့ ကမၻာ့ႏိုင္ငံနဲ႔နယ္ေျမေပါင္း ၂၁၀ မွာ လူေပါင္း ၁၆သိန္းေက်ာ္ကို ကူးစက္ခဲ့တာပါ။ ဒီေရာဂါေၾကာင့္ ေသဆုံးသူ ၉၆,၀၀၀ ေက်ာ္ရွိခဲ့ၿပီး ေရာဂါသက္သာလာသူ အေရအတြက္ဟာလည္း ၃၆၀,၀၀၀ ေက်ာ္ရွိထားၿပီျဖစ္ပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------
[Unicode Version]

ရောဂါလက္ခဏာမပြ ကူးစက်သူ ရှိလာတာကြောင့် ပိုသတိထားကြဖို့လိုအပ်

မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ရောဂါထိန်းချုပ်ရေးဆောင်ရွက်မှု နောက်ဆုံးအခြေအနေကို တင်ဆက်ပေးပါမယ်။

မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ရှိကြောင်း ဓါတ်ခွဲအတည်ပြုခံရသူတွေထဲမှာ ဒီရောဂါလက္ခဏာ မပြသလို၊ သတ်မှတ်စောင့်ကြည့်ခံရတဲ့ ၁၄ ရက်ကို ကျော်လွန်ပြီးမှ ရောဂါဖြစ်လာသူလည်း ရှိနေပါပြီ။ ဒီလိုအချိန်မှာ ပြည်သူတွေအနေနဲ့ အရေးတကြီးသတိထားဖို့ လိုနေကြောင်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သတိပေးထားပါတယ်။ COVID-19 ကြောင့် လတ်တလော အသက်ဆုံးရှုံးရသူတွေဟာ နာတာရှည်ရောဂါသည်တွေ ဖြစ်နေတာကြောင့် ဒီလိုလူတွေ အထူးသတိထားဖို့လိုတယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ကည ထုတ်ပြန်ချက်ထဲမှာ ထပ်မံတွေ့ရှိတဲ့ ဓာတ်ခွဲအတည်ပြုလူနာ နံပါတ် ၂၃ ဟာ ပထမဦးဆုံးလူနာနံပါတ် ၁ ရဲ့ မိခင်ဖြစ်သူလို့ ဖော်ပြထားပါတယ်။ အသက် ၅၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီအမျိုးသမီးမှာ ကိုဗစ်ရောဂါလက္ခဏာ တစုံတရာပြသခြင်းမရှိခဲ့သလို သူ့ကို အသွားအလာကန့်သတ်ပြီး သီးခြားထားရှိတဲ့ ၁၄ရက်တာကာလကိုလည်း ကျော်လွန်ခဲ့ပြီး ဖြစ်ပါတယ်။ ဓာတ်ခွဲအတည်ပြုပြီးချိန်အထိ ရောဂါလက္ခဏာမတွေ့ရှိသေးပေမယ့် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှာထားရှိပြီး လိုအပ်တဲ့ကုသမှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်အစောပိုင်းမှာလည်း ထပ်တိုးလူနာ နောက်ထပ် ၄ ဦးကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဓာတ်ခွဲအတည်ပြုလူနာအသစ် ၅ ဦးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့မနက်မှာ အွန်လိုင်းကနေတဆင့်ပြုလုပ်တဲ့ ရှမ်းပြည်နယ်ကပြည်သူတွေနဲ့ တွေ့ဆုံချိန်အစမှာ အခုလိုသတိပေးပြောဆိုခဲ့ပါတယ်။

“မနေ့ကညကနဲ့ ဒီမနက်ဆိုလို့ရှိရင် COVID Positive ဖြစ်တဲ့လူနာ ၅ယောက်တွေ့ပါတယ်။ ဒီ ၅ယောက်ထဲမှာ တယောက်ကတော့ တီးတိန်က ပထမဦးဆုံးတွေ့တဲ့ လူနာရဲ့မိခင်ပေါ့နော်။ အဲမှာ နည်းနည်းလေးထူးခြားတာက စဉ်းစားစရာက တကယ်တော့ Quarantine နှစ်ပတ်ကျော်ပြီးမှ တွေ့တဲ့ဟာဖြစ်ပါတယ်။ နောက်တွေ့တဲ့ လေးယောက်ထဲမှာဆိုရင် နှစ်ယောက်ကတော့ နိုင်ငံခြားအဆက်အသွယ်ရှိပေမယ့် နှစ်ယောက်ကတော့မရှိဘူး။ ဒီပြည်တွင်းကလည်း ဘယ်မှမသွားခဲ့ဘူး။ သိသလောက်တော့ နိုင်ငံခြားကပုဂ္ဂိုလ်တွေနဲ့ ထိတွေ့မှုမရှိဘူးပေါ့နော်။ ဒါကတော့ သိသလောက်ပေါ့။ မသိပဲနဲ့ ဟိုသွားဒီသွားထိတွေ့တာတွေတော့ ရှိနိုင်တယ်။ ဒါကြောင့်မို့ အားလုံးသိပ်ပြီးတော့ သတိထားဖို့လိုတယ်ဆိုတာ ကျမထပ်ပြီးတော့ သတိပေးချင်ပါတယ်။”

မြန်မာပြည်ထဲကို နယ်စပ်ကနေတဆင့် ပြန်ဝင်လာသူတွေ သိန်းနဲ့ချီ ရှိနေတာကြောင့် ဒီလူတွေမှာ ရောဂါပိုးရှိခဲ့ရင် လာမယ့် နှစ်ပတ် သုံးပတ်တာကာလဟာ အလွန်အရေးကြီးပြီး ပြည်သူတွေအနေနဲ့လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာပြင်ဆင်ထားရမယ်လို့ အတိုင်ပင်ခံက ပြောခဲ့ပါတယ်။

“နောက်နှစ်ပတ်။ သုံးပတ်ဟာ သိပ်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းဘက်ကနေပြီးတော့ နယ်စပ်ကိုကျော်ဖြတ်ပြီးတော့ ပြန်လာတဲ့ ကျမတို့ပြည်သူတွေ အများကြီးရှိပါတယ်။ အများကြီးဆိုတာ တခါတည်း သောင်းနဲ့သိန်းနဲ့ချီပြီးတော့ ရှိတယ်။ ဒီတတိုင်းပြည်လုံးကိုပြန့်သွားတယ်။ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ကြတယ်ပေါ့။ တချို့ကတော့ နယ်စပ်နားမှာပဲ Quarantine နေတဲ့ လူတွေရှိတယ်။ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ပြီးတော့ Quarantine နေတဲ့သူတွေရှိတယ်။ ပြီးတော့ အဲဒီမှာရောဂါပိုးရှိနေတယ်ဆိုရင် နောက်တပတ် နှစ်ပတ်အတွင်းမှာ ပေါ်စရာရှိတယ်။ ဒါကိုကျမတို့ကနေပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ထားရမယ်။ ကျန်းမာရေးဝန်ကြီးဌာနတခုလုံးကလည်း တတိုင်းပြည်လုံးမှာ တတ်နိုင်သလောက်တော့ ပြင်ဆင်ထားပြီးပြီ။ ပြည်သူတွေကလည်း စိတ်ဓာတ်ကိုပြင်ဆင်ထားရမယ်။”

ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့ခဲ့တဲ့ လူနာနံပါတ် ၂၃ နဲ့ ပတ်သက်ပြီးတော့ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အခုလိုသုံးသပ်ထားပါတယ်။

“သူသည်Contact ရှိလို့ စစ်ဆေးလိုက်မိလို့သာ ပိုးရှိမှန်းသိတယ်။ လက္ခဏာ မရှိဘူးပေါ့။ အဲလိုလူတွေ Community ထဲမှာ အများကြီးရှိနေနိုင်သေးတယ်ပေါ့။ ဒီရောဂါကို တိုက်နိုင်တဲ့သူကတော့ နှစ်ပတ်နေပြီး ပြန်စစ်လိုက်ရင် ပျောက်ကင်းတဲ့နှစ်ယောက်ကို မြန်မာနိုင်ငံရဲ့စာရင်းအရ ထွက်လာပြီပေါ့နော်။ အဲတော့ သူတို့ကတော့ ဒီဗိုင်းရပ်စ်ကိုကင်းစင်သွားအောင် တိုက်ထုတ်နိုင်တဲ့အုပ်စုထဲမှာ ပါသွားတာပေါ့။ သူတို့တွေမှာတောင် တခါပြန်စစ်ဆေးရင် ပြန်ပေါ်လာနိုင်တာလည်း ရှိတယ်။ ပြီးတော့ဗိုင်းရပ်စ်က တနေရာရာမှာခိုအောင်းနေမယ်၊ လက္ခဏာမပြဘူး။ သို့သော် ကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကျတဲ့အခါမှာ သူကပြန်ထွက်လာတာမျိုးလည်း ဖြစ်နိုင်တယ်ပေါ့နော်။ အဲတော့ ဆရာကတော့ ဒီတွေ့တဲ့အပေါ်မှာ အဲလိုသုံးသပ်မိတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်အစောပိုင်း ထုတ်ပြန်ပြီးချိန်အထိဆို မြန်မာနိုင်ငံတွင်းမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၇ ဦးအထိ ရှိထားပြီး၊ ရောဂါပျောက်ကင်းသွားသူ ၂ ဦးနဲ့ သေဆုံးခဲ့သူ ၃ ဦးအထိ ရှိထားပါတယ်။

သေဆုံးခဲ့သူတွေဟာ နာတာရှည်ရောဂါသည်တွေဖြစ်ပြီး ဒီရောဂါဖြစ်သူအများစုဟာလည်း သွေးတိုး၊ ဆီးချိုရောဂါသည်တွေဖြစ်နေတာကြောင့် ဒီလူနာတွေအနေနဲ့ အထူးဂရုစိုက်နေထိုင်ဖို့လိုကြောင်းကို ဒေါက်တာမိုးအောင်ကျော်နိုင်က အခုလိုလမ်းညွှန်ထားပါတယ်။

“ဒီနာတာရှည်ဝေဒနာသည်တွေအနေနဲ့ ကိုယ့်ရဲ့ရောဂါကို ထိန်းသိမ်းတဲ့ဆေးဝါးတွေကို သုံးပြီးတော့ ဘောင်အတွင်းမှာထားဖို့လိုတယ်။ ဥပမာ ဆီးချိုသမားဆိုရင် ဆီးချိုဆေးသောက်နေတယ်။ သူ့ရဲ့သကြားဓာတ်ကိုသာမာန်လူ တယောက်ရဲ့ဘောင်ထဲမှာ ရှိအောင် သူ့အနေနဲ့ အစားအသောက်နဲ့ဆေးဝါးနဲ့ ချင့်ချိန်နေရမယ်။ အဲလိုပဲသွေးတိုးသမားသည်လည်း သူ့သွေးပေါင်ကို သတ်မှတ်တဲ့ဘောင်အတွင်းရှိအောင် ထိန်းသိမ်းရမယ်။ နှလုံးရောဂါသည်ဆို ပိုအရေးကြီးတယ်။ သတ်မှတ်ထားတဲ့ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကိုသောက်ပြီးတော့ ကျန်းမာနေအောင် ဆောင်ရွက်ထားရမယ်။ ဒါကတော့ ကိုယ့်ရဲ့ရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမယ့်ဟာပေါ့။”

နာတာရှည်ရောဂါသည်တွေအနေနဲ့ နဂိုရောဂါအခံကို တည်ငြိမ်အောင်ကုသဖို့လိုသလို ပုံမှန်ကျန်းမာရေးကောင်းသူတွေအနေနဲ့လည်း ပေါ့ပေါ့ဆဆမနေဖို့ကို သတိပေးထားပါတယ်။ ကိုယ်ခံအားကောင်းအောင်နေထိုင်ဖို့လိုသလို အပြင်ကပြန်လာပြီးတိုင်း လက်ကိုသန့်စင်ပြီး ပစ္စည်းတွေကိုလည်း သန့်စင်ပေးဖို့လိုတယ်လို့ မှာကြားထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာနေထိုင်ပြီး မလိုအပ်ပဲ အိမ်ပြင်မထွက်ဖို့ကိုလည်း အထူးသတိပေးထားပါတယ်။

COVID-19 ရောဂါပြန့်ပွားမှုကို တိုက်ဖျက်ရာမှာ အထောက်အကူပြုဖို့အတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကနေရောက်ရှိလာတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၂ဦးဟာလည်း ဒီကပညာရှင်တွေနဲ့အတူ ပူးတွဲဆောင်ရွက်နေတာ နှစ်ရက်ရှိပြီဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ၁၄ရက်တာ နေထိုင်သွားမှာဖြစ်ပြီး COVID-19 ရောဂါ ကုသရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာပါ။

ဒီကနေ့စာရင်းတွေအရဆိုရင်တော့ ကမ္ဘာ့နိုင်ငံနဲ့နယ်မြေပေါင်း ၂၁၀ မှာ လူပေါင်း ၁၆သိန်းကျော်ကို ကူးစက်ခဲ့တာပါ။ ဒီရောဂါကြောင့် သေဆုံးသူ ၉၆,၀၀၀ ကျော်ရှိခဲ့ပြီး ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၃၆၀,၀၀၀ ကျော်ရှိထားပြီဖြစ်ပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-myanmar/5367223.html
ေရာဂါလကၡဏာမျပ ကူးစက္သူ ရွိလာတာေၾကာင့္ ပိုသတိထားၾကဖို႔ လုိအပ္ ေရာဂါလကၡဏာမျပ ကူးစက္သူ ရွိလာတာေၾကာင့္ ပိုသတိထားၾကဖို႔ လုိအပ္ Reviewed by THITHTOOLWIN on 23:02 Rating: 5
Powered by Blogger.