ကို႐ိုနာဗိုင္းရပ္စ္ - မကူးစက္၊ မျပန္႔ပြားေအာင္ ဘယ္လိုကာကြယ္မလဲ

ႏွာေခ်ရင္ တစ္ရႉးနဲ႔အုပ္ပါ။
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျဖစ္လာတာေၾကာင့္ လူသားေတြ ေနထိုင္မႈ ပုံစံ ေျပာင္းလဲလာရၿပီး အခ်င္းခ်င္းၾကား ဆက္ဆံေရးေတြလည္း ေျပာင္းခဲ့ရပါတယ္။ ဒါေပမဲ့ ဒီလိုေျပာင္းလဲလာတဲ့ ေနထိုင္နည္းေတြအတြက္ လမ္းၫႊန္ခ်က္ေတြ အႀကံေပးခ်က္ေတြက အမ်ားႀကီး ရွိေနပါၿပီ။ အဲဒီအထဲက အသုံးဝင္မယ့္ နည္းလမ္းတခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။

ကိုယ့္ကိုယ္ကိုယ္ ဘယ္လိုကာကြယ္မလဲ
လက္မၾကာခဏေဆးပါ
ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕ အဓိကအက်ဆုံးနဲ႔ အေျခခံအက်ဆုံး ကာကြယ္နည္းကေတာ့ တစ္ကိုယ္ေရ သန္႔ရွင္းေရး ျဖစ္ပါတယ္။

    လက္ကို မၾကာခဏ ေရနဲ႔ ဆပ္ျပာတို႔နဲ႔ ေသေသခ်ာခ်ာေဆးပါ။ ဒါမွမဟုတ္ အရက္ျပန္ပါတဲ့ လက္သန္႔ေဆးနဲ႔ ေဆးပါ။
    မ်က္စိ၊ ႏွာေခါင္းနဲ႔ ပါးစပ္ကို လက္နဲ႔ မထိပါနဲ႔။ လက္က တျခားေနရာကို ေလွ်ာက္ထိကိုင္ထားလို႔ ဗိုင္းရပ္စ္ေတြ ပါလာႏိုင္ၿပီး အဲဒါကေန ကိုယ္ထဲကို ေရာက္သြားႏိုင္လို႔ပါ။

ဗိုင္းရပ္စ္ မျပန္႔ပြားေအာင္ ဘယ္လိုလုပ္မလဲ
ႏွာေခ်၊ေခ်ာင္းဆိုးရင္ အုပ္ဆိုးပါ
    ႏွာေခ်၊ ေခ်ာင္းဆိုးတဲ့အခါ တစ္ရႉး ဒါမွမဟုတ္ တံေတာင္အတြင္းပိုင္းနဲ႔ အုပ္ပါ။
    သုံးၿပီးသား တစ္ရႉးကို ခ်က္ခ်င္း လႊင့္ပစ္ပါ။

    တစ္ေယာက္နဲ႔ တစ္ေယာက္ အနည္းဆုံး ႏွစ္မီတာ (၆ ေပ) ခြာေနပါ။ လက္ႏွစ္ကမ္း အကြာေလာက္နီးပါး ခြာေနခိုင္းတာပါ။

    ေနရာအေတာ္မ်ားမ်ားမွာ လူေတြ အိမ္ထဲမွာပဲ ေနဖို႔ ၫႊန္ၾကားထားပါတယ္။ လိုအပ္မွ အျပင္ထြက္ခြင့္ေပးထားပါတယ္။ အဲဒါက ႏွာေခ်၊ ေခ်ာင္းဆိုးေနတဲ့သူေတြနဲ႔ မထိေတြ႕မိေအာင္ ေလွ်ာ့ခ်ႏိုင္ပါလိမ့္မယ္။

    အျပင္ထြက္ရၿပီ ဆိုရင္လည္း အခ်င္းခ်င္းေတြ႕ရင္ လက္ဆြဲမႏႈတ္ဆက္ပါနဲ႔ေတာ့။ လက္ျပတာ၊ ေခါင္းညိတ္တာနဲ႔ ခါးၫြတ္အ႐ိုအေသေပးတာမ်ိဳးတို႔ပဲ လုပ္ပါ။
ကိုဗစ္-၁၉ ျဖစ္ေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုးက ဘယ္လို ပ်ံ႕ႏွံ႔သလဲ
ႏွာေခါင္းစည္းေတြနဲ႔ လက္အိတ္ေတြက အလုပ္ျဖစ္သလား
ႏွာေခါင္းစည္း တပ္တာ ထိေရာက္မႈ ရွိမရွိ အျငင္းပြားေနၾကဆဲပါ။
ဆူပါမားကက္က ဝယ္တဲ့ ႐ိုး႐ိုးႏွာေခါင္းစည္း ေတြကေတာ့ မကာကြယ္ေပးႏိုင္ပါဘူး။ အဲဒါေတြက ေခ်ာင္လြန္းတယ္၊ မ်က္စိကိုလည္း မကာထားေပးႏိုင္ဘူး ၿပီးေတာ့ အဲဒါေတြကိုလည္း အၾကာႀကီး ဝတ္ထားဖို႔ မျဖစ္ႏိုင္ဘူး။

ဒါေပမဲ့ ေရာဂါရွိတဲ့သူက အဲဒါတပ္ထားရင္ေတာ့ သူတို႔ဆီက ထြက္တဲ့ အရည္စက္ေတြ သူမ်ားေတြဆီ မေရာက္ေအာင္ ကာကြယ္ေပးပါတယ္။

တစ္ခုရွိတာက ဗိုင္းရပ္စ္ ရွိတဲ့ လူေတြ ေတာ္ေတာ္မ်ားမ်ားမွာ ေရာဂါလကၡဏာ မျပပါဘူး။ ဒီေတာ့ ႏွာေခါင္းစည္းတပ္လို႔ တျခားသူေတြကို ဘာမွ မထိခိုက္ေစပါဘူး။

လက္အိတ္ ကေတာ့ လက္အိတ္ဝတ္ထားၿပီး မ်က္ႏွာေတြကို ျပန္ကိုင္မယ္ဆိုရင္ ကိုယ္ထဲကို ဗိုင္းရပ္စ္ေရာက္သြားႏိုင္တယ္လို႔ WHO က သတိေပးထားပါတယ္။

လက္အိတ္ဝတ္တာထက္စာရင္ လက္ကို ေရနဲ႔ဆပ္ျပာနဲ႔ မၾကာခဏေဆးေပးတာက ပိုၿပီးထိေရာက္တယ္လို႔ WHO က အႀကံေပးပါတယ္။

ဗိုင္းရပ္စ္ကူးေနမွန္း ဘယ္လိုသိႏိုင္မလဲ
 ေခ်ာင္းေျခာက္ဆိုးတာက လကၡဏာတစ္ခု
ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ အဓိက လကၡဏာေတြက အဖ်ားရွိတာနဲ႔ ေခ်ာင္းေျခာက္ ဆက္တိုက္ ဆိုးတာပါ။ အဲဒါေတြကို သတိထားၾကည့္ရမွာပါ။

တခ်ိဳ႕လူေတြမွာ လည္ေခ်ာင္းနာ၊ ေခါင္းကိုက္၊ ဝမ္းသြားတာနဲ႔ အနံ႔၊အရသာ မခံႏိုင္ေတာ့တာ ေတြလည္းျဖစ္တတ္ပါတယ္။

လကၡဏာေပၚလာရင္ ဘာလုပ္ရမလဲ
 အဂၤလန္က လူနာေတြကို ကုသသူေတြနဲ႔ ခ်ိတ္ဆက္ေပးတဲ့ ဌာန
ေခါင္းကိုက္၊ ႏွာအနည္းအက်ဥ္းစီးတာ တို႔လို လကၡဏာနည္းနည္းပဲ ျပရင္ ျပန္ေကာင္းလာတဲ့အထိ အိမ္မွာပဲ ေနပါလို႔ WHO က ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈရဲ႕ ၈၀ ရာခိုင္ႏႈန္းေလာက္က ကူးစက္မႈ အသင့္အတင့္ပဲရွိလို႔ တျခားသူေတြနဲ႔ မထိေတြ႕မိေအာင္ ေရွာင္ေနဖို႔လိုပါတယ္။

ဒါေပမဲ့ အဖ်ားတက္လာမယ္၊ ေခ်ာင္းဆိုးလာမယ္၊ အသက္ရႉရခက္လာမယ္ဆိုရင္ေတာ့ ကုသမႈခံဖို႔ အႀကံဉာဏ္ယူသင့္ပါၿပီ။ ဒီအေျခအေနက အသက္ရႉလမ္းေၾကာင္းမွာ ေရာဂါကူးစက္တာ၊ ဒါမွမဟုတ္ တျခား ေရာဂါ ျပင္းထန္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

ကိုယ့္ကို က်န္းမာေရးေစာင့္ေရွာက္ေပးမယ့္ ေနရာကို လူကိုတိုင္ မသြားေသးပဲ ဖုန္းအရင္ႀကိဳဆက္ပါ။ သူတို႔က မွန္ကန္တဲ့ ကုသမႈ ရေစေအာင္ လမ္းၫႊန္ေပးႏိုင္ပါလိမ့္မယ္။

ကိုဗစ္-၁၉ က ဘယ္ေလာက္ အႏၲရာယ္မ်ားသလဲ
လူၾကားထဲ သြားရင္ သတိထားဖိုလို
The Lancet Infectious Diseases ေဆးပညာ ဂ်ာနယ္မွာပါတဲ့ သုေတသနစာတမ္း အသစ္အရ ကူးစက္ခံရသူေတြရဲ႕ သုည ဒသမ ၆၆ ရာခိုင္ႏႈန္းက အသက္ဆုံးရႈံးႏိုင္ပါတယ္။

ဒါက ရာသီတုပ္ေကြးေၾကာင့္ ေသဆုံးႏႈန္း သုည ဒသမ ၁ ရာခိုင္ႏႈန္းထက္ ေတာ္ေတာ္ပိုမ်ားပါတယ္။ ဒါေပမဲ့ အရင္က ခန္႔မွန္းထားတာေတြထက္ေတာ့ ေတာ္ေတာ္နည္းသြားပါတယ္။

ဒါေပမဲ့ ကူးစက္မႈ ဘယ္ေလာက္အထိ ရွိႏိုင္ဦးမလဲဆိုတာ မသိေသးလို႔ ေသဆုံးႏႈန္းက ဘယ္ေလာက္ဆိုတာ အတိအက် ေျပာဖို႔ မျဖစ္ႏိုင္ေသးပါဘူး။

ကူးစက္ကပ္ေရာဂါ ျဖစ္ေနဆဲမွာ ေသဆုံးႏႈန္းကို တြက္ခ်က္ရတာက မေရရာပါဘူး။ ဘာလို႔လဲဆိုေတာ့ ေရာဂါကူးစက္ခ်ိန္နဲ႔ အဲဒီေရာဂါေၾကာင့္ ေသဆုံးရခ်ိန္ ၾကားမွာ အခ်ိန္ကြာဟ ခ်က္ရွိေနလို႔ပါ။

အခုလက္ရွိ Imperial College London က ခန္႔မွန္းထားမႈေတြအရ ေသဆုံးႏႈန္းဟာ အသက္ ၈၀ ေက်ာ္ေတြရဲ႕ ေသဆုံးႏႈန္းက ၁၀ ဆ ေလာက္ပိုမ်ားၿပီး အသက္ ၄၀ ေအာက္ေတြ ေသဆုံးႏႈန္းက ေတာ္ေတာ္နည္းပါတယ္။

တ႐ုတ္က ကူးစက္မႈ ၄၄၀၀၀ ေက်ာ္ကို အေျခခံ ဆန္းစစ္ၾကည့္တဲ့အခါမွာေတာ့ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံးနဲ႔ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါအခံရွိသူေတြမွာ ေသဆုံးႏႈန္းက တျခားသူေတြထက္ ငါးဆေလာက္ ပိုျမင့္ပါတယ္။

ကုသဖို႔ေဆးရွိလား
ကာကြယ္ေဆးႀကိဳးစားရွာေနၾကပါတယ္
ၿပီးေတာ့ ဒီဗိုင္းရပ္စ္ အသစ္ကို ကုသဖို႔ ေဆးဝါး တိတိက်က် မရွိေသးပါဘူး။ ကာကြယ္ေဆးလည္း မရွိေသးပါဘူး။ ပဋိဇီဝေဆးေတြကလည္း အသုံးမဝင္ပါဘူး။ သူတို႔က ဘက္တီးရီးယားကိုပဲ သတ္ႏိုင္တာျဖစ္လို႔ ဗိုင္းရပ္စ္ကို ကုသရာမွာ အသုံးမဝင္ပါဘူး။

ကုသဖို႔ ေ႐ြးခ်ယ္စရာနည္းလမ္းေတြကေတာ့ ရွိပါတယ္။ ဒါေပမဲ့ တစ္ေယာက္ခ်င္းစီရဲ႕ အေျခအေနအရ ပိုေကာင္းတဲ့နည္းလမ္းက မတူပါဘူး။

တစ္ကမာၻလုံးက သိပၸံပညာရွင္ေတြက ကာကြယ္ေဆးထုတ္ဖို႔ အသည္းအသန္ ႀကိဳးစားေနၾကပါတယ္။ ဒါေပမဲ့ ေဆးေတြ႕ရင္ေတာင္ အရင္ စမ္းသပ္ရဦးမွာပါ။ ဒီေတာ့ လူေတြမွာ ထိုးေပးဖို႔ အခ်ိန္ယူရဦးမွာပါ။

ကူးစက္မႈကာလထဲမွာ စိတ္က်န္းမာေရးကိုေရာ ဘယ္လိုေစာင့္ေရွာက္ရမလဲ
အထီးက်န္မႈမ်ိဳးလည္းခံစားရႏိုင္ပါတယ္
အခုခ်ိန္ဟာ တျခားအခ်ိန္ေတြနဲ႔ မတူတာ အထူးေျပာစရာမဟုတ္ပါဘူး။

ဒီေတာ့ စိတ္လႈပ္ရွားမယ္၊ စိတ္ဖိစီးမယ္၊ ပူပန္မယ္၊ ဝမ္းနည္းမယ္၊ ပ်င္းရိမယ္၊ အထီးက်န္တာေတြ ျဖစ္ႏိုင္ပါတယ္။

ဒီလို အေျခအေနကေန သက္သာေအာင္ ၿဗိတိန္အမ်ိဳးသားက်န္းမာေရးဝန္ေဆာင္မႈဌာနက စိတ္ပိုင္းဆိုင္ရာ တိုးတက္ဖို႔ အႀကံျပဳခ်က္ ၁၀ ခုေပးထားပါတယ္။

    မိသားစုေတြ၊ သူငယ္ခ်င္းေတြနဲ႔ ဖုန္းဆက္ပါ။ ဗီဒီယိုေကာလ္ေတြလုပ္ပါ။ ဆိုရွယ္မီဒီယာကေန ဆက္သြယ္ပါ။

    ကိုယ္စိတ္ပူေနတာေတြကို ေျပာျပပါ။

    သူမ်ားေတြ စိတ္ပူေနတာေတြလည္း နားလည္ေပးဖို႔ ႀကိဳးစားပါ။

    ေျပာင္းလဲသြားတဲ့ ေနထိုင္မႈနည္းလမ္းေတြအတြက္ ျပင္ဆင္ႀကံဆပါ။ အစားအေသာက္ ဝယ္ဖို႔၊ အိမ္ကေနအလုပ္လုပ္ဖို႔ စတာေတြအတြက္ ျပင္ဆင္ပါ။

    ကိုယ္က်န္းမာေရးကို ဂ႐ုစိုက္ပါ။ ပုံမွန္ေလ့က်င့္ခန္းလုပ္၊ အာဟာရစုံလင္မွ်တေအာင္စား၊ ေရမ်ားမ်ားေသာက္ပါ။ ေဆးလိပ္ေသာက္တာနဲ႔ အရက္အမ်ားႀကီး ေသာက္တာကို ေရွာင္ပါ။

    ယုံၾကည္စိတ္ခ်ရဲ႕ သတင္းေတြကို ေစာင့္ၾကည့္ပါ။ ကူးစက္ေရာဂါနဲ႔ ပတ္သက္တဲ့ သတင္း ဘယ္ေလာက္ပဲ ဖတ္မယ္၊ ၾကည့္မယ္ဆိုတာကို ကန္႔သတ္ထားပါ။

    ခက္ခဲတဲ့ ခံစားမႈကို လက္ခံလိုက္ပါ။ တခ်ိဳ႕ကိစၥေတြက ကိုယ္ဘာမွ လုပ္လို႔မရႏိုင္ဘူးဆိုတာ လက္ခံလိုက္ပါ။ ဒါေပမဲ့ ကိုယ္ထိန္းခ်ဳပ္လို႔ရတဲ့ ကိုယ့္အျပဳအမူလို အရာမ်ိဳးေတြမွာ အာ႐ုံစိုက္ထားပါ။

    ကိုယ့္ကို ေပ်ာ္႐ႊင္ေစတာမ်ိဳးေတြ လုပ္ပါ။ အဲဒါေတြက အကန္႔အသတ္နဲ႔ပဲ လုပ္ႏိုင္တယ္ဆိုရင္ေတာင္ အဲဒီအေျခအေနနဲ႔ လိုက္ေလ်ာညီေထြရွိေအာင္ လုပ္ႏိုင္ပါလိမ့္မယ္။

    လက္ရွိအခ်ိန္ကို အာ႐ုံစိုက္ၿပီး အခုအၾကပ္အတည္းျဖစ္ခ်ိန္ဟာ ယာယီပဲဆိုတာ သိထားပါ။ အခ်ိန္မွန္အိပ္ပါ။ ကဖင္းေလွ်ာ့ေသာက္ပါ။ အိပ္ခ်ိန္မတိုင္ခင္ မိုဘိုင္းလ္သုံးတာ ေလွ်ာ့ပါ။

BBC Burmese
----------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - မကူးစက်၊ မပြန့်ပွားအောင် ဘယ်လိုကာကွယ်မလဲ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်လာတာကြောင့် လူသားတွေ နေထိုင်မှု ပုံစံ ပြောင်းလဲလာရပြီး အချင်းချင်းကြား ဆက်ဆံရေးတွေလည်း ပြောင်းခဲ့ရပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်းလဲလာတဲ့ နေထိုင်နည်းတွေအတွက် လမ်းညွှန်ချက်တွေ အကြံပေးချက်တွေက အများကြီး ရှိနေပါပြီ။ အဲဒီအထဲက အသုံးဝင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးချင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အဓိကအကျဆုံးနဲ့ အခြေခံအကျဆုံး ကာကွယ်နည်းကတော့ တစ်ကိုယ်ရေ သန့်ရှင်းရေး ဖြစ်ပါတယ်။

    လက်ကို မကြာခဏ ရေနဲ့ ဆပ်ပြာတို့နဲ့ သေသေချာချာဆေးပါ။ ဒါမှမဟုတ် အရက်ပြန်ပါတဲ့ လက်သန့်ဆေးနဲ့ ဆေးပါ။
    မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်ကို လက်နဲ့ မထိပါနဲ့။ လက်က တခြားနေရာကို လျှောက်ထိကိုင်ထားလို့ ဗိုင်းရပ်စ်တွေ ပါလာနိုင်ပြီး အဲဒါကနေ ကိုယ်ထဲကို ရောက်သွားနိုင်လို့ပါ။

ဗိုင်းရပ်စ် မပြန့်ပွားအောင် ဘယ်လိုလုပ်မလဲ

    နှာချေ၊ ချောင်းဆိုးတဲ့အခါ တစ်ရှူး ဒါမှမဟုတ် တံတောင်အတွင်းပိုင်းနဲ့ အုပ်ပါ။
    သုံးပြီးသား တစ်ရှူးကို ချက်ချင်း လွှင့်ပစ်ပါ။
    တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး နှစ်မီတာ (၆ ပေ) ခွာနေပါ။ လက်နှစ်ကမ်း အကွာလောက်နီးပါး ခွာနေခိုင်းတာပါ။
    နေရာအတော်များများမှာ လူတွေ အိမ်ထဲမှာပဲ နေဖို့ ညွှန်ကြားထားပါတယ်။ လိုအပ်မှ အပြင်ထွက်ခွင့်ပေးထားပါတယ်။ အဲဒါက နှာချေ၊ ချောင်းဆိုးနေတဲ့သူတွေနဲ့ မထိတွေ့မိအောင် လျှော့ချနိုင်ပါလိမ့်မယ်။
    အပြင်ထွက်ရပြီ ဆိုရင်လည်း အချင်းချင်းတွေ့ရင် လက်ဆွဲမနှုတ်ဆက်ပါနဲ့တော့။ လက်ပြတာ၊ ခေါင်းညိတ်တာနဲ့ ခါးညွတ်အရိုအသေပေးတာမျိုးတို့ပဲ လုပ်ပါ။

ကိုဗစ်-၁၉ ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးက ဘယ်လို ပျံ့နှံ့သလဲ

နှာခေါင်းစည်းတွေနဲ့ လက်အိတ်တွေက အလုပ်ဖြစ်သလား

ဆူပါမားကက်က ဝယ်တဲ့ ရိုးရိုးနှာခေါင်းစည်း တွေကတော့ မကာကွယ်ပေးနိုင်ပါဘူး။ အဲဒါတွေက ချောင်လွန်းတယ်၊ မျက်စိကိုလည်း မကာထားပေးနိုင်ဘူး ပြီးတော့ အဲဒါတွေကိုလည်း အကြာကြီး ဝတ်ထားဖို့ မဖြစ်နိုင်ဘူး။

ဒါပေမဲ့ ရောဂါရှိတဲ့သူက အဲဒါတပ်ထားရင်တော့ သူတို့ဆီက ထွက်တဲ့ အရည်စက်တွေ သူများတွေဆီ မရောက်အောင် ကာကွယ်ပေးပါတယ်။

တစ်ခုရှိတာက ဗိုင်းရပ်စ် ရှိတဲ့ လူတွေ တော်တော်များများမှာ ရောဂါလက္ခဏာ မပြပါဘူး။ ဒီတော့ နှာခေါင်းစည်းတပ်လို့ တခြားသူတွေကို ဘာမှ မထိခိုက်စေပါဘူး။

လက်အိတ် ကတော့ လက်အိတ်ဝတ်ထားပြီး မျက်နှာတွေကို ပြန်ကိုင်မယ်ဆိုရင် ကိုယ်ထဲကို ဗိုင်းရပ်စ်ရောက်သွားနိုင်တယ်လို့ WHO က သတိပေးထားပါတယ်။

လက်အိတ်ဝတ်တာထက်စာရင် လက်ကို ရေနဲ့ဆပ်ပြာနဲ့ မကြာခဏဆေးပေးတာက ပိုပြီးထိရောက်တယ်လို့ WHO က အကြံပေးပါတယ်။

ဗိုင်းရပ်စ်ကူးနေမှန်း ဘယ်လိုသိနိုင်မလဲ

ကိုရိုနာဗိုင်းရပ်စ်ရဲ့ အဓိက လက္ခဏာတွေက အဖျားရှိတာနဲ့ ချောင်းခြောက် ဆက်တိုက် ဆိုးတာပါ။ အဲဒါတွေကို သတိထားကြည့်ရမှာပါ။

တချို့လူတွေမှာ လည်ချောင်းနာ၊ ခေါင်းကိုက်၊ ဝမ်းသွားတာနဲ့ အနံ့၊အရသာ မခံနိုင်တော့တာ တွေလည်းဖြစ်တတ်ပါတယ်။

လက္ခဏာပေါ်လာရင် ဘာလုပ်ရမလဲ

ခေါင်းကိုက်၊ နှာအနည်းအကျဉ်းစီးတာ တို့လို လက္ခဏာနည်းနည်းပဲ ပြရင် ပြန်ကောင်းလာတဲ့အထိ အိမ်မှာပဲ နေပါလို့ WHO က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ကူးစက်မှု အသင့်အတင့်ပဲရှိလို့ တခြားသူတွေနဲ့ မထိတွေ့မိအောင် ရှောင်နေဖို့လိုပါတယ်။

ဒါပေမဲ့ အဖျားတက်လာမယ်၊ ချောင်းဆိုးလာမယ်၊ အသက်ရှူရခက်လာမယ်ဆိုရင်တော့ ကုသမှုခံဖို့ အကြံဉာဏ်ယူသင့်ပါပြီ။ ဒီအခြေအနေက အသက်ရှူလမ်းကြောင်းမှာ ရောဂါကူးစက်တာ၊ ဒါမှမဟုတ် တခြား ရောဂါ ပြင်းထန်တာမျိုး ဖြစ်နိုင်ပါတယ်။

ကိုယ့်ကို ကျန်းမာရေးစောင့်ရှောက်ပေးမယ့် နေရာကို လူကိုတိုင် မသွားသေးပဲ ဖုန်းအရင်ကြိုဆက်ပါ။ သူတို့က မှန်ကန်တဲ့ ကုသမှု ရစေအောင် လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်။

ကိုဗစ်-၁၉ က ဘယ်လောက် အန္တရာယ်များသလဲ

The Lancet Infectious Diseases ဆေးပညာ ဂျာနယ်မှာပါတဲ့ သုတေသနစာတမ်း အသစ်အရ ကူးစက်ခံရသူတွေရဲ့ သုည ဒသမ ၆၆ ရာခိုင်နှုန်းက အသက်ဆုံးရှုံးနိုင်ပါတယ်။

ဒါက ရာသီတုပ်ကွေးကြောင့် သေဆုံးနှုန်း သုည ဒသမ ၁ ရာခိုင်နှုန်းထက် တော်တော်ပိုများပါတယ်။ ဒါပေမဲ့ အရင်က ခန့်မှန်းထားတာတွေထက်တော့ တော်တော်နည်းသွားပါတယ်။

ဒါပေမဲ့ ကူးစက်မှု ဘယ်လောက်အထိ ရှိနိုင်ဦးမလဲဆိုတာ မသိသေးလို့ သေဆုံးနှုန်းက ဘယ်လောက်ဆိုတာ အတိအကျ ပြောဖို့ မဖြစ်နိုင်သေးပါဘူး။

ကူးစက်ကပ်ရောဂါ ဖြစ်နေဆဲမှာ သေဆုံးနှုန်းကို တွက်ချက်ရတာက မရေရာပါဘူး။ ဘာလို့လဲဆိုတော့ ရောဂါကူးစက်ချိန်နဲ့ အဲဒီရောဂါကြောင့် သေဆုံးရချိန် ကြားမှာ အချိန်ကွာဟ ချက်ရှိနေလို့ပါ။

အခုလက်ရှိ Imperial College London က ခန့်မှန်းထားမှုတွေအရ သေဆုံးနှုန်းဟာ အသက် ၈၀ ကျော်တွေရဲ့ သေဆုံးနှုန်းက ၁၀ ဆ လောက်ပိုများပြီး အသက် ၄၀ အောက်တွေ သေဆုံးနှုန်းက တော်တော်နည်းပါတယ်။

တရုတ်က ကူးစက်မှု ၄၄၀၀၀ ကျော်ကို အခြေခံ ဆန်းစစ်ကြည့်တဲ့အခါမှာတော့ ဆီးချို၊ သွေးတိုး၊ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေမှာ သေဆုံးနှုန်းက တခြားသူတွေထက် ငါးဆလောက် ပိုမြင့်ပါတယ်။

ကုသဖို့ဆေးရှိလား

ပြီးတော့ ဒီဗိုင်းရပ်စ် အသစ်ကို ကုသဖို့ ဆေးဝါး တိတိကျကျ မရှိသေးပါဘူး။ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ ပဋိဇီဝဆေးတွေကလည်း အသုံးမဝင်ပါဘူး။ သူတို့က ဘက်တီးရီးယားကိုပဲ သတ်နိုင်တာဖြစ်လို့ ဗိုင်းရပ်စ်ကို ကုသရာမှာ အသုံးမဝင်ပါဘူး။

ကုသဖို့ ရွေးချယ်စရာနည်းလမ်းတွေကတော့ ရှိပါတယ်။ ဒါပေမဲ့ တစ်ယောက်ချင်းစီရဲ့ အခြေအနေအရ ပိုကောင်းတဲ့နည်းလမ်းက မတူပါဘူး။

တစ်ကမ္ဘာလုံးက သိပ္ပံပညာရှင်တွေက ကာကွယ်ဆေးထုတ်ဖို့ အသည်းအသန် ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ ဆေးတွေ့ရင်တောင် အရင် စမ်းသပ်ရဦးမှာပါ။ ဒီတော့ လူတွေမှာ ထိုးပေးဖို့ အချိန်ယူရဦးမှာပါ။
ကူးစက်မှုကာလထဲမှာ စိတ်ကျန်းမာရေးကိုရော ဘယ်လိုစောင့်ရှောက်ရမလဲ
ဓာတ်ပုံ မူပိုင် Getty Images
Image caption အထီးကျန်မှုမျိုးလည်းခံစားရနိုင်ပါတယ်

အခုချိန်ဟာ တခြားအချိန်တွေနဲ့ မတူတာ အထူးပြောစရာမဟုတ်ပါဘူး။

ဒီတော့ စိတ်လှုပ်ရှားမယ်၊ စိတ်ဖိစီးမယ်၊ ပူပန်မယ်၊ ဝမ်းနည်းမယ်၊ ပျင်းရိမယ်၊ အထီးကျန်တာတွေ ဖြစ်နိုင်ပါတယ်။

ဒီလို အခြေအနေကနေ သက်သာအောင် ဗြိတိန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့ အကြံပြုချက် ၁၀ ခုပေးထားပါတယ်။

    မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဖုန်းဆက်ပါ။ ဗီဒီယိုကောလ်တွေလုပ်ပါ။ ဆိုရှယ်မီဒီယာကနေ ဆက်သွယ်ပါ။
    ကိုယ်စိတ်ပူနေတာတွေကို ပြောပြပါ။
    သူများတွေ စိတ်ပူနေတာတွေလည်း နားလည်ပေးဖို့ ကြိုးစားပါ။
    ပြောင်းလဲသွားတဲ့ နေထိုင်မှုနည်းလမ်းတွေအတွက် ပြင်ဆင်ကြံဆပါ။ အစားအသောက် ဝယ်ဖို့၊ အိမ်ကနေအလုပ်လုပ်ဖို့ စတာတွေအတွက် ပြင်ဆင်ပါ။
    ကိုယ်ကျန်းမာရေးကို ဂရုစိုက်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်၊ အာဟာရစုံလင်မျှတအောင်စား၊ ရေများများသောက်ပါ။ ဆေးလိပ်သောက်တာနဲ့ အရက်အများကြီး သောက်တာကို ရှောင်ပါ။
    ယုံကြည်စိတ်ချရဲ့ သတင်းတွေကို စောင့်ကြည့်ပါ။ ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့ သတင်း ဘယ်လောက်ပဲ ဖတ်မယ်၊ ကြည့်မယ်ဆိုတာကို ကန့်သတ်ထားပါ။
    ခက်ခဲတဲ့ ခံစားမှုကို လက်ခံလိုက်ပါ။ တချို့ကိစ္စတွေက ကိုယ်ဘာမှ လုပ်လို့မရနိုင်ဘူးဆိုတာ လက်ခံလိုက်ပါ။ ဒါပေမဲ့ ကိုယ်ထိန်းချုပ်လို့ရတဲ့ ကိုယ့်အပြုအမူလို အရာမျိုးတွေမှာ အာရုံစိုက်ထားပါ။
    ကိုယ့်ကို ပျော်ရွှင်စေတာမျိုးတွေ လုပ်ပါ။ အဲဒါတွေက အကန့်အသတ်နဲ့ပဲ လုပ်နိုင်တယ်ဆိုရင်တောင် အဲဒီအခြေအနေနဲ့ လိုက်လျောညီထွေရှိအောင် လုပ်နိုင်ပါလိမ့်မယ်။
    လက်ရှိအချိန်ကို အာရုံစိုက်ပြီး အခုအကြပ်အတည်းဖြစ်ချိန်ဟာ ယာယီပဲဆိုတာ သိထားပါ။ အချိန်မှန်အိပ်ပါ။ ကဖင်းလျှော့သောက်ပါ။ အိပ်ချိန်မတိုင်ခင် မိုဘိုင်းလ်သုံးတာ လျှော့ပါ။

BBC Burmese
https://www.bbc.com/burmese/world-52231523


ကို႐ိုနာဗိုင္းရပ္စ္ - မကူးစက္၊ မျပန္႔ပြားေအာင္ ဘယ္လိုကာကြယ္မလဲ ကို႐ိုနာဗိုင္းရပ္စ္ - မကူးစက္၊ မျပန္႔ပြားေအာင္ ဘယ္လိုကာကြယ္မလဲ Reviewed by THITHTOOLWIN on 23:02 Rating: 5
Powered by Blogger.