လူနာအမွတ္ ၁၆ နဲ႔ ထိေတြ႕ခဲ့တဲ့ က်န္းမာေရးဝန္ထမ္းအေရအတြက္ စိစစ္ေန

ေျမာက္ဥကၠလာပအေထြေထြေရာဂါကုေဆး႐ုံကို ေရာက္ရွိကုသ ခ်ိန္မွာ ႏိုင္ငံျခားကေန ျပန္လာသူ ရွိတယ္ဆိုတဲ့ လူနာေနာက္ေၾကာင္းရာဇဝင္ကို ထိန္ခ်န္ခဲ့တာေၾကာင့္ သာမန္ကုသေရး လူနာေဆာင္ မွာထားရွိ ကုသေပးခဲ့ရ
(Zawgyi)⤵⤵⤵
ေျမာက္ဥကၠလာမွာေနထိုင္ခဲ့တဲ့ အသက္ ၆၃ ႏွစ္အ႐ြယ္ ဗိုင္းရပ္စ္ပိုးေတြ႕ရွိသူ လူနာအမွတ္ ၁၆ နဲ႔ ထိေတြ႕ခဲ့ တဲ့ က်န္းမာေရးဝန္ထမ္းအေရအတြက္ကို အခ်က္အလက္စုၿပီး စိစစ္ေနဆဲလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာခင္ခင္ႀကီးက ဘီဘီစီကိုေျပာပါတယ္။

သက္ဆိုင္ရာေဆး႐ုံ၊ ကုသေရးနဲ႔ သက္ဆိုင္ရာဌာနေတြက လူနာနဲ႔ထိေတြ႕မိခဲ့တဲ့ ဝန္ထမ္းအေရအတြက္ကို အခ်က္အလက္စုေဆာင္းေနတာျဖစ္ပါတယ္။

လူနာအမွတ္ ၁၆ မွာေရာဂါပိုးေတြ႕ရွိတယ္လို႔ ထုတ္ျပန္ၿပီးေနာက္ သူေနထိုင္ခဲ့တဲ့ ေျမာက္ဥကၠလာ ၿမိဳ႕နယ္အတြင္းက အိမ္နီးခ်င္းေတြက လူနာအမွတ္ ၁၆သြားလာခဲ့တဲ့ ေဈးေတြ၊ ေဆး႐ုံမသြားခင္၊ ေဆးခန္း မွာကုသမႈေတြရွိခဲ့တာ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးေတြကိုသြားေရာက္ခဲ့တာေတြရွိတာကို လူမႈကြန္ရက္ ေတြမွာ ေရးသားလာၾကပါတယ္။

ေျမာက္ဥကၠလာပအေထြေထြေရာဂါကုေဆး႐ုံကို ေရာက္ရွိကုသ ခ်ိန္မွာ ႏိုင္ငံျခားကေန ျပန္လာသူ ရွိတယ္ဆိုတဲ့ လူနာေနာက္ေၾကာင္းရာဇဝင္ကို ထိန္ခ်န္ခဲ့တာေၾကာင့္ သာမန္ကုသေရး လူနာေဆာင္ မွာထားရွိ ကုသေပးခဲ့ရတာကိုလည္း အဲဒီေဆး႐ုံက ဆရာဝန္အခ်ိဳ႕က လူမႈကြန္ရက္ေတြမွာ ေရးသား ခဲ့ၾကပါတယ္။

ေရာဂါပိုးရွိတယ္လို႔ ထုတ္ျပန္အၿပီး ဧၿပီလ ၁ရက္ေန႔ ညပိုင္းမွာ အခုလိုေရးသားမႈေတြရွိခဲ့ေပမယ့္ ေနာက္တရက္ ဧၿပီ ၂ရက္ေန႔မွာေတာ့ ေရးသားထားတဲ့ စာေတြကို အမ်ားစုက ျပန္လည္ဖ်က္ခဲ့ပါတယ္။

လူနာအမွတ္ ၁၆ ဟာ ဒူဘိုင္းကျပန္လာတဲ့ သားျဖစ္သူကို သြားေရာက္ႀကိဳဆိုခဲ့ၿပီး အဲဒီေနာက္ ၂ပတ္ၾကာ ေမာပန္းႏြမ္းနယ္မႈကို ခံစားခဲ့ရၿပီး မတ္လ ၃၀ရက္ေန႔မွ ေျမာက္ဥကၠလာပ ေဆး႐ုံကိုေရာက္ရွိ ကုသခဲ့ တာျဖစ္ပါတယ္။ အခုေတာ့ ေဝဘာဂီကိုေျပာင္းေ႐ႊ႕ကုသေနတယ္လို႔ သိရပါတယ္။

လူနာအမွတ္ ၁၆ရဲ႕ ဇာတိက ဧရာဝတီတိုင္းကလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ လက္ရွိမွာေတာ့ သူကေျမာက္ဥကၠလာက သားအိမ္မွာေနထိုင္ေနရင္း ေရာဂါပိုးကူးစက္ခံထားရသူလည္းျဖစ္ပါတယ္။

စိစစ္ေနၿပီး ရရွိလာတဲ့အခ်က္အလက္ေပၚအေျခခံၿပီး ဆက္လက္ေဆာင္႐ြက္မယ့္အေျခအေနေတြကို ထပ္မံထုတ္ျပန္ေပးမယ္လို႔လည္း သိရပါတယ္။

--------------------------------------
(Unicode)⤵⤵⤵
မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကို ရောက်ရှိကုသ ချိန်မှာ နိုင်ငံခြားကနေ ပြန်လာသူ ရှိတယ်ဆိုတဲ့ လူနာနောက်ကြောင်းရာဇဝင်ကို ထိန်ချန်ခဲ့တာကြောင့် သာမန်ကုသရေး လူနာဆောင် မှာထားရှိ ကုသပေးခဲ့ရ
လူနာအမှတ် ၁၆ နဲ့ ထိတွေ့ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းအရေအတွက် စိစစ်နေ

မြောက်ဥက္ကလာမှာနေထိုင်ခဲ့တဲ့ အသက် ၆၃ နှစ်အရွယ် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ လူနာအမှတ် ၁၆ နဲ့ ထိတွေ့ခဲ့ တဲ့ ကျန်းမာရေးဝန်ထမ်းအရေအတွက်ကို အချက်အလက်စုပြီး စိစစ်နေဆဲလို့ ကျန်းမာရေးနဲ့ အားကစားဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုပြောပါတယ်။

သက်ဆိုင်ရာဆေးရုံ၊ ကုသရေးနဲ့ သက်ဆိုင်ရာဌာနတွေက လူနာနဲ့ထိတွေ့မိခဲ့တဲ့ ဝန်ထမ်းအရေအတွက်ကို အချက်အလက်စုဆောင်းနေတာဖြစ်ပါတယ်။

လူနာအမှတ် ၁၆ မှာရောဂါပိုးတွေ့ရှိတယ်လို့ ထုတ်ပြန်ပြီးနောက် သူနေထိုင်ခဲ့တဲ့ မြောက်ဥက္ကလာ မြို့နယ်အတွင်းက အိမ်နီးချင်းတွေက လူနာအမှတ် ၁၆သွားလာခဲ့တဲ့ ဈေးတွေ၊ ဆေးရုံမသွားခင်၊ ဆေးခန်း မှာကုသမှုတွေရှိခဲ့တာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကိုသွားရောက်ခဲ့တာတွေရှိတာကို လူမှုကွန်ရက် တွေမှာ ရေးသားလာကြပါတယ်။

မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကို ရောက်ရှိကုသ ချိန်မှာ နိုင်ငံခြားကနေ ပြန်လာသူ ရှိတယ်ဆိုတဲ့ လူနာနောက်ကြောင်းရာဇဝင်ကို ထိန်ချန်ခဲ့တာကြောင့် သာမန်ကုသရေး လူနာဆောင် မှာထားရှိ ကုသပေးခဲ့ရတာကိုလည်း အဲဒီဆေးရုံက ဆရာဝန်အချို့က လူမှုကွန်ရက်တွေမှာ ရေးသား ခဲ့ကြပါတယ်။

ရောဂါပိုးရှိတယ်လို့ ထုတ်ပြန်အပြီး ဧပြီလ ၁ရက်နေ့ ညပိုင်းမှာ အခုလိုရေးသားမှုတွေရှိခဲ့ပေမယ့် နောက်တရက် ဧပြီ ၂ရက်နေ့မှာတော့ ရေးသားထားတဲ့ စာတွေကို အများစုက ပြန်လည်ဖျက်ခဲ့ပါတယ်။

လူနာအမှတ် ၁၆ ဟာ ဒူဘိုင်းကပြန်လာတဲ့ သားဖြစ်သူကို သွားရောက်ကြိုဆိုခဲ့ပြီး အဲဒီနောက် ၂ပတ်ကြာ မောပန်းနွမ်းနယ်မှုကို ခံစားခဲ့ရပြီး မတ်လ ၃၀ရက်နေ့မှ မြောက်ဥက္ကလာပ ဆေးရုံကိုရောက်ရှိ ကုသခဲ့ တာဖြစ်ပါတယ်။ အခုတော့ ဝေဘာဂီကိုပြောင်းရွှေ့ကုသနေတယ်လို့ သိရပါတယ်။

လူနာအမှတ် ၁၆ရဲ့ ဇာတိက ဧရာဝတီတိုင်းကလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ လက်ရှိမှာတော့ သူကမြောက်ဥက္ကလာက သားအိမ်မှာနေထိုင်နေရင်း ရောဂါပိုးကူးစက်ခံထားရသူလည်းဖြစ်ပါတယ်။

စိစစ်နေပြီး ရရှိလာတဲ့အချက်အလက်ပေါ်အခြေခံပြီး ဆက်လက်ဆောင်ရွက်မယ့်အခြေအနေတွေကို ထပ်မံထုတ်ပြန်ပေးမယ်လို့လည်း သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52131149
လူနာအမွတ္ ၁၆ နဲ႔ ထိေတြ႕ခဲ့တဲ့ က်န္းမာေရးဝန္ထမ္းအေရအတြက္ စိစစ္ေန လူနာအမွတ္ ၁၆ နဲ႔ ထိေတြ႕ခဲ့တဲ့ က်န္းမာေရးဝန္ထမ္းအေရအတြက္ စိစစ္ေန Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.