ျမန္မာႏွစ္သစ္ကူးေန႔ အက်ဥ္းသား ႏွစ္ေသာင္းေက်ာ္ လြတ္ၿငိမ္း သက္သာခြင့္ရ


(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္သမၼတလႊတ္ေပးတဲ့ ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္ လြတ္ၿငိမ္းသက္သာခြင့္အရ အက်ဥ္းသား ႏွစ္ေသာင္းေက်ာ္ထဲမွာ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေခါင္းေဆာင္ေတြနဲ႔ ႏိုင္ငံေရးအက်ဥ္းသားအခ်ိဳ႕ ပါဝင္လာ ပါတယ္။

ႏိုင္ငံေတာ္သမၼတက ႏွစ္သစ္ကူးအထိမ္းအမွတ္အျဖစ္ ဧၿပီလ ၁၇ ရက္ ဒီကေန႔မွာ အက်ဥ္းေထာင္အသီးအသီးက အက်ဥ္းသား ၂၄၈၉၆ ေယာက္ကို လႊတ္မိန႔္ေပးလိုက္သလို တခ်ိဳ႕အက်ဥ္သားေတြကိုေတာ့ ႏွစ္ေလွ်ာ့ေပးခဲ့ပါတယ္။

ဒီအထဲမွာ ႏိုင္ငံေရးအက်ဥ္းသားအခ်ိဳ႕ ပါဝင္ေပမယ့္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ ႏိုင္ငံေတာ္ပုန္ကန္မႈ‌ေတြနဲ႔ ေထာင္ခ်ခံထားရတဲ့ ANP ပါတီ ဥကၠ႒ေဒါက္တာေအးေမာင္နဲ႔ စာ‌ေရးဆရာ ေဝဟင္ေအာင္တို႔ မပါဝင္ပါဘူး။

ေထာင္ဒဏ္ႏွစ္ ၄၀ နဲ႔‌ေအာက္ ေထာင္က်ေနသူေတြကို ေထာင္ဒဏ္ရဲ႕ ေလးပုံ တစ္ပုံ ေလွ်ာ့ေပးတာေၾကာင့္ ႏွစ္ ၂၀ ကေန ၁၅ ႏွစ္အထိပဲျဖစ္သြားပါတယ္။

ေဒါက္တာေအးေမာင္ရဲ႕သားျဖစ္သူ ဦးတင္ေမာင္ဝင္းက ဥပေဒဟာ ဥပေဒအတိုင္း မရွိေတာ့တဲ့အတြက္ ေမွ်ာ္လင့္စရာမရွိဘူးလို႔ ေျပာပါတယ္။

"အဲတာေတြ ကြၽန္ေတာ္တို႔သိပ္မသိဘူး၊ ကြၽန္ေတာ္က စစ္ေတြမွာပဲရွိေနတာ၊ လြတ္ၿငိမ္းခ်မ္းသားထဲမွာပါမယ္ဆို ဖုန္းဆက္လာလိမ့္မယ္ေလ၊ ကြၽန္ေတာ္တို႔ေတာ့ ေမွ်ာ္ကိုမေမွ်ာ္ေတာ့တာ ေမွ်ာ္လင့္ခ်က္ေတာ့ ထားေတာ့ထား တာေပါ့၊ ဒါေပမဲ့ သူတို႔လႊတ္ေပးမွ ဥပေဒဆိုတာ မရွိေတာ့တဲ့အတိုင္းျဖစ္ေနတာဆိုေတာ့၊ ႏိုင္ငံက ဥပေဒဟာ ဥပေဒအတိုင္းမရွိတဲ့ဟာမွာ ေမွ်ာ္လင့္စရာလည္း မရွိေတာ့ဘူးေပါ့၊ ဒီႏိုင္ငံေရးက အကုန္ပ်က္ဆီးေနတာ ဒီအစိုးရလုပ္မွ ပိုပ်က္ဆီးေနတယ္၊ အဲတာပါပဲ။"

သူတို႔ႏွစ္ေယာက္ကို ၂၀၁၉ ခုႏွစ္ မတ္လ ၁၉ ရက္ေန႔က ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ)နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္၊ ႏိုင္ငံေတာ္ပုန္ကန္မႈ ပုဒ္မ ၁၂၂ နဲ႔ ေထာင္ဒဏ္ အႏွစ္ ၂၀ ကို တစ္ေပါင္းတည္း ႏွစ္ ၂၀ က်ခံဖို႔ အမိန႔္ခ်ခဲ့တာပါ။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က ႏိုင္ငံေရးအက်ဥ္းသားေတြအားလုံးကို လႊတ္ေပးဖို႔ ႏိုင္ငံေတာ္သမၼတ႐ုံးကို အက်ဥ္သားစာရင္းနဲ႔တကြ ေပးပို႔ေတာင္းဆိုထားခဲ့တာပါ။

ဒီေန႔လြတ္လာတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြကို ဆက္သြယ္ေနဆဲျဖစ္တယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ရဲ႕ တြဲဖက္အတြင္းေရးမႉး ဦးဘိုၾကည္ ကေျပာပါတယ္။

"ကြၽန္ေတာ္တို႔ကလည္း သူ႔တို႔မိသားစုေတြနဲ႔ တတ္ႏိုင္သမွ် ဆက္သြယ္ေနတုန္းရွိပါေသးတယ္၊ သူတို႔မိသားစု လက္ထဲကို ျပန္ေရာက္ၿပီဆိုရင္ေတာ့ ကြၽန္ေတာ္တို႔လည္းသိႏိုင္မွာပါ၊ ဘယ္အခ်ိန္လဲဆိုတာေတာ့ လႊတ္ေပးမယ့္ အခ်ိန္ေပၚမွာ မူတည္ပါတယ္၊ ဒီေန႔တစ္ရက္ထဲနဲေတာင္ လႊတ္တာက ျပတ္ပါ့မလား ဒါကလည္းစဥ္းစားစရာ ရွိပါတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ အစိုးရဘက္ကလည္း အခုလိုအခ်ိန္မွာ စနစ္တက်စီစဥ္ေနရတာျဖစ္တယ္၊ ေနာက္အဖြဲ႕အစည္းအသီးသီးနဲ႔ ပူးေပါင္းလုပ္ေဆာင္ေနရတာျဖစ္တယ္ သူတို႔ဆီမွာလည္း အခက္အခဲေတြ အမ်ားႀကီးရွိမွာပါ၊ ႏိုင္ငံေရးအရထိန္းသိမ္းခံေနရသူေတြ အကုန္လုံးလႊတ္ဖို႔ ကြၽန္ေတာ္တို႔က ေျပာဆိုေနတာပါ၊ ဒီအထဲမွာ ေဒါက္တာေအးေမာင္တို႔ ကိုေဝဟင္ေအာင္တို႔ကေတာ့ နည္းနည္းခက္မယ့္အထဲမွာပါတယ္ေပါ့ေလ အခုရခိုင္မွာလည္း ျပႆနာတက္ေနတဲ့အခါၾကေတာ့၊ သူတို႔ကိုလည္းလႊတ္ေပးရင္ေတာ့ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးအတြက္ တစ္စုံတစ္ရာအေထာက္အကူျဖစ္လိမ့္မယ့္လို႔ ကြၽန္ေတာ္ထင္ပါတယ္၊ ဒါေပမဲ့ အစိုးရ စဥ္းစားခ်က္နဲ႔ ကြၽန္ေတာ္တို႔စဥ္းစားခ်က္နဲ႔ ကြာႏိုင္တာေတြရွိမွာပါ။"

ေန႔လယ္ပိုင္းအထိ ၁၀ ေယာက္ လြတ္ေျမာက္လာၿပီျဖစ္ၿပီး ေလွ်ာ့ေပးတဲ့ပုံစံအရ လြတ္ႏိုင္တဲ့ ႏိုင္ငံေရး အက်ဥ္းသားက ၂၁ ေယာက္ခန႔္ရွိတယ္လို႔ AAPP ထံက သိရပါတယ္။

အလားတူ မႏၲေလး၊ မုံ႐ြာနဲ႔ ေ႐ႊဘိုအက်ဥ္းေထာင္ေတြမွာ အက်ဥ္းက်ခံေနရတဲ့ နာဂအမ်ိဳးသားဆိုရွယ္လစ္ ေကာင္စီ NSCN-K က ေခါင္းေဆာင္နဲ႔ အဖြဲ႕ဝင္ ၁၁ ေယာက္လုံး ျပန္လြတ္လာတယ္လို႔ နာဂစာေပနဲ႔ ယဥ္ေက်းမႈ ဗဟိုေကာ္မတီ ဥကၠ႒ ဦးေအာင္ထြဋ္က RFA ကို ေျပာပါတယ္။

"အခုကြၽန္ေတာ္တို႔ ဆယ့္တစ္ေယာက္လုံး ျပန္လြတ္ပါတယ္ခင္ဗ်၊ မႏၲေလးမွာ ႏွစ္ေယာက္၊ မုံ႐ြာမွာ တစ္ေယာက္၊ ေ႐ႊဘိုမွာ ႏွစ္ေယာက္၊ ခႏၲီးမွာ ေျခာက္ေယာက္ပါခင္ဗ်၊ စစ္ကိုင္းတိုင္းေရာ မႏၲေလးတိုင္းေရာေနာက္က်တယ္ဗ်၊ အခုမွပဲကားဂိတ္ေတြကို ပို႔တုန္းလို႔ေျပာတယ္ဗ်၊ ႀကိဳဖို႔ဆိုတာ လိုင္းကားေတြကလည္း အကုန္လုံးပိတ္ထားေတာ့ ဂိတ္ေတြနဲ႔ေတာ့ ခ်ိတ္ဆက္ၿပီးေတာ့ သူတို႔ကိုသီးသန႔္ေတာ့ ျပန္ေခၚဖို႔ေတာ့လုပ္ေနတယ္ဗ်၊ ခႏၲီးအက်ဥ္းေထာင္ ဆိုရင္လည္း က်န္ေတာ္တို႔နာဂ႐ိုးရာကေနပဲ ဒီေျခာက္ေယာက္ကိုသြားၿပီးမွ တာဝန္ခံျပန္ေခၚလာၿပီး ကြၽန္ေတာ္ တို႔ဆီမွာထားၿပီးမွ ပို႔ဖို႔အစီအစဥ္ေတြဘာေတြလည္း ကြၽန္ေတာ္တို႔ဘာသာျပန္ဆြဲရတာဗ်၊ သူတို႔ကို လြတ္ၿငိမ္း ခ်မ္းသာခြင့္ေပးဖို႔ နာဂစာေပနဲ႔ ယဥ္ေက်းမႈ ဗဟိုေကာ္မတီက တင္ထားတယ္ဆိုေတာ့ ဒီေန႔ ဒီအခ်ိန္မွာေတာ့ ကိုယ့္လူေတြပါႏိုင္တယ္လို႔ေတာ့ ေမွ်ာ္လင့္ခဲ့တာေပါ့ဗ်ာ။"

ခႏၲီးက လြတ္လာသူ ေျခာက္ေယာက္ကို ေကာ္မတီက သြားေရာက္ႀကိဳဆိုခဲ့တယ္၊ မုံ႐ြာေထာင္က တစ္ေယာက္ကို အစိုးရလုံၿခဳံေရးအဖြဲ႕တစ္ခုက သြားေရာက္ေခၚယူထားၿပီး  ေ႐ႊဘိုေထာင္က ႏွစ္ေယာက္နဲ႔ မႏၲေလးေထာင္က ႏွစ္ေယာက္တို႔ကို ဆက္သြယ္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သူက ဆက္ေျပာပါတယ္။

တစ္ႏိုင္ငံလုံးက အက်ဥ္းေထာင္အသီးသီးမွာ အက်ဥ္းက်ေနတဲ့ ႏိုင္ငံေရးအက်ဥ္းသား ၇၆ ေယာက္ရွိၿပီး အက်ဥ္းေထာင္တြင္းကေန အမႈရင္ဆိုင္ေနရသူ ၁၄၀ ေက်ာ္နဲ႔ အက်ဥ္းေထာင္ျပင္ပကေန အမႈရင္ဆိုင္ေနရသူ ၄၀၀ နီးပါးရွိပါတယ္။

ရန္ကုန္ၿမိဳ႕ အင္းစိန္အက်ဥ္းေထာင္က အက်ဥ္းသား ၃၀၀၀ နီးပါး လြတ္ၿငိမ္းခ်မ္းသာခြင့္ရရွိခဲ့သလို မႏၲေလးၿမိဳ႕ အိုးဘိုအက်ဥ္းေထာင္ကလည္း ႏိုင္ငံျခားသား အက်ဥ္းသား ၁၉ ေယာက္အပါအဝင္ အက်ဥ္းသား အားလုံးေပါင္း ၁၅၅၁ ေယာက္ လြတ္ေျမာက္လာပါတယ္။

အက်ဥ္းသားအားလုံး ရပိုင္ခြင့္ေတြ တန္းတူရရွိေၾကာင္းနဲ႔ အိုးဘိုအက်ဥ္းေထာင္မွာ ႏိုင္ငံေရးအက်ဥ္းသားမရွိဘူးလို႔ တာဝန္ခံအရာရွိ ဒုတိယၫြန္ၾကားေရးမႉး ဦးမ်ိဳးေဌးက RFA ကို ေျပာပါတယ္။

"ႏိုင္ငံေရးအက်ဥ္းသားေတြမရွိပါဘူးခင္ဗ် ကြၽန္ေတာ္တို႔ေထာင္ထဲမွာ၊ အက်ဥ္းသားေတြအားလုံး ေလးပုံတစ္ပုံ မွ်မွ်တတရၾကပါတယ္ခင္ဗ်၊ အက်ဥ္းသားေတြအားလုံး သြားဖို႔လာဖို႔ကေတာ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕နဲ႔ လမ္းေၾကာင္း ေလးေၾကာင္းဆြဲၿပီး အထူးအစီအစဥ္အေနနဲ႔ ေမာ္ေတာ္ယာဥ္လမ္းေတြ စီစဥ္ထားပါတယ္၊ ခ်ိတ္ဆက္မိေအာင္ ေခၚေဆာင္သြားမွာျဖစ္ပါတယ္၊ လြတ္တဲ့အက်ဥ္းသားေတြကေတာ့ က်ား  ၁၂၉၃ ဦး၊ မ ၂၅၈ ဦး စုစုေပါင္း ၁၅၅၁ ဦးရွိပါတယ္၊ ကြၽန္ေတာ္တို႔ အက်ဥ္းသားအားလုံး ေလးပုံတစ္ပုံနဲ႔ရရွိၿပီး လြတ္ေျမာက္သြားတဲ့သူေတြျဖစ္ပါတယ္၊"

အလားတူ ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕ ကင္းသာ ၁ နဲ႔ ၂ ကုန္ထုတ္စခန္းက အက်ဥ္းသား ၄၇၃  ေယာက္နဲ႔ ေနျပည္ေတာ္ အခ်ဳပ္ေထာင္က အက်ဥ္းသား ၅၃ ေယာက္လည္း လြတ္‌ေျမာက္လာပါတယ္။

ကင္းသာ ၁ ကုန္ထုတ္စခန္း တာဝန္ခံ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေဌးလြင္ထြန္းက ဒီေန႔ လြတ္ေျမာက္ လာတဲ့ အက်ဥ္းသားေတြနဲ႔ပတ္သက္လို႔ ရွင္းျပပါတယ္။

"ႏိုင္ငံျခားသားေတြလည္းပါတယ္ေပါ့ေနာ္၊ ကြၽန္ေတာ္တို႔ဆီမွာေတာ့ တပ္မေတာ္မွာ တာဝန္ထမ္းေဆာင္ၿပီးေတာ့ လြတ္ခါနီးေနတဲ့ျဖစ္တဲ့သူေတြကို သီးျခားနာမည္ေပးၿပီးေတာ့ လႊတ္ခိုင္းတာရွိပါတယ္၊ ေနာက္တစ္ခုကေတာ့ မူးယစ္ေဆးဝါးအမႈအေနနဲ႔ မူးယစ္ေဆးဝါးအမႈေတြကို အားလုံးကိုလႊတ္ေပးပါတယ္၊ အဲမွာမွ မူးယစ္ေဆးဝါးအမႈနဲ႔ အျခားအမႈနဲ႔ တြဲၿပီးက်တဲ့သူေတြရွိတယ္၊ အဲလူေတြကေတာ့ မႈယစ္ေဆးဝါးအမႈကို အရွင္းလႊတ္လိုက္ၿပီးေတာ့မွ က်န္တဲ့တြဲလာတဲ့အမႈေတြကို ေလးပုံတစ္ပုံေလွ်ာ့ရက္ေပးၿပီးေတာ့ အရင္ရထားတဲ့ေလွ်ာ့ရက္နဲ႔ ေပါင္းၿပီးေတာ့ လြတ္ေျမာက္မယ့္စာရင္းထဲမွာ ဝင္တယ္ဆိုရင္ ဒီေန႔လႊတ္ေပးတာပဲျဖစ္ပါတယ္။"

တဆက္တည္းမွာပဲ သူတို႔ေနထိုင္ရာေဒသမွာ အခက္အခဲမရွိေအာင္ ၿမိဳ႕နယ္က်န္းမာေရး တာဝန္ရွိသူေတြနဲ႔ ညႇိဳႏႈိင္းၿပီး ကို႐ိုနာဗိုင္းရပ္စ္ အေျခအေနစစ္ေဆးထားတဲ့ က်န္းမာေရး ေထာက္ခံခ်က္လက္မွတ္ေတြ ထုတ္ေပးလိုက္တယ္လို႔ ေျပာပါတယ္။

ဒီေန႔ ေနျပည္ေတာ္အက်ဥ္းေထာင္က လြတ္လာတဲ့ ကိုသန္းေဇာ္က ေထာင္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ အသိပညာေပးေတြ မၾကာခဏလုပ္တယ္လို႔ RFA ကို ေျပာပါတယ္။

"COVID–19 ေရာက္မွဆိုရင္ ကြၽန္ေတာ္တို႔ သုံးပတ္ေလးပတ္ေလာက္ရွိသြားၿပီ ဒီအထဲကိုေဟာေျပာပြဲေတြ ဝင္လုပ္ေနတာ ဒီေန႔ေရာဆိုရင္ ေလးႀကိမ္ေျမာက္ျဖစ္သြားၿပီ၊ ေဟာေျပာပြဲဝင္လုပ္တယ္၊ သန႔္ရွင္းေတြဘာေတြ လုပ္တယ္၊ လက္ေဆးဖို႔ေတြဘာေတြ၊ ပီးေတာ့ ပိုးသတ္ေဆးဖ်န္းတာေတြ ဘာေတြလုပ္ေပးပါတယ္၊ ေထာင္ပိုင္ ႀကီးေရာ ေဆးမႉးအရာရွိေရာ ေျပာပါတယ္ခင္ဗ်၊ လက္ေတြဘာေတြေဆးဖို႔တို႔၊ ႐ြာအဝင္ကအစ မိသားစုကအစ သုံးေပအကြာေပါ့၊ အဲလိုစကားေျပာဖို႔အတြက္၊ ေခ်ာင္းဆိုးတာကအစ လက္အုပ္ၿပီးဆိုးဖို႔အတြက္ ေျပာပါတယ္ ခင္ဗ်။"

လႊတ္ၿငိမ္းခ်မ္းသာထဲမွာ ရွမ္းျပည္နယ္၊ လာရႈိးအက်ဥ္းေထာင္က အက်ဥ္းသား ၄၀၀ ေက်ာ္လည္းပါဝင္ၿပီး အဲဒီအထဲမွာ အမ်ိဳးသမီး ေျခာက္ေယာက္အပါအဝင္ တ႐ုတ္ႏိုင္သား ၇၀ ေက်ာ္လည္းပါဝင္ပါတယ္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားအက်ဥ္းေထာင္က လႊတ္ေပးလိုက္တဲ့ လႊတ္ၿငိမ္းခြင့္ရ အက်ဥ္းသား ၁၀၀၀ ေက်ာ္ထဲမွာလည္း တ႐ုတ္ႏိုင္ငံသား ၁၀ ေယာက္ပါဝင္ပါတယ္။

ဒီေန႔လႊတ္ၿငိမ္းခ်မ္းသာအမိန႔္ထဲမွာ ေသဒဏ္က်ေနသူေတြကို လြတ္ရက္မရွိ တစ္သက္ျပစ္ဒဏ္၊ ေထာင္ႏွစ္ အကန႔္အသတ္မရွိနဲ႔ ေထာင္ဒဏ္တစ္သက္က်ခံေရသူေတြကို ႏွစ္ေလးဆယ္၊ ေထာင္ဒဏ္ အႏွစ္ေလးဆယ္ အထက္သမားေတြကို အႏွစ္ေလးဆယ္၊ ႏွစ္ေလးဆယ္နဲ႔ေအာက္သမားေတြကို ေထာင္ဒဏ္ရဲ႕ ေလးပုံတစ္ပုံကို အသီးသီးေလွ်ာ့ေပးခဲ့ပါတယ္။ ဒီေန႔ လႊတ္မိန႔္ေပးရာမွာ ႏိုင္ငံျခားသား အက်ဥ္းသား ၈၇ ေယာက္ ပါဝင္ပါတယ္။

သီဟထြန္း၊ သန႔္ဇင္ဦး၊ မင္းသိန္းေအာင္၊ ကံသာ၊ ေခမဏီဝင္း၊ အဲလိဇဘက္ဂ်န္မာ
RFA Burmese
-------------------------------------
(Unicode)⤵⤵⤵
မြန်မာနှစ်သစ်ကူးနေ့ အကျဉ်းသား နှစ်သောင်းကျော် လွတ်ငြိမ်း သက်သာခွင့်ရ

နိုင်ငံတော်သမ္မတလွှတ်ပေးတဲ့ မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်အရ အကျဉ်းသား နှစ်သောင်းကျော်ထဲမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်လာ ပါတယ်။

နိုင်ငံတော်သမ္မတက နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ဧပြီလ ၁၇ ရက် ဒီကနေ့မှာ အကျဉ်းထောင်အသီးအသီးက အကျဉ်းသား ၂၄၈၉၆ ယောက်ကို လွှတ်မိန့်ပေးလိုက်သလို တချို့အကျဉ်သားတွေကိုတော့ နှစ်လျှော့ပေးခဲ့ပါတယ်။

ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်ပေမယ့် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ နိုင်ငံတော်ပုန်ကန်မှု‌တွေနဲ့ ထောင်ချခံထားရတဲ့ ANP ပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်နဲ့ စာ‌ရေးဆရာ ဝေဟင်အောင်တို့ မပါဝင်ပါဘူး။

ထောင်ဒဏ်နှစ် ၄၀ နဲ့‌အောက် ထောင်ကျနေသူတွေကို ထောင်ဒဏ်ရဲ့ လေးပုံ တစ်ပုံ လျှော့ပေးတာကြောင့် နှစ် ၂၀ ကနေ ၁၅ နှစ်အထိပဲဖြစ်သွားပါတယ်။

ဒေါက်တာအေးမောင်ရဲ့သားဖြစ်သူ ဦးတင်မောင်ဝင်းက ဥပဒေဟာ ဥပဒေအတိုင်း မရှိတော့တဲ့အတွက် မျှော်လင့်စရာမရှိဘူးလို့ ပြောပါတယ်။

"အဲတာတွေ ကျွန်တော်တို့သိပ်မသိဘူး၊ ကျွန်တော်က စစ်တွေမှာပဲရှိနေတာ၊ လွတ်ငြိမ်းချမ်းသားထဲမှာပါမယ်ဆို ဖုန်းဆက်လာလိမ့်မယ်လေ၊ ကျွန်တော်တို့တော့ မျှော်ကိုမမျှော်တော့တာ မျှော်လင့်ချက်တော့ ထားတော့ထား တာပေါ့၊ ဒါပေမဲ့ သူတို့လွှတ်ပေးမှ ဥပဒေဆိုတာ မရှိတော့တဲ့အတိုင်းဖြစ်နေတာဆိုတော့၊ နိုင်ငံက ဥပဒေဟာ ဥပဒေအတိုင်းမရှိတဲ့ဟာမှာ မျှော်လင့်စရာလည်း မရှိတော့ဘူးပေါ့၊ ဒီနိုင်ငံရေးက အကုန်ပျက်ဆီးနေတာ ဒီအစိုးရလုပ်မှ ပိုပျက်ဆီးနေတယ်၊ အဲတာပါပဲ။"

သူတို့နှစ်ယောက်ကို ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ ထောင်ဒဏ် အနှစ် ၂၀ ကို တစ်ပေါင်းတည်း နှစ် ၂၀ ကျခံဖို့ အမိန့်ချခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးကို အကျဉ်သားစာရင်းနဲ့တကွ ပေးပို့တောင်းဆိုထားခဲ့တာပါ။

ဒီနေ့လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်သွယ်နေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် ကပြောပါတယ်။

"ကျွန်တော်တို့ကလည်း သူ့တို့မိသားစုတွေနဲ့ တတ်နိုင်သမျှ ဆက်သွယ်နေတုန်းရှိပါသေးတယ်၊ သူတို့မိသားစု လက်ထဲကို ပြန်ရောက်ပြီဆိုရင်တော့ ကျွန်တော်တို့လည်းသိနိုင်မှာပါ၊ ဘယ်အချိန်လဲဆိုတာတော့ လွှတ်ပေးမယ့် အချိန်ပေါ်မှာ မူတည်ပါတယ်၊ ဒီနေ့တစ်ရက်ထဲနဲတောင် လွှတ်တာက ပြတ်ပါ့မလား ဒါကလည်းစဉ်းစားစရာ ရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဘက်ကလည်း အခုလိုအချိန်မှာ စနစ်တကျစီစဉ်နေရတာဖြစ်တယ်၊ နောက်အဖွဲ့အစည်းအသီးသီးနဲ့ ပူးပေါင်းလုပ်ဆောင်နေရတာဖြစ်တယ် သူတို့ဆီမှာလည်း အခက်အခဲတွေ အများကြီးရှိမှာပါ၊ နိုင်ငံရေးအရထိန်းသိမ်းခံနေရသူတွေ အကုန်လုံးလွှတ်ဖို့ ကျွန်တော်တို့က ပြောဆိုနေတာပါ၊ ဒီအထဲမှာ ဒေါက်တာအေးမောင်တို့ ကိုဝေဟင်အောင်တို့ကတော့ နည်းနည်းခက်မယ့်အထဲမှာပါတယ်ပေါ့လေ အခုရခိုင်မှာလည်း ပြဿနာတက်နေတဲ့အခါကြတော့၊ သူတို့ကိုလည်းလွှတ်ပေးရင်တော့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တစ်စုံတစ်ရာအထောက်အကူဖြစ်လိမ့်မယ့်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမဲ့ အစိုးရ စဉ်းစားချက်နဲ့ ကျွန်တော်တို့စဉ်းစားချက်နဲ့ ကွာနိုင်တာတွေရှိမှာပါ။"

နေ့လယ်ပိုင်းအထိ ၁၀ ယောက် လွတ်မြောက်လာပြီဖြစ်ပြီး လျှော့ပေးတဲ့ပုံစံအရ လွတ်နိုင်တဲ့ နိုင်ငံရေး အကျဉ်းသားက ၂၁ ယောက်ခန့်ရှိတယ်လို့ AAPP ထံက သိရပါတယ်။

အလားတူ မန္တလေး၊ မုံရွာနဲ့ ရွှေဘိုအကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ NSCN-K က ခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၁၁ ယောက်လုံး ပြန်လွတ်လာတယ်လို့ နာဂစာပေနဲ့ ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က RFA ကို ပြောပါတယ်။

"အခုကျွန်တော်တို့ ဆယ့်တစ်ယောက်လုံး ပြန်လွတ်ပါတယ်ခင်ဗျ၊ မန္တလေးမှာ နှစ်ယောက်၊ မုံရွာမှာ တစ်ယောက်၊ ရွှေဘိုမှာ နှစ်ယောက်၊ ခန္တီးမှာ ခြောက်ယောက်ပါခင်ဗျ၊ စစ်ကိုင်းတိုင်းရော မန္တလေးတိုင်းရောနောက်ကျတယ်ဗျ၊ အခုမှပဲကားဂိတ်တွေကို ပို့တုန်းလို့ပြောတယ်ဗျ၊ ကြိုဖို့ဆိုတာ လိုင်းကားတွေကလည်း အကုန်လုံးပိတ်ထားတော့ ဂိတ်တွေနဲ့တော့ ချိတ်ဆက်ပြီးတော့ သူတို့ကိုသီးသန့်တော့ ပြန်ခေါ်ဖို့တော့လုပ်နေတယ်ဗျ၊ ခန္တီးအကျဉ်းထောင် ဆိုရင်လည်း ကျန်တော်တို့နာဂရိုးရာကနေပဲ ဒီခြောက်ယောက်ကိုသွားပြီးမှ တာဝန်ခံပြန်ခေါ်လာပြီး ကျွန်တော် တို့ဆီမှာထားပြီးမှ ပို့ဖို့အစီအစဉ်တွေဘာတွေလည်း ကျွန်တော်တို့ဘာသာပြန်ဆွဲရတာဗျ၊ သူတို့ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ နာဂစာပေနဲ့ ယဉ်ကျေးမှု ဗဟိုကော်မတီက တင်ထားတယ်ဆိုတော့ ဒီနေ့ ဒီအချိန်မှာတော့ ကိုယ့်လူတွေပါနိုင်တယ်လို့တော့ မျှော်လင့်ခဲ့တာပေါ့ဗျာ။"

ခန္တီးက လွတ်လာသူ ခြောက်ယောက်ကို ကော်မတီက သွားရောက်ကြိုဆိုခဲ့တယ်၊ မုံရွာထောင်က တစ်ယောက်ကို အစိုးရလုံခြုံရေးအဖွဲ့တစ်ခုက သွားရောက်ခေါ်ယူထားပြီး  ရွှေဘိုထောင်က နှစ်ယောက်နဲ့ မန္တလေးထောင်က နှစ်ယောက်တို့ကို ဆက်သွယ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သူက ဆက်ပြောပါတယ်။

တစ်နိုင်ငံလုံးက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၇၆ ယောက်ရှိပြီး အကျဉ်းထောင်တွင်းကနေ အမှုရင်ဆိုင်နေရသူ ၁၄၀ ကျော်နဲ့ အကျဉ်းထောင်ပြင်ပကနေ အမှုရင်ဆိုင်နေရသူ ၄၀၀ နီးပါးရှိပါတယ်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၃၀၀၀ နီးပါး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သလို မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကလည်း နိုင်ငံခြားသား အကျဉ်းသား ၁၉ ယောက်အပါအဝင် အကျဉ်းသား အားလုံးပေါင်း ၁၅၅၁ ယောက် လွတ်မြောက်လာပါတယ်။

အကျဉ်းသားအားလုံး ရပိုင်ခွင့်တွေ တန်းတူရရှိကြောင်းနဲ့ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ တာဝန်ခံအရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးမျိုးဌေးက RFA ကို ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေမရှိပါဘူးခင်ဗျ ကျွန်တော်တို့ထောင်ထဲမှာ၊ အကျဉ်းသားတွေအားလုံး လေးပုံတစ်ပုံ မျှမျှတတရကြပါတယ်ခင်ဗျ၊ အကျဉ်းသားတွေအားလုံး သွားဖို့လာဖို့ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ လမ်းကြောင်း လေးကြောင်းဆွဲပြီး အထူးအစီအစဉ်အနေနဲ့ မော်တော်ယာဉ်လမ်းတွေ စီစဉ်ထားပါတယ်၊ ချိတ်ဆက်မိအောင် ခေါ်ဆောင်သွားမှာဖြစ်ပါတယ်၊ လွတ်တဲ့အကျဉ်းသားတွေကတော့ ကျား  ၁၂၉၃ ဦး၊ မ ၂၅၈ ဦး စုစုပေါင်း ၁၅၅၁ ဦးရှိပါတယ်၊ ကျွန်တော်တို့ အကျဉ်းသားအားလုံး လေးပုံတစ်ပုံနဲ့ရရှိပြီး လွတ်မြောက်သွားတဲ့သူတွေဖြစ်ပါတယ်၊"

အလားတူ နေပြည်တော် တပ်ကုန်းမြို့ ကင်းသာ ၁ နဲ့ ၂ ကုန်ထုတ်စခန်းက အကျဉ်းသား ၄၇၃  ယောက်နဲ့ နေပြည်တော် အချုပ်ထောင်က အကျဉ်းသား ၅၃ ယောက်လည်း လွတ်‌မြောက်လာပါတယ်။

ကင်းသာ ၁ ကုန်ထုတ်စခန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးလွင်ထွန်းက ဒီနေ့ လွတ်မြောက် လာတဲ့ အကျဉ်းသားတွေနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

"နိုင်ငံခြားသားတွေလည်းပါတယ်ပေါ့နော်၊ ကျွန်တော်တို့ဆီမှာတော့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ပြီးတော့ လွတ်ခါနီးနေတဲ့ဖြစ်တဲ့သူတွေကို သီးခြားနာမည်ပေးပြီးတော့ လွှတ်ခိုင်းတာရှိပါတယ်၊ နောက်တစ်ခုကတော့ မူးယစ်ဆေးဝါးအမှုအနေနဲ့ မူးယစ်ဆေးဝါးအမှုတွေကို အားလုံးကိုလွှတ်ပေးပါတယ်၊ အဲမှာမှ မူးယစ်ဆေးဝါးအမှုနဲ့ အခြားအမှုနဲ့ တွဲပြီးကျတဲ့သူတွေရှိတယ်၊ အဲလူတွေကတော့ မှုယစ်ဆေးဝါးအမှုကို အရှင်းလွှတ်လိုက်ပြီးတော့မှ ကျန်တဲ့တွဲလာတဲ့အမှုတွေကို လေးပုံတစ်ပုံလျှော့ရက်ပေးပြီးတော့ အရင်ရထားတဲ့လျှော့ရက်နဲ့ ပေါင်းပြီးတော့ လွတ်မြောက်မယ့်စာရင်းထဲမှာ ဝင်တယ်ဆိုရင် ဒီနေ့လွှတ်ပေးတာပဲဖြစ်ပါတယ်။"

တဆက်တည်းမှာပဲ သူတို့နေထိုင်ရာဒေသမှာ အခက်အခဲမရှိအောင် မြို့နယ်ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းပြီး ကိုရိုနာဗိုင်းရပ်စ် အခြေအနေစစ်ဆေးထားတဲ့ ကျန်းမာရေး ထောက်ခံချက်လက်မှတ်တွေ ထုတ်ပေးလိုက်တယ်လို့ ပြောပါတယ်။

ဒီနေ့ နေပြည်တော်အကျဉ်းထောင်က လွတ်လာတဲ့ ကိုသန်းဇော်က ထောင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးတွေ မကြာခဏလုပ်တယ်လို့ RFA ကို ပြောပါတယ်။

"COVID–19 ရောက်မှဆိုရင် ကျွန်တော်တို့ သုံးပတ်လေးပတ်လောက်ရှိသွားပြီ ဒီအထဲကိုဟောပြောပွဲတွေ ဝင်လုပ်နေတာ ဒီနေ့ရောဆိုရင် လေးကြိမ်မြောက်ဖြစ်သွားပြီ၊ ဟောပြောပွဲဝင်လုပ်တယ်၊ သန့်ရှင်းတွေဘာတွေ လုပ်တယ်၊ လက်ဆေးဖို့တွေဘာတွေ၊ ပီးတော့ ပိုးသတ်ဆေးဖျန်းတာတွေ ဘာတွေလုပ်ပေးပါတယ်၊ ထောင်ပိုင် ကြီးရော ဆေးမှူးအရာရှိရော ပြောပါတယ်ခင်ဗျ၊ လက်တွေဘာတွေဆေးဖို့တို့၊ ရွာအဝင်ကအစ မိသားစုကအစ သုံးပေအကွာပေါ့၊ အဲလိုစကားပြောဖို့အတွက်၊ ချောင်းဆိုးတာကအစ လက်အုပ်ပြီးဆိုးဖို့အတွက် ပြောပါတယ် ခင်ဗျ။"

လွှတ်ငြိမ်းချမ်းသာထဲမှာ ရှမ်းပြည်နယ်၊ လာရှိုးအကျဉ်းထောင်က အကျဉ်းသား ၄၀၀ ကျော်လည်းပါဝင်ပြီး အဲဒီအထဲမှာ အမျိုးသမီး ခြောက်ယောက်အပါအဝင် တရုတ်နိုင်သား ၇၀ ကျော်လည်းပါဝင်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်က လွှတ်ပေးလိုက်တဲ့ လွှတ်ငြိမ်းခွင့်ရ အကျဉ်းသား ၁၀၀၀ ကျော်ထဲမှာလည်း တရုတ်နိုင်ငံသား ၁၀ ယောက်ပါဝင်ပါတယ်။

ဒီနေ့လွှတ်ငြိမ်းချမ်းသာအမိန့်ထဲမှာ သေဒဏ်ကျနေသူတွေကို လွတ်ရက်မရှိ တစ်သက်ပြစ်ဒဏ်၊ ထောင်နှစ် အကန့်အသတ်မရှိနဲ့ ထောင်ဒဏ်တစ်သက်ကျခံရေသူတွေကို နှစ်လေးဆယ်၊ ထောင်ဒဏ် အနှစ်လေးဆယ် အထက်သမားတွေကို အနှစ်လေးဆယ်၊ နှစ်လေးဆယ်နဲ့အောက်သမားတွေကို ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံကို အသီးသီးလျှော့ပေးခဲ့ပါတယ်။ ဒီနေ့ လွှတ်မိန့်ပေးရာမှာ နိုင်ငံခြားသား အကျဉ်းသား ၈၇ ယောက် ပါဝင်ပါတယ်။

သီဟထွန်း၊ သန့်ဇင်ဦး၊ မင်းသိန်းအောင်၊ ကံသာ၊ ခေမဏီဝင်း၊ အဲလိဇဘက်ဂျန်မာ / RFA Burmese
https://www.rfa.org/burmese/news/president-amnesty-prisoners-free-04172020075658.html
ျမန္မာႏွစ္သစ္ကူးေန႔ အက်ဥ္းသား ႏွစ္ေသာင္းေက်ာ္ လြတ္ၿငိမ္း သက္သာခြင့္ရ ျမန္မာႏွစ္သစ္ကူးေန႔ အက်ဥ္းသား ႏွစ္ေသာင္းေက်ာ္ လြတ္ၿငိမ္း သက္သာခြင့္ရ Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.