တ႐ုတ္ျပည္ေရာက္ ျမန္မာအလုပ္သမားေတြ လြယ္ဂ်ယ္ဂိတ္ကေန ျပန္ဝင္လာ


(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံမွာ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ကခ်င္ျပည္နယ္ လြယ္ဂ်ယ္နယ္စပ္ဂိတ္ကေန တစ္ေသာင္းခြဲေလာက္ ျပန္ဝင္လာမယ္လို႔ သိရၿပီး ေလာေလာဆယ္ေတာ့ တစ္ရက္ကို အေယာက္ ႏွစ္ရာႏႈန္းနဲ႔ ျပန္ဝင္လာေနၾကပါတယ္။

ဧၿပီလ ၁၆ ရက္ေန႔ မေန႔က ပထမဆုံးအသုတ္အေနနဲ႔ ဝင္ေရာက္လာၾကတာျဖစ္ၿပီး မေန႔ည ၇ နာရီခန႔္ အခ်ိန္အထိ ၁၂၆  ဦး ဝင္ေရာက္လာခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိသူမ်ားလာခ်ိန္မွာပဲ သူတို႔ဟာ  မိသားစုနဲ႔အတူေနခ်င္လို႔ လုပ္ငန္းရွင္နဲ႔ အတိုက္အခံလုပ္ၿပီး ျပန္လာၾကတာလို႔   ႀကံစိုက္ခင္းမွာ လုပ္ကိုင္ခဲ့သူ  မေအးေအးမြန္းက ေျပာပါတယ္။

ျပန္ခ်င္ေပမယ့္ မျပန္ႏိုင္သူေတြ ႀကံစိုက္ခင္းမွာ ရွိေနေသးတယ္လို႔လည္း မေအးေအးမြန္က ေျပာပါတယ္။ တျခားအသီးအႏွံစိုက္ပ်ိဳးေရးလုပ္ငန္းေတြမွာ လုပ္ကိုင္သူလည္း အမ်ားအျပားရွိၿပီး သူတို႔ဟာ  ကိုယ့္သေဘာ ကိုယ့္စရိတ္နဲ႔ ယူနန္ျပည္နယ္ကေန ျပန္လာၾကတဲ့သူေတြပါ။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာေရာဂါပိုးေတြ႕ရွိခဲ့ၿပီးတဲ့ေနာက္ နယ္စပ္ဂိတ္ေတြကို ပိတ္ေတာ့မယ္ဆိုလို႔ ျပန္လာတာ ျဖစ္ေၾကာင္း  ႀကံစိုက္ခင္းမွာ လုပ္ကိုင္ခဲ့သူ ေဒၚရီရီစိန္ က ေျပာပါတယ္။

သူတို႔ႏွစ္ဦးစလုံးဟာ မိုးညႇင္းခ႐ိုင္ ဟိုပင္ၿမိဳ႕နယ္ကေန တ႐ုတ္ႏိုင္ငံမွာ သြားေရာက္အလုပ္လုပ္ခဲ့ၾကသူေတြျဖစ္ပါတယ္။

ျပန္လာသူၾကသူေတြဟာ ေရာဂါကာကြယ္ေရးအတြက္ လြယ္ဂ်ယ္ဂိတ္ကေန ျမစ္ႀကီးနားၿမိဳ႕ စီတာပူရပ္ကြက္ ကုန္တင္ကုန္ခ်စခန္းမွာ က်န္းမာေရးစိစစ္ၿပီးတာနဲ႔ ေစာင့္ၾကည့္ေရးစခန္းဝင္ရမွာျဖစ္တယ္လို႔ ျပည္နယ္လူမႈေရး ဝန္ႀကီး ဦးေနဝင္း က ေျပာပါတယ္။

အစိုးရအေနနဲ႔ ျပန္လာတဲ့သူေတြအတြက္ စီစဥ္ေဆာင္႐ြက္တဲ့ေနရာမွာ အားနည္းခ်က္ေတြရွိေနတယ္လို႔လည္း ေဝဖန္သူတခ်ိဳ႕ ရွိပါတယ္။

ကခ်င္ျပည္နယ္ျပင္ပက ျပန္လာသူေတြဟာ လြယ္ဂ်ယ္မွာ ၂၁ ရက္ ေစာင့္ၾကည့္ေရးစခန္းဝင္ၿပီးမွပဲ သူတို႔ၿမိဳ႕နယ္ ေတြကို ျပန္ၾကရမွာပါ။

ျမစ္ႀကီးနားၿမိဳ႕ကို ျပန္လာသူေတြက က်န္းမာေရးစိစစ္ၿပီးတာနဲ႔ အစိုးရကစီစဥ္ထားတဲ့ သားဖြားသင္တန္းေက်ာင္း၊ သူနာျပဳသင္တန္းေက်ာင္း၊ ျမစ္ႀကီးနားတကၠသိုလ္၊ နယ္စပ္ေဒသသင္တန္းေက်ာင္းနဲ႔ ျမစ္ႀကီးနားပညာေရး ေကာလိပ္က ေစာင့္ၾကည့္ေရးစခန္းေတြမွာ ၁၄ ရက္ေနရမွာပါ။

က်န္တဲ့ၿမိဳ႕နယ္ကသူေတြကေတာ့ ျမစ္ႀကီးနားမွာ က်န္းမာေရးစိစစ္ၿပီးတာနဲ႔ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ အစိုးရစီစဥ္မႈနဲ႔ ကိုယ့္ေနရပ္က ေစာင့္ၾကည့္ေရးစခန္းေတြမွာ ၁၄ ရက္တာ စခန္းဝင္ရမွာျဖစ္ပါတယ္။

အဲလိဇဘက္ဂ်န္မာ / RFA Burmese
-------------------------------------------------
(Unicode)⤵⤵⤵
တရုတ်ပြည်ရောက် မြန်မာအလုပ်သမားတွေ လွယ်ဂျယ်ဂိတ်ကနေ ပြန်ဝင်လာ

တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ တစ်သောင်းခွဲလောက် ပြန်ဝင်လာမယ်လို့ သိရပြီး လောလောဆယ်တော့ တစ်ရက်ကို အယောက် နှစ်ရာနှုန်းနဲ့ ပြန်ဝင်လာနေကြပါတယ်။

ဧပြီလ ၁၆ ရက်နေ့ မနေ့က ပထမဆုံးအသုတ်အနေနဲ့ ဝင်ရောက်လာကြတာဖြစ်ပြီး မနေ့ည ၇ နာရီခန့် အချိန်အထိ ၁၂၆  ဦး ဝင်ရောက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူများလာချိန်မှာပဲ သူတို့ဟာ  မိသားစုနဲ့အတူနေချင်လို့ လုပ်ငန်းရှင်နဲ့ အတိုက်အခံလုပ်ပြီး ပြန်လာကြတာလို့   ကြံစိုက်ခင်းမှာ လုပ်ကိုင်ခဲ့သူ  မအေးအေးမွန်းက ပြောပါတယ်။

ပြန်ချင်ပေမယ့် မပြန်နိုင်သူတွေ ကြံစိုက်ခင်းမှာ ရှိနေသေးတယ်လို့လည်း မအေးအေးမွန်က ပြောပါတယ်။ တခြားအသီးအနှံစိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်ကိုင်သူလည်း အများအပြားရှိပြီး သူတို့ဟာ  ကိုယ့်သဘော ကိုယ့်စရိတ်နဲ့ ယူနန်ပြည်နယ်ကနေ ပြန်လာကြတဲ့သူတွေပါ။

မြန်မာနိုင်ငံမှာ ကိုရိုနာရောဂါပိုးတွေ့ရှိခဲ့ပြီးတဲ့နောက် နယ်စပ်ဂိတ်တွေကို ပိတ်တော့မယ်ဆိုလို့ ပြန်လာတာ ဖြစ်ကြောင်း  ကြံစိုက်ခင်းမှာ လုပ်ကိုင်ခဲ့သူ ဒေါ်ရီရီစိန် က ပြောပါတယ်။

သူတို့နှစ်ဦးစလုံးဟာ မိုးညှင်းခရိုင် ဟိုပင်မြို့နယ်ကနေ တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ခဲ့ကြသူတွေဖြစ်ပါတယ်။

ပြန်လာသူကြသူတွေဟာ ရောဂါကာကွယ်ရေးအတွက် လွယ်ဂျယ်ဂိတ်ကနေ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကုန်တင်ကုန်ချစခန်းမှာ ကျန်းမာရေးစိစစ်ပြီးတာနဲ့ စောင့်ကြည့်ရေးစခန်းဝင်ရမှာဖြစ်တယ်လို့ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးနေဝင်း က ပြောပါတယ်။

အစိုးရအနေနဲ့ ပြန်လာတဲ့သူတွေအတွက် စီစဉ်ဆောင်ရွက်တဲ့နေရာမှာ အားနည်းချက်တွေရှိနေတယ်လို့လည်း ဝေဖန်သူတချို့ ရှိပါတယ်။

ကချင်ပြည်နယ်ပြင်ပက ပြန်လာသူတွေဟာ လွယ်ဂျယ်မှာ ၂၁ ရက် စောင့်ကြည့်ရေးစခန်းဝင်ပြီးမှပဲ သူတို့မြို့နယ် တွေကို ပြန်ကြရမှာပါ။

မြစ်ကြီးနားမြို့ကို ပြန်လာသူတွေက ကျန်းမာရေးစိစစ်ပြီးတာနဲ့ အစိုးရကစီစဉ်ထားတဲ့ သားဖွားသင်တန်းကျောင်း၊ သူနာပြုသင်တန်းကျောင်း၊ မြစ်ကြီးနားတက္ကသိုလ်၊ နယ်စပ်ဒေသသင်တန်းကျောင်းနဲ့ မြစ်ကြီးနားပညာရေး ကောလိပ်က စောင့်ကြည့်ရေးစခန်းတွေမှာ ၁၄ ရက်နေရမှာပါ။

ကျန်တဲ့မြို့နယ်ကသူတွေကတော့ မြစ်ကြီးနားမှာ ကျန်းမာရေးစိစစ်ပြီးတာနဲ့ သက်ဆိုင်ရာမြို့နယ်အလိုက် အစိုးရစီစဉ်မှုနဲ့ ကိုယ့်နေရပ်က စောင့်ကြည့်ရေးစခန်းတွေမှာ ၁၄ ရက်တာ စခန်းဝင်ရမှာဖြစ်ပါတယ်။

အဲလိဇဘက်ဂျန်မာ / RFA Burmese
https://www.rfa.org/burmese/news/myanmar-migrant-workers-return-from-china-04172020061124.html
တ႐ုတ္ျပည္ေရာက္ ျမန္မာအလုပ္သမားေတြ လြယ္ဂ်ယ္ဂိတ္ကေန ျပန္ဝင္လာ တ႐ုတ္ျပည္ေရာက္ ျမန္မာအလုပ္သမားေတြ လြယ္ဂ်ယ္ဂိတ္ကေန ျပန္ဝင္လာ Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.