ျမန္မာရဲ႕ ႏ်ဴကလီးယားဆုိင္ရာ ပြင့္လင္းမႈမရွိတဲ့အေပၚ ကန္ စုိးရိမ္ဆဲ

အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီး ဦးေက်ာ္တင္ က ႏ်ဴကလီးယားလက္နက္တားဆီးေရး စာခ်ဳပ္ကို လက္မွတ္ထိုးစဥ္ (Photo: ICAN / Darren Ornitz Photography)
(Zawgyi/Unicode)

ျမန္မာႏုိင္ငံဟာ ႏ်ဴကလီးယားမျပန္႔ပြားေရးဆိုင္ရာ စာခ်ဳပ္ NPT ကို ခ်ိဳးေဖာက္တဲ့ အေထာက္အထားေတြ မေတြ႔ရေပမယ့္ ႏ်ဴကလီးယားလုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီး အရင္တုန္းက ပြင့္လင္းျမင္သာမႈ မရွိခဲ့တဲ့ ျမန္မာႏုိင္ငံ အတြက္ အေမရိကန္က စိုးရိမ္ေနဆဲ ျဖစ္ေၾကာင္း

အေမရိကန္ႏုိင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ လႊတ္ေတာ္ကို တင္သြင္းတဲ့ ကမာၻတလႊား လက္နက္ထိန္းခ်ဳပ္ေရးဆိုင္ရာ အေမရိကန္ရဲ႕ ေတြ႔ရွိခ်က္ ႏွစ္ပတ္လည္ အႏွစ္ခ်ဳပ္ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ အရပ္ဘက္အစိုးရ အုပ္ခ်ဳပ္ေနေပမယ့္ စစ္တပ္က သူ႔လုပ္ေဆာင္မႈေတြကို အရပ္သား အစိုးရကို အခုထိလည္း တင္ျပမႈ မရွိဘူးလို႔လည္း ေဖၚျပထားပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံဟာ ၂၀၀၃ ခုႏွစ္မွာ ႏ်ဴကလီးယား လုပ္ေဆာင္မႈနဲ႔ပတ္သက္ၿပီး ျမန္မာဘက္က လုိက္နာမယ့္ ေနာက္ဆက္တြဲလုပ္ေဆာင္ဖို႔ (AP) သေဘာတူညီခ်က္ ကို လက္မွတ္ေရးထိုးခဲ့ သလုိ ျမန္မာႏိုင္ငံက ၿငိမ္းခ်မ္းတဲ့ လုပ္ငန္းေတြ အတြက္သာ ႏ်ဴကလီးယားကို အသံုးျပဳမွာ ျဖစ္ေၾကာင္း (SQP) ကိုပါ ေၾကညာခဲ့တာေၾကာင့္ အေမရိကန္ ျပည္ေထာင္စုက ယံုၾကည္မႈ ထားခဲ့ ေပမယ့္ အခု ၅ ႏွစ္ၾကာလာတဲ့ အထိ ဒီ ၂ ခ်က္စလံုးကို အားျဖည့္ လုပ္ေဆာင္တာ မေတြ႔ရဘူးလို႔ လည္း ေဖၚျပထားပါတယ္။

ဒါေၾကာင့္ အရပ္ဘက္အစိုးရနဲ႔ စစ္တပ္တို႔ၾကား ဒါကို အားျဖည့္ လုပ္ေဆာင္ၿပီး အေကာင္ထည္ ေဖၚေရးအတြက္ ၂ ဖက္ ပူူးေပါင္းေဆာင္ရြက္ဖို႔လိုအပ္ ေၾကာင္း တိုက္တြန္းထားပါတယ္။

ဓါတုလက္နက္ဆိုင္ရာမွာလည္း အခ်က္လက္ ေကာင္းေကာင္းမရတဲ့အတြက္ ျမန္မာက သူ႔ရဲ႕ (CWC) ဓါတုလက္နက္ဆိုင္ရာ သေဘာတူညီခ်က္ အတိုင္း လုိက္နာမႈ ရွိတယ္လို႔ အေမရိကန္က အာမ မခံႏိုင္ေၾကာင္းနဲ႔ ျမန္မာဟာ အရင္က ဓါတုလက္နက္ အစီစဥ္နဲ႔ပတ္သက္ၿပီး ဘာမွ မေၾကညာခဲ့သလို ဓါတုလက္နက္ ထုတ္တဲ့ ေနရာကို ဖ်က္ဆီးတာလည္း မရွိတဲ့ အတြက္ ဓါတု လက္နက္ေတြ ရွိေနမွာကို စိုးရိမ္ေၾကာင္းလည္း ေဖၚျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------

မြန်မာရဲ့ နျူကလီးယားဆိုင်ရာ ပွင့်လင်းမှုမရှိတဲ့အပေါ် ကန် စိုးရိမ်ဆဲ

(Unicode)

မြန်မာနိုင်ငံဟာ နျူကလီးယားမပြန့်ပွားရေးဆိုင်ရာ စာချုပ် NPT ကို ချိုးဖောက်တဲ့ အထောက်အထားတွေ မတွေ့ရပေမယ့် နျူကလီးယားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အရင်တုန်းက ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ မြန်မာနိုင်ငံ အတွက် အမေရိကန်က စိုးရိမ်နေဆဲ ဖြစ်ကြောင်း

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လွှတ်တော်ကို တင်သွင်းတဲ့ ကမ္ဘာတလွှား လက်နက်ထိန်းချုပ်ရေးဆိုင်ရာ အမေရိကန်ရဲ့ တွေ့ရှိချက် နှစ်ပတ်လည် အနှစ်ချုပ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အရပ်ဘက်အစိုးရ အုပ်ချုပ်နေပေမယ့် စစ်တပ်က သူ့လုပ်ဆောင်မှုတွေကို အရပ်သား အစိုးရကို အခုထိလည်း တင်ပြမှု မရှိဘူးလို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ၂၀၀၃ ခုနှစ်မှာ နျူကလီးယား လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး မြန်မာဘက်က လိုက်နာမယ့် နောက်ဆက်တွဲလုပ်ဆောင်ဖို့ (AP) သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့ သလို မြန်မာနိုင်ငံက ငြိမ်းချမ်းတဲ့ လုပ်ငန်းတွေ အတွက်သာ နျူကလီးယားကို အသုံးပြုမှာ ဖြစ်ကြောင်း (SQP) ကိုပါ ကြေညာခဲ့တာကြောင့် အမေရိကန် ပြည်ထောင်စုက ယုံကြည်မှု ထားခဲ့ ပေမယ့် အခု ၅ နှစ်ကြာလာတဲ့ အထိ ဒီ ၂ ချက်စလုံးကို အားဖြည့် လုပ်ဆောင်တာ မတွေ့ရဘူးလို့ လည်း ဖေါ်ပြထားပါတယ်။

ဒါကြောင့် အရပ်ဘက်အစိုးရနဲ့ စစ်တပ်တို့ကြား ဒါကို အားဖြည့် လုပ်ဆောင်ပြီး အကောင်ထည် ဖေါ်ရေးအတွက် ၂ ဖက် ပူူးပေါင်းဆောင်ရွက်ဖို့လိုအပ် ကြောင်း တိုက်တွန်းထားပါတယ်။

ဓါတုလက်နက်ဆိုင်ရာမှာလည်း အချက်လက် ကောင်းကောင်းမရတဲ့အတွက် မြန်မာက သူ့ရဲ့ (CWC) ဓါတုလက်နက်ဆိုင်ရာ သဘောတူညီချက် အတိုင်း လိုက်နာမှု ရှိတယ်လို့ အမေရိကန်က အာမ မခံနိုင်ကြောင်းနဲ့ မြန်မာဟာ အရင်က ဓါတုလက်နက် အစီစဉ်နဲ့ပတ်သက်ပြီး ဘာမှ မကြေညာခဲ့သလို ဓါတုလက်နက် ထုတ်တဲ့ နေရာကို ဖျက်ဆီးတာလည်း မရှိတဲ့ အတွက် ဓါတု လက်နက်တွေ ရှိနေမှာကို စိုးရိမ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-nuclear-weapon-/5375443.html
ျမန္မာရဲ႕ ႏ်ဴကလီးယားဆုိင္ရာ ပြင့္လင္းမႈမရွိတဲ့အေပၚ ကန္ စုိးရိမ္ဆဲ ျမန္မာရဲ႕ ႏ်ဴကလီးယားဆုိင္ရာ ပြင့္လင္းမႈမရွိတဲ့အေပၚ ကန္ စုိးရိမ္ဆဲ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.