ျပည္တြင္း၊ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားအား ဧၿပီ ၂၀ ရက္မွ စတင္ကာ မူလဝန္ေဆာင္စရိတ္ႏႈန္းထား၏ ၅၀ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေပးမည္ဟု ထုတ္ျပန္

ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ ၏ ထုတ္ျပန္ခ်က္အားေတြ႕ရစဥ္ (ဓာတ္ပုံ--DICA)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ ဧၿပီ ၉ ရက္ (ဆင္ဟြာ)

    ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ သည္  ကမာၻ႔ႏိုင္ငံအမ်ားစုတြင္ COVID-19 ကူးစက္ ျပန႔္ပြားေနမႈေၾကာင့္ ျမန္မာႏိုင္ငံ သို႔ဝင္ေရာက္လာမည့္ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ႏွင့္ ျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း မ်ားအား ဧၿပီလ ၂၀ ရက္မွ စ၍ မူလဝန္ေဆာင္စရိတ္ႏႈန္းထား ၏ ၅၀ ရာခိုင္ႏႈန္းေလွ်ာ့ခ်၍ ေလွ်ာက္ထားလႊာ ႏွင့္ ဝန္ေဆာင္စားရိတ္ႏႈန္းထားမ်ားအား ျပင္ဆင္သတ္မွတ္လိုက္ေၾကာင္း ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ က ဧၿပီ ၉ ရက္ တြင္ ထုတ္ျပန္သည္။

အတည္ျပဳမိန႔္၊ ခြင့္ျပဳမိန႔္ ရရွိထားသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားအေနျဖင့္  ထုတ္လုပ္မႈကုန္က်စရိတ္ ႏွင့္ အသုံးစားရိတ္မ်ားေလ်ာ့က်ၿပီး လုပ္ငန္းမ်ား ပိုမိုအဆင္ေျပစြာေဆာင္႐ြက္ႏိုင္ရန္ ယခုကဲ့သို႔  ေလွ်ာ့ခ်ေပးျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသသည္။

၎ျပင္ဆင္သတ္မွတ္ခ်က္မ်ားသည္ COVID-19 ေရာဂါျဖစ္ပြားေနမႈ ႏွင့္ စပ္လ်ဥ္းသည့္ ႏိုင္ငံေတာ္ ၏ ေၾကညာခ်က္မ်ား အရ သက္ေရာက္မႈရွိသည့္ ကာလအထိသာ အက်ဳံးဝင္မည္ျဖစ္ၿပီး  အဆိုပါ ကာလ ကုန္ဆုံးပါက ေလွ်ာက္ထားလႊာ ႏွင့္ ဝန္ေဆာင္စရိတ္ႏႈန္းထားမ်ား အား ျပန္လည္ျပင္ဆင္သတ္မွတ္ ေၾကညာသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္ထဲတြင္ပါရွိသည္။

ေလွ်ာ့ခ်၍ ျပင္ဆင္ေကာက္ခံမည့္ ႏႈန္းထားအေသးစိတ္အား DICA ၏ Facebook တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27081-2020-04-09-09-59-05
--------------
(Unicode)⤵⤵⤵
ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ဧပြီ ၂၀ ရက်မှ စတင်ကာ မူလဝန်ဆောင်စရိတ်နှုန်းထား၏ ၅၀ ရာခိုင်နှုန်း လျှော့ချပေးမည်ဟု ထုတ်ပြန်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--DICA)

    ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သည်  ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ကူးစက် ပြန့်ပွားနေမှုကြောင့် မြန်မာနိုင်ငံ သို့ဝင်ရောက်လာမည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များအား ဧပြီလ ၂၀ ရက်မှ စ၍ မူလဝန်ဆောင်စရိတ်နှုန်းထား ၏ ၅၀ ရာခိုင်နှုန်းလျှော့ချ၍ လျှောက်ထားလွှာ နှင့် ဝန်ဆောင်စားရိတ်နှုန်းထားများအား ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် က ဧပြီ ၉ ရက် တွင် ထုတ်ပြန်သည်။

အတည်ပြုမိန့်၊ ခွင့်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနေဖြင့်  ထုတ်လုပ်မှုကုန်ကျစရိတ် နှင့် အသုံးစားရိတ်များလျော့ကျပြီး လုပ်ငန်းများ ပိုမိုအဆင်ပြေစွာဆောင်ရွက်နိုင်ရန် ယခုကဲ့သို့  လျှော့ချပေးခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသသည်။

၎င်းပြင်ဆင်သတ်မှတ်ချက်များသည် COVID-19 ရောဂါဖြစ်ပွားနေမှု နှင့် စပ်လျဉ်းသည့် နိုင်ငံတော် ၏ ကြေညာချက်များ အရ သက်ရောက်မှုရှိသည့် ကာလအထိသာ အကျုံးဝင်မည်ဖြစ်ပြီး  အဆိုပါ ကာလ ကုန်ဆုံးပါက လျှောက်ထားလွှာ နှင့် ဝန်ဆောင်စရိတ်နှုန်းထားများ အား ပြန်လည်ပြင်ဆင်သတ်မှတ် ကြေညာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

လျှော့ချ၍ ပြင်ဆင်ကောက်ခံမည့် နှုန်းထားအသေးစိတ်အား DICA ၏ Facebook တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27081-2020-04-09-09-59-05
ျပည္တြင္း၊ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားအား ဧၿပီ ၂၀ ရက္မွ စတင္ကာ မူလဝန္ေဆာင္စရိတ္ႏႈန္းထား၏ ၅၀ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေပးမည္ဟု ထုတ္ျပန္ ျပည္တြင္း၊ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားအား ဧၿပီ ၂၀ ရက္မွ စတင္ကာ မူလဝန္ေဆာင္စရိတ္ႏႈန္းထား၏ ၅၀ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေပးမည္ဟု ထုတ္ျပန္ Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.