ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ကို ႏိုင္ငံေရးကစားကြက္တစ္ခုအျဖစ္အသုံးခ်ျခင္းက မီးႏွင့္ကစားျခင္းသာျဖစ္ေၾကာင္း WHO ၫႊန္ၾကားေရးမႉးခ်ဳပ္ ေျပာၾကား

ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕ရွိ ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)႐ုံးခ်ဳပ္ အေဆာက္အဦအား ေတြ႕ရစဥ္(ဆင္ဟြာ)

    ဂ်ီနီဗာ၊ ဧၿပီ ၉ ရက္(ဆင္ဟြာ)

    ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ကို ႏိုင္ငံေရးကစားကြက္တစ္ခုအျဖစ္မလုပ္ရန္၊ ျပည္တြင္း၌ လည္းေကာင္း၊ ႏိုင္ငံအသီးသီး၌လည္းေကာင္း စည္းလုံးညီၫြတ္စြာ ကပ္ေရာဂါကို အတူလက္တြဲတိုက္ဖ်က္သင့္ေၾကာင္း ကမာၻ႔ က်န္မာေရးအဖြဲ႕(WHO) ၫႊန္ၾကားေရးမႉးခ်ဳပ္ တက္ဒေရာ့စ္က ဧၿပီ ၈ ရက္တြင္ တိုက္တြန္းေျပာၾကားခဲ့သည္။

အေမရိကန္က ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO) အား ျပစ္တင္ေျပာဆိုခဲ့ၿပီး အဖြဲ႕ဝင္ေၾကးေပးသြင္းမႈကို ယာယီရပ္ဆိုင္းထားမည္ဟု ေျပာဆိုခ်က္အေပၚ တက္ဒေရာ့စ္က  ကမာၻ႔ က်န္မာေရးအဖြဲ႕(WHO)၏ ဧၿပီ ၈ ရက္ ပုံမွန္ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါအတိုင္း ေျပာဆိုလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကပ္ေရာဂါကို ႏိုင္ငံေရးကစားကြက္အျဖစ္ အသုံးခ်တာဟာ မီးနဲ႔ကစားတာပါ။ ဒီလို ကပ္ေရာဂါကို ႏိုင္ငံေရးအသြင္ ေျပာင္းေနတဲ့လုပ္ရပ္ကို quarantine လုပ္သင့္တယ္။ ကြၽန္ေတာ္တို႔မွာ အျပန္အလွန္ အျပစ္တင္ေျပာဆိုၿပီး အခ်ိန္ကုန္မခံသင့္ဘူး။ ကြၽန္ေတာ္တို႔ေတြ စည္းစည္းလုံးလုံး နဲ႔ ကပ္ေရာဂါတိုက္ဖ်က္ေရးကို ေဆာင္႐ြက္သြားသင့္တယ္။”ဟု ၎က ဆိုသည္။

အမ်ိဳးသားအဆင့္အေနျဖင့္ ပါတီ၊ယုံၾကည္ကိုးကြယ္မႈ၊ အေတြးအျမင္အသြင္အမ်ိဳးမ်ိဳးကြဲလြဲမႈေတြကို ေက်ာ္လႊားၿပီး စည္းလုံးညီၫြတ္စြာ ကပ္ေရာဂါကို အတူတိုက္ဖ်က္သင့္ေၾကာင္း တက္ဒေရာ့စ္က အေလးထား ေျပာၾကားခဲ့သည္။

“ႏိုင္ငံတစ္ႏိုင္ငံမွာ ပါတီခ်င္း၊ ဘာသာေရးအဖြဲ႕အစည္းခ်င္း ကြဲလြဲမႈေတြျဖစ္ေနမယ္ဆိုရင္ ဗိုင္းရပ္စ္က ကြၽန္ေတာ္တို႔ေတြကို အခြင့္ယူ အလစ္ဝင္ တိုက္ခိုက္လိမ့္မယ္” ဟု ၎က ဆိုသည္။

တ႐ုတ္-အေမရိကန္ ႏွစ္ႏိုင္ငံအၾကား ၊ G-20အဖြဲ႕ဝင္မ်ားအၾကား ၊ ကမာၻ႔ႏိုင္ငံအသီးသီးမ်ားအၾကား အမွန္တကယ္စည္းလုံးညီၫြတ္ရန္လိုအပ္ေၾကာင္း ၊ ထိုမွသာ ကပ္ေရာဂါကို အႏိုင္တိုက္ဖ်က္ႏိုင္မည္ ျဖစ္ေၾကာင္း တက္ဒေရာ့စ္က အေလးနက္ထားေျပာၾကားခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/intl-organization-covid19-2/27076-who
-----------------
(Unicode)⤵⤵⤵
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံရေးကစားကွက်တစ်ခုအဖြစ်အသုံးချခြင်းက မီးနှင့်ကစားခြင်းသာဖြစ်ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် ပြောကြား

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရုံးချုပ် အဆောက်အဦအား တွေ့ရစဉ်(ဆင်ဟွာ)

    ဂျီနီဗာ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

    နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံရေးကစားကွက်တစ်ခုအဖြစ်မလုပ်ရန်၊ ပြည်တွင်း၌ လည်းကောင်း၊ နိုင်ငံအသီးသီး၌လည်းကောင်း စည်းလုံးညီညွတ်စွာ ကပ်ရောဂါကို အတူလက်တွဲတိုက်ဖျက်သင့်ကြောင်း ကမ္ဘာ့ ကျန်မာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဧပြီ ၈ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

အမေရိကန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အား ပြစ်တင်ပြောဆိုခဲ့ပြီး အဖွဲ့ဝင်ကြေးပေးသွင်းမှုကို ယာယီရပ်ဆိုင်းထားမည်ဟု ပြောဆိုချက်အပေါ် တက်ဒရော့စ်က  ကမ္ဘာ့ ကျန်မာရေးအဖွဲ့(WHO)၏ ဧပြီ ၈ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကပ်ရောဂါကို နိုင်ငံရေးကစားကွက်အဖြစ် အသုံးချတာဟာ မီးနဲ့ကစားတာပါ။ ဒီလို ကပ်ရောဂါကို နိုင်ငံရေးအသွင် ပြောင်းနေတဲ့လုပ်ရပ်ကို quarantine လုပ်သင့်တယ်။ ကျွန်တော်တို့မှာ အပြန်အလှန် အပြစ်တင်ပြောဆိုပြီး အချိန်ကုန်မခံသင့်ဘူး။ ကျွန်တော်တို့တွေ စည်းစည်းလုံးလုံး နဲ့ ကပ်ရောဂါတိုက်ဖျက်ရေးကို ဆောင်ရွက်သွားသင့်တယ်။”ဟု ၎င်းက ဆိုသည်။

အမျိုးသားအဆင့်အနေဖြင့် ပါတီ၊ယုံကြည်ကိုးကွယ်မှု၊ အတွေးအမြင်အသွင်အမျိုးမျိုးကွဲလွဲမှုတွေကို ကျော်လွှားပြီး စည်းလုံးညီညွတ်စွာ ကပ်ရောဂါကို အတူတိုက်ဖျက်သင့်ကြောင်း တက်ဒရော့စ်က အလေးထား ပြောကြားခဲ့သည်။

“နိုင်ငံတစ်နိုင်ငံမှာ ပါတီချင်း၊ ဘာသာရေးအဖွဲ့အစည်းချင်း ကွဲလွဲမှုတွေဖြစ်နေမယ်ဆိုရင် ဗိုင်းရပ်စ်က ကျွန်တော်တို့တွေကို အခွင့်ယူ အလစ်ဝင် တိုက်ခိုက်လိမ့်မယ်” ဟု ၎င်းက ဆိုသည်။

တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ၊ G-20အဖွဲ့ဝင်များအကြား ၊ ကမ္ဘာ့နိုင်ငံအသီးသီးများအကြား အမှန်တကယ်စည်းလုံးညီညွတ်ရန်လိုအပ်ကြောင်း ၊ ထိုမှသာ ကပ်ရောဂါကို အနိုင်တိုက်ဖျက်နိုင်မည် ဖြစ်ကြောင်း တက်ဒရော့စ်က အလေးနက်ထားပြောကြားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/intl-organization-covid19-2/27076-who
ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ကို ႏိုင္ငံေရးကစားကြက္တစ္ခုအျဖစ္အသုံးခ်ျခင္းက မီးႏွင့္ကစားျခင္းသာျဖစ္ေၾကာင္း WHO ၫႊန္ၾကားေရးမႉးခ်ဳပ္ ေျပာၾကား ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ကို ႏိုင္ငံေရးကစားကြက္တစ္ခုအျဖစ္အသုံးခ်ျခင္းက မီးႏွင့္ကစားျခင္းသာျဖစ္ေၾကာင္း WHO ၫႊန္ၾကားေရးမႉးခ်ဳပ္ ေျပာၾကား Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.