ေစာ္ကားၿပီး အက္စစ္နဲ႔ပက္ခံရတဲ့ ကေလးအမႈ ေဖာ္ထုတ္ဖို႔ မိသားစုဝင္ေတြေတာင္းဆို

(Zawgyi)⤵⤵⤵

ရန္ကုန္ၿမိဳ႕က အသက္ ၁၅ ႏွစ္ မျပည့္ေသးတဲ့ အိမ္အကူမိန္းကေလးကို လိင္ပိုင္းဆိုင္ရာ က်ဳးလြန္ၿပီး မိန္းမ ကိုယ္ကို အက္စစ္နဲ႔ပက္တယ္လို႔ စြပ္စြဲခံထားရတဲ့ သ႐ုပ္ေဆာင္လင္မယားႏွစ္ေယာက္လုံး ထြက္ေျပးလြတ္ေျမာက္ ေနပါတယ္။ ကေလးငယ္ကေတာ့ ေဆး႐ုံမွာ ကုသမႈ ခံယူေနရပါတယ္။

႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ေယာက္အိမ္မွာ အိမ္အကူအျဖစ္ ငါးႏွစ္နီးပါး အလုပ္လုပ္ခဲ့တဲ့ကေလးငယ္ဟာ လိင္ပိုင္း ဆိုင္ရာက်ဳးလြန္ခံရၿပီး မိန္းမကိုယ္ကို အက္စစ္နဲ႔အပက္ခံရတာေၾကာင့္ ေျမာက္ဥကၠလာပေဆး႐ုံမွာ ေဆးကုသ ေနရတယ္လို႔ မိသားစုဝင္ေတြနဲ႔ ကူညီေပးေနသူေတြက ေျပာပါတယ္။

က်ဳးလြန္သူေတြကို အျမန္ဆုံးဖမ္းမိေစခ်င္တယ္လို႔လည္း ဦးေလးေတာ္စပ္သူ ဦးေအာင္ေအာင္က ေျပာပါတယ္။

"ကေလးမေလးက အနာမွာပိုးဝင္ထားတယ္။ ေသြးလည္းလႊတ္ရတယ္။ ေတာက္ေလွ်ာက္။ ႏွစ္ပုလင္းသြင္း ထားတယ္။ သိတဲ့အခ်ိန္မွာ ကေလးမေလး ေဆး႐ုံတက္ၿပီး အမႈဖြင့္တဲ့အခ်ိန္မွာ သြားဖမ္းေတာ့ မရွိေတာ့ဘူး။ ဘယ္အခ်ိန္ကတည္းက ေျပးတာလည္းေတာ့ မသိဘူးေပါ့။ က်ေနာ္ကေတာ့ ဦးေလးတစ္ေယာက္အေနနဲ႔ အျမန္ဆုံးဖမ္းမိေစခ်င္တယ္။ ေနာက္တစ္ခုက တရားကိုလည္း မွန္မွန္ကန္ကန္ ျဖစ္ေစခ်င္တယ္။"

ကေလးငယ္ရဲ႕ဒဏ္ရာမွာ ပိုးဝင္ေနတာေၾကာင့္ အျပင္လူေတြကို ေတြ႕ခြင့္မေပးထားဘူးလို႔ အၾကမ္းဖက္ခံရတဲ့ အမ်ိဳးသမီးေတြကို ကူညီေပးေနတဲ့ Forward Women Empowerment အဖြဲ႕က ေဒၚေစာခင္သူဇာက ေျပာပါတယ္။

"ေဆး႐ုံအုပ္ႀကီး ၫြန္ၾကားခ်က္ကေတာ့ ဆရာဝန္ေတြကလည္း ေျပာတယ္။ အနီးကပ္ၾကည့္လို႔မရဘူးရွင့္။  က်မ အေဆာင္ထဲထိေတာ့ ေရာက္တယ္။ လွမ္းေတာ့ျမင္ရတယ္။ ကေလးမေလးက ပက္လက္နဲ႔ေပါ့ေနာ္။ ဆရာဝန္ ေတြရဲ႕ အေရးေပၚကုသမႈကို ခံေနရပါတယ္။ ကေလးရဲ႕အေမ ေျပာစကားေပါ့ေနာ္။ လြန္ခဲ့တဲ့ ၁၅ ရက္ေလာက္က တည္းက ကေလးက ဒဏ္ရာရေနတယ္ေပါ့ေနာ္။ ဒဏ္ရာရေနတာကို သူတို႔ႀကိတ္ကုေနၿပီး အထဲမွာပိုးဝင္ေနတယ္ လို႔ ေျပာပါတယ္။"

အင္တာနက္လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔ေနတဲ့ က်ဳးလြန္သူေတြရဲ႕ အသံဖိုင္ထဲမွာ ကေလးဟာ အသက္ ၂၀ ေက်ာ္ၿပီလို႔ ေျပာထားေပမဲ့ ကေလးေနခဲ့တဲ့ ေက်ာင္းေထာက္ခံခ်က္အရ အသက္ ၁၄ ႏွစ္နဲ႔ ၁၀ လသာ ရွိေနေသးတဲ့အေၾကာင္း၊ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကတည္းက ဒီကေလးကို  လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခဲ့တဲ့အေၾကာင္း၊ ကေလးကို အက္စစ္နဲ႔ပက္မယ္လို႔ သ႐ုပ္ေဆာင္ရဲ႕ဇနီးသည္ အသံဖိုင္မွာ ၿခိမ္းေျခာက္ခဲ့ေပမဲ့ တကယ္လုပ္မယ္လို႔ မထင္ ခဲ့ေၾကာင္း၊  တူနဲ႔ ႏွစ္ခ်က္ အထုခံထားရတဲ့အေၾကာင္း ကေလးငယ္ရဲ႕ ဦးေလးေတာ္စပ္သူေတြက ေျပာပါတယ္။

အခုျဖစ္ရပ္မွာ အိမ္ေဖာ္ကေလးငယ္ဟာ လိင္ပိုင္း၊ ႐ုပ္ပိုင္း၊ စိတ္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံရတာေတြကို ရင္ဆိုင္ခဲ့ရတာလို႔ ရန္ကုန္ၿမိဳ႕က ဥပေဒေရးရာ ကုစားေရးအဖြဲ႕က ေဒၚလွလွရီက ေျပာပါတယ္။

"ေကာင္မေလးက အသက္မျပည့္ေသးဘဲ လိင္ပိုင္းဆိုင္ရာ မုဒိန္းက်င့္ခံရတယ္။ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္ၿပီး ႐ိုက္ႏွက္ခံရတယ္။ အက္စစ္နဲ႔အေလာင္းခံရတဲ့ ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္နာက်င္တာေတြ႕ရတယ္။ က်မတို႔ မျမင္ ႏိုင္တာက အဲကေလးမေလးကို ဘယ္ေလာက္အထိ စိတ္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ လုပ္ထားသလဲဆိုတာ မျမင္ႏိုင္တဲ့အေနထားေပါ့ေနာ္။"

ရာဇသတ္ႀကီး ဥပေဒအရ  အသက္ ၁၆ ႏွစ္ မျပည့္ေသးတဲ့ အမ်ိဳးသမီးက အလိုတူတူ၊ မတူတူ လိင္ပိုင္းဆိုင္ရာ က်ဳးလြန္တယ္လို႔ သတ္မွတ္ထားပါတယ္။ ၁၆ ႏွစ္ေအာက္ အမ်ိဳးသမီးကို က်ဳးလြန္ရင္ ေထာင္ဒဏ္ ၁၀ ႏွစ္ကေန ႏွစ္ ၂၀ အထိ ခ်မွတ္ႏိုင္ၿပီး အသက္ ၁၂ ႏွစ္မျပည့္ခင္ လိင္ပိုင္းဆိုင္ရာ က်ဳးလြန္ခံရတယ္လို႔ စစ္ေဆးေတြ႕ရွိရရင္ က်ဳးလြန္သူကို တသက္တကြၽန္းအထိ ခ်မွတ္ႏိုင္တယ္လို႔ ေဒၚလွလွရီက ေျပာပါတယ္။

အဲဒီလို အၾကမ္းဖက္မႈေတြ ခံစားရတဲ့အမ်ိဳးသမီးေတြကို ရပ္႐ြာပတ္ဝန္းက်င္က ဝိုင္းဝန္းေစာင့္ေရွာက္ၾကဖို႔ လိုအပ္တယ္လို႔ ရန္ကုန္ၿမိဳ႕က အမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားသူ ေဒၚခင္ေလးက ေျပာပါတယ္။

"ဗိုင္းရပ္စ္ေရာဂါပိုးကို ေၾကာက္ေနရတဲ့အခ်ိန္မွာ အိမ္တြင္းအၾကမ္းဖက္တာေတြရွိေနတယ္ဆိုတာလည္း သတိထားဖို႔လိုတယ္။ က်မတို႔အေနနဲ႔လည္း နစ္နာသူဘက္က ဝိုင္းဝန္းကူညီေပးဖို႔၊ မတရားလုပ္တဲ့သူကို အမႈကို အမွန္တိုင္း ေဆာင္႐ြက္ႏိုင္ေအာင္ တြန္းအားေပးဖို႔လိုတယ္။ နစ္နာသူဘက္က ဝိုင္းဝန္းေပးဖို႔လိုတယ္လို႔လည္း ေမတၱာရပ္ခံခ်င္ပါတယ္။"

အင္တာနက္မွာ ပ်ံ႕ေနတဲ့အသံဖိုင္အရ သ႐ုပ္ေဆာင္အမ်ိဳးသားက ကေလးငယ္ကို လိင္ပိုင္းဆိုင္ရာ က်ဳးလြန္ ေနခ်ိန္မွာ ဇနီးသည္က ေတြ႕ရွိခဲ့တာပါ။ အဲဒီေနာက္ပိုင္းမွာ ထိခိုက္ နာက်င္ေအာင္ ႏွိပ္စက္ခံရတယ္လို႔ ကေလးဆီက သိရေၾကာင္း ဦးေလးေတာ္စပ္သူေတြက ေျပာၾကပါတယ္။

အဲလိုက်ဳးလြန္ခဲ့တယ္လို႔ ဆိုတဲ့ သ႐ုပ္ေဆာင္လင္မယား၊ တူနဲ႔ထုခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ သ႐ုပ္ေဆာင္ရဲ႕ ေယာကၡမတို႔ကို ေ႐ႊေပါက္ကံရဲစခန္းမွာ ညႇဥ္းပန္းႏွိပ္စက္မႈ၊  တာေမြရဲစခန္းမွာေတာ့ မုဒိန္းမႈတို႔နဲ႔ အမႈဖြင့္ ထားတာပါ။

စြပ္စြဲခံရသူေတြကို ဖမ္းဆီးေနတဲ့အေျခအေနေတြနဲ႔ ပတ္သက္ၿပီး အဲဒီရဲစခန္းႏွစ္ခုကို  RFA က ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ အဆက္အသြယ္မရခဲ့ပါဘူး။

RFA Burmese
https://www.rfa.org/burmese/news/actor-rape-rape-an-underage-girl-04092020080025.html
--------------
(Unicode)⤵⤵⤵
စော်ကားပြီး အက်စစ်နဲ့ပက်ခံရတဲ့ ကလေးအမှု ဖော်ထုတ်ဖို့ မိသားစုဝင်တွေတောင်းဆို

ရန်ကုန်မြို့က အသက် ၁၅ နှစ် မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးကို လိင်ပိုင်းဆိုင်ရာ ကျုးလွန်ပြီး မိန်းမ ကိုယ်ကို အက်စစ်နဲ့ပက်တယ်လို့ စွပ်စွဲခံထားရတဲ့ သရုပ်ဆောင်လင်မယားနှစ်ယောက်လုံး ထွက်ပြေးလွတ်မြောက် နေပါတယ်။ ကလေးငယ်ကတော့ ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။

ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အိမ်မှာ အိမ်အကူအဖြစ် ငါးနှစ်နီးပါး အလုပ်လုပ်ခဲ့တဲ့ကလေးငယ်ဟာ လိင်ပိုင်း ဆိုင်ရာကျုးလွန်ခံရပြီး မိန်းမကိုယ်ကို အက်စစ်နဲ့အပက်ခံရတာကြောင့် မြောက်ဥက္ကလာပဆေးရုံမှာ ဆေးကုသ နေရတယ်လို့ မိသားစုဝင်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကျုးလွန်သူတွေကို အမြန်ဆုံးဖမ်းမိစေချင်တယ်လို့လည်း ဦးလေးတော်စပ်သူ ဦးအောင်အောင်က ပြောပါတယ်။

"ကလေးမလေးက အနာမှာပိုးဝင်ထားတယ်။ သွေးလည်းလွှတ်ရတယ်။ တောက်လျှောက်။ နှစ်ပုလင်းသွင်း ထားတယ်။ သိတဲ့အချိန်မှာ ကလေးမလေး ဆေးရုံတက်ပြီး အမှုဖွင့်တဲ့အချိန်မှာ သွားဖမ်းတော့ မရှိတော့ဘူး။ ဘယ်အချိန်ကတည်းက ပြေးတာလည်းတော့ မသိဘူးပေါ့။ ကျနော်ကတော့ ဦးလေးတစ်ယောက်အနေနဲ့ အမြန်ဆုံးဖမ်းမိစေချင်တယ်။ နောက်တစ်ခုက တရားကိုလည်း မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။"

ကလေးငယ်ရဲ့ဒဏ်ရာမှာ ပိုးဝင်နေတာကြောင့် အပြင်လူတွေကို တွေ့ခွင့်မပေးထားဘူးလို့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ကူညီပေးနေတဲ့ Forward Women Empowerment အဖွဲ့က ဒေါ်စောခင်သူဇာက ပြောပါတယ်။

"ဆေးရုံအုပ်ကြီး ညွန်ကြားချက်ကတော့ ဆရာဝန်တွေကလည်း ပြောတယ်။ အနီးကပ်ကြည့်လို့မရဘူးရှင့်။  ကျမ အဆောင်ထဲထိတော့ ရောက်တယ်။ လှမ်းတော့မြင်ရတယ်။ ကလေးမလေးက ပက်လက်နဲ့ပေါ့နော်။ ဆရာဝန် တွေရဲ့ အရေးပေါ်ကုသမှုကို ခံနေရပါတယ်။ ကလေးရဲ့အမေ ပြောစကားပေါ့နော်။ လွန်ခဲ့တဲ့ ၁၅ ရက်လောက်က တည်းက ကလေးက ဒဏ်ရာရနေတယ်ပေါ့နော်။ ဒဏ်ရာရနေတာကို သူတို့ကြိတ်ကုနေပြီး အထဲမှာပိုးဝင်နေတယ် လို့ ပြောပါတယ်။"

အင်တာနက်လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ကျုးလွန်သူတွေရဲ့ အသံဖိုင်ထဲမှာ ကလေးဟာ အသက် ၂၀ ကျော်ပြီလို့ ပြောထားပေမဲ့ ကလေးနေခဲ့တဲ့ ကျောင်းထောက်ခံချက်အရ အသက် ၁၄ နှစ်နဲ့ ၁၀ လသာ ရှိနေသေးတဲ့အကြောင်း၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဒီကလေးကို  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တဲ့အကြောင်း၊ ကလေးကို အက်စစ်နဲ့ပက်မယ်လို့ သရုပ်ဆောင်ရဲ့ဇနီးသည် အသံဖိုင်မှာ ခြိမ်းခြောက်ခဲ့ပေမဲ့ တကယ်လုပ်မယ်လို့ မထင် ခဲ့ကြောင်း၊  တူနဲ့ နှစ်ချက် အထုခံထားရတဲ့အကြောင်း ကလေးငယ်ရဲ့ ဦးလေးတော်စပ်သူတွေက ပြောပါတယ်။

အခုဖြစ်ရပ်မှာ အိမ်ဖော်ကလေးငယ်ဟာ လိင်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေကို ရင်ဆိုင်ခဲ့ရတာလို့ ရန်ကုန်မြို့က ဥပဒေရေးရာ ကုစားရေးအဖွဲ့က ဒေါ်လှလှရီက ပြောပါတယ်။

"ကောင်မလေးက အသက်မပြည့်သေးဘဲ လိင်ပိုင်းဆိုင်ရာ မုဒိန်းကျင့်ခံရတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ရိုက်နှက်ခံရတယ်။ အက်စစ်နဲ့အလောင်းခံရတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်တာတွေ့ရတယ်။ ကျမတို့ မမြင် နိုင်တာက အဲကလေးမလေးကို ဘယ်လောက်အထိ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်ထားသလဲဆိုတာ မမြင်နိုင်တဲ့အနေထားပေါ့နော်။"

ရာဇသတ်ကြီး ဥပဒေအရ  အသက် ၁၆ နှစ် မပြည့်သေးတဲ့ အမျိုးသမီးက အလိုတူတူ၊ မတူတူ လိင်ပိုင်းဆိုင်ရာ ကျုးလွန်တယ်လို့ သတ်မှတ်ထားပါတယ်။ ၁၆ နှစ်အောက် အမျိုးသမီးကို ကျုးလွန်ရင် ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ် ၂၀ အထိ ချမှတ်နိုင်ပြီး အသက် ၁၂ နှစ်မပြည့်ခင် လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရတယ်လို့ စစ်ဆေးတွေ့ရှိရရင် ကျုးလွန်သူကို တသက်တကျွန်းအထိ ချမှတ်နိုင်တယ်လို့ ဒေါ်လှလှရီက ပြောပါတယ်။

အဲဒီလို အကြမ်းဖက်မှုတွေ ခံစားရတဲ့အမျိုးသမီးတွေကို ရပ်ရွာပတ်ဝန်းကျင်က ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ လိုအပ်တယ်လို့ ရန်ကုန်မြို့က အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ဒေါ်ခင်လေးက ပြောပါတယ်။

"ဗိုင်းရပ်စ်ရောဂါပိုးကို ကြောက်နေရတဲ့အချိန်မှာ အိမ်တွင်းအကြမ်းဖက်တာတွေရှိနေတယ်ဆိုတာလည်း သတိထားဖို့လိုတယ်။ ကျမတို့အနေနဲ့လည်း နစ်နာသူဘက်က ဝိုင်းဝန်းကူညီပေးဖို့၊ မတရားလုပ်တဲ့သူကို အမှုကို အမှန်တိုင်း ဆောင်ရွက်နိုင်အောင် တွန်းအားပေးဖို့လိုတယ်။ နစ်နာသူဘက်က ဝိုင်းဝန်းပေးဖို့လိုတယ်လို့လည်း မေတ္တာရပ်ခံချင်ပါတယ်။"

အင်တာနက်မှာ ပျံ့နေတဲ့အသံဖိုင်အရ သရုပ်ဆောင်အမျိုးသားက ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ကျုးလွန် နေချိန်မှာ ဇနီးသည်က တွေ့ရှိခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ထိခိုက် နာကျင်အောင် နှိပ်စက်ခံရတယ်လို့ ကလေးဆီက သိရကြောင်း ဦးလေးတော်စပ်သူတွေက ပြောကြပါတယ်။

အဲလိုကျုးလွန်ခဲ့တယ်လို့ ဆိုတဲ့ သရုပ်ဆောင်လင်မယား၊ တူနဲ့ထုခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ သရုပ်ဆောင်ရဲ့ ယောက္ခမတို့ကို ရွှေပေါက်ကံရဲစခန်းမှာ ညှဉ်းပန်းနှိပ်စက်မှု၊  တာမွေရဲစခန်းမှာတော့ မုဒိန်းမှုတို့နဲ့ အမှုဖွင့် ထားတာပါ။

စွပ်စွဲခံရသူတွေကို ဖမ်းဆီးနေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး အဲဒီရဲစခန်းနှစ်ခုကို  RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

RFA Burmese
https://www.rfa.org/burmese/news/actor-rape-rape-an-underage-girl-04092020080025.html
ေစာ္ကားၿပီး အက္စစ္နဲ႔ပက္ခံရတဲ့ ကေလးအမႈ ေဖာ္ထုတ္ဖို႔ မိသားစုဝင္ေတြေတာင္းဆို ေစာ္ကားၿပီး အက္စစ္နဲ႔ပက္ခံရတဲ့ ကေလးအမႈ ေဖာ္ထုတ္ဖို႔ မိသားစုဝင္ေတြေတာင္းဆို Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.