ျမ၀တီမွာ အြန္လုိင္းေလာင္းကစားလုပ္ေနတဲ့ တရုတ္ႏုိင္ငံသား ၃၀ဦး ကုိ ဖမ္းဆီး

အြန္လုိင္းေလာင္းကစားလုပ္ေနတဲ့ တရုတ္ႏုိင္ငံသား ၃၀ ဦး ကုိ ဖမ္းဆီး (ဓါတ္ပံု-Thetoo Naing )
(Zawgyi/Unicode)

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္အတြင္း မွာ အြန္လိုင္းေလာင္းကစားလုပ္ေနတဲ့ တရုတ္ႏိုင္ငံသား ၃၀ဦးကို ဧၿပီလ ၁၆ ရက္ေန႔ညမွာ ဖမ္းဆီးလိုက္တဲ့သတင္းကို မေအးေအးမာ တင္ျပေပးမွာပါ ။

ျမဝတီခ႐ိုင္ ရဲတပ္ဖြဲ႕မႉး ဦးေဆာင္တဲ့ ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕ေတြဟာ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ေဆာင္႐ြက္ေနစဥ္ကာလအတြင္း တရားဥပေဒစုိးမိုးေရးကို လုပ္ေဆာင္ခဲ့ရာမွာ သတင္းအရ Online ေလာင္းကစားသမား တ႐ုတ္ႏိုင္ငံသား လင္းေရွာင္ခ်န္ ပါ၀င္တဲ့ တရုတ္ႏိုင္ငံသား(၃၀)ဦးကို ဧၿပီလ ၁၆ ရက္ ညက ဖမ္းဆီးအေရးယူလိုက္တယ္လို႔ ျမ၀တီခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာပါတယ္။

“ဟုတ္ကဲ့ ၃၀ဦးပါ ျမ၀တီၿမိဳ႕ ၊အမွတ္ ၄ရပ္ကြက္ ၊ ျမ၀တီသုသာန္ ဘက္ကုိ သြားတဲ့ဘက္ပါ ။ အဓိက ေတာ့ ေလာင္းကစားပဲ ။ သက္ဆုိင္ရာဌာနအလိုက္ အေရးယူတာပါ။ လက္ရွိ ရဲတပ္ဖဲြ႕ က အေရးယူတယ္။ လ၀ကပုိင္းကလည္း အေရးယူတယ္။ စည္ပင္သာယာပုိင္းကလည္း အေရးယူတာေတြရွိလိမ့္မယ္။ အခုေတာ့ ထိန္းသိမ္းထားပါတယ္။ ေလာင္းကစားဥပေဒအရ အမူေတြ တပ္ထားျပီးပါျပီ ၊ ပုဒ္မေတြတပ္ထားပါၿပီ။”

ကရင္ျပည္နယ္ ၊ျမ၀တီခရိုင္ထဲမွာ တရုတ္ႏိုင္ငံသားနဲ႔ ႏိုင္ငံျခားသားေတြ လည္း ရွိေနတာပါ။ဒီထဲမွာတရုတ္ျမိဳ႕ေတာ္ တည္ေဆာက္ထားတဲ့ နယ္ျခားေစာင့္တပ္ေတြပုိင္တဲ့ ေရႊကုကၠုိဳလ္မွာလည္း တရုတ္ႏိုင္ငံသားေတြ အမ်ားအျပားရွိေနတာပါ။ အဲဒီေဒသမွာ ကာစီႏိုေလာင္းကစားရံုေတြရွိၿပီး ထိုင္းနယ္စပ္ တရားမ၀င္ ေလွဂိတ္ေတြကေန ၀င္ထြက္သြားလာေနၾကပါတယ္။ျမ၀တီေဒသမွာ တရုတ္ႏိုင္ငံသားေတြ အမ်ားအျပား ၀င္ေရာက္လာတာ ေစ်းဆုိင္ေတြ ဖြင့္တာေတြေၾကာင့္ နယ္ေျမခံေတြက ဆႏၵထုတ္ေဖာ္မူေတြ လည္း လုပ္ခဲ့တာေတြရွိပါတယ္။ အခုအခါမွာေတာ့ ေလာင္းကစားလုပ္မူေၾကာင့္ တရုတ္ႏိုင္ငံသား ၃၀ ကုိ ဖမ္းဆီးရတာျဖစ္တယ္လို႔ ေဒသအာဏာပိုင္ေတြက ေျပာပါတယ္။

မေအးေအးမာ / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------------

မြဝတီမှာ အွန်လိုင်းလောင်းကစားလုပ်နေတဲ့ တရုတ်နိုင်ငံသား ၃၀ဦး ကို ဖမ်းဆီး

(Unicode)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း မှာ အွန်လိုင်းလောင်းကစားလုပ်နေတဲ့ တရုတ်နိုင်ငံသား ၃၀ဦးကို ဧပြီလ ၁၆ ရက်နေ့ညမှာ ဖမ်းဆီးလိုက်တဲ့သတင်းကို မအေးအေးမာ တင်ပြပေးမှာပါ ။

မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေဟာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်နေစဉ်ကာလအတွင်း တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်ခဲ့ရာမှာ သတင်းအရ Online လောင်းကစားသမား တရုတ်နိုင်ငံသား လင်းရှောင်ချန် ပါဝင်တဲ့ တရုတ်နိုင်ငံသား(၃၀)ဦးကို ဧပြီလ ၁၆ ရက် ညက ဖမ်းဆီးအရေးယူလိုက်တယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“ဟုတ်ကဲ့ ၃၀ဦးပါ မြဝတီမြို့ ၊အမှတ် ၄ရပ်ကွက် ၊ မြဝတီသုသာန် ဘက်ကို သွားတဲ့ဘက်ပါ ။ အဓိက တော့ လောင်းကစားပဲ ။ သက်ဆိုင်ရာဌာနအလိုက် အရေးယူတာပါ။ လက်ရှိ ရဲတပ်ဖွဲ့ က အရေးယူတယ်။ လဝကပိုင်းကလည်း အရေးယူတယ်။ စည်ပင်သာယာပိုင်းကလည်း အရေးယူတာတွေရှိလိမ့်မယ်။ အခုတော့ ထိန်းသိမ်းထားပါတယ်။ လောင်းကစားဥပဒေအရ အမူတွေ တပ်ထားပြီးပါပြီ ၊ ပုဒ်မတွေတပ်ထားပါပြီ။”

ကရင်ပြည်နယ် ၊မြဝတီခရိုင်ထဲမှာ တရုတ်နိုင်ငံသားနဲ့ နိုင်ငံခြားသားတွေ လည်း ရှိနေတာပါ။ဒီထဲမှာတရုတ်မြို့တော် တည်ဆောက်ထားတဲ့ နယ်ခြားစောင့်တပ်တွေပိုင်တဲ့ ရွှေကုက္ကိုလ်မှာလည်း တရုတ်နိုင်ငံသားတွေ အများအပြားရှိနေတာပါ။ အဲဒီဒေသမှာ ကာစီနိုလောင်းကစားရုံတွေရှိပြီး ထိုင်းနယ်စပ် တရားမဝင် လှေဂိတ်တွေကနေ ဝင်ထွက်သွားလာနေကြပါတယ်။မြဝတီဒေသမှာ တရုတ်နိုင်ငံသားတွေ အများအပြား ဝင်ရောက်လာတာ ဈေးဆိုင်တွေ ဖွင့်တာတွေကြောင့် နယ်မြေခံတွေက ဆန္ဒထုတ်ဖော်မူတွေ လည်း လုပ်ခဲ့တာတွေရှိပါတယ်။ အခုအခါမှာတော့ လောင်းကစားလုပ်မူကြောင့် တရုတ်နိုင်ငံသား ၃၀ ကို ဖမ်းဆီးရတာဖြစ်တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/chinese-arrested-for-online-money-gambling-/5377249.html
ျမ၀တီမွာ အြန္လုိင္းေလာင္းကစားလုပ္ေနတဲ့ တရုတ္ႏုိင္ငံသား ၃၀ဦး ကုိ ဖမ္းဆီး ျမ၀တီမွာ အြန္လုိင္းေလာင္းကစားလုပ္ေနတဲ့ တရုတ္ႏုိင္ငံသား ၃၀ဦး ကုိ ဖမ္းဆီး Reviewed by THITHTOOLWIN on 06:07 Rating: 5
Powered by Blogger.