ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၆ ဦးထပ္ေတြ႕၊ ကူးစက္ခံရသူ စုစုေပါင္း ၉၄ ဦးရွိလာ


(Zawgyi)⤵⤵⤵
COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း
(၁၈-၄-၂၀၂၀) ရက္ေန႔၊ နံနက္ (၈:၀၀) နာရီ

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သည္ (၁၇-၄-၂၀၂၀) ရက္ေန႔တြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးမွ ေပးပို႔လာေသာ COVID-19 ေရာဂါေစာင့္ၾကည့္လူနာ (၁၇၇)ဦးႏွင့္ အသြား အလာကန္႔သတ္ျခင္း/ တားျမစ္ျခင္း ေဆာင္႐ြက္ထားရွိသူ (၂၀၁) ဦး၊စုစုေပါင္း (၃၇၈)ဦး၏ ဓာတ္ခြဲ နမူနာမ်ားအား စစ္ေဆးခဲ့ပါသည္။

၂။ အဆိုပါ ဓာတ္ခြဲနမူနာမ်ားတြင္ ပထမအသုတ္စစ္ေဆးခဲ့ေသာ (၉၃) ဦးအနက္ (၃) ဦး၏ ဓာတ္ခြဲနမူနာမ်ားတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိေၾကာင္းႏွင့္ (၉၀) ဦး၏ဓာတ္ခြဲနမူနာမ်ားတြင္ COVID-19 ေရာဂါပိုးမေတြ႕ရွိရေၾကာင္းကို (၁၇-၄-၂၀၂၀) ရက္ေန႔၊ ည (၈) နာရီသတင္းတြင္ ထုတ္ျပန္ခဲ့ၿပီးျဖစ္ ပါသည္။

၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ၏ (၁၇-၄-၂၀၂၀) ရက္ေန႔၊ ည တြင္ ဓာတ္ခြဲစစ္ေဆးခဲ့ေသာ က်န္ရွိသည့္ (၂၈၅) ဦး၏ ဓာတ္ခြဲနမူနာမ်ားအနက္ (၆) ဦးတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိ၍ (၂၇၉)ဦး၏ဓာတ္ခြဲနမူနာမ်ားတြင္ COVID-19 ေရာဂါပိုးမေတြ႕ရွိပါ။

၄။ သို႔ျဖစ္ရာ ျမန္မာႏိုင္ငံတြင္ ယခုအခ်ိန္အထိ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၉၄) ဦးရွိၿပီျဖစ္ပါသည္။

၅။ (၁၇-၄-၂၀၂၀)ရက္ေန႔တြင္ ဓာတ္ခြဲအတည္ျပဳခဲ့သည့္ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးမွ ဓာတ္ခြဲ အတည္ျပဳလူနာ အသက္ (၇၈)ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦး သည္ ဆီးခ်ိဳေရာဂါႏွင့္ေသြးတိုးေရာဂါအခံရွိသူ ျဖစ္ ၿပီး ၄င္း(၁၃-၄-၂၀၂၀)ရက္ေန႔တြင္ လကၡဏာမ်ားခံစားခဲ့ရသျဖင့္ (၁၅-၄-၂၀၂၀)ရက္ေန႔တြင္ အင္းစိန္ျပည္သူ႔ ေဆး႐ုံႀကီး၌ ေစာင့္ၾကည့္လူနာအျဖစ္ကုသမႈခံယူခဲ့ပါသည္။ ၄င္းအား COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳၿပီးခ်ိန္တြင္ (၁၇-၄-၂၀၂၀)ရက္ေန႔၌ ေဝဘာဂီအထူးကုေဆး႐ုံႀကီးသို႔လႊဲ ေျပာင္း၍ အထူးၾကပ္မတ္ကုသေဆာင္တြင္ ကုသမႈေပးခဲ့ရာ (၁၈-၄-၂၀၂၀)ရက္ေန႔၊ နံနက္ (၂:၅၅) နာရီ အခ်ိန္တြင္ ေသဆုံးခဲ့ပါသည္။ ေသဆုံးရသည့္အေၾကာင္းရင္းမွာ ျပင္းထန္အဆုတ္ေရာင္ေရာဂါ ေၾကာင့္ ႐ုတ္တရက္ အသက္ရႈလမ္းေၾကာင္းပ်က္စီးျခင္းႏွင့္ ေသြးတိုးေရာဂါအခံႏွင့္ အမ်ိဳးအစား(၂) ဆီးခ်ိဳေရာဂါတို႔ေၾကာင့္ျဖစ္ေၾကာင္းသိရွိရပါသည္။

၆။ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ကုသမႈေပးေနသည့္ လူနာ (၃)ဦးအားလည္း အထူးၾကပ္မတ္ ကုသ ေဆာင္တြင္ ကုသမႈမ်ားေပးလ်က္ရွိပါသည္။

၇။ သတင္းအက်ယ္ကို ထပ္မံထုတ္ျပန္သြားမည္ျဖစ္ပါသည္။

Ministry of Health and Sports, Myanmar
-----------------------------------------------------

(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆ ဦးထပ်တွေ့၊ ကူးစက်ခံရသူ စုစုပေါင်း ၉၄ ဦးရှိလာ

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၈-၄-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19 ရောဂါစောင့်ကြည့်လူနာ (၁၇၇)ဦးနှင့် အသွား အလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ (၂၀၁) ဦး၊စုစုပေါင်း (၃၇၈)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ပါသည်။

၂။ အဆိုပါ ဓာတ်ခွဲနမူနာများတွင် ပထမအသုတ်စစ်ဆေးခဲ့သော (၉၃) ဦးအနက် (၃) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်းနှင့် (၉၀) ဦး၏ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်းကို (၁၇-၄-၂၀၂၀) ရက်နေ့၊ ည (၈) နာရီသတင်းတွင် ထုတ်ပြန်ခဲ့ပြီးဖြစ် ပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၇-၄-၂၀၂၀) ရက်နေ့၊ ည တွင် ဓာတ်ခွဲစစ်ဆေးခဲ့သော ကျန်ရှိသည့် (၂၈၅) ဦး၏ ဓာတ်ခွဲနမူနာများအနက် (၆) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ၍ (၂၇၉)ဦး၏ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

၄။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၉၄) ဦးရှိပြီဖြစ်ပါသည်။

၅။ (၁၇-၄-၂၀၂၀)ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုခဲ့သည့် အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲ အတည်ပြုလူနာ အသက် (၇၈)နှစ် အရွယ် အမျိုးသားတစ်ဦး သည် ဆီးချိုရောဂါနှင့်သွေးတိုးရောဂါအခံရှိသူ ဖြစ် ပြီး ၎င်း(၁၃-၄-၂၀၂၀)ရက်နေ့တွင် လက္ခဏာများခံစားခဲ့ရသဖြင့် (၁၅-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူခဲ့ပါသည်။ ၎င်းအား COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုပြီးချိန်တွင် (၁၇-၄-၂၀၂၀)ရက်နေ့၌ ဝေဘာဂီအထူးကုဆေးရုံကြီးသို့လွှဲ ပြောင်း၍ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုပေးခဲ့ရာ (၁၈-၄-၂၀၂၀)ရက်နေ့၊ နံနက် (၂:၅၅) နာရီ အချိန်တွင် သေဆုံးခဲ့ပါသည်။ သေဆုံးရသည့်အကြောင်းရင်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက် အသက်ရှုလမ်းကြောင်းပျက်စီးခြင်းနှင့် သွေးတိုးရောဂါအခံနှင့် အမျိုးအစား(၂) ဆီးချိုရောဂါတို့ကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။

၆။ ဝေဘာဂီအထူးကုဆေးရုံကြီးတွင်ကုသမှုပေးနေသည့် လူနာ (၃)ဦးအားလည်း အထူးကြပ်မတ် ကုသ ဆောင်တွင် ကုသမှုများပေးလျက်ရှိပါသည်။

၇။ သတင်းအကျယ်ကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ပါသည်။

Ministry of Health and Sports, Myanmar
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၆ ဦးထပ္ေတြ႕၊ ကူးစက္ခံရသူ စုစုေပါင္း ၉၄ ဦးရွိလာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၆ ဦးထပ္ေတြ႕၊ ကူးစက္ခံရသူ စုစုေပါင္း ၉၄ ဦးရွိလာ Reviewed by THITHTOOLWIN on 09:17 Rating: 5
Powered by Blogger.