COVID-19 ေၾကာင့္ ထုိင္းမွာ ျမန္မာအလုပ္သမားအမ်ားအျပား အလုပ္ျပဳတ္


(Zawgyi/Unicode)

ထိုင္းႏိုင္ငံမွာ COVID-19 အေရးေပၚကာလအတြင္း ဘန္ေကာက္နဲ႔ စမုတ္ဆာခြန္း ခရိုင္အပါအ၀င္ အနီးနား ျမဳိ႕နယ္ေတြမွာ အလုပ္ျပဳတ္တ့ဲျမန္မာအလုပ္သမား ၇၀၀ ကေန ၁၀၀၀ ၾကားရွိေနတဲ့ သတင္း ကို ထုိင္းျမန္မာနယ္စပ္ကေန မေအးေအးမာက တင္ဆက္ေပးပါမယ္။

ဒီလို အလုပ္ေတြ အျဖဳတ္ခံရတဲ့ကိစၥမွာ ျမန္မာအလုပ္သမားသံအရာရွိေတြကိုယ္တိုင္ ပါ၀င္ေျဖရွင္းေနရျပီး၊ နစ္နာေၾကးေတြရရွိဖို႔ ေစာင့္ေနၾကရတဲ့အလုပ္သးမား ၇၀၀ေလာက္ရွိေၾကာင္း အေအစီအလုပ္သမား ကူညီေရး အဖဲြ ့ရဲ ႔ ဒါရိုက္တာဦးခိုင္ႀကီးကေျပာပါတယ္။

“အလုပ္သမားသံအရာရွိကိုယ္တိုင္သတင္းပို႔ထားတဲ့ အလုပ္ျပဳတ္သြားတဲ့အလုပ္သမား
၁၀၀ ရွိတယ္။ အဲဒီ အလုပ္စက္ရံုက စည္ပင္သာယာလုပ္ငန္းက ကားအပုိပစၥည္းေတြ ထုတ္လုပ္တဲ့စက္ရံုက ေရမီးျဖတ္ျပီး စက္ရံုကုိပိတ္သြားတာ၊ လူ ၁၀၀ရွိတယ္။စမုဆာခြန္းနယ္ေျမမွာလည္း အလုပ္သမား ကာကြယ္ေရး လုပ္ငန္းေတြကုိ က်ေနာ္တို႔တိုင္ထားတဲ့စက္ရံုက ၄ခုေလာက္ရိွတယ္။ အဲဒီဟာေတြက တရုတ္ႏိုင္ငံနဲ႔ ပတ္သက္တဲ့အလုပ္ရံုျဖစ္တယ္။ ေဆးဆိုးပန္းရိုက္လုပ္ငန္းေတြလည္းလုပ္တယ္။ အဲဒီမွာ အလုပ္သမား ၁၀၀ေလာက္ရွိတယ္ ။ လက္ရိွ ၂၀၀ေလာက္အလုပ္လက္မဲ့ျဖစ္ေနတယ္။ ေအကခ်ိဳင္နယ္ေျမမွာက အလုပ္ရံုက စီးပြားေရး က်လို႔ဆိုၿပီး အလုပ္သမား ၇၀ေလာက္ကုိ အလုပ္ရွင္က အလုပ္ရပ္နားလိုက္တယ္ MOU လုပ္သာေတြ ။ တေန႔တည္းမွာပဲ ဖလန္း စမ္(၃) ဘန္ေကာက္နယ္ေျမမွာက အထည္ခ်ဳပ္စက္ရံုက အလုပ္သမား ၃၅၀ ေလာက္အလုပ္က ရပ္နားလိုက္ရတယ္။ နကြန္ပထံုမွာ ၁၀၀ ေလာက္ရွိတယ္ ။ က်ေနာ္တို႔ဆီမွာေရာက္တဲ့သတင္းကေတာ့ အလုပ္သမား ၅၀၀ကေန ၇၀၀ ေလာက္ရွိတယ္။ အခုရက္ပိုင္း အလုပ္လက္မဲ့ျဖစ္တာ။ သံအရာရွိမွာေရာ က်ေနာ္တို႔ဆီကို ေရာက္တဲ့ သတင္းအရ။”

မတိုင္ၾကားရေသးတ့ဲ အလုပ္သမားေတြလည္း ရွိတာေၾကာင့္ ဘန္ေကာက္နဲ႔ အနီးတ၀ိုက္ၿမိဳ႕နယ္ေတြမွာတင္ အလုပ္လက္မဲ့ ျဖစ္တဲ့အလုပ္သမား ၁၀၀၀ ေလာက္ေတာ့ ရွိတယ္လို႔ ဦးခိုုင္ႀကီးကေျပာပါတယ္။

“တခ်ိဳ႕အလုပ္သမားကေတာ့ ေနရပ္ျပန္တယ္၊ တခ်ိဳကေတာ့ အလုပ္ျပန္လုပ္မယ္၊ အဖြဲ႔ ၂ ဖြဲ႔ကြဲေနတာ။ အလုပ္ျပန္လုပ္မယ့္ အလုပ္သမားကလည္း ျပန္လည္ခြင့္မျပဳထားေတာ့ သူတို႔မွာ ျပန္လို႔မရဘူး။ ေနရပ္ျပန္မယ့္ အလုပ္သမား သူတုိ႔ လုပ္ငန္းဥပေဒက အလုပ္လက္မဲ့ျဖစ္သြားရင္ ထုိင္းအစုိးရရဲ့ေထာက္ပံ့ေႀကးရဖို႔ အလုပ္ရွင္ရဲ႕ နစ္နာေၾကးေတြ၊ အလုပ္ရွင္က တရား၀င္ ျပဌာန္းထားတဲ့ ဥပေဒအရ နစ္နာေၾကးေပးရမွာေတာ့ ရွိတယ္။ တႏွစ္လုပ္ရင္ တလစာရမယ္ဆုိတာမ်ိဳးေတြ အဲဒါေတြ ကုိယူၿပီးျပန္မယ္ဆိုတာမိ်ဳးေတြလည္းရွိတယ္။
ယူျပီးမွ ျပန္မယ္ဆုိတာမ်ိဳးေတြမွာေတာ့ ပဋိပကၡေတြေတာ့ျဖစ္ေနတာေပါ့။”

ထိုိင္းႏိုင္ငံမွာ ျမန္မာအလုပ္သမား ၃သန္းထက္မနည္းရွိေနတယ္လို႔ ခန္႔မွန္းထားၾကျပီး ၿပီးခဲ့တဲ့မတ္လမွာေတာ့ ေနရပ္ျပန္သူ ေသာင္းဂဏန္းေလာက္ရွိေနပါတယ္။

မေအးေအးမာ / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------------

COVID-19 ကြောင့် ထိုင်းမှာ မြန်မာအလုပ်သမားအများအပြား အလုပ်ပြုတ်

(Unicode)

ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလအတွင်း ဘန်ကောက်နဲ့ စမုတ်ဆာခွန်း ခရိုင်အပါအဝင် အနီးနား မြို့နယ်တွေမှာ အလုပ်ပြုတ်တဲ့မြန်မာအလုပ်သမား ၇၀၀ ကနေ ၁၀၀၀ ကြားရှိနေတဲ့ သတင်း ကို ထိုင်းမြန်မာနယ်စပ်ကနေ မအေးအေးမာက တင်ဆက်ပေးပါမယ်။

ဒီလို အလုပ်တွေ အဖြုတ်ခံရတဲ့ကိစ္စမှာ မြန်မာအလုပ်သမားသံအရာရှိတွေကိုယ်တိုင် ပါဝင်ဖြေရှင်းနေရပြီး၊ နစ်နာကြေးတွေရရှိဖို့ စောင့်နေကြရတဲ့အလုပ်သးမား ၇၀၀လောက်ရှိကြောင်း အအေစီအလုပ်သမား ကူညီရေး အဖွဲ့ရဲ့ ဒါရိုက်တာဦးခိုင်ကြီးကပြောပါတယ်။

“အလုပ်သမားသံအရာရှိကိုယ်တိုင်သတင်းပို့ထားတဲ့ အလုပ်ပြုတ်သွားတဲ့အလုပ်သမား
၁၀၀ ရှိတယ်။ အဲဒီ အလုပ်စက်ရုံက စည်ပင်သာယာလုပ်ငန်းက ကားအပိုပစ္စည်းတွေ ထုတ်လုပ်တဲ့စက်ရုံက ရေမီးဖြတ်ပြီး စက်ရုံကိုပိတ်သွားတာ၊ လူ ၁၀၀ရှိတယ်။စမုဆာခွန်းနယ်မြေမှာလည်း အလုပ်သမား ကာကွယ်ရေး လုပ်ငန်းတွေကို ကျနော်တို့တိုင်ထားတဲ့စက်ရုံက ၄ခုလောက်ရှိတယ်။ အဲဒီဟာတွေက တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့အလုပ်ရုံဖြစ်တယ်။ ဆေးဆိုးပန်းရိုက်လုပ်ငန်းတွေလည်းလုပ်တယ်။ အဲဒီမှာ အလုပ်သမား ၁၀၀လောက်ရှိတယ် ။ လက်ရှိ ၂၀၀လောက်အလုပ်လက်မဲ့ဖြစ်နေတယ်။ အေကချိုင်နယ်မြေမှာက အလုပ်ရုံက စီးပွားရေး ကျလို့ဆိုပြီး အလုပ်သမား ၇၀လောက်ကို အလုပ်ရှင်က အလုပ်ရပ်နားလိုက်တယ် MOU လုပ်သာတွေ ။ တနေ့တည်းမှာပဲ ဖလန်း စမ်(၃) ဘန်ကောက်နယ်မြေမှာက အထည်ချုပ်စက်ရုံက အလုပ်သမား ၃၅၀ လောက်အလုပ်က ရပ်နားလိုက်ရတယ်။ နကွန်ပထုံမှာ ၁၀၀ လောက်ရှိတယ် ။ ကျနော်တို့ဆီမှာရောက်တဲ့သတင်းကတော့ အလုပ်သမား ၅၀၀ကနေ ၇၀၀ လောက်ရှိတယ်။ အခုရက်ပိုင်း အလုပ်လက်မဲ့ဖြစ်တာ။ သံအရာရှိမှာရော ကျနော်တို့ဆီကို ရောက်တဲ့ သတင်းအရ။”

မတိုင်ကြားရသေးတဲ့ အလုပ်သမားတွေလည်း ရှိတာကြောင့် ဘန်ကောက်နဲ့ အနီးတဝိုက်မြို့နယ်တွေမှာတင် အလုပ်လက်မဲ့ ဖြစ်တဲ့အလုပ်သမား ၁၀၀၀ လောက်တော့ ရှိတယ်လို့ ဦးခိုင်ကြီးကပြောပါတယ်။

“တချို့အလုပ်သမားကတော့ နေရပ်ပြန်တယ်၊ တချိုကတော့ အလုပ်ပြန်လုပ်မယ်၊ အဖွဲ့ ၂ ဖွဲ့ကွဲနေတာ။ အလုပ်ပြန်လုပ်မယ့် အလုပ်သမားကလည်း ပြန်လည်ခွင့်မပြုထားတော့ သူတို့မှာ ပြန်လို့မရဘူး။ နေရပ်ပြန်မယ့် အလုပ်သမား သူတို့ လုပ်ငန်းဥပဒေက အလုပ်လက်မဲ့ဖြစ်သွားရင် ထိုင်းအစိုးရရဲ့ထောက်ပံ့ကြေးရဖို့ အလုပ်ရှင်ရဲ့ နစ်နာကြေးတွေ၊ အလုပ်ရှင်က တရားဝင် ပြဌာန်းထားတဲ့ ဥပဒေအရ နစ်နာကြေးပေးရမှာတော့ ရှိတယ်။ တနှစ်လုပ်ရင် တလစာရမယ်ဆိုတာမျိုးတွေ အဲဒါတွေ ကိုယူပြီးပြန်မယ်ဆိုတာမျိုးတွေလည်းရှိတယ်။
ယူပြီးမှ ပြန်မယ်ဆိုတာမျိုးတွေမှာတော့ ပဋိပက္ခတွေတော့ဖြစ်နေတာပေါ့။”

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃သန်းထက်မနည်းရှိနေတယ်လို့ ခန့်မှန်းထားကြပြီး ပြီးခဲ့တဲ့မတ်လမှာတော့ နေရပ်ပြန်သူ သောင်းဂဏန်းလောက်ရှိနေပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-myanmar-workers-in-thailand-lost-job/5377167.html
COVID-19 ေၾကာင့္ ထုိင္းမွာ ျမန္မာအလုပ္သမားအမ်ားအျပား အလုပ္ျပဳတ္ COVID-19 ေၾကာင့္ ထုိင္းမွာ ျမန္မာအလုပ္သမားအမ်ားအျပား အလုပ္ျပဳတ္ Reviewed by THITHTOOLWIN on 06:01 Rating: 5
Powered by Blogger.