လူနာ အမွတ္ ၁ အေမမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕

ဧၿပီလ ၇ ရက္ေန႔ ဓာတ္ခြဲ နမူနာယူရာမွာ အခုလို ပိုးေတြ႕ရွိခဲ့တာျဖစ္တယ္
(Zawgyi)⤵⤵⤵
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ဧၿပီလ ၉ ရက္ ထုတ္ျပန္ခ်က္ အရ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိသူ လူနာအမွတ္ ၂၃ ဟာ ခ်င္းျပည္နယ္က တီးတိန္က ျဖစ္ပါတယ္။

ဓာတ္ခြဲအတည္ျပဳလူနာ အမွတ္ ၂၃ ဟာ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္၊ ကပ္တဲလ္ ေက်း႐ြာမွာ ေနထိုင္ တဲ့ အသက္ ၅၈ ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား၊ အေမရိကန္ႏိုင္ငံက Green Card ရရွိထားသူျဖစ္ၿပီး ဓာတ္ခြဲအတည္ျပဳလူနာ လူနာအမွတ္ ၁ ရဲ႕ မိခင္ျဖစ္ပါတယ္။

အဲဒီအမ်ိဳးသမီးဟာ လူနာ အမွတ္ ၁ နဲ႔ အတူ အေမရိကန္ႏိုင္ငံ၊ ဝါရွင္တန္ၿမိဳ႕ကေန မတ္ လ ၁၃ ရက္ေန႔ ထြက္ခြာခဲ့ၿပီး ကာတာႏိုင္ငံ၊ ဒိုဟာၿမိဳ႕ က တစ္ဆင့္ ရန္ကုန္ ၊အဲဒီကေန ကေလးၿမိဳ႕ကို ေလေၾကာင္းကေန လာေရာက္ခဲ့တာျဖစ္ပါတယ္။အဲဒီကေန မွ တဆင့္ တီးတိန္ကိုေရာက္လာတာပါ။

လူနာနံပါတ္ ၁ ဟာ မတ္လ ၁၉ ရက္ေန႔ မွာ စတင္ဖ်ားနာလာခဲ့တာျဖစ္ပါတယ္။

လူနာနံပါတ္ ၂၃ ကိုလည္း တီးတိန္ ကပ္တဲလ္ ႐ြာအတြင္းက သီးသန႔္အိမ္တစ္လုံးမွာ သီးျခားခြဲျခား ေစာင့္ၾကပ္ၾကည့္ရႈ ထားရွိခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာပါပါတယ္ ။

ေစာင့္ၾကပ္ၾကည့္ရႈတာ ၿပီးေျမာက္ခါနီးမွာ ဧၿပီလ ၇ ရက္ေန႔ ဓာတ္ခြဲ နမူနာယူ စစ္ေဆးခဲ့ရာမွာ အခုလို ပိုးေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။

BBC Burmese
--------------------------------------------
(Unicode)⤵⤵⤵
လူနာ အမှတ် ၁ အမေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဧပြီလ ၉ ရက် ထုတ်ပြန်ချက် အရ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ လူနာအမှတ် ၂၃ ဟာ ချင်းပြည်နယ်က တီးတိန်က ဖြစ်ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၂၃ ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ် ကျေးရွာမှာ နေထိုင် တဲ့ အသက် ၅၈ နှစ်အရွယ် မြန်မာနိုင်ငံသား၊ အမေရိကန်နိုင်ငံက Green Card ရရှိထားသူဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ လူနာအမှတ် ၁ ရဲ့ မိခင်ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးဟာ လူနာ အမှတ် ၁ နဲ့ အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ကနေ မတ် လ ၁၃ ရက်နေ့ ထွက်ခွာခဲ့ပြီး ကာတာနိုင်ငံ၊ ဒိုဟာမြို့ က တစ်ဆင့် ရန်ကုန် ၊အဲဒီကနေ ကလေးမြို့ကို လေကြောင်းကနေ လာရောက်ခဲ့တာဖြစ်ပါတယ်။အဲဒီကနေ မှ တဆင့် တီးတိန်ကိုရောက်လာတာပါ။

လူနာနံပါတ် ၁ ဟာ မတ်လ ၁၉ ရက်နေ့ မှာ စတင်ဖျားနာလာခဲ့တာဖြစ်ပါတယ်။

လူနာနံပါတ် ၂၃ ကိုလည်း တီးတိန် ကပ်တဲလ် ရွာအတွင်းက သီးသန့်အိမ်တစ်လုံးမှာ သီးခြားခွဲခြား စောင့်ကြပ်ကြည့်ရှု ထားရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါပါတယ် ။

စောင့်ကြပ်ကြည့်ရှုတာ ပြီးမြောက်ခါနီးမှာ ဧပြီလ ၇ ရက်နေ့ ဓာတ်ခွဲ နမူနာယူ စစ်ဆေးခဲ့ရာမှာ အခုလို ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52232302
လူနာ အမွတ္ ၁ အေမမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ လူနာ အမွတ္ ၁ အေမမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.