Photo-Kaung Zaw Hein/MPA |
အၾကမ္းဖက္ တိုက္ဖ်က္ေရး ဥပေဒျဖင့္ ၿပီးခဲ့တဲ့ သီတင္းပတ္ အတြင္း ဖမ္းဆီး ခံခဲ့ရတဲ့ VOM အယ္ဒီတာခ်ဳပ္ ကိုေနမ်ိဳးလင္း ဟာ ဧၿပီ (၉)ရက္ေန႔ ည(၁၀)နာရီ မွာ ျပန္လည္လြတ္ေျမာက္ ခဲ့ပါတယ္။
VOM (Voice of Myanmar) သတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္လည္းျဖစ္၊ တည္ေထာင္သူလည္းျဖစ္တဲ့ ဦးေနမ်ိဳးလင္း ဟာ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀ (က)၊ ၅၂ (က) တို႔လို႔ ျပစ္ဒဏ္ အနည္းဆုံး ၃ ႏွစ္ကေန တစ္သက္တစ္ကြၽန္းအထိ ခ်လို႔ရမယ့္ ပုဒ္မမ်ိဳးေတြနဲ႔ မတ္လအကုန္မွာ အမႈဖြင့္ခံခဲ့ရပါတယ္။
အာဏာပိုင္ေတြက မတ္လ ၂၃ ရက္ေန႔မွာ ေအေအကို အၾကမ္းဖက္အဖြဲ႕အစည္း အျဖစ္ ေၾကညာခဲ့ၿပီးေနာက္ ၂ရက္အၾကာ မတ္လ ၂၅ ရက္ေန႔မွာ သူတို႔နဲ႔ ဆက္ႏႊယ္တဲ့ ေငြေၾကးပစၥည္းေတြ၊ ရံပုံေငြေတြကို ထိန္းခ်ဳပ္တားျမစ္မယ္လို႔ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕က ထုတ္ျပန္ခဲ့ပါတယ္။
အဲဒီေနာက္ မီဒီယာတိုက္ေတြ၊ သတင္းသမားေတြကို စတင္စစ္ေဆးတာ၊ ဝင္ေရာက္ရွာေဖြတာ ဖမ္းဆီးတာေတြကို လုပ္ေဆာင္ ခံခဲ့ရၿပီး VOM အယ္ဒီတာခ်ဳပ္ ကိုေနမ်ိဳးလင္း လည္း အဖမ္းခံခဲ့ရတာ ျဖစ္ပါတယ္။
BBC Burmese
-------------------------------------------
(Unicode)⤵⤵⤵
VOM အယ်ဒီတာချုပ် ကိုနေမျိုးလင်း ပြန်လွတ်လာ
အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ဖမ်းဆီး ခံခဲ့ရတဲ့ VOM အယ်ဒီတာချုပ် ကိုနေမျိုးလင်း ဟာ ဧပြီ (၉)ရက်နေ့ ည(၁၀)နာရီ မှာ ပြန်လည်လွတ်မြောက် ခဲ့ပါတယ်။
VOM (Voice of Myanmar) သတင်းဌာနရဲ့ အယ်ဒီတာချုပ်လည်းဖြစ်၊ တည်ထောင်သူလည်းဖြစ်တဲ့ ဦးနေမျိုးလင်း ဟာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂ (က) တို့လို့ ပြစ်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ချလို့ရမယ့် ပုဒ်မမျိုးတွေနဲ့ မတ်လအကုန်မှာ အမှုဖွင့်ခံခဲ့ရပါတယ်။
အာဏာပိုင်တွေက မတ်လ ၂၃ ရက်နေ့မှာ အေအေကို အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ကြေညာခဲ့ပြီးနောက် ၂ရက်အကြာ မတ်လ ၂၅ ရက်နေ့မှာ သူတို့နဲ့ ဆက်နွှယ်တဲ့ ငွေကြေးပစ္စည်းတွေ၊ ရံပုံငွေတွေကို ထိန်းချုပ်တားမြစ်မယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် မီဒီယာတိုက်တွေ၊ သတင်းသမားတွေကို စတင်စစ်ဆေးတာ၊ ဝင်ရောက်ရှာဖွေတာ ဖမ်းဆီးတာတွေကို လုပ်ဆောင် ခံခဲ့ရပြီး VOM အယ်ဒီတာချုပ် ကိုနေမျိုးလင်း လည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
BBC Burmese
https://www.facebook.com/BBCnewsBurmese/
VOM အယ္ဒီတာခ်ဳပ္ ကိုေနမ်ိဳးလင္း ျပန္လြတ္လာ
Reviewed by THITHTOOLWIN
on
04:39
Rating: