COVID-19 အလြန္ ျမန္မာ့စီးပြားေရး ျပန္ေကာင္းႏုိင္တယ္လုိ႔ AMRO ခန္႔မွန္း

မႏၱေလးၿမိဳ႕ ေက်ာက္မ်က္ရတနာေစ်းမွာ ေက်ာက္စိမ္းနဲ႔ ပယင္းမ်ား ေရာင္းေနသူတခ်ိဳ႕ (ဇန္န၀ါရီ ၁၅၊ ၂၀၂၀)
[Zawgyi/Unicode]

COVID ကပ္ေရာဂါေၾကာင့္ ကမာၻ႔စီးပြားေရး ထိခိုက္မႈ ႀကီးႀကီးမားမားရွိေနတဲ့အတြက္ ျမန္မာႏိုင္ငံအေနနဲ႔ COVID အလြန္ကာလ စီးပြားေရးအဖက္ဆယ္ႏိုင္ဖို႔ ဘယ္လို ေဆာင္႐ြက္သင့္သလဲ ဆက္သြယ္ေမးျမန္းထားတာေတြကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ဆက္ေပးပါမယ္။

COVID-19 ကပ္ေရာဂါေၾကာင့္ အာဆီယံအပါအဝင္ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုးရီးယားရဲ႕ စီးပြားေရးဟာ ၂၀၂၀ မွာ ေႏွးေကြးႏိုင္ေပမဲ့ ၂၀၂၁ မွာေတာ့ ျမန္ျမန္ဆန္ဆန္ပဲ ဦးေမာ့လာလိမ့္မယ္လို႔ AMRO စီးပြားေရးသုေတသနအဖြဲ႕ရဲ႕ ဧၿပီလ ၇ ရက္က ထုတ္ျပန္တဲ့ အစီခံစာမွာ ေဖာ္ျပထားပါတယ္။ ေငြေၾကးေဖာင္းပြမႈႏႈန္းနဲ႔ ျပန္လည္စိစစ္တြက္ခ်က္ထားတဲ့ ျမန္မာႏိုင္ငံရဲ႕ GDP ဟာ ၂၀၂၁ မွာ ၆.၉ အထိ ရွိလာမယ့္လို႔ AMRO က တြက္ခ်က္ထားပါတယ္။ ဒါေပမဲ့ ျပည္တြင္း ကုန္ထုတ္လုပ္ငန္းေတြလည္း လက္ရွိမွာ ရပ္ဆိုင္းသေလာက္ျဖစ္ေနတာေၾကာင့္ ျမန္ျမန္ဆန္ဆန္စီးပြားေရးျပန္ေကာင္းဖို႔ ျဖစ္ႏိုင္ပါ့မလား ျမန္မာစီးပြားေရးကြၽမ္းက်င္သူေတြက စိုးရိမ္ၾကပါတယ္။

COVID-19 ျပႆနာေၾကာင့္ ကမာၻ႔စီးပြားေရးအေျခအေနက ခန႔္မွန္းလို႔မရဘဲ ျမန္မာႏိုင္ငံအေနနဲ႔ အခုလို စီးပြားေရးေႏွးေကြးေနတဲ့ ကာလမွာ လုပ္ငန္းေတြ မၿပိဳလဲေအာင္ ေတာင့္ခံထားၿပီး ျပန္တုံ႔ျပန္ႏိုင္ေအာင္ ႀကိဳးစားရမယ္လို႔ ပါေမာကၡေဒါက္တာ ေအာင္ထြန္းသက္က ေျပာပါတယ္။

“ခန႔္မွန္းေျခကေတာ့ ေကာင္းတာေပါ့ေလ၊ ခန႔္မွန္းေျခအေနနဲ႔ GDP ဒီေလာက္ေတာင္ သိပ္မထိေသးဘူးဆိုေတာ့လည္း ဆရာတို႔အေနနဲ႔ ေမွ်ာ္လင့္ခ်က္ေတြ အျပည့္ေပါ့။ အခုလက္ရွိမွာ ရင္ဆိုင္ေနရတဲ့ လတ္တေလာ အေျခအေနမွာ စက္႐ုံ၊ အလုပ္႐ုံေတြမွာ ဝန္ထမ္းေတြေလွ်ာ့တာတို႔၊ အလုပ္ေတြနည္းနည္း ထိခိုက္တာ ေတြ႕ေနရတာတို႔ ဒါ စိုးရိမ္စရာေပါ့။ ဒါေပမဲ့ ဒါကို ေက်ာ္လႊားႏိုင္ေအာင္ ဆရာတို႔ဝိုင္းလုပ္ၾကမယ္၊ အစိုးရအေနနဲ႔ ဒါ သူတတ္ႏိုင္သမွ်ေတာ့ အခြန္ေတြေလွ်ာ့တာတို႔၊ အတိုးႏႈန္းေတြေလွ်ာ့တဲ့အစီအစဥ္ေတာ့ လုပ္ေနတာေပါ့။ ဒီထက္ပိုၿပီး ထိထိေရာက္ေရာက္လုပ္ႏိုင္ေအာင္ ဆရာတို႔ ႀကိဳးစားဖို႔ပဲ ရွိတာပါ။”

တ႐ုတ္ရဲ႕ ဝယ္လိုအားနည္းသြားလို႔ သတၳဳ၊ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕မွာေတာ့ ျမန္မာက ဝင္ေငြက်သြားႏိုင္ေပမဲ့ အေမရိကန္- တ႐ုတ္ ကုန္သြယ္ေရးတင္းမာတဲ့ အေျခအေနေတြေၾကာင့္ လုပ္သားသုံးရတဲ့ ကုန္ထုတ္လုပ္ငန္းေတြက ျမန္မာျပည္တြင္းကို ဝင္ေရာက္လာႏိုင္တယ္လို႔ အာစီယံနဲ႔ တ႐ုတ္၊ ကိုရီးယား၊ ဂ်ပန္ မက္ခ႐ိုစီးပြားေရး သုေတသနအဖြဲ႕ AMRO က သုံးသပ္ထားပါတယ္။

COVID အလြန္ စီးပြားေရးျပန္လည္ ထူေထာင္တဲ့ကာလမွာ အစိုးရက အလုပ္အကိုင္အခြင့္အလမ္းေတြ လုပ္ေပးဖို႔ ျမန္ျမန္အက်ိဳးရွိမယ့္ ကုန္ပစၥည္းေတြ ထုတ္ႏိုင္ေအာင္ ေဆာင္႐ြက္ေပးဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ စီးပြားေရးအႀကံေပး ဦးေဇာ္ေဖဝင္း က ဗြီအိုေအကို ေျပာပါတယ္။

“အခုဟာက အေရးေပၚ လုပ္ရမယ့္ ကိစၥျဖစ္တာေပါ့ေနာ္။ အစိုးရလည္း သူလုပ္ႏိုင္တဲ့ အတိုင္းအတာနဲ႔ေတာ့ လုပ္ေနပါတယ္။ က်ေနာ္တို႔က အခုက ျပန္လည္ထူေထာင္ေရး ဆိုေတာ့ကာ လုပ္ငန္းေတြဟာ ျမန္ျမန္အက်ိဳးသက္ေရာက္တဲ့ လုပ္ငန္းမ်ားျဖစ္ရမယ္၊ ဒုတိယတခ်က္ကေတာ့ ျပည္သူလူထုရဲ႕ စားဝတ္ေနေရးကို အေထာက္အကူ ျပဳႏိုင္ရမယ္။ တတိယကေတာ့ကာ အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီးေပးႏိုင္ရမယ္။ ေနာက္ ကိုယ္လုပ္လိုက္တဲ့ လုပ္ငန္းဟာ ျပည္တြင္းေရာ၊ ျပည္ပေရာမွာ ေဈးကြက္ရွိရမယ္၊ ေနာက္ဆုံးတခုကေတာ့ လုပ္တဲ့လုပ္ငန္းဟာ ဆက္ၿပီးေတာ့ ဆင့္ပြား အက်ိဳးသက္ေရာက္မႈ မ်ားမ်ားရွိတဲ့ လုပ္ငန္းကို ဦးစားေပးၿပီး အေကာင္အထည္ ေဖာ္ရပါမယ္။”

ျပည္ေထာင္စုလႊတ္ေတာ္ စီးပြားေရးအႀကံေပး ဦးေဇာ္ေဖဝင္း ေျပာသြားတာပါ။

COVID-19 ေၾကာင့္ ထိခိုက္သြားတဲ့ စီးပြားေရးလုပ္ငန္းေတြကို အစိုးရက က်ပ္ေငြ ဘီလီယံ ၁၀၀ ထုတ္ေခ်းေနေပမဲ့ ေလွ်ာက္ထားတဲ့ ပမာဏက က်ပ္ဘီလီယံ ၁၀၀ ေက်ာ္ပါတယ္။ ေငြေခ်းဖို႔ စာရင္းေပးထားတဲ့ လုပ္ငန္းရွင္စုစုေပါင္းကလည္း ၈၀၀ ေက်ာ္ရွိေနတာပါ။

“အခုသူတို႔ေထာက္ပံ့မယ္ဆိုတဲ့ ပိုက္ဆံက ျမန္မာေငြက်ပ္ ဘီလီယံ ၁၀၀ ပါ။ ႏိုင္ငံျခားေငြနဲ႔တြက္မယ္ဆို ဘယ္ေလာက္မွ မရွိပါဘူး။ အဲဒါကလည္း ၄၈ ဘီဘီယံေလာက္က ဟိုတယ္နဲ႔ခရီးက ခြဲယူသြားမွာ။ အေမရိကန္လိုႏိုင္ငံမ်ိဳးမွာ ထရစ္လီယံနဲ႔ခ်ီၿပီး အေထာက္အပံ့ေပးတာပဲ။ က်ေနာ္ေျပာတာ ပိုက္ဆံမရွိတာ မဟုတ္ပါဘူး။ ရွိလ်က္သားနဲ႔ ဘီလီယံ ၁၀၀၀ ေလာက္ခ်ေပးလိုက္ပါလား။”

ေ႐ႊလင္ပန္းစက္မႈဇုံဥကၠ႒ ဦးေအးေသာင္း ေျပာသြားတာပါ။ လက္ရွိမွာေတာ့ ယာယီနဲ႔ အၿပီး ပိတ္လိုက္တဲ့ ျပည္တြင္းအထည္ခ်ဳပ္စက္႐ုံက ၇၀ ေက်ာ္ပါတယ္။ ပိတ္သြားတဲ့စက္႐ုံေတြကို ေခ်းေငြေပးတာမ်ိဳးမဟုတ္ဘဲ၊ လက္ရွိ လည္ပတ္ေနတဲ့ စက္႐ုံေတြကို အစိုးရက အဓိကေထာက္ပံ့ဖို႔ လည္း လုပ္ငန္းရွင္ေတြက ေျပာပါတယ္။

အစိုးရအေနနဲ႔ လုပ္ငန္းရွင္ေတြကို ဒီထက္ပိုၿပီး ေခ်းသင့္ေပမဲ့ ထိထိေရာက္ေရာက္ ျဖစ္ဖို႔လိုတယ္လို႔ ေဒါက္တာေအာင္ထြန္းသက္က အႀကံျပဳပါတယ္။

“သူတို႔ needs ေပါ့ေလ လိုအပ္ခ်က္ ဘယ္ေလာက္ရွိလဲ၊ သူတို႔ လိုအပ္ခ်က္ရွိတာနဲ႔ ႏိုင္ငံေတာ္အစိုးရ တတ္ႏိုင္တာနဲ႔ ဒီႏွစ္ခုၾကားမွာ ေဆြးေႏြးဖို႔ လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္။ ဟုတ္တယ္မလား သူတို႔လိုသေလာက္အားလုံးကို ထုတ္ေပးႏိုင္ဖို႔ ကိုယ့္အေျခအေနမွာ အင္အားရွိခ်င္မွလည္းရွိမယ္၊ အခုအေမရိကမွာေတာင္ သူတို႔ small business ထုတ္ေပးတဲ့ ေငြေတြက တကယ္ရသင့္ ရထိုက္တဲ့သူေတြဆီ မေရာက္ဘူးဆိုတာ ျပႆနာေပၚေနတာကိုး။”

အာဆီယံ ၁၀ ႏိုင္ငံအပါအဝင္ တ႐ုတ္၊ ေတာင္ကိုရီးယား၊ ဂ်ပန္ ႏိုင္ငံေတြက စီးပြားေရးဟာ ၂၀၂၀ ထဲမွာ ၂ ရာခုိင္ႏႈန္းေလာက္ ထိုးက်သြားၿပီး ၂၀၂၁ မွာေတာ့ ၅.၅ ရာခုိင္ႏႈန္း ထိျပန္တိုးတက္လာဖို႔ရွိတယ္လို႔ AMRO ကခန႔္မွန္းပါတယ္။ ဒီအထဲမွာ ဗီယက္နမ္၊ ကေမာၻဒီးယား၊ လာအို၊ ျမန္မာနဲ႔ တ႐ုတ္က ျမန္ျမန္ ျပန္ၿပီး တိုးတက္လာလိမ့္မယ္လို႔ ခန႔္မွန္းထားတာျဖစ္ပါတယ္။

ေဇာ္ထက္ / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------------

[Unicode Version]

COVID-19 အလွန် မြန်မာ့စီးပွားရေး ပြန်ကောင်းနိုင်တယ်လို့ AMRO ခန့်မှန်း

COVID ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်မှု ကြီးကြီးမားမားရှိနေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ COVID အလွန်ကာလ စီးပွားရေးအဖက်ဆယ်နိုင်ဖို့ ဘယ်လို ဆောင်ရွက်သင့်သလဲ ဆက်သွယ်မေးမြန်းထားတာတွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးပါမယ်။

COVID-19 ကပ်ရောဂါကြောင့် အာဆီယံအပါအဝင် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားရဲ့ စီးပွားရေးဟာ ၂၀၂၀ မှာ နှေးကွေးနိုင်ပေမဲ့ ၂၀၂၁ မှာတော့ မြန်မြန်ဆန်ဆန်ပဲ ဦးမော့လာလိမ့်မယ်လို့ AMRO စီးပွားရေးသုတေသနအဖွဲ့ရဲ့ ဧပြီလ ၇ ရက်က ထုတ်ပြန်တဲ့ အစီခံစာမှာ ဖော်ပြထားပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ ပြန်လည်စိစစ်တွက်ချက်ထားတဲ့ မြန်မာနိုင်ငံရဲ့ GDP ဟာ ၂၀၂၁ မှာ ၆.၉ အထိ ရှိလာမယ့်လို့ AMRO က တွက်ချက်ထားပါတယ်။ ဒါပေမဲ့ ပြည်တွင်း ကုန်ထုတ်လုပ်ငန်းတွေလည်း လက်ရှိမှာ ရပ်ဆိုင်းသလောက်ဖြစ်နေတာကြောင့် မြန်မြန်ဆန်ဆန်စီးပွားရေးပြန်ကောင်းဖို့ ဖြစ်နိုင်ပါ့မလား မြန်မာစီးပွားရေးကျွမ်းကျင်သူတွေက စိုးရိမ်ကြပါတယ်။

COVID-19 ပြဿနာကြောင့် ကမ္ဘာ့စီးပွားရေးအခြေအနေက ခန့်မှန်းလို့မရဘဲ မြန်မာနိုင်ငံအနေနဲ့ အခုလို စီးပွားရေးနှေးကွေးနေတဲ့ ကာလမှာ လုပ်ငန်းတွေ မပြိုလဲအောင် တောင့်ခံထားပြီး ပြန်တုံ့ပြန်နိုင်အောင် ကြိုးစားရမယ်လို့ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။

“ခန့်မှန်းခြေကတော့ ကောင်းတာပေါ့လေ၊ ခန့်မှန်းခြေအနေနဲ့ GDP ဒီလောက်တောင် သိပ်မထိသေးဘူးဆိုတော့လည်း ဆရာတို့အနေနဲ့ မျှော်လင့်ချက်တွေ အပြည့်ပေါ့။ အခုလက်ရှိမှာ ရင်ဆိုင်နေရတဲ့ လတ်တလော အခြေအနေမှာ စက်ရုံ၊ အလုပ်ရုံတွေမှာ ဝန်ထမ်းတွေလျှော့တာတို့၊ အလုပ်တွေနည်းနည်း ထိခိုက်တာ တွေ့နေရတာတို့ ဒါ စိုးရိမ်စရာပေါ့။ ဒါပေမဲ့ ဒါကို ကျော်လွှားနိုင်အောင် ဆရာတို့ဝိုင်းလုပ်ကြမယ်၊ အစိုးရအနေနဲ့ ဒါ သူတတ်နိုင်သမျှတော့ အခွန်တွေလျှော့တာတို့၊ အတိုးနှုန်းတွေလျှော့တဲ့အစီအစဉ်တော့ လုပ်နေတာပေါ့။ ဒီထက်ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်အောင် ဆရာတို့ ကြိုးစားဖို့ပဲ ရှိတာပါ။”

တရုတ်ရဲ့ ဝယ်လိုအားနည်းသွားလို့ သတ္ထု၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့မှာတော့ မြန်မာက ဝင်ငွေကျသွားနိုင်ပေမဲ့ အမေရိကန်- တရုတ် ကုန်သွယ်ရေးတင်းမာတဲ့ အခြေအနေတွေကြောင့် လုပ်သားသုံးရတဲ့ ကုန်ထုတ်လုပ်ငန်းတွေက မြန်မာပြည်တွင်းကို ဝင်ရောက်လာနိုင်တယ်လို့ အာစီယံနဲ့ တရုတ်၊ ကိုရီးယား၊ ဂျပန် မက်ခရိုစီးပွားရေး သုတေသနအဖွဲ့ AMRO က သုံးသပ်ထားပါတယ်။

COVID အလွန် စီးပွားရေးပြန်လည် ထူထောင်တဲ့ကာလမှာ အစိုးရက အလုပ်အကိုင်အခွင့်အလမ်းတွေ လုပ်ပေးဖို့ မြန်မြန်အကျိုးရှိမယ့် ကုန်ပစ္စည်းတွေ ထုတ်နိုင်အောင် ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုလွှတ်တော် စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်း က ဗွီအိုအေကို ပြောပါတယ်။

“အခုဟာက အရေးပေါ် လုပ်ရမယ့် ကိစ္စဖြစ်တာပေါ့နော်။ အစိုးရလည်း သူလုပ်နိုင်တဲ့ အတိုင်းအတာနဲ့တော့ လုပ်နေပါတယ်။ ကျနော်တို့က အခုက ပြန်လည်ထူထောင်ရေး ဆိုတော့ကာ လုပ်ငန်းတွေဟာ မြန်မြန်အကျိုးသက်ရောက်တဲ့ လုပ်ငန်းများဖြစ်ရမယ်၊ ဒုတိယတချက်ကတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေးကို အထောက်အကူ ပြုနိုင်ရမယ်။ တတိယကတော့ကာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရမယ်။ နောက် ကိုယ်လုပ်လိုက်တဲ့ လုပ်ငန်းဟာ ပြည်တွင်းရော၊ ပြည်ပရောမှာ ဈေးကွက်ရှိရမယ်၊ နောက်ဆုံးတခုကတော့ လုပ်တဲ့လုပ်ငန်းဟာ ဆက်ပြီးတော့ ဆင့်ပွား အကျိုးသက်ရောက်မှု များများရှိတဲ့ လုပ်ငန်းကို ဦးစားပေးပြီး အကောင်အထည် ဖော်ရပါမယ်။”

ပြည်ထောင်စုလွှတ်တော် စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်း ပြောသွားတာပါ။

COVID-19 ကြောင့် ထိခိုက်သွားတဲ့ စီးပွားရေးလုပ်ငန်းတွေကို အစိုးရက ကျပ်ငွေ ဘီလီယံ ၁၀၀ ထုတ်ချေးနေပေမဲ့ လျှောက်ထားတဲ့ ပမာဏက ကျပ်ဘီလီယံ ၁၀၀ ကျော်ပါတယ်။ ငွေချေးဖို့ စာရင်းပေးထားတဲ့ လုပ်ငန်းရှင်စုစုပေါင်းကလည်း ၈၀၀ ကျော်ရှိနေတာပါ။

“အခုသူတို့ထောက်ပံ့မယ်ဆိုတဲ့ ပိုက်ဆံက မြန်မာငွေကျပ် ဘီလီယံ ၁၀၀ ပါ။ နိုင်ငံခြားငွေနဲ့တွက်မယ်ဆို ဘယ်လောက်မှ မရှိပါဘူး။ အဲဒါကလည်း ၄၈ ဘီဘီယံလောက်က ဟိုတယ်နဲ့ခရီးက ခွဲယူသွားမှာ။ အမေရိကန်လိုနိုင်ငံမျိုးမှာ ထရစ်လီယံနဲ့ချီပြီး အထောက်အပံ့ပေးတာပဲ။ ကျနော်ပြောတာ ပိုက်ဆံမရှိတာ မဟုတ်ပါဘူး။ ရှိလျက်သားနဲ့ ဘီလီယံ ၁၀၀၀ လောက်ချပေးလိုက်ပါလား။”

ရွှေလင်ပန်းစက်မှုဇုံဥက္ကဋ္ဌ ဦးအေးသောင်း ပြောသွားတာပါ။ လက်ရှိမှာတော့ ယာယီနဲ့ အပြီး ပိတ်လိုက်တဲ့ ပြည်တွင်းအထည်ချုပ်စက်ရုံက ၇၀ ကျော်ပါတယ်။ ပိတ်သွားတဲ့စက်ရုံတွေကို ချေးငွေပေးတာမျိုးမဟုတ်ဘဲ၊ လက်ရှိ လည်ပတ်နေတဲ့ စက်ရုံတွေကို အစိုးရက အဓိကထောက်ပံ့ဖို့ လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

အစိုးရအနေနဲ့ လုပ်ငန်းရှင်တွေကို ဒီထက်ပိုပြီး ချေးသင့်ပေမဲ့ ထိထိရောက်ရောက် ဖြစ်ဖို့လိုတယ်လို့ ဒေါက်တာအောင်ထွန်းသက်က အကြံပြုပါတယ်။

“သူတို့ needs ပေါ့လေ လိုအပ်ချက် ဘယ်လောက်ရှိလဲ၊ သူတို့ လိုအပ်ချက်ရှိတာနဲ့ နိုင်ငံတော်အစိုးရ တတ်နိုင်တာနဲ့ ဒီနှစ်ခုကြားမှာ ဆွေးနွေးဖို့ လိုလိမ့်မယ်လို့ အောက်မေ့တယ်။ ဟုတ်တယ်မလား သူတို့လိုသလောက်အားလုံးကို ထုတ်ပေးနိုင်ဖို့ ကိုယ့်အခြေအနေမှာ အင်အားရှိချင်မှလည်းရှိမယ်၊ အခုအမေရိကမှာတောင် သူတို့ small business ထုတ်ပေးတဲ့ ငွေတွေက တကယ်ရသင့် ရထိုက်တဲ့သူတွေဆီ မရောက်ဘူးဆိုတာ ပြဿနာပေါ်နေတာကိုး။”

အာဆီယံ ၁၀ နိုင်ငံအပါအဝင် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် နိုင်ငံတွေက စီးပွားရေးဟာ ၂၀၂၀ ထဲမှာ ၂ ရာခိုင်နှုန်းလောက် ထိုးကျသွားပြီး ၂၀၂၁ မှာတော့ ၅.၅ ရာခိုင်နှုန်း ထိပြန်တိုးတက်လာဖို့ရှိတယ်လို့ AMRO ကခန့်မှန်းပါတယ်။ ဒီအထဲမှာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ တရုတ်က မြန်မြန် ပြန်ပြီး တိုးတက်လာလိမ့်မယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

ဇော်ထက် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-economy-amro/5365823.html
COVID-19 အလြန္ ျမန္မာ့စီးပြားေရး ျပန္ေကာင္းႏုိင္တယ္လုိ႔ AMRO ခန္႔မွန္း COVID-19 အလြန္ ျမန္မာ့စီးပြားေရး ျပန္ေကာင္းႏုိင္တယ္လုိ႔ AMRO ခန္႔မွန္း Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.