ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ေဆးခန္းျပခဲ့တဲ့ ဆရာဝန္မိသားစုကို ေနအိမ္မွာ ေစာင့္ၾကည့္ေန


ရန္ကုန္တိုင္း ေျမာက္ဥကၠလာပ ေဆး႐ုံမွာ တက္ေရာက္ကုသရင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္းေတြ႕ရွိတဲ့ လူနာအမွတ္ ၁၆ နဲ႔ ထိေတြ႕ခဲ့တဲ့ ေဆးခန္းက ဆရာဝန္မိသားစုကို ေနအိမ္ၾကပ္မတ္ေစာင့္ၾကည့္ေနၿပီး လူနာတည္း ခိုေနထိုင္တဲ့ ေျမာက္ဥကၠလာ နီလာ ၁ လမ္းကို မေန႔ကစၿပီး ဝင္ထြက္သြားလာခြင့္ ပိတ္လိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ လူနာအမွတ္ ၁၆ ဟာ ဧရာဝတီတိုင္း ေရၾကည္ၿမိဳ႕နယ္မွာ ေနထိုင္သူျဖစ္ၿပီး မတ္လ ၁၅ ရက္ေန႔က အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု ဒူဘိုင္းၿမိဳ႕ကျပန္လာတဲ့ သားျဖစ္သူကို ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ သြားႀကိဳၿပီး ေျမာက္ဥကၠလာပၿမိဳ႕မွာ ေခတၱတည္းခိုရင္း ဖ်ားနာတဲ့အတြက္ ေဆး႐ုံတက္ကုသခဲ့ရာမွာ ေရာဂါပိုးေတြ႕ရွိခဲ့တာ ျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

လူနာဟာ ဖ်ားနာခ်ိန္ကစၿပီး သူသြားေရာက္ကုသခဲ့တဲ့ ေဆးခန္းနဲ႔ ေျမာက္ဥကၠလာေဆး႐ုံႀကီးမွာ ျပည္ပက ျပန္လာသူနဲ႔ ထိေတြ႕ခဲ့တာကို ထုတ္ေဖာ္ေျပာခဲ့တာမရွိဘူးလို႔ ေျမာက္ဥကၠလာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ သန္းဝင္းက ေျပာပါတယ္။

“ပတ္ဝန္းက်င္ကလူေတြက စိုးရိမ္ထိတ္လန႔္မႈရွိတာေပါ့၊ သူ႔ရဲ႕ ေနာက္ေၾကာင္းရာဇဝင္ကို မေျပာဘူး။ ေမဓာဝီလမ္းက ေဆးခန္းမွာ ကုတယ္လို႔ေျပာတယ္ အဲမွာလည္း မေျပာဘူး။ ေဆး႐ုံေရာက္ေတာ့လည္း မေျပာဘူး။ အဲမွာ ရႈတ္ေထြးကုန္တာေပါ့၊ သူ႔ရဲ႕လမ္းကို မီနီေလာ့ေဒါင္းလုပ္လိုက္ပါၿပီ”

မေန႔ ဧၿပီ ၁ ရက္ေန႔ ညကစၿပီး ဗိုင္းရပ္စ္ကူးစက္ခံရသူ ေနထိုင္ခဲ့တဲ့ ေျမာက္ဥကၠလာ နီလာ ၁ လမ္းကို ဝင္ထြက္သြားလာခြင့္ ပိတ္လိုက္ၿပီး လူနာနဲ႔ ထိေတြ႕ခဲ့တဲ့ ေဆးခန္းက ဆရာဝန္နဲ႔ မိသားစုဝင္ေတြကိုပါ ေနအိမ္ၾကပ္မတ္ ေစာင့္ၾကည့္ေနပါတယ္။ ေျမာက္ဥကၠလာပၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕နဲ႔ နာေရးကူညီမႈအသင္း (ရန္ကုန္) တို႔က ေရာဂါပိုး ကူးစက္ခံရသူ ေနထိုင္ခဲ့တဲ့ နီလာ ၁ လမ္းကို မေန႔ညက ပိုးသတ္ေဆးျဖန္းခဲ့ပါတယ္။ အဲဒီလူနာေနထိုင္ခဲ့တဲ့ေနရာဟာ အေဆာင္ပုံစံ ငွားရမ္းေနထိုင္တာျဖစ္ၿပီး အဲဒီေနအိမ္မွာ အတူငွားေနတဲ့ ၂၆ ဦးကိုလည္း ေနအိမ္မွာ ၾကပ္မတ္ေစာင့္ၾကည့္ေနပါတယ္။

လူနာဟာ ေနာက္ေၾကာင္းရာဇဝင္ကို မေျပာသလို နာမည္ကိုပါ လႊဲေျပာခဲ့တယ္လို႔ လူနာအမွတ္ ၁၆ ကို ကုသေပးခဲ့တဲ့ ေျမာက္ဥကၠလာၿမိဳ႕နယ္ ေဆးခန္းက ေဒါက္တာ ေက်ာ္ေဇာက ေျပာပါတယ္။

“တကယ္ရွိတာ ကြၽန္ေတာ္ရယ္ ဆရာမ ႏွစ္ေယာက္ရယ္။ အိမ္ကလူနဲ႔ဆိုရင္ ခုႏွစ္ေယာက္။ ေဆးခန္းနဲ႔ အိမ္နဲ႔က တြဲထားတာမို႔။ ကြၽန္ေတာ္လြဲတာမဟုတ္ဘူး သူကကုလိုက္လို႔ ေကာင္းသြားၿပီ။ သူတို႔အိမ္ကေန သြားတာ သူက ဘယ္ကျပန္လာလဲမသိဘူး သူသားကေျပာတာ ညက ပန္ကာနဲ႔အိပ္လို႔ ဖ်ားသြားတာဆိုၿပီး။ သူက နာမည္ေတာင္ လြဲေျပာတာ၊ အခုေတာ့ ေဆးခန္းလည္း ပိတ္လိုက္ၿပီ၊ ၿပီးသြားတာေပါ့”

ၿပီးခဲ့တဲ့ မတ္လ ၂၇၊ ၂၈၊ ၂၉ ရက္ေန႔ေတြက ေဆးခန္းကို လာေရာက္ကုသခဲ့တာျဖစ္ၿပီး သက္သာသြားခဲ့တာေၾကာင့္ ေဆး႐ုံကို လႊဲေျပာင္းေပးခဲ့တာမ်ိဳး မရွိဘူးလို႔ ေဒါက္တာ ေက်ာ္ေဇာက ဆိုပါတယ္။

လက္ရွိမွာ လူနာနဲ႔ ထိေတြ႕ခဲ့တဲ့ ေဆးခန္းက သုံးဦးနဲ႔ မိသားစုဝင္ စုစုေပါင္း ခုႏွစ္ဦးဟာ ဒီေန႔ ဧၿပီ ၂ ရက္ေန႔က စတင္ၿပီး အိမ္မွာပဲ ၾကပ္မတ္ေစာင့္ၾကည့္ေနေနရတယ္လို႔ ေျပာပါတယ္။

အဲဒီလူနာကို ေျမာက္ဥကၠလာပ ေဆး႐ုံကေန ေဝဘာဂီ ကူးစက္ေရာဂါအထူးကုေဆး႐ုံကို လႊဲေျပာင္းမယ္လို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေျပာထားပါတယ္။

လူနာဟာ ကိုယ္တိုင္ ႏိုင္ငံျခားသြားလာခဲ့တာမ်ိဳး မရွိတဲ့အတြက္ သားျဖစ္သူ ဒူဘိုင္းက ျပန္လာတယ္ဆိုတာကို လည္း မေျပာမိတာျဖစ္ႏိုင္ၿပီး ဘယ္သူမွာ ပိုးရွိႏိုင္တယ္ဆိုတာ မသိႏိုင္တာေၾကာင့္ က်န္းမာေရးဝန္ထမ္းေတြကို အစကတည္းက ကာကြယ္မႈေတြ ေဆာင္႐ြက္ဖို႔ ၫႊန္ၾကားခ်က္ထုတ္ထားၿပီးျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီး ဌာနက ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ ခင္ခင္ႀကီးက ေျပာပါတယ္။

“က်န္းမာေရးဝန္ထမ္းေတြ အဓိက သက္ဆိုင္တာ ကြန္ဖမ္းေကစ့္ကို အကာကြယ္မပါဘဲ ထိမိရင္ နီးကပ္တဲ့ ထိေတြ႕မႈျဖစ္တယ္ေပါ့။ ဒါဆိုရင္ ဒီလူနာကို ျပဳစုကုသေပးတဲ့ က်န္းမာေရးဝန္ထမ္းက စည္းမ်ဥ္းစည္းကမ္းေတြကို မလိုက္နာလို႔ေပါ့၊ အဲလိုဆို ျဖစ္ႏိုင္ပါတယ္။ ဘယ္သူမွာ ပိုးရွိတယ္ဆိုတာ မသိရပါဘူး။ အဲဒီအပိုင္းမွာ လိုအပ္တဲ့ ပစၥည္းေတြကို သက္ဆိုင္ရာ ေဆး႐ုံအုပ္ေတြကတဆင့္ ျဖန႔္ေဝထားပါတယ္၊ လိုအပ္ရင္လည္း ထပ္ၿပီးျဖန႔္ေဝဖို႔ ရွိပါတယ္။ လူနာက လိမ္ေျပာတယ္ အဲလိုလည္း ေျပာလို႔မရပါဘူး၊ လူနာကို ျပစ္တင္ေျပာဆိုလို႔ မရပါဘူး။ လူနာက လူနာပါပဲ၊ သူက ႏိုင္ငံျခားက ျပန္လာတာလည္း မဟုတ္ပါဘူး။ သူ႔သားႏိုင္ငံျခားက ျပန္လာတယ္ ဆိုတာကိုလည္း ေျပာမိခ်င္မွ ေျပာမိမွာပါ။ လူနာကို ျပစ္တင္ေျပာဆိုေရးသားတာကို ကြၽန္မ လုံးဝလက္မခံပါဘူး”

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ လူနာ ၁၃ ဦးေတြ႕ရွိခဲ့တဲ့ အခ်ိန္ထိ လူနာေတြနဲ႔ အနီးကပ္ထိေတြ႕ခဲ့သူနဲ႔ ဖ်ားနာေနတဲ့ က်န္းမာေရးဝန္ထမ္း ၂၅ ဦးကို ေစာင့္ၾကည့္ကုသမႈေတြ ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ဧၿပီ ၁ ရက္ေန႔ မေန႔ကအထိ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိသူ ၁၆ ဦးရွိၿပီး တစ္ဦးေသဆုံးကာ ေစာင့္ၾကည့္လူနာ ၅၉၅ ဦး အထိ ရွိေနၿပီျဖစ္ပါတယ္။

ေဝယံမိုးျမင့္
-----------------------------------------------
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ဆေးခန်းပြခဲ့တဲ့ ဆရာဝန်မိသားစုကို နေအိမ်မှာ စောင့်ကြည့်နေ

ရန်ကုန်တိုင်း မြောက်ဥက္ကလာပ ဆေးရုံမှာ တက်ရောက်ကုသရင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းတွေ့ရှိတဲ့ လူနာအမှတ် ၁၆ နဲ့ ထိတွေ့ခဲ့တဲ့ ဆေးခန်းက ဆရာဝန်မိသားစုကို နေအိမ်ကြပ်မတ်စောင့်ကြည့်နေပြီး လူနာတည်း ခိုနေထိုင်တဲ့ မြောက်ဥက္ကလာ နီလာ ၁ လမ်းကို မနေ့ကစပြီး ဝင်ထွက်သွားလာခွင့် ပိတ်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာအမှတ် ၁၆ ဟာ ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး မတ်လ ၁၅ ရက်နေ့က အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့ကပြန်လာတဲ့ သားဖြစ်သူကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သွားကြိုပြီး မြောက်ဥက္ကလာပမြို့မှာ ခေတ္တတည်းခိုရင်း ဖျားနာတဲ့အတွက် ဆေးရုံတက်ကုသခဲ့ရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လူနာဟာ ဖျားနာချိန်ကစပြီး သူသွားရောက်ကုသခဲ့တဲ့ ဆေးခန်းနဲ့ မြောက်ဥက္ကလာဆေးရုံကြီးမှာ ပြည်ပက ပြန်လာသူနဲ့ ထိတွေ့ခဲ့တာကို ထုတ်ဖော်ပြောခဲ့တာမရှိဘူးလို့ မြောက်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက ပြောပါတယ်။

“ပတ်ဝန်းကျင်ကလူတွေက စိုးရိမ်ထိတ်လန့်မှုရှိတာပေါ့၊ သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို မပြောဘူး။ မေဓာဝီလမ်းက ဆေးခန်းမှာ ကုတယ်လို့ပြောတယ် အဲမှာလည်း မပြောဘူး။ ဆေးရုံရောက်တော့လည်း မပြောဘူး။ အဲမှာ ရှုတ်ထွေးကုန်တာပေါ့၊ သူ့ရဲ့လမ်းကို မီနီလော့ဒေါင်းလုပ်လိုက်ပါပြီ”

မနေ့ ဧပြီ ၁ ရက်နေ့ ညကစပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ နေထိုင်ခဲ့တဲ့ မြောက်ဥက္ကလာ နီလာ ၁ လမ်းကို ဝင်ထွက်သွားလာခွင့် ပိတ်လိုက်ပြီး လူနာနဲ့ ထိတွေ့ခဲ့တဲ့ ဆေးခန်းက ဆရာဝန်နဲ့ မိသားစုဝင်တွေကိုပါ နေအိမ်ကြပ်မတ် စောင့်ကြည့်နေပါတယ်။ မြောက်ဥက္ကလာပမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) တို့က ရောဂါပိုး ကူးစက်ခံရသူ နေထိုင်ခဲ့တဲ့ နီလာ ၁ လမ်းကို မနေ့ညက ပိုးသတ်ဆေးဖြန်းခဲ့ပါတယ်။ အဲဒီလူနာနေထိုင်ခဲ့တဲ့နေရာဟာ အဆောင်ပုံစံ ငှားရမ်းနေထိုင်တာဖြစ်ပြီး အဲဒီနေအိမ်မှာ အတူငှားနေတဲ့ ၂၆ ဦးကိုလည်း နေအိမ်မှာ ကြပ်မတ်စောင့်ကြည့်နေပါတယ်။

လူနာဟာ နောက်ကြောင်းရာဇဝင်ကို မပြောသလို နာမည်ကိုပါ လွှဲပြောခဲ့တယ်လို့ လူနာအမှတ် ၁၆ ကို ကုသပေးခဲ့တဲ့ မြောက်ဥက္ကလာမြို့နယ် ဆေးခန်းက ဒေါက်တာ ကျော်ဇောက ပြောပါတယ်။

“တကယ်ရှိတာ ကျွန်တော်ရယ် ဆရာမ နှစ်ယောက်ရယ်။ အိမ်ကလူနဲ့ဆိုရင် ခုနှစ်ယောက်။ ဆေးခန်းနဲ့ အိမ်နဲ့က တွဲထားတာမို့။ ကျွန်တော်လွဲတာမဟုတ်ဘူး သူကကုလိုက်လို့ ကောင်းသွားပြီ။ သူတို့အိမ်ကနေ သွားတာ သူက ဘယ်ကပြန်လာလဲမသိဘူး သူသားကပြောတာ ညက ပန်ကာနဲ့အိပ်လို့ ဖျားသွားတာဆိုပြီး။ သူက နာမည်တောင် လွဲပြောတာ၊ အခုတော့ ဆေးခန်းလည်း ပိတ်လိုက်ပြီ၊ ပြီးသွားတာပေါ့”

ပြီးခဲ့တဲ့ မတ်လ ၂၇၊ ၂၈၊ ၂၉ ရက်နေ့တွေက ဆေးခန်းကို လာရောက်ကုသခဲ့တာဖြစ်ပြီး သက်သာသွားခဲ့တာကြောင့် ဆေးရုံကို လွှဲပြောင်းပေးခဲ့တာမျိုး မရှိဘူးလို့ ဒေါက်တာ ကျော်ဇောက ဆိုပါတယ်။

လက်ရှိမှာ လူနာနဲ့ ထိတွေ့ခဲ့တဲ့ ဆေးခန်းက သုံးဦးနဲ့ မိသားစုဝင် စုစုပေါင်း ခုနှစ်ဦးဟာ ဒီနေ့ ဧပြီ ၂ ရက်နေ့က စတင်ပြီး အိမ်မှာပဲ ကြပ်မတ်စောင့်ကြည့်နေနေရတယ်လို့ ပြောပါတယ်။

အဲဒီလူနာကို မြောက်ဥက္ကလာပ ဆေးရုံကနေ ဝေဘာဂီ ကူးစက်ရောဂါအထူးကုဆေးရုံကို လွှဲပြောင်းမယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောထားပါတယ်။

လူနာဟာ ကိုယ်တိုင် နိုင်ငံခြားသွားလာခဲ့တာမျိုး မရှိတဲ့အတွက် သားဖြစ်သူ ဒူဘိုင်းက ပြန်လာတယ်ဆိုတာကို လည်း မပြောမိတာဖြစ်နိုင်ပြီး ဘယ်သူမှာ ပိုးရှိနိုင်တယ်ဆိုတာ မသိနိုင်တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေကို အစကတည်းက ကာကွယ်မှုတွေ ဆောင်ရွက်ဖို့ ညွှန်ကြားချက်ထုတ်ထားပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေ အဓိက သက်ဆိုင်တာ ကွန်ဖမ်းကေစ့်ကို အကာကွယ်မပါဘဲ ထိမိရင် နီးကပ်တဲ့ ထိတွေ့မှုဖြစ်တယ်ပေါ့။ ဒါဆိုရင် ဒီလူနာကို ပြုစုကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းက စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာလို့ပေါ့၊ အဲလိုဆို ဖြစ်နိုင်ပါတယ်။ ဘယ်သူမှာ ပိုးရှိတယ်ဆိုတာ မသိရပါဘူး။ အဲဒီအပိုင်းမှာ လိုအပ်တဲ့ ပစ္စည်းတွေကို သက်ဆိုင်ရာ ဆေးရုံအုပ်တွေကတဆင့် ဖြန့်ဝေထားပါတယ်၊ လိုအပ်ရင်လည်း ထပ်ပြီးဖြန့်ဝေဖို့ ရှိပါတယ်။ လူနာက လိမ်ပြောတယ် အဲလိုလည်း ပြောလို့မရပါဘူး၊ လူနာကို ပြစ်တင်ပြောဆိုလို့ မရပါဘူး။ လူနာက လူနာပါပဲ၊ သူက နိုင်ငံခြားက ပြန်လာတာလည်း မဟုတ်ပါဘူး။ သူ့သားနိုင်ငံခြားက ပြန်လာတယ် ဆိုတာကိုလည်း ပြောမိချင်မှ ပြောမိမှာပါ။ လူနာကို ပြစ်တင်ပြောဆိုရေးသားတာကို ကျွန်မ လုံးဝလက်မခံပါဘူး”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာ ၁၃ ဦးတွေ့ရှိခဲ့တဲ့ အချိန်ထိ လူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူနဲ့ ဖျားနာနေတဲ့ ကျန်းမာရေးဝန်ထမ်း ၂၅ ဦးကို စောင့်ကြည့်ကုသမှုတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီ ၁ ရက်နေ့ မနေ့ကအထိ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၆ ဦးရှိပြီး တစ်ဦးသေဆုံးကာ စောင့်ကြည့်လူနာ ၅၉၅ ဦး အထိ ရှိနေပြီဖြစ်ပါတယ်။

ဝေယံမိုးမြင့်
RFA Burmese
https://www.rfa.org/burmese/news/novel-coronavirus-in-ygn-04022020042156.html
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ေဆးခန္းျပခဲ့တဲ့ ဆရာဝန္မိသားစုကို ေနအိမ္မွာ ေစာင့္ၾကည့္ေန ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ေဆးခန္းျပခဲ့တဲ့ ဆရာဝန္မိသားစုကို ေနအိမ္မွာ ေစာင့္ၾကည့္ေန Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.