ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈ အားေကာင္းေနဆဲ

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈ ရွိမရွိ ဓာတ္ခြဲစမ္းသပ္ရန္ ေတာင္အာဖရိကႏိုင္ငံတစ္ႏိုင္ငံတြင္ က်န္းမာေရးဝန္ထမ္းတစ္ဉီး ျပင္ဆင္ေနစဥ္။
(Zawgyi)⤵⤵⤵
ကမာၻတဝွမ္း ကို႐ိုနာ ကူးစက္မႈအေျခအေနဟာ ဧျပီလ ၂ ရက္ေန႔ ညေန ၃ နာရီအထိ သတင္းေတြအရ ကူးစက္ခံရသူ ကိုးသိန္းေလးေသာင္းနီးပါး၊ ေသဆုံးသူ ေလးေထာင့္ ခုနစ္ရာေက်ာ္ ရွိေနပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ေသဆုံးသူအမ်ားဆုံးျဖစ္ၿပီး သူ႔ေနာက္မွာ အီတလီနဲ႔ စပိန္ရွိပါတယ္။ ေရာဂါ စတင္ခဲ့တဲ့ တ႐ုတ္ျပည္က စတုတၳေနရာ ေရာက္သြားပါတယ္။ ျမန္မာႏိုင္ငံမွာ ကူးစက္ခံရသူ ၁၆ ဦးရွိၿပီး၊ တစ္ဦးေသဆုံးခဲ့ပါတယ္။

ေတြ႕ရွိခ်က္အသစ္ေတြအရ အေမရိကန္နဲ႔ အိုက္စလန္မွာ ေရာဂါပိုး ကူးစက္ခံရသူ ၂၅ရာႏႈန္းကေန ၅၀ ရာႏႈန္းေလာက္ဟာ ေရာဂါလကၡဏာ မျပတဲ့ ေရာဂါပိုးသယ္ေဆာင္သူေတြ ျဖစ္လာခဲ့ၿပီး တျခားသူေတြကို  ကူးစက္ေစခဲ့ပါတယ္။ ဒါေၾကာင့္ ဒီေရာဂါဟာ ဒုတိယကမာၻစစ္အၿပီးေနာက္ပိုင္း ကမာၻမွာ လူသားေတြအေပၚ  အႀကီးမားဆုံး စမ္းသပ္ခံရမႈ ျဖစ္ေၾကာင္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က ေျပာပါတယ္။

ေရာဂါကာကြယ္ေရးအတြက္ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းတစ္ခ်ိဳ႕ အေျပာင္းအလဲရွိမယ္လို႔ WHO ကလည္း ေျပာပါတယ္။ ေရာဂါပိုးအသစ္ ျဖစ္တဲ့အတြက္ ေတြ႕ရွိခ်က္အသစ္ေတြ ေပၚေပါက္လာရင္ ထပ္မံေၾကညာမယ္လို႔လည္း ေျပာပါတယ္။

ဒီအေတာအတြင္း အႏုျမဴ၊ သိပၸံနည္းပညာနဲ႔ ကို႐ိုနာ ဗိုင္းရပ္စ္ဆိုင္ရာ စမ္းသပ္မႈေတြ ေဆာင္႐ြက္ႏိုင္အာင္ ႏိုင္ငံေပါင္း ၄၀ ေလာက္ကို  လိုအပ္တဲ့ ပစၥည္းကိရိယာေတြကို စတင္ေပးအပ္မယ္လို႔ ကုလသမဂၢ အႏုျမဴေအဂ်င္စီ က ေျပာပါတယ္။

အဲဒီနည္းပညာဟာ လူတေယာက္မွာ ဗိုင္းရပ္စ္ကူးစက္မႈ ရွိမရွိ စမ္းသပ္သိရွိႏိုင္ၿပီး၊ ဖြဲ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာ ပုံမွန္သုံးစြဲေနတာ ျဖစ္ပါတယ္။ အဲဒီနည္းပညာကို ကုလသမဂၢ အဖြဲ႕ဝင္ႏိုင္ငံေပါ င္း ၉၀ ေလာက္က ေတာင္းခံထားၿပီး၊ အိရန္၊ အီဂ်စ္၊ ကင္ညာ၊ ႏိုင္ဂ်ီရီးယား၊ ထိုင္း၊ ဗီယက္နမ္၊ က်ဴးဘား၊ ပီ႐ူး၊ ဥ႐ုေဂြး စတဲ့ႏိုင္ငံေတြ ပါဝင္ပါတယ္။ အဲဒီႏိုင္ငံေတြကို ပထမအသုတ္အေနနဲ႔ ေဒၚလာေလးသန္းခြဲေက်ာ္ တန္ဖိုးရွိတဲ့ နည္းပညာနဲ႔ ပစၥည္းေတြ ေပးအပ္မွာျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ထိန္းခ်ဳပ္ေရး တာဝန္ယူထားတဲ့  စီးပြားေရးဝန္ႀကီး တာေကဒါက... ECMO ေခၚ ႏွလုံး နဲ႔ အဆုတ္ လည္ပတ္ေရး စက္ကိရိယာေတြ တိုးျမႇင့္ထုတ္လုပ္မယ္လို႔ ေျပာပါတယ္။ အဲဒီကိရိယာေတြဟာ အေျခအေနဆိုးေနတဲ့ ကူးစက္ခံလူနာေတြအတြက္ ထိေရာက္မႈရွိၿပီး၊ အဲဒီလို လူနာအေရအတြက္ ပိုမိုမ်ားျပားလာဖြယ္ ရွိတယ္လို႔လည္း ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ကူးစက္ခံလူနာသစ္ေတြ ေန႔စဥ္ ျမင့္တက္လာေနၿပီး အခုအခါ တစ္သိန္းကိုးေသာင္း ဝန္းက်င္အထိ ရွိလာတဲ့အတြက္ ကမာၻမွာ အျမင့္ဆုံးအဆင့္ကို  ေရာက္ရွိေနပါတယ္ ။ ေသဆုံးသူကလည္း ေလးေထာင္ေက်ာ္ ရွိသြားပါၿပီ။ နယူးေယာက္ တစ္ၿမိဳ႕ထဲမွာတင္ ေသဆုံးသူ တစ္ေထာင္ေက်ာ္ ရွိခဲ့ပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကလည္း "ကံဆိုးမိုးေမွာင္က်တဲ့ သီတင္းႏွစ္ပတ္" အျဖစ္ ေျပာဆိုလိုက္ၿပီး၊ အေမရိကန္ျပည္ေထာင္စုမွာ ဒီကပ္ေရာဂါ ၿပီးဆုံးမသြားခင္ ေသဆုံးသူ တစ္သိန္းကေန  ႏွစ္သိန္းခြဲေလာက္အထိ ရွိႏိုင္ေၾကာင္း အိမ္ျဖဴေတာ္က ေျပာပါတယ္။

နယူးေယာက္မွာဆိုရင္  ေဆး႐ုံေတြ ျပင္ပလူျမင္ကြင္းမွာ အေလာင္းေတြကို ဝန္ခ်ီစက္နဲ႔  အေအးခန္း ထရပ္ကားေတြထဲ ထည့္သြင္းေနတာ ေတြ႕ျမင္ေနရတယ္လို႔ ေအပီသတင္းက ေဖာ္ျပပါတယ္။ 

ဒီအေတာအတြင္း အီးယူႏိုင္ငံေတြမွာ အေရးေပၚ ကုသႏိုင္ဖို႔အတြက္ ေဆး႐ုံေတြ မလုံမေလာက္ျဖစ္ေနၿပီး၊ ယာယီေဆး႐ုံေတြမွာ ကုသေပးေနရပါတယ္။ က်န္းမာေရးဝန္ထမ္းေတြလညး မလုံမေလာက္ ျဖစ္ေနတာပါ။ လန္ဒန္မွာ ကုတင္ေလးေထာင္ဆံ့ ယာယီေဆး႐ုံတစ္႐ုံကို ရက္ပိုင္းအတြင္း ၿပီးစီးေအာင္ တည္ေဆာက္ခဲ့ရပါတယ္။

ေမာင္သစ္ဆင္း
--------------------------------------------------------
(Unicode)⤵⤵⤵
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အားကောင်းနေဆဲ

ကမ္ဘာတဝှမ်း ကိုရိုနာ ကူးစက်မှုအခြေအနေဟာ ဧပြီလ ၂ ရက်နေ့ ညနေ ၃ နာရီအထိ သတင်းတွေအရ ကူးစက်ခံရသူ ကိုးသိန်းလေးသောင်းနီးပါး၊ သေဆုံးသူ လေးထောင့် ခုနစ်ရာကျော် ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သေဆုံးသူအများဆုံးဖြစ်ပြီး သူ့နောက်မှာ အီတလီနဲ့ စပိန်ရှိပါတယ်။ ရောဂါ စတင်ခဲ့တဲ့ တရုတ်ပြည်က စတုတ္ထနေရာ ရောက်သွားပါတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ ၁၆ ဦးရှိပြီး၊ တစ်ဦးသေဆုံးခဲ့ပါတယ်။

တွေ့ရှိချက်အသစ်တွေအရ အမေရိကန်နဲ့ အိုက်စလန်မှာ ရောဂါပိုး ကူးစက်ခံရသူ ၂၅ရာနှုန်းကနေ ၅၀ ရာနှုန်းလောက်ဟာ ရောဂါလက္ခဏာ မပြတဲ့ ရောဂါပိုးသယ်ဆောင်သူတွေ ဖြစ်လာခဲ့ပြီး တခြားသူတွေကို  ကူးစက်စေခဲ့ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်း ကမ္ဘာမှာ လူသားတွေအပေါ်  အကြီးမားဆုံး စမ်းသပ်ခံရမှု ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ရောဂါကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတစ်ချို့ အပြောင်းအလဲရှိမယ်လို့ WHO ကလည်း ပြောပါတယ်။ ရောဂါပိုးအသစ် ဖြစ်တဲ့အတွက် တွေ့ရှိချက်အသစ်တွေ ပေါ်ပေါက်လာရင် ထပ်မံကြေညာမယ်လို့လည်း ပြောပါတယ်။

ဒီအတောအတွင်း အနုမြူ၊ သိပ္ပံနည်းပညာနဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဆိုင်ရာ စမ်းသပ်မှုတွေ ဆောင်ရွက်နိုင်အာင် နိုင်ငံပေါင်း ၄၀ လောက်ကို  လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို စတင်ပေးအပ်မယ်လို့ ကုလသမဂ္ဂ အနုမြူအေဂျင်စီ က ပြောပါတယ်။

အဲဒီနည်းပညာဟာ လူတယောက်မှာ ဗိုင်းရပ်စ်ကူးစက်မှု ရှိမရှိ စမ်းသပ်သိရှိနိုင်ပြီး၊ ဖွဲ့ဖြိုးပြီးနိုင်ငံတွေမှာ ပုံမှန်သုံးစွဲနေတာ ဖြစ်ပါတယ်။ အဲဒီနည်းပညာကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါ င်း ၉၀ လောက်က တောင်းခံထားပြီး၊ အိရန်၊ အီဂျစ်၊ ကင်ညာ၊ နိုင်ဂျီရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ကျူးဘား၊ ပီရူး၊ ဥရုဂွေး စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။ အဲဒီနိုင်ငံတွေကို ပထမအသုတ်အနေနဲ့ ဒေါ်လာလေးသန်းခွဲကျော် တန်ဖိုးရှိတဲ့ နည်းပညာနဲ့ ပစ္စည်းတွေ ပေးအပ်မှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး တာဝန်ယူထားတဲ့  စီးပွားရေးဝန်ကြီး တာကေဒါက... ECMO ခေါ် နှလုံး နဲ့ အဆုတ် လည်ပတ်ရေး စက်ကိရိယာတွေ တိုးမြှင့်ထုတ်လုပ်မယ်လို့ ပြောပါတယ်။ အဲဒီကိရိယာတွေဟာ အခြေအနေဆိုးနေတဲ့ ကူးစက်ခံလူနာတွေအတွက် ထိရောက်မှုရှိပြီး၊ အဲဒီလို လူနာအရေအတွက် ပိုမိုများပြားလာဖွယ် ရှိတယ်လို့လည်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ခံလူနာသစ်တွေ နေ့စဉ် မြင့်တက်လာနေပြီး အခုအခါ တစ်သိန်းကိုးသောင်း ဝန်းကျင်အထိ ရှိလာတဲ့အတွက် ကမ္ဘာမှာ အမြင့်ဆုံးအဆင့်ကို  ရောက်ရှိနေပါတယ် ။ သေဆုံးသူကလည်း လေးထောင်ကျော် ရှိသွားပါပြီ။ နယူးယောက် တစ်မြို့ထဲမှာတင် သေဆုံးသူ တစ်ထောင်ကျော် ရှိခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း "ကံဆိုးမိုးမှောင်ကျတဲ့ သီတင်းနှစ်ပတ်" အဖြစ် ပြောဆိုလိုက်ပြီး၊ အမေရိကန်ပြည်ထောင်စုမှာ ဒီကပ်ရောဂါ ပြီးဆုံးမသွားခင် သေဆုံးသူ တစ်သိန်းကနေ  နှစ်သိန်းခွဲလောက်အထိ ရှိနိုင်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

နယူးယောက်မှာဆိုရင်  ဆေးရုံတွေ ပြင်ပလူမြင်ကွင်းမှာ အလောင်းတွေကို ဝန်ချီစက်နဲ့  အအေးခန်း ထရပ်ကားတွေထဲ ထည့်သွင်းနေတာ တွေ့မြင်နေရတယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။ 

ဒီအတောအတွင်း အီးယူနိုင်ငံတွေမှာ အရေးပေါ် ကုသနိုင်ဖို့အတွက် ဆေးရုံတွေ မလုံမလောက်ဖြစ်နေပြီး၊ ယာယီဆေးရုံတွေမှာ ကုသပေးနေရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေလညး မလုံမလောက် ဖြစ်နေတာပါ။ လန်ဒန်မှာ ကုတင်လေးထောင်ဆံ့ ယာယီဆေးရုံတစ်ရုံကို ရက်ပိုင်းအတွင်း ပြီးစီးအောင် တည်ဆောက်ခဲ့ရပါတယ်။

ေမာင္သစၦင္း
RFA Burmese
https://www.rfa.org/burmese/news/coronavirus-surge-04022020073837.html
ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈ အားေကာင္းေနဆဲ ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈ အားေကာင္းေနဆဲ Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.