အီးယူမွာ ေျဖေလွ်ာ့တာေတြကို ႏိုင္ငံအားလုံး ညႇိလုပ္ဖို႔ ေကာ္မရွင္တိုက္တြန္း

 ၾသစတီးယားမွာ လက္မႈ ကိရိယာပစၥည္းဆိုင္ေတြ ျပန္စဖြင့္
(Zawgyi)⤵⤵⤵
ဥေရာပ သမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြဟာ လက္ရွိက်င့္သုံးေနတဲ့ ကန္႔သတ္ပိတ္ဆို႔မႈေတြကို ေျဖေလ်ာ့ေပးဖို႔ လုပ္မယ္ဆိုရင္ အားလုံးညႇိႏႈိင္းၿပီးလုပ္ၾကဖို႔ ဥေရာပေကာ္မရွင္က တိုက္တြန္းလိုက္ပါတယ္။

ေျဖေလွ်ာ့မယ္ဆိုရင္ ပထမဆုံးအေနနဲ႔ စီးပြားေရးလုပ္ငန္းေတြ၊ အေရာင္းဆိုင္ေတြနဲ႔ ေက်ာင္းေတြကို အရင္ဆုံးျပန္ဖြင့္သင့္တယ္၊ ဒါေပမယ့္ ဆိုရွယ္ဒစ္စတန္႔ဆင္းလို႔ေခၚတဲ့ လူခ်င္းခပ္ခြာခြာေနဖို႔ စည္းကမ္းေတြေတာ့ ဆက္ထားသင့္တယ္လို႔ အႀကံျပဳထားပါတယ္။

ဒုတိယအဆင့္အေနနဲ႔ စားေသာက္ဆိုင္ေတြ၊ ေကာ္ဖီဆိုင္ေတြ၊ ဘားေတြ ျပန္ဖြင့္ႏိုင္ေပမယ့္ ဖြင့္ခ်ိန္နဲ႔ ဧည့္သည္အေရအတြက္ကိုေတာ့ ကန္႔သတ္ထားရဦးမယ္လို႔ ဆိုပါတယ္။

ဒီလို အဆင့္လိုက္ ေျဖေလွ်ာ့ေပးတာမ်ိဳး လုပ္တာေတာင္မွ ဗိုင္းရပ္စ္ကူးစက္မႈေတြ တိုးလာႏိုင္ေသးတယ္လို႔လည္း ေကာ္မရွင္က သတိေပးပါတယ္။ အခုဆို အီတလီ၊ ဒိန္းမတ္နဲ႔ ၾသစတီးယားတို႔မွာ ယာယီအားျဖင့္ ကန္႔သတ္ခ်က္တခ်ိဳ႕ကို ေလွ်ာ့ၿပီး ပိတ္ဆို႔ထားတာေတြကို ျပန္ဖြင့္ေပးေနပါတယ္။ ငါးပတ္ၾကာ အားလုံးပိတ္ထားခဲ့တဲ့ အီတလီမွာ ေစ်းဆိုင္တခ်ိဳ႕ ျပန္ဖြင့္ၿပီးၾသစတီးယားမွာေတာ့ ကုန္မာဆိုင္ေတြ၊ ပန္းၿခံပစၥည္းအေရာင္းဆိုင္ေတြ၊ လက္မႈ ကိရိယာဆိုင္ေတြ ျပန္ဖြင္ခဲ့ပါတယ္။

BBC Burmese
------------------------------------------------
(Unicode)⤵⤵⤵
အီးယူမှာ ဖြေလျှော့တာတွေကို နိုင်ငံအားလုံး ညှိလုပ်ဖို့ ကော်မရှင်တိုက်တွန်း

ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ လက်ရှိကျင့်သုံးနေတဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးဖို့ လုပ်မယ်ဆိုရင် အားလုံးညှိနှိုင်းပြီးလုပ်ကြဖို့ ဥရောပကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

ဖြေလျှော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အရောင်းဆိုင်တွေနဲ့ ကျောင်းတွေကို အရင်ဆုံးပြန်ဖွင့်သင့်တယ်၊ ဒါပေမယ့် ဆိုရှယ်ဒစ်စတန့်ဆင်းလို့ခေါ်တဲ့ လူချင်းခပ်ခွာခွာနေဖို့ စည်းကမ်းတွေတော့ ဆက်ထားသင့်တယ်လို့ အကြံပြုထားပါတယ်။

ဒုတိယအဆင့်အနေနဲ့ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ ဘားတွေ ပြန်ဖွင့်နိုင်ပေမယ့် ဖွင့်ချိန်နဲ့ ဧည့်သည်အရေအတွက်ကိုတော့ ကန့်သတ်ထားရဦးမယ်လို့ ဆိုပါတယ်။

ဒီလို အဆင့်လိုက် ဖြေလျှော့ပေးတာမျိုး လုပ်တာတောင်မှ ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနိုင်သေးတယ်လို့လည်း ကော်မရှင်က သတိပေးပါတယ်။ အခုဆို အီတလီ၊ ဒိန်းမတ်နဲ့ သြစတီးယားတို့မှာ ယာယီအားဖြင့် ကန့်သတ်ချက်တချို့ကို လျှော့ပြီး ပိတ်ဆို့ထားတာတွေကို ပြန်ဖွင့်ပေးနေပါတယ်။ ငါးပတ်ကြာ အားလုံးပိတ်ထားခဲ့တဲ့ အီတလီမှာ ဈေးဆိုင်တချို့ ပြန်ဖွင့်ပြီးသြစတီးယားမှာတော့ ကုန်မာဆိုင်တွေ၊ ပန်းခြံပစ္စည်းအရောင်းဆိုင်တွေ၊ လက်မှု ကိရိယာဆိုင်တွေ ပြန်ဖွင်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52284454
အီးယူမွာ ေျဖေလွ်ာ့တာေတြကို ႏိုင္ငံအားလုံး ညႇိလုပ္ဖို႔ ေကာ္မရွင္တိုက္တြန္း အီးယူမွာ ေျဖေလွ်ာ့တာေတြကို ႏိုင္ငံအားလုံး ညႇိလုပ္ဖို႔ ေကာ္မရွင္တိုက္တြန္း Reviewed by THITHTOOLWIN on 05:54 Rating: 5
Powered by Blogger.