ယူေကမွာ ကိုဗစ္ေၾကာင့္ေသဆုံးသူ ေၾကညာတာထက္မ်ား

 ေသသူငါးဦးမွာ တစ္ဦးက ကို႐ိုနာေၾကာင့္ျဖစ္ပါတယ္။
(Zawgyi)⤵⤵⤵
အဂၤလန္နဲ႔ ေဝလျပည္နယ္က ေနာက္ဆုံးရရွိတဲ့ တရားဝင္ ကိန္းဂဏန္းေတြအရ ၿဗိတိသွ်အစိုးရက ေန႔စဥ္ ထုတ္ျပန္တဲ့ စာရင္းထက္ လူေတြ အမ်ားႀကီး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးေနရတယ္လို႔ ယူဆႏိုင္စရာ ေတြ႕ရပါတယ္။

ဗဟိုစာရင္း႐ုံးရဲ႕ ထုတ္ျပန္ခ်က္အရ ကိုဗစ္-၁၉ ေၾကာင့္ေသဆုံးသူေတြအထဲက ဆယ္ရာခိုင္ႏႈန္းဟာ ေနအိမ္ေတြ၊ ေစာင့္ေရွာက္ေရးေဂဟာေတြမွာ ေသဆုံးခဲ့တာျဖစ္ၿပီး အစိုးရက ထုတ္ျပန္တဲ့ ေန႔စဥ္ေသဆုံးသူ အေရအတြက္ကေတာ့ ေဆး႐ုံကိုေရာက္လာၿပီး ေဆး႐ုံမွာ ေသဆုံးသူေတြကိုပဲ ေရတြက္ထားတာ ျဖစ္ပါတယ္။

လူနာေတြကို ေစာင့္ေရွာက္ေနရသူေတြကေတာ့ ေသဆုံးသူအေရအတြက္က အမ်ားႀကီး ပိုႏိုင္တယ္လို႔ေျပာပါတယ္။ ဗိုင္းရပ္စ္ဟာ ထိန္းမႏိုင္ေလာက္ေအာင္ ပ်ံ႕ေနလို႔ လူေတြကို ပိုၿပီး ေဆးစစ္ေပးဖို႔နဲ႔ ျပဳစုရသူ ေဆးဝန္ထမ္းေတြကို အကာအကြယ္ ကိရိယာေတြ ပိုေပးဖို႔ သူတို႔က ေတာင္းဆိုၾကပါတယ္။

ဧၿပီလ ပထမအပတ္အတြင္းမွာ အရင္ႏွစ္ေတြက ပ်မ္းမွ်ေသဆုံးသူေတြထက္ လူ ၆၀၀၀ ေက်ာ္ပိုေသဆုံးခဲ့တယ္လို႔ ဗဟိုစာရင္း႐ုံးရဲ႕ ေကာက္ယူခ်က္အရ ေတြ႕ခဲ့ရပါတယ္။ ဒီအထဲက တဝက္ေလာက္ပဲ ကို႐ိုနာနဲ႔ ေသဆုံးခဲ့တာ ျဖစ္ႏိုင္ေပမယ့္ စာရင္းေကာက္ယူတဲ့အခါ အားနည္းခ်က္ကို ေတြ႕ရတာ ျဖစ္ပါတယ္။

BBC Burmese
--------------------------------------------------
(Unicode)⤵⤵⤵
ယူကေမှာ ကိုဗစ်ကြောင့်သေဆုံးသူ ကြေညာတာထက်များ

အင်္ဂလန်နဲ့ ဝေလပြည်နယ်က နောက်ဆုံးရရှိတဲ့ တရားဝင် ကိန်းဂဏန်းတွေအရ ဗြိတိသျှအစိုးရက နေ့စဉ် ထုတ်ပြန်တဲ့ စာရင်းထက် လူတွေ အများကြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနေရတယ်လို့ ယူဆနိုင်စရာ တွေ့ရပါတယ်။

ဗဟိုစာရင်းရုံးရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူတွေအထဲက ဆယ်ရာခိုင်နှုန်းဟာ နေအိမ်တွေ၊ စောင့်ရှောက်ရေးဂေဟာတွေမှာ သေဆုံးခဲ့တာဖြစ်ပြီး အစိုးရက ထုတ်ပြန်တဲ့ နေ့စဉ်သေဆုံးသူ အရေအတွက်ကတော့ ဆေးရုံကိုရောက်လာပြီး ဆေးရုံမှာ သေဆုံးသူတွေကိုပဲ ရေတွက်ထားတာ ဖြစ်ပါတယ်။

လူနာတွေကို စောင့်ရှောက်နေရသူတွေကတော့ သေဆုံးသူအရေအတွက်က အများကြီး ပိုနိုင်တယ်လို့ပြောပါတယ်။ ဗိုင်းရပ်စ်ဟာ ထိန်းမနိုင်လောက်အောင် ပျံ့နေလို့ လူတွေကို ပိုပြီး ဆေးစစ်ပေးဖို့နဲ့ ပြုစုရသူ ဆေးဝန်ထမ်းတွေကို အကာအကွယ် ကိရိယာတွေ ပိုပေးဖို့ သူတို့က တောင်းဆိုကြပါတယ်။

ဧပြီလ ပထမအပတ်အတွင်းမှာ အရင်နှစ်တွေက ပျမ်းမျှသေဆုံးသူတွေထက် လူ ၆၀၀၀ ကျော်ပိုသေဆုံးခဲ့တယ်လို့ ဗဟိုစာရင်းရုံးရဲ့ ကောက်ယူချက်အရ တွေ့ခဲ့ရပါတယ်။ ဒီအထဲက တဝက်လောက်ပဲ ကိုရိုနာနဲ့ သေဆုံးခဲ့တာ ဖြစ်နိုင်ပေမယ့် စာရင်းကောက်ယူတဲ့အခါ အားနည်းချက်ကို တွေ့ရတာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52284454
ယူေကမွာ ကိုဗစ္ေၾကာင့္ေသဆုံးသူ ေၾကညာတာထက္မ်ား ယူေကမွာ ကိုဗစ္ေၾကာင့္ေသဆုံးသူ ေၾကညာတာထက္မ်ား Reviewed by THITHTOOLWIN on 05:54 Rating: 5
Powered by Blogger.