ဒီမုိကရက္ပါတီသမၼတေလာင္း Biden ကုိ သမၼတေဟာင္း Obama ေထာက္ခံ

၂၀၁၇ ဇန္န၀ါရီတုန္းက သမၼတေဟာင္း Obama ႏွင့္ ဒုသမၼတေဟာင္း Biden ကို အိမ္ျဖဴေတာ္တြင္ ေတြ႔ရစဥ္
(Zawgyi/Unicode)

ဒီမိုကရက္တစ္ပါတီရဲ႕ သမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဒုသမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္ကို သမၼတေဟာင္း ဘာရက္အိုဘားမားက ေထာက္ခံေၾကာင္း အဂၤါေန႔မွာ ေၾကညာလိုက္ၿပီး ဘိုင္ဒင္ဟာ ႏိုဝင္ဘာလ က်င္းပမယ့္ ေရြးေကာက္ပြဲမွာ လက္ရွိသမၼတ ေဒၚနယ္ထရမ့္ေနရာကို ရယူဖုိ႔ အေကာင္းဆံုးသူတေယာက္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အေမရိကန္ရဲ႕ အနာဂတ္ဟာ ဒီေရြးေကာက္ပြဲေပၚ မူတည္ေနေၾကာင္းနဲ႔ ဒီေရြးေကာက္ပြဲမွာ သမၼတ ထရမ့္ကိုလြယ္လြယ္ ႏုိင္ဖုိ႔ မျဖစ္ႏိုင္ဘူးလို႔ သတိေပးခဲ့ပါတယ္။ ဒါေၾကာင့္ အေမရိကန္ျပည္သူေတြ ပိုေကာင္းမြန္တဲ့ အေျခေနကို ေရာက္ဖို႔္ ဘိုင္ဒင္ရဲ႔ မဲဆြယ္အဖြဲ႔ကို ေထာက္ခံၾကဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။

လက္ရွိျဖစ္ပြားေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး လူနာေတြကို သတၱိရွိရွိ ကၽြမ္းကၽြမ္းက်င္က်င္ ျပဳစု ေစာင့္ေရွာက္ေပးေနတဲ့ က်န္းမာေရးလုပ္သားေတြကို သမၼတေဟာင္း အိုဘားမားက ခ်ီးၾကဴးခဲ့ေပမယ့္ ထရမ့္အစိုးရအဖြဲ႔႕ ဒီေရာဂါကိုဦးေဆာင္ ေျဖရွင္းေပးမႈ မရွိဘူးလို႔လည္း ေဝဖန္ခဲ့ပါတယ္။

သူ႔သမၼတသက္တမ္းမွာ ဘိုင္ဒင့္ကို ဒုသမၼတ အျဖစ္ ေရြးခ်ယ္ခဲ့တာဟာ သူ႔ဘဝမွာ အေကာင္းဆံုး ဆံုးျဖတ္ခ်က္ တခု ျဖစ္ခဲ့ေၾကာင္းနဲ႔. အခုလို အခ်ိန္မ်ိဳးမွာ အေမရိကန္ျပည္သူေတြ လုိအပ္တဲ့ သမၼတေတြမွာ ရွိရမယ့္ အရည္အခ်င္းမ်ိဳး ဂ်ိဳးဘိုင္ဒင္မွာ ရွိတယ္လို႔ သူယံုၾကည္ေၾကာင္းလည္း ေျပာပါတယ္။

အေမရိကန္သမၼတအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ဒီမိုကရက္တစ္ပါတီက အမ်ားအျပား ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး မႏွစ္က ႏွစ္လည္ေလာက္မွာ မဲဆြယ္ပြဲေတြ စတင္ခဲ့တာ ျဖစ္ေပမယ့္ သမၼတေဟာင္း ဘားရက္အိုဘားမားဟာ ဝင္ေရာက္ယွဥ္ၿပိဳင္သူ အမ်ားအျပားနဲ႔ သီးသန္႔ ေဆြးေႏြးမႈေတြပဲ လုပ္ခဲ့တာ ျဖစ္ၿပီ။ အခုမွ ဂ်ိဳးဘိုင္ဒင္ကို ေထာက္ခံေၾကာင္း ပထမဆံုး ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------

ဒီမိုကရက်ပါတီသမ္မတလောင်း Biden ကို သမ္မတဟောင်း Obama ထောက်ခံ

(Unicode)

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို သမ္မတဟောင်း ဘာရက်အိုဘားမားက ထောက်ခံကြောင်း အင်္ဂါနေ့မှာ ကြေညာလိုက်ပြီး ဘိုင်ဒင်ဟာ နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နေရာကို ရယူဖို့ အကောင်းဆုံးသူတယောက် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ အနာဂတ်ဟာ ဒီရွေးကောက်ပွဲပေါ် မူတည်နေကြောင်းနဲ့ ဒီရွေးကောက်ပွဲမှာ သမ္မတ ထရမ့်ကိုလွယ်လွယ် နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ သတိပေးခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်သူတွေ ပိုကောင်းမွန်တဲ့ အခြေနေကို ရောက်ဖို့် ဘိုင်ဒင်ရဲ့ မဲဆွယ်အဖွဲ့ကို ထောက်ခံကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး လူနာတွေကို သတ္တိရှိရှိ ကျွမ်းကျွမ်းကျင်ကျင် ပြုစု စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးလုပ်သားတွေကို သမ္မတဟောင်း အိုဘားမားက ချီးကြူးခဲ့ပေမယ့် ထရမ့်အစိုးရအဖွဲ့ ဒီရောဂါကိုဦးဆောင် ဖြေရှင်းပေးမှု မရှိဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။

သူ့သမ္မတသက်တမ်းမှာ ဘိုင်ဒင့်ကို ဒုသမ္မတ အဖြစ် ရွေးချယ်ခဲ့တာဟာ သူ့ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက် တခု ဖြစ်ခဲ့ကြောင်းနဲ့. အခုလို အချိန်မျိုးမှာ အမေရိကန်ပြည်သူတွေ လိုအပ်တဲ့ သမ္မတတွေမှာ ရှိရမယ့် အရည်အချင်းမျိုး ဂျိုးဘိုင်ဒင်မှာ ရှိတယ်လို့ သူယုံကြည်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒီမိုကရက်တစ်ပါတီက အများအပြား ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မနှစ်က နှစ်လည်လောက်မှာ မဲဆွယ်ပွဲတွေ စတင်ခဲ့တာ ဖြစ်ပေမယ့် သမ္မတဟောင်း ဘားရက်အိုဘားမားဟာ ဝင်ရောက်ယှဉ်ပြိုင်သူ အများအပြားနဲ့ သီးသန့် ဆွေးနွေးမှုတွေပဲ လုပ်ခဲ့တာ ဖြစ်ပြီ။ အခုမှ ဂျိုးဘိုင်ဒင်ကို ထောက်ခံကြောင်း ပထမဆုံး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/democratic-obema-vote-for-biden-/5371874.html
ဒီမုိကရက္ပါတီသမၼတေလာင္း Biden ကုိ သမၼတေဟာင္း Obama ေထာက္ခံ ဒီမုိကရက္ပါတီသမၼတေလာင္း Biden ကုိ သမၼတေဟာင္း Obama ေထာက္ခံ Reviewed by THITHTOOLWIN on 05:55 Rating: 5
Powered by Blogger.